18/12/2024
လွန်လေပြီးသောနှစ်ပေါင်း ၅၀ကျော်လောက်က USA New York က Long Island ရပ်ကွက်ကနေ တီထွင်လိုက်တဲ့ Long Island Iced Tea ဟာ Long Island ရပ်ကွက်ကျော် နယ်စပ်အသီးသီးဖြတ်ကျော်ပြီး ကမ္ဘာအနှံ့ ပေါက်ခဲ့ပါပြီ။
ရန်ကုန်မှာသာစထွင်ရင် ရေကျော် Iced Tea တို့ တောင်မြောက်လမ်းဆုံ Iced Tea တို့ ကြို့ကုန်း Iced Tea တို့ ဖြစ်ချင်ဖြစ်လာမှာ။
သူကအဝင်ကောင်းတယ်
ပြင်းတယ်
အမြန်ရောက်ရှိတယ်..
ဆိုတော့ကာ ယမကာ သမားတွေ အကြိုက်များလာပါတယ်..
Vodka ,Rum ,Gin, Tequila, Orange Liqueur ကို အချိုအချဥ် balance လေးညှိပြီး ကိုကာကိုလာ အုပ်လိုက်တာပါ။
နောက်ပိုင်း Variety အမျိုးမျိုးထွက်လာပါတယ်....
ကိုလာ နေရာမှာ Cranberry Juice ပြောင်းရင် Long Beach Iced Tea ဖြစ်သွားပါတယ်..
အပြာရောင် version လေးကတော့ ( နားနဲ့မနာ ဖဝါးနဲ့မနာ ..တခြားဟာနဲ့ နာတော်မူပါ။) Adious Mo********er တဲ့... ယဥ်ကျေးသူတစ်ချို့ကတော့ Boston Blue Iced Tea လို့ ခေါ်ပါသတဲ့..
Triple Sec နေရာမှာ အစိမ်းရောင် Melon Liqueur ကို အစားထိုးလိုက်ရင်..Tokyo Iced Tea ပါ .
နာနတ်ရည်အုပ်ရင်တော့ Hawaii Iced Tea ဖြစ်သွားပါတယ်..
ဟုတ်..,Long Island ရဲ့ varieties အမျိုးမျိုးပါ။
ကျနော်တို့ အလုံ မှာ ဖွင့်တဲ့ Tony Bar ( Tiki Room ) ကတော့ Long Island Iced Tea ကို Localised လုပ်ထားပါတယ်..
အပြာရောင်လေးက
Sin Min(ဆင်မင်း) Blue Iced Teaပါ။
Orange အုပ်ရင် ငုဝါ Iced Tea..
Cranberry နဲ့ဆို ကွင်းကျောင်း Iced Tea ...စသည်...စသည်..ဖြင့်..
ကျွန်တော်တို့ရဲ့ ချစ်စွာသော ဖောက်သည်များကို အာမခံချက် တစ်ခုပေးပါတယ်..
ကျနော်တို့ ဂျင်းမထည့်ပါဘူး..
Imported တွေဘဲသုံးပါတယ်
Vodka ဆို Smirnoff
Gin ကို Gibson
Rum ကို Bacardi Light
Tequila ,ကို Jose Silver
Orange Liqueur ကို Triple Sec သုံးပါတယ်..
ယမကာစျေးတစ်ချို့ ပြန်ဆင်းလာလို့ Long Island ရဲ့ စျေးကိုလဲ နဲနဲပြန်ချထားပါတယ်..
Long Island မှီဝဲပြီး Long Life ပိုင်ဆိုင်ကြပါစေ...