Ring La

Ring La Amateur Kickboxer & Lethwei fighter.

09/01/2025

Kickboxing Partner Drill.

04/01/2025

S&C session with the team is no joke LOL. We pushing boundaries and lifting each other up. Let's goo 2025🔥

Nice seeing you, brother Lito “Thunder Kid” Adiwang.
30/12/2024

Nice seeing you, brother Lito “Thunder Kid” Adiwang.

Canggu Fight Nightမနေ့က Bali မှာ အကြီးဆုံး Fight promotion ဖြစ်တဲ့ Canggu Fight Night ပြိုင်ပွဲ မှာ ကိုယ်လေ့ကျင့်နေတဲ့ S...
23/12/2024

Canggu Fight Night

မနေ့က Bali မှာ အကြီးဆုံး Fight promotion ဖြစ်တဲ့ Canggu Fight Night ပြိုင်ပွဲ မှာ ကိုယ်လေ့ကျင့်နေတဲ့ Soma Fight Club က ကစားသမား ၄ယောက်ပါ တဲ့ အတွက် သွား အားပေးပြီးလေ့လာဖြစ်ပါတယ်။
ကိုယ်စားပြုအသင်းတွေမှာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊အိန္ဒိယ၊ ပါကစ်စ္စတန်၊ ဘရာဇီး စတဲ့နိင်ငံက gym တွေပါ သလို နာမည်ကြီးအသင်းတွေဖြစ်တဲ့ Bali MMA, Soma Fight Club, City Kickboxing နဲ့ Bangtao Muaythai တွေလည်းလာရောက်ယှဉ်ပြိုင်ကြပါတယ်။ Muaythai နဲ့ MMA ပွဲတွေအဓိကလုပ်သွားတယ်။ KO ပွဲတွေလည်းမနည်းဘူး။

ဒါနဲ့မထင်မှတ်ထားဘဲ ကိုယ်အကြိုက်ဆုံးနည်းပြဖြစ်တဲ့ Eugene Bareman ကိုတွေ့လိုက်ရတော့တော်တော် အံ့အားသင့်သွားတယ်။ သူ့ကို လူကိုယ်တိုင် တွေ့ဖူးလိမ့်မယ်လို့မထင်ထားမိဘူး။

Eugene က Isreal Adesanya, Dan Ho**er, Volkanovski, နဲ့ Kai Kara-France တို့လို နာမည်ကြီးတဲ့ UFC fighter တွေလက်ရှိလေ့ကျင့်နေတဲ့ City Kickboxing ရဲ့ ခေါင်းကိုင် နည်းပြ ဖြစ်ပါတယ်။ UFC ကိုထဲထဲဝင်ဝင် ကြည့်တဲ့ သူတွေတော့သိကြပါလိမ့်မယ်။ ကျနော့် gym နာမည် Spartan Kickboxingကိုလည်း သူတို့ gym နာမည်ကို Inspiration ယူထားတာပါ။

City Kickboxing က striking မှာ feint တွေ trap တွေသုံးတဲ့နေရာမှာ ဆရာတစ်ဆူပါ။ ပွဲထိုးသွားတဲ့ သူတို့ကစားသမား နှစ်ယောက်လည်း အဲဲ့တာတွေဘဲ သုံးပြီး အလဲထိုးနဲ့နိင်သွားကြတယ်။

City Kickboxing က ကစားသမားတွေအားလုံးလည်း အဲ့ fight style တစ်မျိုးတည်းထွက်ကြတယ်။ ရှေ့လက်က အကွာအဝေး(Reach)တိုင်းဖို့ အတွက် အမြဲ ရှေ့ထုတ်ထားတယ်။ အခင်း(Stance) ကိုနှစ်မျိုးလုံးပြောင်းနေပြီး (unorthodox) ဆော့တယ်။ ခန္ဓာ ကိုယ်နဲ့ ခြေ၊လက်တွေ က feint & fake တွေကို မကြာမကြာလုပ်တယ်။ Striking မှာတော့ World Class level ရှိတဲ့ team တစ်ခုဖြစ်တဲ့ အတွက် သူတို့ဆီကအမြဲလေ့လာပါဖြစ်ပါတယ်။

ကျနော်တို့မြန်မာ ကစားသမားတွေလည်း မကြာခင်ဒီမှာလာယှဉ်ပြိုင်နိင်ဖို့ အခွင့်အရေးလည်း ရှိလာလိမ့်မယ်လို့ မြင်ပါတယ်။ ကိုယ်လည်း ကိုယ်အမြဲကြည့်နေတဲ့ အကြိုက်ဆုံးနည်းပြကို မထင်မှတ်ထားဘဲတွေ့လိုက်ရတော့ အချစ်ဦးနဲ့တွေ့ လိုက်ရသလို စိတ်လှုပ်ရှားပြီး ဘာမှစကားကောင်းကောင်းမပြောနိင်ဘဲ ပြုံးပြီးဘဲပြန်လာခဲ့ရတယ်။ နောက်နေ့မှာ ကျနော် တို့ gym ကို လာလည်မယ်ကြားတယ်။ အဲ့ခါမှ ကျနော်တို့အတွက်မှ ဘာအခွင့်ရေးတွေရှိနိင်မလဲကောင်းကောင်း မေးကြည့်ပါအုံးမယ်။

ပညာပိုင်းပြည့်ဝချင်တဲ့ အတွက် Training ဘဲဦးစားပေးနေတော့ content ပိုင်းသိပ်ပြီး အချိန်မပေးဖြစ်ဘူး။ နောက်နှစ် ၂၀၂၅ မှာတော့ ...
19/12/2024

ပညာပိုင်းပြည့်ဝချင်တဲ့ အတွက် Training ဘဲဦးစားပေးနေတော့ content ပိုင်းသိပ်ပြီး အချိန်မပေးဖြစ်ဘူး။ နောက်နှစ် ၂၀၂၅ မှာတော့ အကျိုးရှိမယ်ထင်တဲ့ content writing နဲ့ technique video တွေအတွက် ကောင်းကောင်း အချိန်ပေးသွားပါမယ်။

လက်ဝှေ့သမားတွေ ကြောက်တတ်လား?

ပုံကတော့ UFC ရဲ့ နှစ်ထပ်ကွမ်း Champion ဟောင်းလည်းဖြစ်တယ်၊ အိုလံပစ် က နဘမ်း(Wrestling) မှာလည်း ဆုတံဆိပ် ရရှိဖူးတဲ့ MMA fighter ဟောင်း Daniel Cormier ရဲ့ ပွဲမစခင်အခြေအနေဖြစ်ပါတယ်။ သူ့လို အတွေ့အကြုံတွေ မနည်းတဲ့သူက ပွဲတိုင်းမထိုးခင် ဘယ်လောက်တောင်ကြောက်တဲ့ အကြောင်း Conan O’Brien ရဲ့ show မှာပြောပြတယ်။

Walter weight ရဲ့ လက်ရှိ Champion ဖြစ်တဲ့ Kamaru Usman က Tyron Woodley နဲဲ့ သံဇကာထဲမှာ ပွဲမစခင် ဒိုင်လူကြီးက နှစ်ယောက်လုံး ready ဖြစ်ပြီလားလို့မေးတော့ သူကကြောက်စိတ်ကြောင့် အဆင်သင့်မဖြစ်သေးဘူးလို့ စိတ်ထဲမှာရေရွတ်နေမိတဲ့ အကြောင်း Interview တစ်ခုမှာဝန်ခံဖူးတယ်။

ဒီအကြောင်းတွေကို သူတို့တင်မဟုတ်ဘဲ Legend တွေဖြစ်တဲ့ Georges-Saint Pieree တို့ Donal “Cowboy” Cerrone၊ Stphen “Wonderboy” Thomson တို့လည်းပွင့်ပွင့်လင်းလင်းဝန်ခံကြတယ်။ Mike Tysonဆို ပွဲမစခင်တွေမှာငိုတဲ့ အထိဖြစ်ဖူးတယ်။အနီးစပ်ဆုံးပြောရရင်ရိုးရာလက်ဝှေ့ရဲ့ legend ဖြစ်တဲ့ လုံးချော ဟာလဲ ပွဲထိုးခါနီး ဒူးတုန်ဖူးတယ်လို့ပြောတာတွေ့ဖူးမယ်ထင်ပါတယ်။
ရယ်စရာလေးတစ်ခုပြောမယ်ဆို GSP က အရမ်းစိုးရိမ်လွန်းတာကြောင့် ထိုးခံနီး အာရုံလွှဲအောင် သူ့နို့သီးသူဆွဲညှစ်တတ်တဲ့ အကျင့်ရှိပါတယ်။

ကျနော်တို့ ယောကျာ်း တွေက ကိုယ့်ကို ကြောက်တတ်တယ် သတ္တိမရှိဘူးလို့ပြောရင် အများအားဖြင့်စိတ်တိုကြတယ် ရှက်စရာလို့ လည်းမြင်ကြတယ်။ ဒါပေမယ့်ဒီမှာ လက်ဝှေ့သမားတွေက အဲ့လိုပြောရင်တကယ်သတ္တိမရှိတာလား။ ဘာကိုကြောက်တာလဲ။ခွဲခြားကြည့်ရအောင်။

ဒီလိုစိုးရိမ်စိတ်ဝင်တာဟာ ကိုယ်တစ်ယောက်တည်းမဟုတ်သလို ရှက်စရာ၊ သံသယဖြစ်စရာလည်းမဟုတ်ပါဘူး။ ကျနော်တို့က ဘာတွေဖြစ်လာမယ် အနာဂတ်ကိုမသိတဲ့ လူသားတွေဖြစ်တဲ့အတွက်ကြောင့် သဘာဝ အတိုင်းဖြစ်လာတဲ့ လူသားဆန်တဲ့ တုံ့ပြန်မှုဘဲဖြစ်ပါတယ်။ ဒါကို သတ္တိမရှိဘူး လို့မခေါ်ပါဘူး။

ကိုယ့်ရဲ့ အရိုး၊ ဦးနှောက် တွေထိခိုက်ပြီးတစ်သက်လုံး ဒုခိတ္တ ဖြစ်သွားနိင်ခြေတွေ၊ လူပေါင်းများစွာရှေ့အရှက်တကွဲအလဲထိုးခံရနိင်ခြေတွေ၊ အဆုံးထိပြောရရင် အသက် ဆုံးရှုံးနိင်ခြေ တွေပါရင်းပြီး ကိုယ့်ချစ်တဲ့ အလုပ်ဆက်လုပ်နိင်ဖို့ ကိုယ့်မိသားစုကို ထောက်ပံ့နိင်ဖို့ စင်ပေါ် တက်စွန့်စားရဲတာကိုကြည့်ပြီး သတ္တိရှိတယ်၊ မရှိဘူးကို ငြင်းစရာလိုမယ်မထင်ပါဘူး။

ဒီနေရာမှာ ကျနော်အသားနာမှာကိုကြောက်တဲ့အကြောင်းကိုပြောတာမဟုတ်ပါဘူး။
ဘာဖြစ်လာမလဲမသိနိင်တဲ့ အခြေအနေမှာ အပေါ်ကပြောတဲ့အခြေအနေတွေကို စိုးရိမ်နေတဲ့စိတ်ဘဲဖြစ်ပါတယ်။ ဒါကို Fight Nerves လို့ ခေါ်တယ်။

ဒါကိုလုံးဝပျောက်အောင်လုပ်လို့တော့မရပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အမြဲလေ့ကျင့်နေမှ တော်ကာကျမှာပါ။ ကိုယ်ပြင်ဆင်နိင်သလောက်အတတ်နိင်ဆုံး ပြင်ဆင်ထားမှ တခြားတွေးပူစရာ များများစားစား မရှိတော့ဘူးပေါ့။ ပြင်ဆင်မှုရှိထားရင် တွေးစရာမလိုဘဲ အလိုအလျောက်တုံ့ပြန်လာပါလိမ့်မယ်။

ပွဲမစခင်ကတော့တချို့ ကစားတွေကတော့ ပွဲမစခင်ခဏအိပ်ကြတယ်၊ တချို့ကတော့ သွေးပူ pad work လေးတွေလုပ်ကြတယ်။

“ကြောက်စိတ် ကိုယ့်ကိုယ်ကိုယုံကြည်မှုကျဆင်းစေရင်တော့မကောင်းဘူး။ဒါပေမယ့်ကျနော်အရမ်းကြောက်လို့ ပို အာရုံစူးစိုက်လာပြီး ပြိုင်ဘက်ထက်ပိုကြိုးစားလာတော့ ကြောက်စိတ်က ကောင်းတာပေါ့။ နောက်ဆုံးမှာတော့ ကျနော်ကြောက်သည်ဖြစ်မကြောက်သည်ဖြစ်စေ ကျနော်ပြင်ဆင်ထားတဲ့အတွကိ ကိုယ်လုပ်နေကျအတိုင်း လုပ်ပြသွားမှာပဲ။” GSP က press conference မှာဖြေထားတဲ့စကားဘဲဖြစ်ပါတယ်။

ကျနော်ကြားဖူးတဲ့ ပေါ့ပေါ့ပျက်ပျက်စကားပြန်ပြောရင် “ တခြား အားကစား ဘောလုံးတို့ ဘတ်စကက်ဘော တို့လည်းဒီလိုဖြစ်တာဘဲ မင်းတို့ လက်ဝှေ့ ဘဲမှမဟုတ်တာ။”

အတိုင်းအတာ တစ်ခုလောက်ထိတော့မှန်ပါတယ်။ ဒါပေမယ့် သူတို့ ဟာ ကိုယ့်ကိုယ်ရည်ရွယ်ချက်ရှိရှိ ထိုးသတ်ဖို့ အချိန်ပေးလေ့ကျင့်ထားသူတွေနဲ့ယှဉ်ပြိုင်နေတာမဟုတ်ပါဘူး။ဘောလုံးဟာအသင်းအဖွဲ့နဲ့ ဖြစ်ပြီး ဒီအပတ်ရှုံးရင်နောက်အပတ်ပြန်ကန်ပြီးနိင် နိင်တယ်။ လက်ဝှေ့ ကကိုယ်ရှုံးရင်ကိုယ်နဲ့သာဆိုင်ပြီး တစ်ခါရှုံး ရင်စိတ်ပိုင်းဆိုင်ရာ နလန်ပြန်ထူဖို့ တော်တော်ခက်ခဲပါတယ်။ တချို့ကတော့ ဒီအားကစားဟာ အထီးကျန်ဆုံးနဲ့ အခက်ခဲဆုံး အားကစားလို့ ခေါ်ကြတယ်။

ဒါကြောင့် လက်ဝှေ့ စင်ပေါ်တက်ရဲ တဲ့သူတွေကို ကိုယ် သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ Respect ပေးဖို့ဝန်မလေးသင့်ပါဘူး။

Ring La

Soma Family❤️
07/12/2024

Soma Family❤️

Let’s goo, brother🔥🇲🇲
06/12/2024

Let’s goo, brother🔥🇲🇲

04/12/2024
🔥
30/11/2024

🔥

New opponent same mission ! Coming for it all💯

U know who it is.💪
30/11/2024

U know who it is.💪

New chapters ahead.
28/11/2024

New chapters ahead.

I stay humble because God keeps me grounded.But That doesn’t mean I lack confidence.I came here all the way from Myitkyi...
26/11/2024

I stay humble because God keeps me grounded.
But That doesn’t mean I lack confidence.
I came here all the way from Myitkyina, all by myself, and fought the toughest guys.
Just give me the right opportunity that I deserve.
I’ll fight anyone, anytime.

Note - Won’t be fighting for free anymore 😆.

22/11/2024

Back in the lab. Honing my craft.

15/11/2024

29/10/2024

Excuse my Burmese❤️.

My boxing pro debut against one of the best boxers in Myanmar,  a multiple time national champion and sea games medalist...
25/10/2024

My boxing pro debut against one of the best boxers in Myanmar, a multiple time national champion and sea games medalist. It’s an honor to fight him, but no matter who it is, I’m ready. We will put on a show tomorrow.💪🥊

📺Live on Skynet
⌚️12:00 PM
🏡Thein Phyu Stadium



Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Ring La posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ring La:

Videos

Share