31/07/2022
🚩 ထိုင်း, ဗီယက်နမ်, စင်ကာပူ, မလေးရှား, အိန္ဒိယ နိုင်ငံလက်ရှိပြည်၀င်ခွင့် လိုအပ်ချက်များ🧳🛫
ထိုင်းမှာ စဖွင့်ပီ ဆိုတာနဲ့ လှစ်ခနဲ သွားလိုက်တာ ၄ နိုင်ငံရောက်ဖြစ်သွားတယ်.😁 တနိုင်ငံတမျိုးနဲ့မို့ မသွားခင်လေ့လာရတာ ဖတ်ဖတ်မော. 🥲 ကိုယ်လို မပင်ပန်းရအောင် ကိုယ်ရောက်ခဲ့တဲ့ နိုင်ငံတွေ အတွက်လိုတာတွေ ပြန်ရေးပေးလိုက်ပါတယ်.
မသွားခင်တော့ သေချာထပ်စုံစမ်းပါ. အခုကတော့ ၃ လ အတွင်းက update ပါ.
၁) ထိုင်း🇹🇭
✔️၁၄ရက် visa free
✔️ကာကွယ်ဆေးပြည့်ထိုးလက်မှတ် ( နိုတြီ သို့ e certificate)
ကာကွယ်ဆေးမထိုးရသေးရင် ၇၂ နာရီ တွင်း PCR သို့ professional ATK negative လက်မှတ် ( English လို ဖြစ်ဖို့လိုအပ်ပါတယ်)
✔️သွားပြန် လေယာဥ်လက်မှတ်
❌️No insurance, No Quarantine, No Thai pass
‐----‐----------------------
၂) ဗီယက်နမ်🇻🇳
✔️၁၄ရက် visa free
✔️ကာကွယ်ဆေးပြည့်ထိုးလက်မှတ် ( နိုတြီ သို့ e certificate)
✔️သွားပြန် လေယာဥ်လက်မှတ်
insurance က တကယ်ဆိုရင်တော့ USD 20000 cover ဖြစ်တာလိုတယ်. (ကုန်ကျစရိတ်- ၁၄ ရက်စာကို ၁၅၀၀၀ ကျပ်ခန့်)
၀ယ်သွားပေမယ့် ဘယ်သူမှ မစစ်. မ၀ယ်သွားတောင်ရ.
❌️No Test, No Quarantine
----------------------------
၃) စင်ကာပူ🇸🇬
✔️ ရက် ၃၀ visa free
✔️ကာကွယ်ဆေးပြည့်ထိုးလက်မှတ် ( နိုတြီ သို့ e certificate)
✔️သွားပြန် လေယာဥ်လက်မှတ်
✔️ entry declaration (https://www.ica.gov.sg/enter-depart/entry_requirements/sg-arrival-card)
❌️No insurance, No Quarantine, No test
-------------------------
၄) မလေးရှား🇲🇾
✔️visa လို ( online က evisa လျောက်လို့ရပါတယ်, min 3 working days လိုပါတယ်, 30$)
👉Visa လျောက်ရန် : https://malaysiavisa.imi.gov.my/evisa/evisa.jsp
⚠️သူ့ gov portal ကပဲ တိုက်ရိုက်လျောက်ပါ. အွန်လိုင်းမှာ ကြားခံ လင့်တွေတွေ့လို့. အာ့တွေက စျေးတင်ထားပြီး ဘာမှ ပိုမထူးပါဘူး
✔️ Visa လျောက်ထဲက လေယာဥ်, ဟိုတယ်, ဘဏ် statement လိုပါတယ်. Bankstatment က ကိုယ်နေမယ့် ရက် ပေါ်မူတည်ပြီး တနေ့ကို 150$ နှုန်းလောက်နဲ့ ပြနိုင်ရင် ရပါတယ်. နောက်ဆုံး ၁လ စာဆို ရပါတယ်.
⚠️Transit pass နဲ့ Transit without visa မရသေးပါ.လူတိုင်း visa လိုပါတယ်. ⚠️
✔️ကာကွယ်ဆေးပြည့်ထိုးလက်မှတ် ( နိုတြီ သို့ e certificate)
✔️MySejahtera application ဒေါင်းပြီး registration လုပ်ရပါမယ်. Traveller information ဖြည့်ရပါမယ်. လေယာဥ်ပေါ်မတက်ခင် ပြရမှာပါ.
❌️No insurance, No Quarantine
-------------------------
၅) အိန္ဒိယ🇮🇳
✔️visa လို (online က evisa လျောက်လို့ရပါတယ်, min 5 working days လိုပါတယ်, single tourist visa က အခု ဗီဇာကြေး မပေးရပါဘူး)
👉Visa လျောက်ရန် link: https://indianvisaonline.gov.in/evisa/tvoa.html
✔️ ကာကွယ်ဆေးပြည့်ထိုးလက်မှတ် ( နိုတြီ သို့ e certificate)
✔️သွားပြန် လေယာဥ်လက်မှတ်
✔️ Self declaration form : https://www.newdelhiairport.in/airsuvidha/apho-registration
⚠️ကြိုပြီး submit ပါ. ကိုယ်ပေးထားတဲ့ အီးမေးကို စာရောက်ပါမယ်. အဲ့က attachment file ကို print ထုတ်သွားပြီး လေဆိပ်မှာ ပြရမှာပါ. ⚠️
❌️No insurance, No Quarantine, No Test
Credit original post