KALAW Garden

KALAW Garden 🏵️🏵️🏵️

ရှေးရှေးတုံးက... ဘုရင် တစ်ပါးဟာ တောကစား ထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွ...
17/06/2023

ရှေးရှေးတုံးက... ဘုရင် တစ်ပါးဟာ တောကစား ထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွှဲမရှောင်သာ သောက်လိုက်
မိပါတော့တယ်

လအနည်းငယ်ကြာတဲ့အခါမှာတော့
ဘုရင်ကြီးဟာ တစ်နေ့တစ်ခြားအစားပုပ်လာသတဲ့ ပွဲတော်တည်သမျှ အကုန်ကုန်အောင် စားပစ်ပြီး မကြာခဏ ဗိုက်ကလည်းဆာနေသတဲ့

သူ့ရဲ့ဝမ်းဗိုက်ဟာလည်းတစ်နေ့တစ်ခြား ပူဖောင်းလာပြီးကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်လိုဖြစ်လာပါတော့တယ်

နန်းတွင်းရှိသမားတော်တွေရော တစ်ခြားတိုင်းပြည်က သမားတော်တွေနဲ့ ကုသပေမဲ့လည်း ဘုရင်ကြီးရဲ့ဗိုက်ဟာ ပိန်မသွားပဲ ပိုပိုဖောင်းလာတာပေါ့ဗျာ

ဒီအကြောင်းကိုတိုင်းသူပြည်သားတွေသိတဲ့အခါ ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်တဲ့ဘုရင် တိုင်းပြည်မှာဘုရင်ဖြစ်နေတာရှက်စရာကောင်းတယ်ထွက်သွားလို့ ဟစ်တိုင်ကနေ နန်းတော်ကို ခဲ နဲ့ပေါက်ပြီး အော်ဟစ်ကြသတဲ့

ဘုရင်ကြီးဟာမတတ်သာတဲ့အဆုံး
မိဖုရားကြီးကိုခေါ်ပြီးမထင်ရှားတဲ့အသွင်အပြင်နဲ့ နန်းတော် က ထွက်ခဲ့ရပါတော့တယ်

လူသူမနီးတဲ့တောကြီးထဲမှာ သစ်သီး သစ်ဖုတွေ ရှာဖွေစားရင်းနဲ့ ချိူ့တဲ့စွာနေထိုင်ကြရတာပေါ့ဗျာ

တစ်နေ့တော့ဘုရင်ကြီးဟာ သစ်ပင်တစ်ပင်အောက်မှာစက်တော်ခေါ် နေပြီး မိဖုရားက မှက်ခြင် မနားအောင်ကိုယပ်ခတ်ပေးနေသတဲ့

ဒီအချိန်အနီးအနားမှာရှိတဲ့ တောင်ပို့တစ်ခုကနေ မြွေတွန်သံတစ်ခု ထွက်ပေါ်လာပါတယ်

ဘုရင်ကြီးရဲ့ မိဖုရားဟာ မာဂဓဘာသာစကားကိုနားလည်တယ်တဲ့

တောင်ပို့ထဲက မြွေက

" ဟယ် လောကမှာ ငါလို မြွေဘုရင် ရှိသေးရဲ့လား တောသုံးတော တောင်သုံးတောင် မှာ မြွေ၀တစ်ကာတို့ရဲ့ ဘုရင် ငါသည် မြွေမင်းဖြစ်ပါတော့တယ် "

လို့တွန်ကြူးလိုက်သတဲ့ ဒီအခါမှာ

ဘုရင်ကြီးရဲ့ဝမ်းဗိုက်ထဲကနေ တွန်သံတစ်ခု ထပ်ပြီးထွက်ပေါ်လာပါတယ်

" သယ် ဘယ်ကတောကြိုအုံကြားကမြွေက ဘုရင်လို့အော်နေသတုံး
ငါက တိုင်ပြည်အုပ်ချုပ်နေတဲ့ လူသားဘုရင်ရဲ့ဝမ်းဗိုက် ထဲမှာနေပြီး
ပွဲတော်အုပ်ကို နေ့တိုင်းစားလို့ ကြီးကျယ်ခမ်းနားစွာနေခဲ့ရတဲ့ မြွေဘုရင်ဖြစ်တယ် ငါဟာ အမိဝမ်းကကျွတ်တဲ့အချိန်မြွေပေါက်ကလေးဘဝထဲက
ဘုရင်ကြီးသောက်တဲ့ရေထဲကိုပါသွားပြီးသူ့ဝမ်းဗိုက်ထဲမှာ စည်းစိမ်ခံစားနေလာတာ ငါသာ မြွေဘုရင် ငါသာ မြွေတို့ရဲ့ အဓိပတိ" လို့ ကြွေးကြော်လိုက်သတဲ့

ဒီအခါမှာ တောင်ပို့ထဲကမြွေက

" ရာရာစစ မြွေကမြွေနေရာ မနေပဲ
လူသားဗိုက်ထဲဝင်နေတာသင့်အသက် သက်ဆိုးရှည် မယ် ထင်သလား
ဟောဒီ တောင်ပို့ဘေးကသစ်ပင်ရဲ့အရွက်တွေကို ခူးပြီး အရည်ကြို သောက်လိုက်ရင် သင်ဟာအပိုင်းပိုင်းပြတ်ပြီး ဇီဝိန်ချုပ်တယ်ဆိုတာဘုရင်မသိလို့ပဲ" လို့ပြောလိုက်သတဲ့

မြွေနှစ်ကောင်ရဲ့အပြန်အလှန်ပြောဆိုနေကြသံတွေကိုကြားလိုက်ရတဲ့မိဖုရားဟာ

တောင်ပို့ဘေးကသစ်ပင်ကအရွက်ကိုခူးပြီးအရည်ကြိုကာ ဘုရင်ကိုအကျိုးအကြောင်းပြောပြပြီး တိုက်လိုက်သတဲ့

ဆေးရည်သောက်ပြီးချိန်မှာဘုရင်ရဲ့ဗိုက်ထဲကမြွေဟာအပိုင်းပိုင်းပြတ်ပြီး
ဝမ်းသွားတဲ့အခါပါသွားပြီးဘုရင်ရဲ့ဗိုက်ဟာလည်းမူလအတိုင်းပြန်ဖြစ်လာသတဲ့

ဒီအခါဘုရင်ဟာဖိဖုရားကိုလက်ဆွဲပြီး ပြည်တော်ပြန်ဝင်ကာ စစ်သူကြီးလက်ကနေတိုင်းပြည်ကို ပြန်လွှဲယူသတဲ့

ဘုရင်ကြီးသောက်ခဲ့တဲ့ဆေးပင်ကိုလည်းတိုင်းပြည်ကိုပြန်သိမ်းခဲ့တဲ့အထိမ်းအမှတ်နဲ့

ပြည်တော်သိမ်းပင်ဟုခေါ်တွင်စေခဲ့သတဲ့

နောင်အခါ ကာလရွေ့လျောပြီး ပြည်တော်သိမ်းမှ ပြည်တော်သိမ်
ပျဉ်းတော်သိမ်ပင်ဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြပါတော့တယ်တဲ့

#ပျဉ်းတော်သိမ်ပင် အကြောင်းပုံပြင်ပါဗျာ

အောက်မှာ ပျဉ်းတော်သိမ်ပင်ရဲ့အသုံးဝင်ပုံစိုက်ပျိုးပုံတွေဆက်ဖတ်ပါ
👇👇👇

သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း မုချသက်သာပျောက်ကင်းသည့် ပျဉ်းတော်သိမ်ရွက်

အရွက်ကိုပြုတ်ပါ။ ၎င်းအရည်ကိုသောက်ပါ။ ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီး ညအိပ်ယာဝင် ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်းအိပ်ပါ။တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။လေးငါးခါပြုလုပ်ပေးပါ။

မှတ်စု
နက္ခတ္တရောင်ခြည်မှ ဖတ်မိတာလေးပါ။

ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား…?

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊
သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ။် ။

ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှု
သတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့
ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကို
စားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။

( ဆေးဖက်အသုံး၀င်ပုံ )
(ဆီးချိုရောဂါ)ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ်
နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော
ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင်
ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့်
ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊
သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင်
လုံး၀ ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက်
ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။( အစာမကြေခြင်း )အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းက်ို ပျောက်ကင်းစေပါဧ။် ။

(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

(ခံတွင်းပျက်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊
မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို
ထမင်းဖြူ နဲ့ စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။
(ဒူလာသွေး၀မ်း)

ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။

(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။
ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍
ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ဤကား ကျနော်ပြောသောပုံပြင်နှင့်မူကွဲဟုမှတ်ပါ

(မြန်မာ့ဆေးကျမ်းများအရ)
ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။
အရွက်နုကို အတ်ို့အမြှုပ်လုပ်စားပါ ။ဟင်းခါးချက်သောက်ပါ ။

နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။

အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )

အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်

ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဟင်းတွေချက်ရာမှာ အညှီနှံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ

ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ

အုန်းဆီ တစ်ခွက်

ပြုလုပ်နည်း

အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ
ပွက်ပွက်ဆူအောင်သည်ပါ။

ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။
ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖဝါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်းလာသည်ဟုသိရပါသည်။

Source –
ပျဉ်းတော်သိမ်ရွက်အသုံးဝင်ပုံ
စိုက်ပျိုး⁠ရေးဦးစီးဌာန၏fb postနှင့်
ကျီးသဲလေးထပ်ဆရာတော်၏၁၀၀၀ဆုရပုံပြင်များ
စာအုပ်တို့မှ ထုတ်နှုတ်တင်ပြပါသည်
Crd
ပြန်လည်မျှဝေပါသည်။

 #ခွေးထောက်ရွက်ပင်မြန်မာဆေးကျမ်းများ အလိုအရ  #ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏။ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏ ၊ ကြေပျက်လ...
17/06/2023

#ခွေးထောက်ရွက်ပင်

မြန်မာဆေးကျမ်းများ အလိုအရ #ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏။ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏ ၊ ကြေပျက်လွယ်၏ ၊ ဓာတ် ၊ လေများကို ခိုင်မာစေ၏ ၊ သွေးကို ပွားစေ၏၊ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ လေကို သက်စေ၍ သလိပ်ကို ကြေစေ၏။ လည်ချောင်းနာ၊ လေရောဂါ ၊ ညောင်းကျနာ ၊ ပန်းနာ ရင်ကျပ် ၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို နိုင်၏။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။[၂]

အရွက်
ပြင်ဆင်
အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏။
ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏။
အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏။
ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏။
ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏။
အမြစ်
ပြင်ဆင်
ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

Morning 🏵️
12/06/2023

Morning 🏵️

02/06/2023
 #ဆေးနည်းတိုမှတ်စု ၄၅ နည်းlyp၁-ဆီးသွားများလျှင်အနေခက်ဥသျှစ်ရွက်သုတ်စား၂-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်လေးညုင်းပွင့်သွ...
19/05/2023

#ဆေးနည်းတိုမှတ်စု ၄၅ နည်း
lyp

၁-ဆီးသွားများလျှင်အနေခက်
ဥသျှစ်ရွက်သုတ်စား

၂-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်
လေးညုင်းပွင့်သွေးလိမ်း

၃-ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း
ဧကရာဇ်မြစ်ကို
ဆန်ဆေးရေ နဲ့ သွေးသောက် -
မကျီးခေါက်သွေးသောက်

၄-မုတ္တယောင် (ဝှေးဥယောင်)ကျဆေး
ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက်
ရော ထောင်း အုံ၍ပတ်တီးစည်း
ရေဆွတ်ဆွတ်ပေး

၅-နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့်
(1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)
(2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)
ရေအေးတဝသောက်

၆-အိမ်မပျော်လျှင်
ဒန်ကျွဲပင်ပြုပ်သောက်
မဲဇလီရွက်ဟင်းချိုချက်သောက်
လက်သုတ် သုတ်စား

၇-နှာခေါင်းသွေးလျှံ
ကျောက်ချဉ်အမှုန့်ထောင်းရှူ

၈-ကင်းကိုက် အဆိပ်အတောက်
ကျောက်ချဉ်သွေးလိမ်း
(၃၉)သားအိမ်ကိုက် အကြောတက်
(1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း
(2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း
ရောစပ်၍သောက်

၉-သွေးပျစ် သွေးခဲလွန်းလျှင်
ရှောက်ရည် သံပုရာရည် တစ်ဝသောက်
ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်

၁၀-ကျောက်တည်ရောဂါ
ကျောက်ကွဲပြုတ်သောက်
သံမနိူင်ကျောက်မနိူင်ဆေးသောက်
ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်
ငါးဦးခေါင်း၌ရှိသော
ကျောက်ကလေးများကို
မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ)
နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း
(သို့)သံပုရာရည်ထဲသို့သွန်ထည့်
ကြေမွသွားသော
ကျောက်မှုန့်များကို ချင့်ချိန်သောက်

၁၁-ရင်ပြည့်အစာမကျေ
လေးလံ အဝလွန် အကြောတက် အဆီကျဆေး
(1)သက်ရင်းကြီးရွက်ရင့်
(2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့်
(3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ)
(4)ရှားဖြူရွက်ရင့်
(5)မကျီးရွက်ရင့်
(6)ကင်ပွန်းချဉ်ရွက်ရင့်
လေးတူဆတူကျိုသောက် (၆ ပါးဆေး)

၁၂-ချောင်းဆိုးလျှင်....
ခရေပွင့်ကိုတညလုံးရေစိမ်၊
နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

၁၃-ရင်ပြည့်ရင်ကယ် ..
ကြက်ဟင်းခါးသက်စောင့်ဆေးကို
နှမ်းဆီ --ပရုပ်ဆီဖြူ ဖြင့်ဖျော်၍
ရင်မှအသာအယာသပ်ချပါ ။

၁၄-နှာပိတ်သော်.....
ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊
ရှိန်းခိုနဲနဲထည့် ၊
ငယ်ထိပ်မှနှာခေါင်းအထိ
ဆေးအရည်နှင့်ဆွဲပေးပါ ။

၁၅-တက်လျှင်....
ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

၁၆-ရေငတ်ဝမ်းကျ .....
ဆီးသီးအစေ့အတွင်းမှအဆန်ကို
အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

၁၇-ကင်းထိုးသော်.......
ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

၁၈-ကြို့ထိုးလျှင်......
ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

၁၉-ခရုသင်း.....
ကျည်းသီးဆန်ကို
ဆန်ဆေးရည်နှင့်တွဲစပ်၍
ရက်ပေါင်းများစွာစားရပါသည် ။

၂၀-ခြေတုန်လက်တုန်ဖြစ်လျှင်....
ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

၂၁-ခါးနာ ခါးကိုက်......
ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

၂၂-ငှက်ဖျားထလျှင် ....
မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။

၂၃-ခံတွင်းပျက်လျှင်.....
ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

၂၄-ခေါင်းတခြမ်းကိုက်လျှင်.......
ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။

၂၅-စကားထစ်လျှင်. .
နံနက်တိုင်းမြင်းခွာရွက်
တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

၂၆-စအိုယားနာ....
ကြိတ်မှန်ရွက် အရည်ညှစ်၍
စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊
ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

၂၇-ဆီးချုပ်လျှင်....
ငုပင်၏ အနှဈိုကိုသှေး၍
ချက်အောက်မကြာခဏ လိမ်းပေးပါ ။

၂၈-ဆီးတစက်စက်ကျလျှင်...
ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

၂၉-ဆီးချုပ်လျှင် ......
ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

၃၀-ဆီးအောင့်ကျောက်တည်လျှင်......
ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

၃၁-ဆီးချိုဖြစ်လျှင် ....
ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

၃၂-ဆီးအနှစ်ကျလျှင်.....
သင်္ဘော ရွက် သုံးရွက်ကို
ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊
သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

၃၃-ဆီးပူလျှင်....
ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

၃၄-ဆံပင်ပြန်ပေါက်ဆေး......
သံပုရာစေ့ကိုရေနှင့်ကြိတ် ၊
နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

၃၅-တင်းတိပ်....
နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

၃၆-ဓာတ်ချုပ်လျှင် ......
ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍
တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

၃၇-နားကိုက်လျှင်.....
ကြက်သွန်နီကိုမီးဖုတ် ၊
အရည်နွေးနွေးနားထဲထည့်
နားကိုက်ခြင်းပျောက်၏ ။

၃၈-နားအူ နားလေထွက်လျှင်....
သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

၃၉-နားပြည်ယိုလျှင်....
ကျီးအာသီးကြိတ်ဖတ်ကို
အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။

၄၀-နားအတွင်းပိုးကောင်ဝင်လျှင်....
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ
မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

၄၁-နို့ကြောင်းပိတ်လျှင်....
ကြိတ်မှန်ရွက်ကို
ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

၄၂-နို့လှိုင်လှိုင်ထွက်ဆေး......
စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

၄၃-နှလုံးရောဂါဖြစ်လျှင်..
ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊
အပွင့်ကိုရှူ ၊အသီးကို စားပေးပါ
အမြစ်ပြတ်ပျောက်၏ ။

၄၄-နှာခေါင်းသွေးလျှံလျှင်......
ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

၄၅-နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. ...
ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ ။

ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။
အနာနဲ့ဆေးတွေ့ကြပါစေ။

Crd to Oranginal Uploaderဆေးနည်းတိုမှတ်စု ၄၅ နည်း

၁-ဆီးသွားများလျှင်အနေခက်
ဥသျှစ်ရွက်သုတ်စား

၂-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်
လေးညုင်းပွင့်သွေးလိမ်း

၃-ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း
ဧကရာဇ်မြစ်ကို
ဆန်ဆေးရေ နဲ့ သွေးသောက် -
မကျီးခေါက်သွေးသောက်

၄-မုတ္တယောင် (ဝှေးဥယောင်)ကျဆေး
ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက်
ရော ထောင်း အုံ၍ပတ်တီးစည်း
ရေဆွတ်ဆွတ်ပေး

၅-နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့်
(1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)
(2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)
ရေအေးတဝသောက်

၆-အိမ်မပျော်လျှင်
ဒန်ကျွဲပင်ပြုပ်သောက်
မဲဇလီရွက်ဟင်းချိုချက်သောက်
လက်သုတ် သုတ်စား

၇-နှာခေါင်းသွေးလျှံ
ကျောက်ချဉ်အမှုန့်ထောင်းရှူ

၈-ကင်းကိုက် အဆိပ်အတောက်
ကျောက်ချဉ်သွေးလိမ်း
(၃၉)သားအိမ်ကိုက် အကြောတက်
(1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း
(2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း
ရောစပ်၍သောက်

၉-သွေးပျစ် သွေးခဲလွန်းလျှင်
ရှောက်ရည် သံပုရာရည် တစ်ဝသောက်
ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်

၁၀-ကျောက်တည်ရောဂါ
ကျောက်ကွဲပြုတ်သောက်
သံမနိူင်ကျောက်မနိူင်ဆေးသောက်
ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်
ငါးဦးခေါင်း၌ရှိသော
ကျောက်ကလေးများကို
မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ)
နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း
(သို့)သံပုရာရည်ထဲသို့သွန်ထည့်
ကြေမွသွားသော
ကျောက်မှုန့်များကို ချင့်ချိန်သောက်

၁၁-ရင်ပြည့်အစာမကျေ
လေးလံ အဝလွန် အကြောတက် အဆီကျဆေး
(1)သက်ရင်းကြီးရွက်ရင့်
(2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့်
(3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ)
(4)ရှားဖြူရွက်ရင့်
(5)မကျီးရွက်ရင့်
(6)ကင်ပွန်းချဉ်ရွက်ရင့်
လေးတူဆတူကျိုသောက် (၆ ပါးဆေး)

၁၂-ချောင်းဆိုးလျှင်....
ခရေပွင့်ကိုတညလုံးရေစိမ်၊
နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

၁၃-ရင်ပြည့်ရင်ကယ် ..
ကြက်ဟင်းခါးသက်စောင့်ဆေးကို
နှမ်းဆီ --ပရုပ်ဆီဖြူ ဖြင့်ဖျော်၍
ရင်မှအသာအယာသပ်ချပါ ။

၁၄-နှာပိတ်သော်.....
ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊
ရှိန်းခိုနဲနဲထည့် ၊
ငယ်ထိပ်မှနှာခေါင်းအထိ
ဆေးအရည်နှင့်ဆွဲပေးပါ ။

၁၅-တက်လျှင်....
ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

၁၆-ရေငတ်ဝမ်းကျ .....
ဆီးသီးအစေ့အတွင်းမှအဆန်ကို
အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

၁၇-ကင်းထိုးသော်.......
ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

၁၈-ကြို့ထိုးလျှင်......
ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

၁၉-ခရုသင်း.....
ကျည်းသီးဆန်ကို
ဆန်ဆေးရည်နှင့်တွဲစပ်၍
ရက်ပေါင်းများစွာစားရပါသည် ။

၂၀-ခြေတုန်လက်တုန်ဖြစ်လျှင်....
ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

၂၁-ခါးနာ ခါးကိုက်......
ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

၂၂-ငှက်ဖျားထလျှင် ....
မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။

၂၃-ခံတွင်းပျက်လျှင်.....
ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

၂၄-ခေါင်းတခြမ်းကိုက်လျှင်.......
ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။

၂၅-စကားထစ်လျှင်. .
နံနက်တိုင်းမြင်းခွာရွက်
တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

၂၆-စအိုယားနာ....
ကြိတ်မှန်ရွက် အရည်ညှစ်၍
စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊
ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

၂၇-ဆီးချုပ်လျှင်....
ငုပင်၏ အနှဈိုကိုသှေး၍
ချက်အောက်မကြာခဏ လိမ်းပေးပါ ။

၂၈-ဆီးတစက်စက်ကျလျှင်...
ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

၂၉-ဆီးချုပ်လျှင် ......
ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

၃၀-ဆီးအောင့်ကျောက်တည်လျှင်......
ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

၃၁-ဆီးချိုဖြစ်လျှင် ....
ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

၃၂-ဆီးအနှစ်ကျလျှင်.....
သင်္ဘော ရွက် သုံးရွက်ကို
ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊
သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

၃၃-ဆီးပူလျှင်....
ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

၃၄-ဆံပင်ပြန်ပေါက်ဆေး......
သံပုရာစေ့ကိုရေနှင့်ကြိတ် ၊
နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

၃၅-တင်းတိပ်....
နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

၃၆-ဓာတ်ချုပ်လျှင် ......
ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍
တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

၃၇-နားကိုက်လျှင်.....
ကြက်သွန်နီကိုမီးဖုတ် ၊
အရည်နွေးနွေးနားထဲထည့်
နားကိုက်ခြင်းပျောက်၏ ။

၃၈-နားအူ နားလေထွက်လျှင်....
သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

၃၉-နားပြည်ယိုလျှင်....
ကျီးအာသီးကြိတ်ဖတ်ကို
အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။

၄၀-နားအတွင်းပိုးကောင်ဝင်လျှင်....
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ
မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

၄၁-နို့ကြောင်းပိတ်လျှင်....
ကြိတ်မှန်ရွက်ကို
ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

၄၂-နို့လှိုင်လှိုင်ထွက်ဆေး......
စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

၄၃-နှလုံးရောဂါဖြစ်လျှင်..
ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊
အပွင့်ကိုရှူ ၊အသီးကို စားပေးပါ
အမြစ်ပြတ်ပျောက်၏ ။

၄၄-နှာခေါင်းသွေးလျှံလျှင်......
ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

၄၅-နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. ...
ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ ။

ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။
အနာနဲ့ဆေးတွေ့ကြပါစေ။

Crd to Oranginal Uploader

အသုံးဝင်တဲ့  #ဆန်ဆေးရည်NPK - 16: 16 : 16:   ပတ် လည် နဲ့ ညီမျှတဲ့   အော်ဂင်း နစ် ဆန်ဆေးရည်ပြုလုပ်နည်းပါဝင်ပစ္စည်းများဆန်ဆ...
06/02/2023

အသုံးဝင်တဲ့ #ဆန်ဆေးရည်

NPK - 16: 16 : 16: ပတ် လည် နဲ့ ညီမျှတဲ့ အော်ဂင်း နစ် ဆန်ဆေးရည်ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

ဆန်ဆေးရည် -1.5 lit (ရေသန့်တစ်ဘူးခွဲစာ)
သကြားညို -2 ဇွန်း
နို့ချဉ် ဒိန်ချဉ် -2 ဇွန်း ပါဘဲ

ဆန် ကို ရေသန့် သို့မဟုတ် မိုး ရေနဲ့ ဆေးထုတ် လုပ်ရန် အသုံးပြုပါ

ဆန်ဆေးရည် တလီတာခွဲ ထဲသို့

သကြား ညို 2ဇွန်း
နို့ချဉ် 2- ဇွန်း ထည့်ပါ
အဖုံး လုံ အောင်ပိတ်ပါ
သမအောင်လှုပ်ပါ

အားလုံးသမ ပါက အဖုံး ကို တရစ်ခန့် ချန် ပြီးအရိပ်ထဲ 7- ရက်ထားပါ

2- ရကိတကြိမ် အဖုံး ဖွင့် ပြီး GAS ထုတ်ပေးပါ

7- ရက် ပြည့်လျှင်တော့
ယူရီးယား 16-16-16 ပါတ် လည် 50 KG နဲ့ ညီမျှ တဲ့ ဆန်ဆေး ရည် အော်ဂင်းနစ် ဆေး ရပါ ပြီ

အသုံးပြု ပုံ
အပွင့်ပွင့်ခါ နီး တကြိမ် သာ သုံး ပါ
ဆေး ၁လီတာ ရေ ၁၀၀ လီတာ ရော ပြီး အပင် ကို ဖျန်းပါ ( ၁:၁၀၀)

မစိုက်မီ မြေ ပြင် ရင်တော့
ဆေး တလီတာ ရေ 100 lit မစိုက်မှီ 21- ရက်အကြာ ဖျန်း ထား ပါ မြေ ကြီး ph တက် လာပြီး မွမွ လေး ဖြစ် လာမယ်

စိုက် ပြီးသားသီးပင်စား ပင်တွေ ဝါလာတာ တွေရှိခဲ့ရင်လည်းဖျန်းပါ

တိရိစ္ဆာန် တွေ မွှေးလို့ ခွေးကြောင် အနံ့သက် မကောင်းပါက
ဆေးတဇွန်းရေ 10 lit ရော ဖျန်းပါ အနံ့ ကင်းတာ လက်တွေ့ သိ ရပါလိမ့်မယ်

ယူရီးယား တွေသုံး လို့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အဆိပ် တောက် ကင်းစေချင်ရင်တော့

ဆေးတဇွန်း ရေ 10lit ဇလားထဲရော ဟင်းသီးရွက်တေ 10 မိနစ်ခန့် စိမ် ထားပါ

အိမ် ထဲက အိမ်သာ တွေ ဆိုဖါ ခုံ တေ အနံ့သက် ကင်းအောင်

အိမ်သာခွက်ထဲ 200 ml ထည့် ကြည့် ရေမရောနဲ့ အိုကေ စေ ရမယ်

ဆိုဖါ ထိုင်ခုံ ဧည့်ခန်း အနံ့သက်အတွက် ဆေး တဇွန်း ရေ 10 lit ရောစပရေးဘူး နဲ့ဖျန်းပါ အနံ့သက်ကင် သွား ပါတယ်

ဆန် သည် ကျွန်‌ေတာ်တို့အတွက် အဓိက ကျတဲ့ နေ့စဉ် စား သုံး ကုန်ပါ
ဆန်ဆေးရည် ဟာလဲ အော်ဂင်းနစ်နည်းပ ညာ မှာ အလွန်ထိရောက်သော ဆေး နည်း တွေ ကို ဖေါ်စပ် နိုင်တာပါ

ဆန် ဆပ် ပြာ ကို သုံးဘူးသူ ရှိပါလိမ့်မယ်
အသားရည် ကြည်လင်ဝင်းပတာ တွေ့ခံစား မိမှာပါ

နောက်ထပ် ဆန်ဆေးရည် နဲ့လုပ်သော ဆေးနည်းတွေ ထပ်တင်ပေးပါအုံးးမယ်

အစက ဘာလို့မတင်လဲ မမေးပါနဲ့ တောင်သူတွေ အတွက် ဟာသ လို့ ထင်နေမှာစိုးးလို့ပါ

လုပ်ကြည့် သုံးကြည့် ပါ ကိုယ်တိုင်လုပ် သုံး အကျိုးသိ ပီတိ ဖြစ် ရပါလိမ့်မယ်

Crd from
Organic Farm
Thailand

 #ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာ၀ ဆေးနည်း==========l====y====p======၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကိ...
02/02/2023

#ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာ၀ ဆေးနည်း
==========l====y====p======

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၎င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။

၄။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ဒါမျိုးကျတော့ သိကိုသိထားသင့်တယ်😁🏵️ #ထန်းရည်ပင်ကျရေ ဆိုတာ ထန်းပင်က ချစဆိုချိုတာကြည့်ပဲအလျင်(အနယ်) လေးထည့်လိုက်မှ ကဇော်ပေါ...
29/01/2023

ဒါမျိုးကျတော့ သိကိုသိထားသင့်တယ်😁🏵️
#ထန်းရည်
ပင်ကျရေ ဆိုတာ ထန်းပင်က ချစဆိုချိုတာကြည့်ပဲ

အလျင်(အနယ်) လေးထည့်လိုက်မှ ကဇော်ပေါက်ပြီး မူးတာ။ တချို့က ထန်းမတက်ခင် ထန်းရေခံမယ့် မြူအိုး ဒါမှမဟုတ် ဝါးကျည်မှာ တခါတည်း အလျင်ကို ထည့်လိုက်တယ်။

တချို့က အောက်ရောက်မှ အလျင်ထည့်တယ်။အလျင်ဆိုတာ ထန်းရေအနည်အနှစ်ကိုပြောတာ။ ထန်းရေခံတာများလာရင် အောက်ခြေမှာ အနည်တွေစုလာပြီး အဲ့အနည်ကို သိမ်းထားလိုက်တယ်။ ထန်းရေချိုထဲကို အလျင်နည်းနည်းလေးထည့်လိုက်ပြီး အချိန်တစ်ခုရောက်ရင် ထန်းရေ ကချဉ်ခါးလာတာ။ ကြာလေ ပြင်းလာလေပေါ့။ ဒါကြောင့် နေကျော် ထန်းရေ က ပြင်းတာ။ တချို့က ထန်းအလျင်ကို နေပူလှန်း ထားတယ်။ မိုးတွင်းလို ထန်းရေခံ လို့မရရင် ထန်းအလျင်ကို ရေနွေးထဲ ထည့်ဖျော်သောက်တယ်တဲ့။ အာသာပြေ ပေါ့။

မြူအိုးမှာ အလျင်ခံပြီး ထန်းရေ ခံတဲ့ အရေကို ပင်ကျရေလို့ခေါ်တယ်။ အရသာလည်း ဖောက်တဲ့ထန်းရေ ထက် ပိုကောင်းတယ်။ ထန်းရေ ထဲ ကဖော်ထည့်လိုက်ရင် အမြုတ်တွေ ထလာပြီး စိမ်းပြာရောင်လေးသန်းလာရင် ငှက်ခါးတောင်အရေပေါ့။

ထန်းရေဆိုတာက သကြားရေထက် ပိုချိုတယ်။ ဒါကြောင့် ထန်းရေချပြီဆို အိုးမှာ ပုရွက်၊ပျားတို့ ပါလာတတ်တယ်။
တကယ့်ထန်းရေသမားတွေက ပုရွက်တို့ ပျားတို့ကို ဖယ်မနေဘူး အုန်းမုတ်ခွက်ထဲ့ ထည့် သောက်ခါနီး ပုရွက် ပျားတို့ ပါးစပ်ထဲ မဝင်အောင် ဖူး ဖူး ဆိုမှုတ်ပြီး သောက်ကြတယ်။ ထန်းအမှုန်အနှစ် တွေ ပါတာမို့ အရသာ ပိုလေး ပိုကောင်းတယ်တဲ့။ ရေစစ် ပိတ်ပါးတွေ နဲ့ စစ်ပြီးသောက်ရင် အရသာပေါ့တယ်တဲ့။

ထန်းပင် မှာ အဖိုပင် အမပင် ရှိတယ်တဲ့။ အဖိုပင် က အရသာ ပိုကောင်းတယ်။ ထန်းသီးကို မှောက်စိုက်ရင် အဖို ပက်လက်စိုက်ရင် အမ ပင်ရတယ်တဲ့။

ထန်းရေ ကောင်း မကောင်းက ထန်းနို့ ကိုင်တဲ့ လူပေါ်မှာလည်းမူတည်တယ်။ ထန်းတက်သမားက ထန်းနို့ကို ထုရတယ် လှီးရတယ် ။ထုချက်ညီမှ ထန်းရေက ကောင်းမှာ။ ထန်းနို့ တစ်စတည်း က ခံတဲ့အရည်ကို တစ်စရည်။

ထန်းနို့ကို လှီးလိုက် ထုလိုက် လုပ်တော့ ထန်းနို့က တို တိုလာပြီး အငုတ်ပဲကျန်တော့တယ်။ အငုတ်ကထွက်တဲ အရေကိုလက်ငုတ်ရည်သူလည်း လေးပြီးကောင်းတယ်တဲ့။

ထန်းရေ ပေါ်ဦးပေါ်ဖျားဆို အတီရေ။ ဟိုးရှေးရှေးတုန်း အတီတေအသီတ တုန်း ဗရာဏသီပြည်မှာ ဆိုပြီး ပုံပြင်တွေ မှာကြားဖူးတယ်မှတ်လား။ အဲ့ဒါကို စွဲပြီးခေါ်တာ။

ပြီးတော့ အမြုပ်လေး တစီစီဖြစ်နေတဲ့ အရေကို ပုဇွန်ဆိပ်ခုန်။ တချို့က အဲ့လို အမြုပ်တစီစီလေးဖြစ်နေမှ ပိုကြိုက်ကြတယ်။

ထန်းပင်ပေါ်ရောက်ခါနီး gas အသံတရူးရူးကြားရင် မြွေဟောက်ပင် ။ သူက ရှတတ လေး။

တပို့တွဲလ ဆိုတာ ထန်းပို့တွဲ ကဖြစ်လာတာ ထန်းသီးတွေ တွဲနေတဲ့ လမို့။

ပြီးတော့ အောက်ပြည်ကထန်းရေ နဲ့ အညာက ထန်းရေ မတူဘူး။ အောက်ပြည်က ထန်းရေက ရေနဲ့နီးလို ပေါ့တယ်။ အညာက ရေနဲ့ဝေးလို့ ပိုပြင်းတယ်။

ထန်းရေ က လေတိုက်လေမူးလေ။ မူးရင်လည်း ဘယ်တော့မှ မှောက်လဲမလဲဘူး။ ပက်လက်ပဲ။ ထန်းရေသောက်ရင် ဂေ့ ဆို လေချဉ်တက်တုန်း ထန်းရေအရသာပါ ပြန်ခံစားရတာ ဇိမ်ပဲ မဟုတ်လား

ယောဖက်မှာဆို ထန်းပင်ပေါ်မှာပဲ လင့်ထိုးပြီး ထန်းရေသောက်ကြတယ်။သောက်ပြီး ဘယ်လိုပြန်ဆင်းလဲ မသိ။
ထန်းပင်ပေါ်က မူးပြီးပြုတ်ကျ တာမရှိလားမေးတော့။
ရှိတော့ရှိတယ် ရှားတယ်တဲ့။

ထန်းရေကို ကျိုချက်ပြီး ပွက်လာတဲ့ရေ ကို ပွက်ရေလို့ခေါ်တယ်။ တင်လဲရည်လို့လည်းခေါ်တယ်။ အရက်ချက်တဲ့ နေရာမှာသုံးတာပေါ့။

ထန်းရေ ကို ကျို ။ ဒယ်မှာ မတူးရအောင်မွှေ ကြွက်မြီးတန်းလားရင် မီးဖိုကခ်ျမအေးခင် လက်နဲ့ ဆုပ်ဆုပ်ပြီး လုံး ။ အအေးခံလိုက်ရင် ထန်းလျက်ရပြီ။

ထန်းပင်တက်ရင် ပင်စည်က ထောင်ထားတဲ့ ဝါးကို ရင်းထောင် အပင်တစ်ဝက်မှာ ထန်းပင်ပေါ်က တွဲလဲ ခ်ျထားတာကို ရင်းဆွဲ ။ ထန်းတက်သမားက ရင်းထောင်ကို ထန်းပင်နားကပ် နှီးချောင်းကြီးနဲ့ ပင်စည်ကို ချည်တုပ်။ ပြီးရင် တစ်လှမ်းတက် နှီးချောင်းကြီးနဲ့ ထပ်ချည်တုတ် ။ ပြီးမှ ရင်းစွဲ ကို လှမ်းကိုင်ပြီး ထန်းပင်ပေါ်တက် ထန်းလက် ထန်းကိုင်းတွေ ကို နင်း ပြီးမှ ထန်းနို့လှီး ထန်းရေခံ။

ပင်ပန်းသလောက် ဝင်ငွေကနည်းတယ်။ ဒါကြောင့်ထန်းတက်သမားတွေရှား။ ထန်းတက်သမားမရှိတော့ ထန်းပင်ကို သောင်းဂဏန်း နဲ့ရောင်း တရုတ်ပြည်ပို့။ တရုတ်က နည်းပညာ နဲ့ ထုတ်လိုက်တဲ့ ထန်းပရိဘောဂတွေကို စျေးကြီးနဲ့ပြန်ဝယ် ။ မိအေးက ၂ခါ မကနာ။ ထန်းပင်တစ်ပင်ဖြစ်ဖို့ကမလွယ်။ နှစ်ပေါင်း ၂၀လောက် အချိန်ပေးရတာ။
မေလယိုး ပြည်ကြီးတရုတ်တွေ စောက်ကောင်းကျိုးမပေးဘူး။

အညာမှာထန်းပင်ရှိရင် အိမ်ဆောက်လို့ရတယ်။ ထန်းရွက်နဲ့ မိုးမယ်။ ထန်းလက်ရိုးတွေနဲ့ ခြံစည်းရိုးကာမယ်။ ထန်းလုံးတွေ နဲ့ ကြမ်းခင်း တိုင်ထောင် ထုတ်တန်းတွေ လုပ်လို့ရတယ်။

ထန်းပင်က သဘာဝက ပေးတဲ့လက်ဆောင်။ ကျွန်တော်ကတော့ ထန်းပင်တွေကိုချစ်တယ်။
......................................
Photo Arrawaddy
Credit- Original Uploader
မူရင်းတင်သူကို ကျေးဇူးတင်ပါတယ်🏵️

ပန်းချဉ်ပေါင်🏵️
29/01/2023

ပန်းချဉ်ပေါင်🏵️

"  #သင်္ဘောရွက်နှင့် ထန်းလျှက်ခဲ "====l======y=====p=========================(ရှယ်ယူပြီး သိမ်းထားပေးပါ)ခါးတွေအရမ်းနာ ခေါ...
28/01/2023

" #သင်္ဘောရွက်နှင့် ထန်းလျှက်ခဲ "

====l======y=====p=====
====================

(ရှယ်ယူပြီး သိမ်းထားပေးပါ)

ခါးတွေအရမ်းနာ ခေါင်းတွေလဲတအားကိုက်တော့ အင်္ဂလိပ်ဆေးတွေလဲ ခဏခဏ မသောက်ချင်တော့ဘူးဆိုပြီး အိမ်တွင်းဆေးလေး လုပ်ကြည့်တယ် ။

သဘောင်္ရွက်လေးတရွက် ခူးလာပြီး ရေနွေးဆူဆူမှာ ခပ်လိုက်တယ်။

ပြီးတော့ (၃)မိနစ်လောက်ရရင် ထန်းလျှက်ခဲလေး (၃)လုံးလောက် ထည့်ကျို လိုက်ပြီး (၃)မိနစ်လောက်ထပ်ကျို ပြီးရင် အရည်ကျလာပီ အဲဒီတော့ ဖန်ခွက်အကြီးနဲ့ ကိုယ်သောက်နိုင်သလောက်ထိ သောက်ပါ။

သောက်ပြီး (၁၀)မိနစ်လောက်နေတော့ ဆီးခဏခဏသွားလာတယ်။

ခေါင်းကိုက်တာလဲ ပျောက်လာပြီး ခါးနာတာတွေလဲ သက်သာသွားတယ်။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ။ အသိမှန် အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကို လှပစွာဖြတ် သန်းနိုင်ကြပါစေ။

Credit..မူရင်းစာမူရှင်

==========

" သင်္ဘောရွက်နှင့် ထန်းလျှက်ခဲ "

====================
====================

(ရှယ်ယူပြီး သိမ်းထားပေးပါ)

ခါးတွေအရမ်းနာ ခေါင်းတွေလဲတအားကိုက်တော့ အင်္ဂလိပ်ဆေးတွေလဲ ခဏခဏ မသောက်ချင်တော့ဘူးဆိုပြီး အိမ်တွင်းဆေးလေး လုပ်ကြည့်တယ် ။

သဘောင်္ရွက်လေးတရွက် ခူးလာပြီး ရေနွေးဆူဆူမှာ ခပ်လိုက်တယ်။

ပြီးတော့ (၃)မိနစ်လောက်ရရင် ထန်းလျှက်ခဲလေး (၃)လုံးလောက် ထည့်ကျို လိုက်ပြီး (၃)မိနစ်လောက်ထပ်ကျို ပြီးရင် အရည်ကျလာပီ အဲဒီတော့ ဖန်ခွက်အကြီးနဲ့ ကိုယ်သောက်နိုင်သလောက်ထိ သောက်ပါ။

သောက်ပြီး (၁၀)မိနစ်လောက်နေတော့ ဆီးခဏခဏသွားလာတယ်။

ခေါင်းကိုက်တာလဲ ပျောက်လာပြီး ခါးနာတာတွေလဲ သက်သာသွားတယ်။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ။ အသိမှန် အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကို လှပစွာဖြတ် သန်းနိုင်ကြပါစေ။

Credit..မူရင်းစာမူရှင်

===l==y===p==

မြန်မာတိုင်းရင်းဆေးများ

'" #ကျောက်ကပ်ဆေး နည်းလေးပါ"'====l====y=====p=========နှမ်းဖက်စစ်စစ်    ..........၂၅ ကျပ်သားထန်းလျက်စစ်စစ်    ........၅ လ...
26/01/2023

'" #ကျောက်ကပ်ဆေး နည်းလေးပါ"'
====l====y=====p=========
နှမ်းဖက်စစ်စစ် ..........၂၅ ကျပ်သား
ထန်းလျက်စစ်စစ် ........၅ လုံး
ကြက်သွန်နီ ............ ၅ လုံး
တဇောင်းလက်ပတ်......၂၅...ကျပ်သားကိုကျို၍
နေ့စဉ် စားသုံးပေးပါက
သင်၏ #ကျောက်ကပ်
ပြန်လည်ကောင်းမွန်နိုင်ကြောင်းနှင့်
ဤဆေးဖြင့် ကျောက်ကပ်ဆေးနေရသူပင်
ပျောက်ကင်းပါကြောင်း
ဆရာကြီးတစ်ဦးက လက်တွေ့ပြောပြခဲ့ပါတယ်
ကျန်းမာကြပါစေ

#ဆေးသောက်ရန်အညွှန်း
=====l====y====p====
လက်ဖက်စားဇွန်း၃ဇွန်းမနက်ညသောက်ရန်

Credit:ယမင်းဖြူ(ကျွန်းကလေး)
ဗဟုသုတကျေးရွာ

ပြန်လည်မျှဝေသည်

 #အသီးအပွင့်တွက်ငွေတပြားမှမကုန်တဲ့နည်းလမ်း           ☘☘☘☘☘☘☘☘☘☘   အပင်ချစ်သူများအတွက် ငွေတစ်ပြားမှ မကုန်ဘဲ ကုန်ကြမ်းအပေါ...
26/01/2023

#အသီးအပွင့်တွက်ငွေတပြားမှမကုန်တဲ့နည်းလမ်း
☘☘☘☘☘☘☘☘☘☘

အပင်ချစ်သူများအတွက် ငွေတစ်ပြားမှ မကုန်ဘဲ ကုန်ကြမ်းအပေါဆုံး၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးသော Organic Fertilizer အော်ဂန်းနစ် သဘာဝမြေဩဇာလုပ်နည်းလေးကို အသိပေးချင်ပါတယ်။

အိမ်တိုင်းကနေ့စဉ်ထွက်ရှိတဲ့ ဆန်ဆေးရည်ဟာ အော်ဂန်းနစ်သမားများအတွက် အင်မတန်အသုံးများတဲ့ ကုန်ကြမ်းဖြစ်ပါတယ်။

နေ့စဉ်ထမင်းချက်ရာမှရတဲ့ ပထမဆေးသောဆန်ဆေးရည်ကို ဘူးထဲထည့်ထားပြီး နေရောင်ခြည်တိုက်ရိုက်မကျရောက်သည့်အရိပ်ထဲမှာ အေးတဲ့ရာသီဆိုရင် ၅ ရက်၊ ပူတဲ့အချိန်မှာ ၃ ရက်လောက်ထားပြီးရင် ဆန်ဆေးရည်အပေါ်ယံမှာ မှိုမျှင်လေးတွေ တွေ့ရပါမယ်။ ဒီအခြေအနေမှာ သုံးစွဲလို့ရပါပြီ။
သုံးစွဲသူစိတ်ကြိုက် အပင်ခြေကိုလောင်းခြင်း၊ အပင်ကိုဖျန်းခြင်းကို ရေ ၂ ဆ မှစ သင့်တော်သလိုရောစပ်သုံးစွဲနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးမရှိဘဲ အမြဲတမ်းသုံးစွဲပါက အပင်တွေ တစ်နေ့ထက်တစ်နေ့ ကျန်းမာသန်စွမ်းလာတာကို မြင်ရမှာဖြစ်ပါတယ်။

အိမ်တိုင်းကရတဲ့ ဆန်ဆေးရည်ကို အလဟဿသွန်မပစ်ဘဲ ဒီနေ့ကစ အကျိုးရှိအောင်သုံးစွဲနိုင်ကြပါစေ။
Credit...
မျှဝေပေလိုက်ပါတယ်

ရွှေပဲပန်းလေးတွေ ပွင့်ပြီ🏵️❤️
25/01/2023

ရွှေပဲပန်းလေးတွေ ပွင့်ပြီ🏵️❤️

22/01/2023

 #ရွှေပဲ🏵️
21/01/2023

#ရွှေပဲ🏵️

 #မုန်လာပန်း
21/01/2023

#မုန်လာပန်း

  Flowerဩဇီမျိုး
21/01/2023

Flower
ဩဇီမျိုး

 #ကျောက်ကပ်အတွက်ထာဝရဆေး  #အန်းစိမ်းရည်ကျောက်ဖရုံယို                                                             ဖန်ခွက်ထ...
20/01/2023

#ကျောက်ကပ်အတွက်ထာဝရဆေး

#အန်းစိမ်းရည်ကျောက်ဖရုံယို

ဖန်ခွက်ထဲကို အုန်းစိမ်းရည်ထည့် ပြီးရင်
ကျောက်ဖရုံယိုတစ်တောင့် ထည့်စိမ်ထားလိုက်
တစ်နာရီကျော်လောက် စိမ်ထားရင်ရပြီ
အရည်လည်းသောက် အဖတ်လည်းစား
အဲဒါဟာ ...
ကျောက်ကပ်အတွက် ထာဝရဆေးဖြစ်ပါတယ် ။
ကျောက်ကပ် အမြဲတမ်း ကောင်းချင်ရင်
တစ်ပတ် တစ်ခါလောက် သောက်ပေး
ကျောက်ကပ် မကောင်းတော့ဘူး ဆိုရင်လည်း
စိတ်မပျက်ပါနဲ့
အခုပြောတဲ့
ကျောက်ကပ်အတွက် ထာဝရဆေးကို
တစ်ပတ် ( ၃ကြိမ် ) စားပေးနိုင်ပါတယ် ။

ကျောက်ကပ်ဟာ အသက်၄၀ကျော်ပြီ ဆိုရင်
အိုဟောင်းသွားတော့တာပါပဲ ။
ကျောက်ကပ် အလုပ်လုပ်မှုဟာ
အသက် ၄၀ပြည့်တဲ့ နှစ်ကစလို့
( ၁နှစ် ) ကို ( 1% ) ကျဆင်းသွားပါတယ် ။
ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ
ကျောက်ကပ်လည်း အားနည်းလာတော့တယ် ။သို့သော်လည်း သူ့ကို
သေချာထိန်းသိမ်း စောင့်ရှောက်တတ်ရင်တော့
အကောင်းအတိုင်းရှိနေပြီး လုပ်ဆောင်ချက်တွေ
မကျဆင်းနိုင်ဘူး ။
ကျောက်ကပ်အတွက်မြစ်ချင်းပြီးသဘာဝဆေးဟာ
ကျောက်ဖရုံသီး ဖြစ်ပါတယ် ။
ကျောက်ဖရုံသီးကို
ကမ္ဘာပေါ်မှာ အကောင်းဆုံးရေဖြစ်တဲ့
အုန်းစိမ်းရည်ထဲ ထည့်စိမ်လိုက်တဲ့အခါမှာတော့ကျောက်ကပ်အတွက် ကမ္ဘာပေါ်မှာအကောင်းဆုံးဆေးဖြစ်သွားတော့တာပါပဲ ။

ယ္ခုအခါမှာ
ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ
အများကြီး ဖြစ်နေကြပါတယ် ။
ကျောက်ကပ်ရောင်ခြင်း
ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်အားနည်းခြင်း
လုပ်ဆောင်ချက်ကျဆင်းခြင်း
ဆီးအမြှုပ်များခြင်း
ဆီးဆိပ်များခြင်း
ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်ကင်ဆာ စသည်ဖြင့်
အမျိုးမျိုး ဖြစ်နေကြတာ တွေ့ရပါတယ် ။

ကျောက်ကပ်ရောဂါ ဖြစ်တဲ့သူတွေ ကြည့်လိုက်ရင်မိန်းမထက် ယောက်ျားက
ပိုများတာကို တွေ့ရပါတယ် ။
ယောက်ျားမှာဆီး - မိန်းမမှာမီးတဲ့
ယောက်ျားတွေ ဆီးမကောင်းရင်
ကျောက်ကပ်ရောဂါ ဖြစ်လွယ်တယ် ။
ယောက်ျားတွေက ပေလဲ ပေကြတာကိုး
ဒါကြောင့်လည်း ...
ယောက်ျားတွေ အသက်တိုကြတာဖြစ်တယ် ။

အသက်ကြီးသည်အထိ
ကျောက်ကပ် ကောင်းကြတဲ့သူတွေကို ကြည့်ရင်
သူတို့ဟာ အစားအသောက်ကို သင့်ရုံလောက်ပဲ
စားကြတဲ့သူတွေ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ် ။ကျောက်ကပ်ဟာ
စားသမျှ အစားအသောက်တွေထဲက ပါလာတဲ့
အညစ်အကြေး အဆိပ်အတောက်တွေကို
သန့်စင်ပေးပြီး ဆီးလမ်းကြောင်းကနေ
စွန့်ထုတ်ပေးရတဲ့ အင်္ဂါဖြစ်ပါတယ် ။
သင့်ရုံသာစားရင် ကျောက်ကပ်က အလုပ်နဲနဲပဲ
လုပ်ရလို့ မပင်ပန်းဘဲ ကြာရှည်ခံမယ် ။
အစားကြူးရင်တော့
ကျောက်ကပ်က ပင်ပင်ပန်းပန်း အလုပ်လုပ်ရလို့ကြာရှည်မခံနိုင်ဘူး ။
အဲဒါ အရေးကြီးဆုံး အချက်ဖြစ်ပါတယ် ။
အဲဒီအပြင် အခြားသော
ဆောင်ရန် / ရှောင်ရန်တွေလည်း ရှိပါသေးတယ်။

ဘာတွေလည်းဆိုရင်
ထုံးဓာတ်များတဲ့ ရေကို ရှောင်ခြင်း
အက်စစ်ဓာတ်များတဲ့ အစားအသောက်ကို
လျှော့စားခြင်း
အယ်ကာလီများတဲ့ အစားအသောက်ကို
ပိုစားခြင်း
အသီးအရွက်မစားတဲ့ အကျင့်ကို ပြုပြင်ခြင်း
အနီရောင်အသားကို သင့်ရုံသာစားခြင်း
အသားထက် အဆီကနေ ကယ်လိုရီ ပိုရယူခြင်း
ဝမ်းမချုပ်အောင် လေ့ကျင့်ခြင်း
ချွေးထွက်အောင် ပြုလုပ်ပေးခြင်း
သွားနှင့်ခံတွင်းကို အမြဲသန့်ရှင်းနေစေခြင်း
ကိုယ်လက်လှုပ်ရှားမှု များစေခြင်း
ည၁၀နာရီ အိပ်ယာဝင်ခြင်း
အရက်သေစာ မူးယစ်ဆေးဝါး ရှောင်ရှားခြင်း
အနားယူပေးခြင်း
သင့်ရုံသာ စားသောက်ခြင်း
အစာကို ကြေညက်အောင် ဝါးစားခြင်း
ဓာတုဆေးဝါးများကို လိုအပ်မှ သောက်ခြင်း
ကွမ်းယာ ၊ ဆေးလိပ်သုံးစွဲမှု မများစေခြင်း
ဆိုဒီယမ်ပါသော အစာများ လျှော့စားခြင်း
ပန်းရောင်ကျောက် စားသုံးခြင်း
မနက်စောစောစာကို ပြည့်စုံစွာစားခြင်း
သွေးတိုးစာများ လျှော့စားခြင်း
ရေသောက်
နေရောင်ခြည် ခံပေးခြင်းတွေပဲ ဖြစ်ပါတယ် ။

အဲဒီလို ဆောင်ရန်ရှောင်ရန်တွေကို သိထားပြီးကျောက်ကပ်အတွက် ထာဝရဆေးကိုလည်း
ပုံမှန် စားပေးသွားမယ် ဆိုရင်တော့
ကိုယ့်ကျောက်ကပ်အတွက်
စိတ်ပူစရာ မရှိနိုင်လောက်တော့ဘူးပေါ့။ကျောက်ကပ် ဆေးနေရတဲ့သူတွေလည်း
ရှီးပတီးပေါင်းစားခြင်းနဲ့အတူ အခုပေးတဲ့ဆေးကိုသောက်နိုင် / စားနိုင်ကြပါတယ် ။

ကျောက်ကပ်အတွက်
ဆေးကို ဘယ်အချိန်မှာ စားရမလဲတဲ့
အသင့်တော်ဆုံး အချိန်ကတော့
ကျောက်ကပ် အဆိပ်ထုတ်ချိန် ဖြစ်တဲ့
3 pm - 5 pm မတိုင်မီ နေ့လည် 2 pm လောက်ပါပဲ
ပြီးရင် ရေများများ သောက်ပေးပါ ။
ကျောက်ကပ်က အနည်အနှစ်တွေအားလုံး
ဆီးလမ်းကြောင်းကနေ ထွက်သွားပါလိမ့်မယ် ။
5 pm - 7 pm က
ဆီးအိမ် အဆိပ်ထုတ်ချိန် ဖြစ်တဲ့အတွက်
အဲဒီအချိန်တွေအထိ ဆီးကောင်းကောင်း
သွားပေးနေဖို့လည်း လိုပါတယ် ။

ကျောက်ကပ်ရောဂါတွေဟာ
ဖြစ်လာရင် သိပ်ကို စိတ်ညစ်ရတတ်တယ် ။
ပိုက်ဆံတွေ အများကြီး ကုန်ပြီး
လူဖြစ်လည်း ရှုံးတတ်တယ် ။
ဒါကြောင့် မိမိကျောက်ကပ်ကို
သဘာဝနည်းနဲ့ စောင့်ရှောက်ပါလို့
နည်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ။

ချစ်မိတ်ဆွေများ
ကျောက်ကပ်ရောဂါမှ ကင်းဝေးကြပါစေ 🙏🙏🙏

#ကျန်းမာရေးဗဟုသုတပြန်လည်မျှဝေသည်
Credit မြန်မာတိုင်းရင်းဆေး

Address

Kalaw

Telephone

+959794312786

Website

Alerts

Be the first to know and let us send you an email when KALAW Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Florists in Kalaw

Show All