05/02/2024
Birth Chartတစ်ခုကို ကြည့်လိုက်ရင် ဘေးပတ်လည်မှာ ရှိနေတာတွေက Zodiac Signsတွေ ပြီးရင် 1,2,3,....ကနေ 12လို့ရေးထားတာတွေကို Housesတွေလို့ခေါ်ပါတယ်။
Housesတွေက ဘာအတွက်အရေးကြီးလဲဆို
ဘဝမှာ ဘယ်နေရာတွေက အရေးပေးတတ်လဲကြည့်လို့ရတယ် သူတို့ကိုလွှမ်းမိုးထားတဲ့ ရာသီခွင်တွေအပေါ်မူတည်ပြီး အပြုအမူတွေ၊ ဖြစ်စဉ်တွေကတော့ ကွဲပြားသွားလေ့ရှိပါတယ်။
House 1ကတော့ Ascendantလို့လည်းခေါ်တယ်၊ Rising Signလို့လည်းခေါ်တယ်။ လူတွေကိုယ့်ကိုမြင်တဲ့အမြင်၊ သူစိမ်းတွေရှေ့မှာ ကိုယ်ပြုမူတတ်တဲ့ ပြုမူမိတဲ့ပုံစံတွေကို စသဖြင့် ကြည့်လို့ရမယ်။
House 2ကတော့ ပိုင်ဆိုင်မှုတွေ၊ ငွေရေးကြေးရေးအခြေအနေတွေနဲ့ပတ်သက်ပြီး လွှမ်းမိုးတဲ့ရာသီခွင်အပေါ်မူတည်ပြီး ဘယ်လိုပြုမူတတ်လဲကို ကြည့်လို့ရတယ်။
House 3က ပေါင်းသင်းဆက်ဆံရေးပေါ့၊ အထူးသဖြင့် သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေနဲ့ ဆက်ဆံရေးကို လွှမ်းမိုးတဲ့ရာသီခွင်အပေါ်မူတည်ပြီး ဘယ်လိုတည်ဆောက်တတ်လဲကို ကြည့်လို့ရပါတယ်။
House 4ကတော့ မိသားစုနဲ့ပတ်သက်ပြီး ကိုယ်က ဘယ်လိုမြင်လဲ၊ ဘယ်လိုပြုမူတတ်လဲကို ကြည့်လို့ရမယ်။
House 5ကတော့ romanticဖြစ်လား၊ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံမှာ ခံစားတတ်လဲကိုကြည့်လို့ရမယ်။
House 6ကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားသင့်ထားတာလေးတွေကြည့်လို့ရပါတယ်။
House 7ကတော့ relationship/partnership အထူးသဖြင့် ရေရှည်သွားလို့ရတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့အခါ ဘယ်လိုလူမျိုး၊ ဘယ်လိုပုံစံမျိုးနဲ့ဆို အဆင်ပြေမလဲဆိုတာကို သိလို့ရမယ်။
House 8ကတော့ sexနဲ့ပတ်သက်တာ၊ သေခြင်းတရားနဲ့ပတ်သက်တာ၊ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သိနိုင်တယ်။
House 9ကတော့ ကိုယ့်ရဲ့အတွေးအခေါ်အယူအဆတွေ၊ ပညာရေးတွေနဲ့ပတ်သက်ပြီး သိလို့ရတယ်။
House 10ကတော့ ကိုယ်အောင်မြင်နိုင်တဲ့ career၊ အလုပ်လုပ်တဲ့အခါ ကိုယ်ကဘယ်လိုလုပ်ကိုင်ရင် သာလွန်ကောင်းမွန်တဲ့ Career ကိုပိုင်ဆိုင်နိုင်မလဲဆိုတာကို သိလို့ရပါမယ်။
House 11ကတော့ လူမှုပေါင်းသင်းဆက်ဆံရေးပေါ့၊ လူမှုရေးပိုင်းမှာ ဘယ်လိုပြုမူတတ်လဲ၊ social mediaကိုဘယ်လိုသုံးလဲ စသဖြင့်ပေါ့။
House 12ကတော့ ကိုယ့်ရဲ့မသိစိတ်နဲ့ပတ်သက်ပြီး ကြည့်လို့ရတယ်။ ဒါက အကြမ်းဖျဉ်းပြောပြထားတာပါ Birth Chart ဖတ်တဲ့အခါမှာတော့ လွယ်ကူရိုးရှင်းပြီး မှတ်ရလွယ်တဲ့ စကားလုံးတွေနဲ့ သေချာရှင်းပြပေးပါတယ်ရှင့်။
ဒါတွေအကြောင်းရော အရင်ကရေးနေတဲ့ Planetsတွေအကြောင်းရော ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ မင်မင့်ဆီ Birth Chartလာ