My Wedding At Novotel

My Wedding At Novotel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Wedding At Novotel, 459 Pyay Road, Kamayut.

စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်းဆုံးပုံဖော်ဖို့အတွက် NOVOTEL Yangon Max ရဲ့ MyWeddingMyStoryအစီအစဉ်လေးရှိနေပါပြီ။ဆန်းသစ်လ...
13/05/2019

စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်းဆုံးပုံဖော်ဖို့အတွက် NOVOTEL Yangon Max ရဲ့ MyWeddingMyStoryအစီအစဉ်လေးရှိနေပါပြီ။ဆန်းသစ်လှပတဲ့သင့်တို့ရဲ့ အတွေး စိတ်ကူးကောင်းတွေ အကောင်အထည်ဖော်ရာမှာ MyWeddingMyStory ကလဲ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပြီး ပါဝင်ဆောင်ရွက်ပေးပါရစေ။ ချစ်ခြင်းများစွာနဲ့ MyWeddingMyStory ရဲ့  အခုဖော်ပြထားတဲ့ Link ကနေတစ်ဆင့် Pageကို Like & Share လုပ်ပြီး Follow ပေးကြပါအုံးနော်။ https://www.facebook.com/pg/myweddingmystory



#ထူးတဲ့မင်္ဂလာရက်မြတ်
#ချစ်ခြင်းများစွာဖြင့်


Want to shape your dreams? Proudly present “MyWeddingMyStory” program to you by NOVOTEL Yangon Max. Let us be a part in shaping your unique dreams. Through the following link, Please Follow, Like and Share our Page with lots of Love. https://www.facebook.com/pg/myweddingmystory



#ထူးတဲ့မင်္ဂလာရက်မြတ်
#ချစ်ခြင်းများစွာဖြင့်

[English below]WE ARE HERE TO MAKE YOUR DREAMS COME TRUE!ကိုယ့်ရဲ့မင်္ဂလာပွဲလေးကျင်းပလို့ပြီးတဲ့အခါမှာတော့ ကိုယ်ချစ်ရတဲ့သူ...
28/08/2018

[English below]

WE ARE HERE TO MAKE YOUR DREAMS COME TRUE!

ကိုယ့်ရဲ့မင်္ဂလာပွဲလေးကျင်းပလို့ပြီးတဲ့အခါမှာတော့ ကိုယ်ချစ်ရတဲ့သူနဲ့အတူတူမြို့ပြနဲ့ဝေးပြီး သဘာဝအလှတရားတွေရှိတဲ့ ပင်လယ်ကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် အပန်းဖြေချင်မိမှာပဲနော်.!! ဒီလိုဆိုရင်တော့ သာယာတဲ့ရာသီဥတု နဲ့ အဖြူရောင်သဲလေးတွေပြည့်နက်တဲ့ လှပတဲ့နေရောင်အောက်ကမ်းခြေ ကအပန်းဖြေလို့အကောင်းဆုံးနေရတာတစ်ခုဖြစ်ပါတယ်။
ကမ်းခြေလို့ပြောလိုက်ရင် အရင်ဆုံး Maldives, Phu Quoc နဲ့ Ko Samui ကိုအရင်ဆုံးသတိရမိမှာအမှန်ပဲနော်.!! အဲ့နေရာတွေကို ပျားရည်ဆမ်းခရီး သွားဖို့စိတ်ကူးထားတယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကူးတွေ အမှန်တကယ်အကောင်အထည်ဖော်နိုင်တော့မှာပါ။ နိုဗိုတယ်ရန်ကုန်မက်စ်မှာ Wedding Dinner အတွက် ဘိုကင်တင်တဲ့ မင်္ဂလာမောင်နှံတိုင်းက ဒီအထူးလက်ဆောင်ပေးမယ့် အစီအစဉ်မှာပါဝင်ခွင့်ရမှာပါ.!! တည်းခိုစရာဟိုတယ်တင်မကဘူးနော် အသွားအပြန်လေယာဉ်လက်မှတ်ကိုပါ စီစဉ်ပေးမှာဆိုတော့ ခရီးစဉ်အတွက်ခေါင်းရှုပ်ခံစရာမလိုပဲ အပန်းဖြေဖို့အဆင်သင့်ပြင်လိုက်တော့နော်.!! အသေးစိတ်ကို မင်္ဂလာပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ မတင်ဇာလွင် (09-423666064 သို့မဟုတ် [email protected]) ကို ဆက်သွယ်နိုင်ပါတယ်။


WE ARE HERE TO MAKE YOUR DREAMS COME TRUE!

After a wonderful wedding celebration day, whisk your partner away to a place where sands are white, water is crystal clear, the weather is a dream and the deep rays of the sun wait to engulf you in their arms. As you read now, if places like Maldives, Phu Quoc and Ko Samui come to mind then WE HAVE THE DESTINATION TO MAKE YOUR DREAMS COME TRUE.
This season, we have arranged a fantastic honeymoon destination just for you! Every couple that books their wedding dinner at Novotel Yangon Max, could be entitled for this special gift. Don't worry, we will make all your arrangements, all you have to do, is be ready to relax and enjoy your honeymoon.

Tinzar, our wedding planner is waiting for your call. She is reachable at 09 423666064 or email at [email protected]. Terms & Conditions apply.


[Unicode verison]

WE ARE HERE TO MAKE YOUR DREAMS COME TRUE!

ကိုယ့်ရဲ့မဂင်္လာပြဲလေးက်င်းပလို့ပြီးတဲ့အခါမွာတော့ ကိုယ္ခ်စ်ရတဲ့သူနဲ့အတူတူမြိျု့ပနဲ့ဝေးပြီး သဘာဝအလွတရားတြေရွိတဲ့ ပင္လယ္ကမ်ျးေခမွာ ပော််ပော််ရွှင်ရွှင် အပန်ျးေဖခ်င္မိမွာပဲနော်.!! ဒီလိုဆိုရင်တော့ သာယာတဲ့ရာသီဥတု နဲ့ အျဖူရောင်သဲလေးတျြေပည့္နက္တဲ့ လွပတဲ့နေရာင်အောက္ကမ်ျးေခ ကအပန်ျးေဖလို့အေကာင်းဆုံးနေရတာတစ္ချုဖစ္ပါတယ်။
ကမ်ျးေခလို့ျေပာလိုက်ရင် အရင္ဆုံး Maldives, Phu Quoc နဲ့ Ko Samui ကိုအရင္ဆုံးသတိရမိမွာအမွန္ပဲနော်.!! အဲ့နေရာတြေကို ပ်ားရည္ဆမ်းခရီး သြားဖို့စိတ္ကူးထားတယ္ဆိုရင်တော့ သင့်ရဲ့ စိတ္ကူးတြေ အမွန္တကယ်ေအကာင်အထည်ဖော်နိုင်တော့မွာပါ။ နိုဗိုတယ်ရန္ကုန္မက္စ္မွာ Wedding Dinner အတြက် ဘိုကင္တင္တဲ့ မဂင်္လာမောင်နွံတိုင်းက ဒီအထူးလက်ဆောင်ပေးမယ့် အစီအစဥ္မွာပါဝင္ခြင့်ရမွာပါ.!! တည်းခိုစရာဟိုတယ္တင္မကဘူးနော် အသြားအျပန်လေယာဥ္လက္မွတ္ကိုပါ စီစဉ်ပေးမွာဆိုတော့ ခရီးစဉ်အတြက်ခေါင်းရှုပ္ခံစရာမလိုပဲ အပန်ျးေဖဖို့အဆင်သင့်ျပင္လိုက်တော့နော်.!! အေသးစိတ္ကို မဂင်္လာပြဲစီစဉ်သူတစ်ယောက်ျဖစ္တဲ့ မတင္ဇာလြင် (09-423666064 သို့မဟုတ် [email protected]) ကို ဆက်ြသယ်နိုင္ပါတယ်။

ဥရောပခရီးစဉ် ကို ကံစမ်းမဲပေါက်သွားတဲ့  မောင်ကျော်ရှင်းသန့် နှင့် မသဲဇာနည်ကျော် တို့ မင်္ဂလာမောင်နှံပဲဖြစ်ပါတယ်။ ပျော်ရွှင်စ...
31/01/2018

ဥရောပခရီးစဉ် ကို ကံစမ်းမဲပေါက်သွားတဲ့ မောင်ကျော်ရှင်းသန့် နှင့် မသဲဇာနည်ကျော် တို့ မင်္ဂလာမောင်နှံပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


06/01/2018

မင်္ဂလာမောင်နှံများအထူးနှစ်သက်သဘောကျတဲ့ Marry Me Unique Wedding Sale ရဲ့ ၂ ညအိပ် ၃ ရက် ဥရောပခရီးစဉ် ကို Lucky Draw ကံစမ်းမဲပေါက်သွားတဲ့ စုံတွဲ တစ်တွဲ ပေါ်ထွက်လာပြီနော်.!! ကံစမ်းမဲပေါက်သွားတဲ့ ချစ်စရာစုံတွဲလေးကတော့ ၃ ရက် ဒီဇင်ဘာ ၂၀၁၇ မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ မောင်ကျော်ရှင်းသန့် နှင့် မသဲဇာနည်ကျော် တို့ပဲဖြစ်ပါတယ်။ နိုဗိုတယ်ရန်ကုန်မက်စ် မိသားစုမှလည်း မင်္ဂလာမောင်နှံနဲ့အတူတူ အတိုင်းမသိ ၀မ်းသာပီတိဖြစ်မိပါတယ်။

မိန်းကလေးတိုင်းရဲ့ဘ၀မှာ ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ထားတဲ့ မင်္ဂလာဆောင် ပုံစံလေးတွေ ကိုယ်စီရှိကြမှာပါ။ ကိုယ်ရဲ့ စိတ်ကူးလေးတေ...
27/12/2017

မိန်းကလေးတိုင်းရဲ့ဘ၀မှာ ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ထားတဲ့ မင်္ဂလာဆောင် ပုံစံလေးတွေ ကိုယ်စီရှိကြမှာပါ။ ကိုယ်ရဲ့ စိတ်ကူးလေးတွေ အကောင်အထည်ဖော်ပြီး ချစ်ရတဲ့သူနဲ့ တစ်သက်တာလက်တွဲဖို့ နိုဗိုတယ်ရန်ကုန်မက်စ်မှာပြုလုပ်တဲ့ Wedding အစီအစဉ်လေးကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်.!! လတစ်လရဲ့ ပထမဆုံး စနေနေ့တိုင်းမှာ ပြုလုပ်ပေးမှာဖြစ်ပြီး ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ Wedding Packages တွေ၊ အကျိုးရလဒ်တွေရှိလည်းဆိုတာ သိချင်ရင်တော့ လာမယ့် ဇန်န၀ါရီလ ၆ ရက်နေ့ ကိုလာခဲ့ဖို့မမေ့နဲ့နော်.!!

Year End Wedding Sales @ Novotel Yangon Max.!!
06/12/2017

Year End Wedding Sales @ Novotel Yangon Max.!!

30/08/2017

တစ်ဘ၀လုံးစာလက်တွဲသွားမယ့် ကိုယ့်မိန်းကလေးကို ဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲဆိုတာ စဉ်းစားရခက်နေတဲ့သူတွေအတွက် အကြံလေးနည်းနည်းလောက်ပေးမယ်နော်.!!

-ပထမဆုံးအနေနဲ့ ကိုယ့်မိန်းကလေးကိုလက်ခွင့်တောင်းခံရင် အရေးကြီးဆုံးကတော့ လက်စွပ် တစ်ကွင်းပဲပေါ့။ လက်စွပ်ကိုရွေးတဲ့အခါမှာ ကိုယ့်သူငယ်ချင်းတွေကိုတိုင်ပင်နိုင်ပါတယ် ဒါပေမယ့် မိန်းကလေးတိုင်းကတော့ ကိုယ့်ကောင်လေးကိုယ်တိုင်ရွေးပေးတဲ့လက်စွပ်ကိုပဲလိုချင်မှာအမှန်ပါ။ သူငယ်ချင်းတွေရွေးပေးတာ ထက်စာရင် ကိုယ်နဲ့အတူ အချိန်အတိုင်းအတာတစ်ခုအထိ အတူနေလာခဲ့တဲ့ ကိုယ့်မိန်းကလေး ဘာကြိုက်တတ်လဲဆိုတာ ကိုကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။

-အချိန်နဲ့နေရာမှန်ဖို့ကလည်း အရေးကြီးပါတယ်။ ဥပမာအနေနဲ့ နေရာကိုရွေးတဲ့အခါ သူနဲ့ကိုယ်နဲ့ အမှတ်တရ အများကြီးရှိခဲ့တဲ့နေရာ သို့မဟုတ် သူမကိုပထမဆုံးစတွေ့ခဲ့တဲ့နေရာမျိုးကိုရွေးချယ်သင့်တယ်နော်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် သူမရဲ့ စိတ်အခြေအနေ အချိန်အခါလေးတော့ကြည့်ရမှာပေါ့။ တစ်ခုခုကိုဒေါသထွက်နေတဲ့အချိန်လုပ်မိရင်တော့ မြှားဦးက ကိုယ့်ဘက်လှည့်လာနိုင်ပါတယ်။

-ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုတဲ့အတိုင်း အိမ်မှာကတည်းက ဘယ်လိုရင်ခုန်စရာစကားတွေ အမှတ်တရဖြစ်စေမယ့်စကားတွေ နဲ့လက်ထပ်ခွင့်တောင်းမလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားသင့်တယ်နော်။ အဲ့ဒါမှ အမှားမပါပဲ အဆင်ပြေပြေနဲ့ လက်ထပ်ခွင့်တောင်းခံနိုင်မှာပေါ့။

-လက်ထပ်ခွင့်တောင်းတဲ့နေရာမှာ မိန်းကလေးတော်တော်များများက ရိုမန့်တစ် ဆန်တာကိုသဘောကျကြ ပါတယ်။ ဘ၀မှာတစ်ခါတော့ ကိုယ်လက်တွဲရမယ့်မိန်းကလေးအတွက် မာနတွေဖယ်ထားပြီး ချစ်တဲ့စိတ်တစ်ခု ထဲနဲ့သာဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံလိုက်ပါ။

-လက်ထပ်ခွင့်တောင်းခံတဲ့နေရာ တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ချင်းတူမှာမဟုတ်ပါဘူး။ လူများတဲ့ နေရာမှာလက်ထပ်ခွင့်တောင်းခံတဲ့သူတွေရှိသလို တချို့ကတော့ အိမ်မှာပဲ နှစ်ယောက်တည်း လက်ထပ်ခွင့်တောင်းခံတဲ့သူတွေရှိပါတယ်။

-သူမဘက်က မီးစိမ်းပြသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ မိရိုးဖလာအတိုင်း သူမ မိဘတွေရဲ့ ခွင့်ပြုချက်တောင်းခံရမှာပါ။ ခွင့်ပြုချက်ရပြီဆိုရင်တော့ သင်တို့ ၂ ဦးကတော့ မောင်တထမ်း မယ် တရွက် နဲ့ ဘ၀ကို အေးအတူ ပူအမျှ အတူတူလက်တွဲသွားနိုင်မှာပါ.!!!

အားလုံးပဲ သာယာအေးချမ်းတဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ကြပါစေ.!!!

သြဂုတ်လ ၁၂ရက် နှင့် ၁၃ရက် နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ပြုလုပ်ကျင်းပသွားသည့် Eternity Love Fashion show ပွဲပါ။Et...
19/08/2017

သြဂုတ်လ ၁၂ရက် နှင့် ၁၃ရက် နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ပြုလုပ်ကျင်းပသွားသည့် Eternity Love Fashion show ပွဲပါ။

Eternity Love Fashion Show event which was held on the 12th and 13th August at Novotel Yangon Max Hotel!!

The country's cutting edge in fashion was unveiled by some of Myanmar's hottest models in Yangon on Sunday and Monday, as five top designers showcased their latest creations. The opening day of The Eternity Love Fashion Show at Novotel Hotel saw models strut the catwalk wearing innovative dresses ma...

မင်္ဂလာမောင်နှံများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်ဖွင့်လှစ်ပေးမယ့် Marry Me Unique Wedding Sale ရက်ရောက်ဖို့တစ်ရက်ပဲလို...
10/08/2017

မင်္ဂလာမောင်နှံများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်ဖွင့်လှစ်ပေးမယ့် Marry Me Unique Wedding Sale ရက်ရောက်ဖို့တစ်ရက်ပဲလိုတော့တယ်နော်။ ဇွန်လမှာတုန်းက ဘိုကင်တင်ဖို့ လက်လွတ်သွားတဲ့ မင်္ဂလာမောင်နှံလေးတွေ ဒီ ၂ရက်ကိုတော့ လက်မလွတ်စေနဲ့တော့နော်။ အကုန်လုံးလာရောက်နိုင်ရန်အဆင်ပြေအောင် အားလပ်ရက် စနေ နှင့်တနင်္ဂနွေနေ့မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ထိုက်တန်တဲ့ အခွင့်အရေးတွေ ခံစားခွင့်တွေပါဝင်တဲ့ Marry Me, Unique Wedding Sale ကို ဘိုကင်တင်နိုင်ဖို့ ၂ရက်တာ အချိန်သာဖြစ်သောကြောင့် ဒီအထူးအခွင့်ရေးကို လက်လွတ်မခံပဲ သင့်ရဲ့တစ်သက်မှာတစ်ခါ ရင်ခုန်စွာဖြတ်သန်း ရမည့်ရက်ထူးရက်မြတ် အတွက် ဘိုကင်လာတင်ဖို့ မမေ့ကြနဲ့နော်!!
လက်ထပ်ပွဲ နှင့် ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက - ၀၉၂၅၁၁၈၆၀၁၄ ကိုဆက်သွယ်နိုင်ပါသည်။

Exciting news for our lovey dovey brides and grooms!! "Marry Me Unique Wedding Sale" is going to be back for 2 more days for this coming weekend due to the popular demand of many couples.Grab this chance and come book for your special day...we will make it unique and unforgettable, don't miss out this time!!
For your wedding inquiry and booking contact 09251186014.

သတင်းကောင်းလေးတစ်ခု ကြေငြာပေးပါမယ်နော်။ ဂျွန်လမှာ ကျင်းပခဲ့တဲ့ "Marry Me, Unique Wedding Sales" အစီအစဉ်ကို ထပ်မရှိတော့ဘူ...
28/07/2017

သတင်းကောင်းလေးတစ်ခု ကြေငြာပေးပါမယ်နော်။ ဂျွန်လမှာ ကျင်းပခဲ့တဲ့ "Marry Me,

Unique Wedding Sales" အစီအစဉ်ကို ထပ်မရှိတော့ဘူးလားဆိုပြီး မေးနေတဲ့မင်္ဂလာ

မောင်နှံတွေအတွက် ၀မ်းသာစရာသတင်းလေးပါ။ ယခုလာမည့် သြဂုတ်လ ၁၂၊ ၁၃ ရက်

နေ့ နိုဗိုတယ်ရန်ကုန်မက်စ်မှာ ခမ်းနားစွာကျင်းပပြုလုပ်မည့် Eternity Love @ Novotel

Yangon Max ပွဲကြီးမှာ နိုဗိုတယ်ရန်ကုန်မက်စ်မှ Marry Me, Unique Wedding Sale

ကို ၂ရက်တာပြန်လည်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ဂျွန်လမှာလွတ်သွားတဲ့ မင်္ဂလာမောင်နှံ

များ ယခုလာမည့် သြဂုတ်လပွဲမှာ ၂ရက်ပဲပြုလုပ်ပေးမှာဆိုတော့ မလွတ်အောင်သေချာလာ

ခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။ Marry Me, Unique Wedding Sale မှာရရှိမယ့် အကျိုး

ခံစားခွင့်တွေကို မင်္ဂလာမောင်နှံများက ကြိုက်နှစ်သက်ကြောင်းကြားသိရတဲ့အတွက်လည်း

အတိုင်းမသိဝမ်းသာရပါတယ်။ သြဂုတ်လ ၁၂ ၊ ၁၃ ရက်နေ့ Eternity Love @ Novotel

Yangon Max ပွဲမှာစုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ အသေးစိတ်သိရှိလိုပါက ၀၉

၄၂၃၆၆၆၀၆၄ မတင်ဇာလွင်သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မေးလ်ပေးပို့လိုပါက

[email protected] သို့ပေးပို့နိုင်ပါတယ်။

26/07/2017

ဒီတစ်ပတ် ကိုယ့်ရဲ့အချစ်ရေးမှာဘယ်လိုရင်ခုန်စရာတွေကြုံတွေ့ရမလဲဆိုတာသိချင်နေကြပြီမလား။ ခုပဲအရမ်းမှန်တဲ့ဆရာစံဇာဏီဘိုရဲ့ ၇ရက်သားသမီးတွေအတွက် အချစ်ရေးသီးသန့်ဟောစာတန်းကိုဖတ်ကြည့်လိုက်တော့နော်။

(ဇွန်လှိုင် ၂၆ - သြဂုတ် ၁)

တနင်္ဂနွေနေ့ မွေးသောသူများ

မိဘပတ်ဝန်းကျင်ကို ဆန့်ကျင်၍ဇွတ်တိုးချင်သူရွေးပြီးမှချစ်သူက ကိုယ့်အပေါ်သစ္စာမဲ့ခြင်းကြောင့် အပူသောကပွေရတတ်သည်။ စန်းပွင့်မှုလွန်ကဲပြီး တစ်ဦးထက်မကသောချစ်သူများထားရှိရာမှ အချစ်မေတ္တာရေးရှုပ်ထွေးတတ်သည်။

ယတြာ- တနင်္ဂနွေနေ့တွင် နို့ခေါက်ဆွဲဒါနပြုပါ။

တနင်္လာနေ့မွေးသောသူများ

မေတ္တာရေးစန်းပွင့်မည်။ အချစ်ရေးကိစ္စလုံးဝစိတ်မဝင်စားဟုကြွေးကြော် သူများပင်လျှင် မေတ္တာရေးကိစ္စများပေါ်ထွန်းမည်။ အရွယ်လွန် အထီးကျန်များအတွက် အချစ်ရေးကံကောင်းခြင်းများရှိမည်။

ယတြာ- တနလာင်္နေ့တွင် ခေါက်ဆွဲကြော်ဒါနပြုပါ။

အင်္ဂါနေ့မွေးသောသူများ

လှည့်စားသောချစ်သူနှင့်ကွေကွင်း၍ စစ်မှန်သောမေတ္တာပေါ်ထွန်းမည်။ ချစ်သူနှင့်ဝေးကွားနေသောသူများပြန်လည်ဆုံစည်းမည်။ လူမျိုးဘာသာမတူသူများနှင့် မေတ္တာမျှသူများ အဖို့ဆုံစည်းရန်မဖြစ်နိုင်ဟုတွေ်း၍သောကဖြစ်နေခြင်းမှကင်းဝေးမည်။

ယတြာ- အင်္ဂါနေ့တွင်လက်ဖက်ခြောက်ဆွမ်းလောင်းပါ။

ဗုဒ္ဓဟူးနေ့မွေးသောသူများ

မေတ္တာရေးတွင် အဆင်ပြေရန်အခွင့်အလမ်းများပေါ်ပေါက်မည်။ ပေါင်းဖက် လက်ထပ်ရန်ကမ်းလှမ်းမှုများကြုံမည်။ ရက်ကောင်းရက်မြတ်ရွေး၍ လက်ခံနိုင်သည်။ ချစ်သူရှိသူထပ်ဆင့်ချစ်သူရရှိမည်။

ယတြာ- ဗုဒ္ဓဟူးနေ့တွင် ရွှေရင်အေးဒါနပြုပါ။

ရာဟူ (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

အရွယ်ရောက်သူများအဖို့ သာမန်ထက်စန်းပွင့်မည်။ လူချစ်လူခင်ပေါမည်။ အမည်အတွင်း (အ၊ဥ၊တ၊ထ၊န) ပါသူများနှင့်မေတ္တာမျှ နေသောသူများရေရှည်လက်တွဲရန်ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။

ယတြာ- ဗုဒ္ဓဟူးမွန်းလွှဲပိုင်းတွင် ကြံရည်တစ်ခွက်ဒါနပြုပါ။

ကြာသပတေး နေ့မွေးသောသူများ

မျက်နှာများ၍ နောက်ကြောင်းမရှင်းသောသူအပေါ် မေတ္တာထား၍ စိတ်အနှောင့်အယှက်ဖြစ်ရမည်။ ချစ်သူဧ။်သ၀န်ကြောင်မှု၊ အတ္တဆန်မှုများကြောင့် စိတ်သောကဖြစ်ရတတ်သည်။ မပြတ်သားမှုကြောင့် စိတ်ရှုပ်ရမည်။

ယတြာ- ကြာသပတေးနေ့တွင် ဂန္ဓ္ဓမာပန်းအဖြူ ၅ ပွင့် ဘုရားပန်းကပ်လှူပါ။

သောကြာနေ့မွေးသောသူများ

ပျိုရွယ်သောသူများအဖို့ အချစ်ရေး မေတ္တာရေးတွင် ယတိပြတ်ဆုံးဖြတ်ချက်ချပြီး ဘ၀သစ်တစ်ခုသို့ ဦးတည်နေဆဲ အတိတ်ကာလမှ ချစ်သူဟောင်းဧ။် အနှောင့်အယှက်ပေးမှုကြုံရတတ်သည်။ အလှူအတန်းသို့သွားရင်း စန်းပွင့်ကာ မေတ္တာရေးကိစ္စများပေါ်ပေါက်မည်။

ယတြာ- သောကြာနေ့တွင် သော့ဟောင်းများစွန့်ပါ။

စနေနေ့မွေးသောသူများ

အချစ်ဦးနှင့် ဆုံစည်းရန်အခွင့်အလမ်းနည်းပါးမည်။ အချစ်ဆုံးသူနှင့် အပေါင်းဖက်ရမည်။ မိမိအားနှစ်သက်သဘောကျတန်ဖိုးထားသောသူနှင့်ဆုံတွေ့မည်။ မိမိထက်အသက်အရွယ်ကြီးသူနှင့် မေတ္တမျှမည်။

ယတြာ- စနေနေ့တွင်ထီးနီ (၇) လက်ဘုရားလှူပါ။

ချစ်ချင်းမေတ္တာတုံ့ပြန်ပါသည်။ စံဇာဏီဘို 01-641639, 097317079

ဗုဒ္ဓဟူးနေ့ဆိုတော့ အားလုံးပဲစောင့်မျှော်ရင်ခုန်နေရတဲ့ နှလုံးသားရေးရာမှာ ဘယ်လိုရင်ခုန်စရာတွေကြုံတွေ့ရမလဲဆိုတာသိချင်နေကြပြီ...
19/07/2017

ဗုဒ္ဓဟူးနေ့ဆိုတော့ အားလုံးပဲစောင့်မျှော်ရင်ခုန်နေရတဲ့ နှလုံးသားရေးရာမှာ ဘယ်လိုရင်ခုန်စရာတွေကြုံတွေ့ရမလဲဆိုတာသိချင်နေကြပြီမလား။ အခုပဲတိကျမှန်ကန်တဲ့ ဆရာစံဇာဏီဘိုရဲ့ ၇ ရက်သားသမီးတွေအတွက် အချစ်ရေးသီးသန့် ဟောစာတန်းကိုဖတ်ကြည့်လိုက်တော့နော်။

(ဇွန်လှိုင် ၁၉ - ဇွန်လှိုင် ၂၅)

တနင်္ဂနွေနေ့ မွေးသောသူများ

ချစ်သူနှင့်မိမိအကြား ပြဿနာများဆက်တိုက်ကြုံမည်။ နားလည်မှုကွဲမှားမည်။ စိတ်အလိုမကျစရာများရှိမည်။ ခွဲခွာရခြင်းနှင့် ကွဲကွာရခြင်းများဖြစ်တတ်သည်။ နှစ်ဦးအကြားဘေးစကား၊ သွေးသားအနှောက်အယှက်ရှိမည်။
ယတြာ- တနင်္ဂနွေနေ့တွင် အနီရောင်ဝတ်ဆင်၍ လိုရာဆောင်ရွက်ပါ။

တနင်္လာနေ့မွေးသောသူများ

အလွန်စန်းပွင့်မည်။ ရင်တွင်းရှိသောမေတ္တာများကို အပြန်အလှန်ဖော်ကျူးနိုင်သောကာလဖြစ်သည်။ စိတ်ချမ်းမြေ့စရာများရှိမည်။ တစ်ဦးထက်ပိုသောမေတ္တာရေးကိစ္စများပေါ်ပေါက်မည်။
ယတြာ- တနလာင်္နေ့တွင် ကော်ရည်ခေါက်ဆွဲဒါနပြုပါ။

အင်္ဂါနေ့မွေးသောသူများ

အေးချမ်းအဆင်ပြေသောမေတ္တာရေးကိစ္စ ကြုံမည်။ ရေရှည်လက်တွဲနိုင်သော သူနှင့်ဆုံစည်းကိန်းရှိသည်။ ၅၂၈၊ ၁၅၀၀ မေတ္တာကံ ၂ မျိုးစလုံးကောင်းသည်။ စစ်မှန်သောမေတ္တာနှင့် ခိုင်မာသောအခြေအနေရှိသူနှင့် မေတ္တာမျှမည်။
ယတြာ- အင်္ဂါနေ့တွင်လမုန့် ၁ ချပ်ဆွမ်းတော်တင်ပါ။

ဗုဒ္ဓဟူးနေ့မွေးသောသူများ

မထင်မှတ်ထားသောမေတ္တာရေးကိစ္စများကြုံမည်။ ဆုံတွေ့မည်ဟုမထင်မှတ်ထားသောသူနှင့်ပြန်လည်ဆုံတွေ့မည်။ မမျှော်လင့်ထားသောသူနှင့် အချစ်ရေးကိစ္စများဖြစ်ပေါ်မည်။
ယတြာ- ၀ါးဆစ်နှင့်ပြုလုပ်ထားသောပန်းအိုးအတွင်း အဖြူရောင်ပန်းများထိုး၍အမြင့်တွင်တင်ပါ။

ရာဟူ (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

ကိုယ်တိုင်တွင် စန်းပွင့်ရုံသာမက မိဘ၊ မိသားစုမှတစ်ဆင့် အချစ်ရေး၊ မေတ္တာရေးကိစ္စများ ဆက်နွယ်ပေါ်ထွန်းမည်။ ကမ်းလှမ်းလာသောမေတ္တာရေးသည် ရေရှည်တည်တံ့မည်။ ၅၂၈၊ ၁၅၀၀ မေတ္တာကံ ၂ မျိုးစလုံးကောင်းဧ။်။
ယတြာ- ဗုဒ္ဓဟူးမွန်းလွှဲပိုင်းတွင် ပိန်းပန်းပွင့်ရောင်စုံဘုရားကပ်လှူပါ။

ကြာသပတေး နေ့မွေးသောသူများ

လွန်စွာအဆင်ပြေ၍ ပီယ ကံကောင်းခြင်းများကြုံမည်။ စန်းပွင့်မှုလွန်ကဲခြင်းကြောင့် အရှုပ်အထွေးများကြုံတတ်သည်။ စိတ်လိုက်မာန်ပါပြောဆိုခြင်းကြောင့်မေတ္တာရေးတွင် စိတ်ကသိကအောင့်ဖြစ်တတ်သည်။
ယတြာ- ကြာသပတေးနေ့တွင် ဖန်ကွဲ မှန်ကွဲများ ရှာဖွေ စွန့်ပစ်ပါ။

သောကြာနေ့မွေးသောသူများ

နှစ်ဦးကြား မကြာခဏ စကားများရမည်။ ခေတ္တခွဲခွာရကိန်းများကြုံမည်။ ချစ်သူနှင့်မိမိအကြား ဖြေရှင်းစရာ အထင်မှားမှုများဆက်တိုက်ကြုံမည်။ မေတ္တာရေးကတစ်ဖက်၊ မိဘ မိသားစုကတစ်ဖက် နှစ်မျိုးကြားစိတ်ရှုပ်ရမည်။
ယတြာ- သောကြာနေ့တွင် သက်သက်လွတ်သီးစုံပဲကုလားဟင်း ဒါနပြုပါ။

စနေနေ့မွေးသောသူများ

နီးစပ်မှုကိုအခြေတည်၍ မေတ္တာရေးအရှုပ်အထွေးများပေါ်ပေါက်မည်။ ကာလရှည်ကြာဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။ ပြတ်တောက်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်ပါမည်။
ယတြာ- စနေနေ့တွင်အုန်းထမင်း ဆွမ်းတော်တင်ပါ။

ချစ်ချင်းမေတ္တာတုံ့ပြန်ပါသည်။ စံဇာဏီဘို 01-641639, 097317079

ဇွန်လှိုင်လ ၁၂ ရက်မှ ၁၈ ရက် အတွင်းကိုယ့်ရဲ့အချစ်ရေးမှာဘယ်လိုရင်ခုန်စရာတွေ ကြုံတွေ့ရမလဲဆိုတာသိချင်နေကြပြီမလား။ ခုပဲအရမ်းမ...
12/07/2017

ဇွန်လှိုင်လ ၁၂ ရက်မှ ၁၈ ရက် အတွင်းကိုယ့်ရဲ့အချစ်ရေးမှာဘယ်လိုရင်ခုန်စရာတွေ ကြုံတွေ့ရမလဲဆိုတာသိချင်နေကြပြီမလား။ ခုပဲအရမ်းမှန်တဲ့ဆရာစံဇာဏီဘိုရဲ့ ၇ရက်သားသမီးတွေအတွက် အချစ်ရေးသီးသန့်ဟောစာတန်းကိုဖတ်ကြည့်လိုက်တော့နော်။

တနင်္ဂနွေနေ့မွေးသောသူများ

မိသားစုဝန်းကျင်မှာသော်လည်းကောင်း၊ ဆက်ဆံနေသောအသိုင်းအဝိုင်းမှလည်းကောင်း လက်ခံမှုမရှိနိုင်သော အိမ်တောင်ရေးကိစ္စကြုံမည်။ သံယောဇဉ်မထားသင့်သူကို သံယောဇဉ်ထားခြင်း၊ အချစ်များခြင်းကြုံမည်။
ယတြာ- တနင်္ဂနွေနေ့တွင် ငွေတည်ပစ္စည်းတစ်ခုအားဘောင်ယူ၍ လိုက်ရာဆောင်ရွက်ပါ။

တနင်္လာနေ့မွေးသောသူများ

မေတ္တာရေးကံကောင်းသည်။ စစ်မှန်သောမေတ္တာရေး အခြေအနေနှင့် စိတ်ချမ်းမြေ့မှုများကြုံမည်။ ဘဝအတွက်အရေးပါသည့် မေတ္တာရေးဆုံးဖြတ်ချက်များချမှတ်နိုင်သည်။ ချစ်သူရှိသူများထပ်ဆင့်ချစ်သူရှိမည်။
ယတြာ- တနင်္လာနေ့တွင် ဆီးညွန့် ၁ညွန့် ဆောင်၍လိုရာဆောင်ရွက်ပါ။

အဂါင်္နေ့ မွေးသောသူများ

မေတ္တာရေးတည်ငြိမ်မည်။ အထင်အမြင်ကွဲများနှင့် ပဋိပက္ခများရှိက ဤရက်အတွင်းဖြေရှင်းအဆင်ပြေမည်။ ရေရှည်ကောင်းသောအချစ်ရေးကိစ္စများအတွက် လက်ခံဆုံးဖြတ်နိုင်သောကာလဖြစ်သည်။
ယတြာ- အင်္ဂါနေ့တွင် လက်ဖက်ရည်ဒါနပြုပါ။

ဗုဒ္ဓဟူးနေ့ မွေးသောသူများ

ခိုင်မာသောဆုံးဖြတ်ချက်များချမှတ်နိုင်သည်။ ဘဝနှင့်ယှဉ်၍ အိမ်တောင်ရေးမေတ္တာရေးကိစ္စများပေါ်ထွန်းမည်။ ချစ်သူမရှိသူများအပျိုလူမျိုးကွဲ၊ လူမျိုးခြားများနှင့် မေတ္တာရေးကိစ္စများပေါ်ပေါက်မည်။
ယတြာ- ဗုဒ္ဓဟူးနေ့တွင် မုန့်ဟင်းခါးဒါနပြုပါ။

ရာဟူ (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသောသူများ

ချစ်သူနှင့် မိမိအကြားအနှောက်အယှက်များဝင်တတ်သည်။ စိတ်ငြိုငြင်စရာများရှိမည်။ အတိတ်ကာလ ဖုံးကွယ်ထားသောဖြစ်ရပ်များကိုဖော်ထုတ်သိရှိ၍ စိတ်သောကရောက်ခြင်းများရှိမည်။ လှည့်စားခံရတတ်သည်။
ယတြာ- ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင်လက်ဖက်ရည်ဒါနပြုပါ။

ကြာသပတေးနေ့ မွေးသောသူများ

သံယောဇဉ်မထားသင့်သူကိုသံယောဇဉ်ထားခြင်း၊ မေတ္တာရေးကိစ္စတွင်စိတ်အနှောက်အယှက်ဖြစ်စရာများကြုံမည်။ အတင်မှားခံရမည်။ ပြဿနာများဖြေရှင်းရမည်။ ချစ်သူ၏ငြိုငြင်မှုခံရမည်။
ယတြာ- ကြာသပတေးနေ့တွင် ဖယောင်းတိုင်(၉)တိုင်ဆီမီးပူဇော်ပါ။

သောကြာနေ့ မွေးသောသူများ

စိတ်အနှောက်အယှက်များရှိမည်။အပြန်အလှန်စကားများရခြင်းနှင့်ပဋိပက္ခရှိမည်။အခန့်မသင့်ကကွဲပျက်ရခြင်းရှိမည်။ စရိုကက်သဘာဝမထူးခြင်းနားလည်မှုလွဲများခြင်းကြောင့်သာမကကတိမတည်ခြင်း၊ သစ္စာမဲ့ခြင်းကြောင့်စိတ်ရှုပ်ရမည်။
ယတြာ- သောကြာနေ့တွင် နဂါးမောက်သီးဆွမ်းတော်တင်ပါ။

စနေနေ့မွေးသောသူများ

အတိတ်ကာလ အကြိမ်ကြိမ်အခါခါ အချစ်ရေးကံခေ၍ အထီးကျန်ဘဝနှင့်ရပ်တည်မည်ဟု ဆုံးဖြတ်ထားသောသူများအတွက် အဓိကစန်းကောင်းသည်။ နားလည်မှုအပြည့်ရှိ၍ နှစ်နှစ်ကာကာတန်ဖိုထားတတ်သောချစ်သူနှင့်ဆုံတွေ့မည်။
ယတြာ-စနေနေတွင် နန်းကြီးသုပ်ဒါနပြုပါ။
ချစ်ချင်းမေတ္တာတုံ့ပြန်ပါသည်။

စံဇာဏီဘို 01-641639, 0973170799

Contact +95(1)2305858, 09251186014 for wedding inquiry and booking!!

ဇွန်လှိုင်လ ၅ ရက် - ဇွန်လှိုင်လ ၁၁ ရက်အတွင်း အချစ်ရေးဘာဖြစ်မလဲသိချင်သူတွေအတွက် ဆရာစံဇာဏီဘို ကိုယ်တိုင် အပတ်စဉ် ၇ရက်သားသမီ...
05/07/2017

ဇွန်လှိုင်လ ၅ ရက် - ဇွန်လှိုင်လ ၁၁ ရက်အတွင်း အချစ်ရေးဘာဖြစ်မလဲသိချင်သူတွေအတွက် ဆရာစံဇာဏီဘို ကိုယ်တိုင် အပတ်စဉ် ၇ရက်သားသမီး အတွက်ဟောပြောထားသည့်အချစ်ရေးဗေဒင်ကို ခုပဲဖတ်ကြည့်လိုက်တော့နော်။ အားလုံးပဲ ဒီတစ်ပတ်အချစ်ရေးမှာ ကံကောင်းကြပါစေ။

တနင်္ဂနွေနေ့ မွေးသောသူများ

စိတ်အနှောက်ယှက်များဖြစ်ပေါ်မည်။ အလိုအလျောက်အထင်အမြင်လွဲမှားခံရခြင်းများရှိမည်။ စကားရှုပ်သောသူများ၊ ကတိပျက်သောသူများနှင့်ထိပ်တိုက်တွေ့မည်။ သံယောဇဉ်မထားမှုကြောင့်ရင်မောရမည်။
ယတြာ- တနင်္ဂနွေနေ့တွင် ဌက်ရုပ်ပုံပန်းချီကားတစ်ချပ်အားအမြင့်တစ်နေရာတင်ပါ။

တနင်္လာနေ့မွေးသောသူများ

နီးစပ်မှုကိုအခြေတည်သော မေတ္တာရေးကိစ္စများကြုံမည်။ အရွယ်ရောက်လူလွတ်များ အိမ်တောင်ရေးအတွက် ခိုင်မာသောဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။ သွားစွယ်၊ သွားတက်ရှိသောသူ၊ ပါးချိုင့်ရှိသောသူများနှင့် မေတ္တာမျှနေသူများမေတ္တာဆက်လက်တည်တံ့မည်။
ယတြာ- တနင်္လာနေ့တွင် စွယ်တော်ရွက်၁ရွက်ကိုပိုက်ဆံအိတ်တွင်ထည့်ဆောင်ပါ။

အင်္ဂါနေ့မွေးသောသူများ

ကိုယ့်အပေါ် စိတ်ဝင်စားသူများနေမည်။ ဖွင့်ဟေ့ပြာဆိုလိုက်က ဆက်ဆံမှုအခြေအနေ ယိုယွင်းပျက်ပြယ်သွားမည်ကိုစိုး၍ တိတ်တခိုး ကျိတ်ပိုးမေတ္တာရှိနေသူများနေမည်။ ခရီးသွားရင်းလည်းမျော်လင့်သောအချစ်ရေးကိစ္စကြုံမည်။
ယတြာ- အင်္ဂနေ့တွင် စပျစ်သီးဆွမ်းတော်တင်ပါ။

ဗုဒ္ဓဟူးနေ့မွေးသောသူများ

ကိုယ်အပေါ်နားလည်မှုအပြည့်ရှိသောသူများနှင့် ဆုံစည်းရန်အခါကောင်းကျရောက်သည်။ စစ်မှန်ခိုင်မြဲသောအချစ်ရေးကိစ္စကိုဆုံးဖြတ်ရန်အခါ ကောင်းဖြစ်သည်။အပျိုကြီး၊လူပျိုကြီးများလွန်စွာစန်းပွင့်၍ မေတ္တာရေးကိစ္စကြုံမည်။
ယတြာ- ဗုဒ္ဓဟူးနေ့တွင် ရွှေဖလားအတွင်းရေဖြည့်၍ ဘုရားကပ်လှူပါ။

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

မေတ္တာရေးကိစ္စအပေါ်ဦးစားမပေးသည့်ကြားမှစန်းပွင့်ခြင်းကိုကြုံမည်။ အိမ်ထဲမှာအိမ်ပြင်မထွက်၊ ပတ်ဝန်းကျင်နှင့်အဆက်ပြတ်နေသောပင်တိုင်စံများပင်လျှင် ထူးခြားသောမေတ္တာရေးစန်းပွင့်မည်။
ယတြာ- ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင်အိမ်ရှိရေခွက်ဟောင်းများစွန့်ပစ်ပါ။

ကြာသပတေး နေ့မွေးသောသူများ

စိတ်ကစားနေမည်။ တည်မြဲသောရည်စူးသူရှိလျက် ဆုံစည်းရန်ဖြစ်နိုင်စွမ်းမရှိသောသူတစ်ဦးတစ်ယောက်အပေါ်၌ မေတ္တာသက်ဝင်ခြင်းများဖြစ်ပေါ်လိမ့်မည်။ အမည်တွင် ပ၊ဖ၊မ ပါသူများနှင့်ရုတ်တရက်အိမ်တောင်ကျမည်။
ယတြာ- ကြာသပတေးနေ့တွင် ဌက်ပျောသီးဆွမ်းတော်တင်ပါ။

သောကြာနေ့မွေးသောသူများ

အတိတ်ဖြစ်ရပ်မှန်သမျှကိုကျောခိုင်း၍ ဘဝသစ်တစ်ခုသို့ ကူးပြောင်းလာသူနှင့်မေတ္တာမျှခြင်းများရှိမည်။ တင်ပါးသူ၏အကြံပေးခြင်းကိုနားမယောင်ပါနှင့်။ ဘဝနှင့်ယှဉ်၍ တစ်သက်တာခိုင်မာသည့် အချစ်မေတ္တာရေးပေါ်ထွန်းမည်။ ယတြာ- သောကြာနေ့တွင် တောအုပ်ပုံပန်းချီကားတစ်ချပ်အားအမြင့်တွင်တင်ထားပါ။

စနေနေ့မွေးသောသူများ

မိမိထက် အသက်အရွယ်ကြီးရင့်သူများနှင့် မေတ္တာရေးကိစ္စပေါ်ပေါက်မည်။ အမည်တွင် (အ၊ဥ၊ရ၊လ၊ဝ) ပါသောသူနှင့် မေတ္တာရေးကိစ္စပေါ်ပေါက်မည်။ ပျိုရွယ်သူလူလွတ်များ သူလူလွတ်များ သူငယ်ချင်း၊မိတ်ဆွေများမှလိုက်လံနောက်ပြောင်သူနှင့်ဖူးစားဆုံမည်။
ယတြာ- စနေနေ့ တွင် နှင်းဆီပန်း(ရ)ပွင့် ဘုရားပန်းကပ်လှူပါ။

ချစ်ချင်းမေတ္တာတုံ့ပြန်ပါသည်။ စံဇာဏီဘို 01-641639, 097317079

Contact +95(1)2305858, 09251186014 for wedding inquiry and booking!!

သတင်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။ Marry Me Unique Wedding Sale ပြီးသွားပြီထင်ပြီး ဝမ်းနှည်းနေကြလား၊ အလုပ်တာဝန်တွေနဲ့ မအာ...
30/06/2017

သတင်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။ Marry Me Unique Wedding Sale ပြီးသွားပြီထင်ပြီး ဝမ်းနှည်းနေကြလား၊ အလုပ်တာဝန်တွေနဲ့ မအားလပ်နိုင်တဲ့ မင်္ဂလာမောင်နှံတွေရဲ့ တောင်းဆိုမှုများကြောင့် Marry Me, Unique Wedding Sale ကာလကို ၂ရက်ထပ်မံ အချိန်တိုးပေးလိုက်ပါတယ်။ အလုပ်များနေတဲ့ မင်္ဂလာမောင်နှ်ံတိုတွေ ဒီစနေ နဲ့ တင်္နဂနွေနေ့ ည ၇နာရီအထိ လာရောက်ဘိုကင်တင်ရင်း အထူးခံစားခွင့်များ၊ ဟန်းနီးမွန်းခရီစဉ် မင်္ဂလာလက်ဆောင်များကို အရယူဖို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုပါ။ Europe ခရီးစဉ်ကံစမ်းခွင့် ပါဝင်တာလည်းမမေ့နဲ့ဦးနော်။ သင့်ရဲ့အိမ်မက်တွေကိုအကောင်ထည်ဖော်ဆောင်ပေးဖို့နဲ့ အမှတ်တရအချိန်တွေကိုဖန်တီးပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။ အခုပဲစုံစမ်းဖို့အတွက် ၀၉ ၂၅၁၁၈၆၀၁၄ ကိုဖုန်းခေါ်ဆိုလိုက်ပါ။

Great news !!! Missed out on Marry Me Unique Wedding Sale? We have extended up to this Sunday 7PM for our busy brides and grooms. Here's the last chance this weekend to enjoy honeymoon and unique gifts and many benefits. Don't forget that you will participate to the lucky draw for a trip to Europe! We are here to make your dreams come true and unforgettable memories for the rest of your life! Contact now at 09251186014 for your wedding inquiry and booking!

Address

459 Pyay Road
Kamayut
0000

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+95 (1) 2305858

Alerts

Be the first to know and let us send you an email when My Wedding At Novotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Wedding At Novotel:

Videos

Share

My Wedding at Novotel

Celebrate your big day with us! #ballroom #wedding #novotel