Square 360 Event Solutions

Square 360 Event Solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Square 360 Event Solutions, Event Planner, Naypyidaw.
(2)

12/06/2017

NCTဟာဆိုရင် ဒီနေ့ (12.6.2017)Vliveမှာ fandom nameကို တရားဝင်ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ fan တွေဟာ NCTzen တွေပါတဲ့။ ♡ ♡ ♡ ကဲ ကိုယ့်နာမည်လေး ကိုမှတ်ထားကြဦး။

 Happy Birthday HaeChan Shi
06/06/2017


Happy Birthday HaeChan Shi

NCT ဆိုတာ SM Entertainmentက ဖွဲ့ စည်းထားတဲ့ တောင်ကိုရီးယား boy bandတစ်ခုပဲဖြစ်ပါတယ်။ NCT ရဲ့နာမည်အပြည့်အစုံက Neo Culture...
05/06/2017

NCT ဆိုတာ SM Entertainmentက ဖွဲ့ စည်းထားတဲ့ တောင်ကိုရီးယား boy bandတစ်ခုပဲဖြစ်ပါတယ်။ NCT ရဲ့နာမည်အပြည့်အစုံက Neo Culture Technology ဖြစ်ပြီး SMရဲ့ founder လီဆူမန်းက အဖွဲ့ဝင်အရေအတွက် အကန့်အသတ်မရှိတဲ့ project တစ်ခုအနေနဲ့ NCTကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ NCT ရဲ့ ပထမဦးဆုံး sub-unitတစ်ခုဖြစ်တဲ့ NCT Uဟာ 2016 April 9ရက်နေ့မှာ “The 7th Sense” ဆိုတဲ့ digital single ထွက်ရှိခဲ့ပြီး နောက်တစ်နေ့ April 10th မှာတော့ “Without You” ဆိုတဲ့ digital singleထပ်မံထွက်ရှိခဲ့ပါတယ်။ NCT ရဲ့ နောက်ထပ် sub-unit တစ်ခုဖြစ်တဲ့ NCT 127 ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံကို အခြေပြုထားတဲ့ unitဖြစ်ပြီး 2016ခုနှစ် Julyလ 7ရက်နေ့မှာ “Fire Truck” ဆိုတဲ့ track list ခုနှစ်ပုဒ်ပါဝင်တဲ့ mini albumနဲ့ ပရိသတ်တွေကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ NCTရဲ့ sub-unitတွေဟာ တဟုန်ထိုးနာမည်ကျော်ကြားလာပြီးတဲ့နောက် ဥာဏ်ကြီးရှင် ပရိုဂျူဆာဟာ fanတွေကိုမွဲဆေးဖော်ဖို့အတွက် NCT Dreamဆိုတဲ့ တတိယမြောက် sub unitကို ပရိသတ်တွေနဲ့ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ NCT Dreamဟာ ဆယ်ကျော်သက်ကောင်လေး ခုနှစ်ယောက်နဲ့ဖွဲ့ စည်းထားတဲ့ boy bandတစ်ခုဖြစ်ပါတယ်။သူတို့အဖွဲ့ဝင်တွေထဲမှာ
အသက်အကြီး memberဟာ 17နှစ်အရွယ်လေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ အခုမှ15နှစ်ပဲရှိပါသေးတယ် TT
2016 ခုနှစ် August 24th မှာ NCT Dream ရဲ့ “Chewing Gum” ဆိုတဲ့ digital singleဟာ ကိုရီးယား version နဲ့ရော တရုတ် versionနဲ့ပါ ထွက်ရှိခဲ့ပါတယ်။ “Chewing Gum” ဟာ music chartတော်တော်များများမှာ nominate ဖြစ်ခဲ့ပြီး လူကြိုက်များတဲ့သီချင်းဖြစ်လာခဲ့ပါတယ်။ 2017 Februaryလ 9ရက်နေ့မှာတော့ ပထမဦးဆုံး single albumဖြစ်တဲ့ “The First”ထွက်ရှိခဲ့ပြီး Title track ဖြစ်တဲ့ “My First and Last” ဆိုတဲ့ Music Videoနဲ့ comeback ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် comebackမှာ ဂျယ်မင်က ကျန်းမာရေးအခြေအနေအချို့ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ NCT Dreamရဲ့ comebackသီချင်းဟာ SBS MTVက ပြုလုပ်တဲ့ “The Show” ဆိုတဲ့ music programမှာ သုံးကြိမ်တိတိအနိုင်ရပြီး (Feb 14, Feb 21, Feb 28) 2017အတွက် ပထမဦးဆုံးအကြိမ် triple crown ရရှိတဲ့ အဖွဲ့ ဖြစ်ခဲ့ပါသေးတယ်

NCT U ရဲ့ အဖွဲ့ ဝင်တွေဖြစ်တဲ့ ထယ်ယုံး၊ ဒိုယောင်း၊ ဂျယ်ဟွန်း၊ မာခ့်၊ ထယ်အီ တို့ရဲ့အကြောင်းတွေကို pageမှာ တင်ပေးပြီးနောက် ...
29/05/2017

NCT U ရဲ့ အဖွဲ့ ဝင်တွေဖြစ်တဲ့ ထယ်ယုံး၊ ဒိုယောင်း၊ ဂျယ်ဟွန်း၊ မာခ့်၊ ထယ်အီ တို့ရဲ့အကြောင်းတွေကို pageမှာ တင်ပေးပြီးနောက် အခုမိတ်ဆက်ပေးချင်တာကတော့ ထိုင်းနိုင်ငံသားလေး Tenရဲ့အကြောင်းပါ။ Ten ကို 1996ခုနှစ် Februaryလ 27ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Tenရဲ့ နာမည်အပြည့်အစုံကတော့ တန်ချီတဖွန် လီချိုင်ရပွန်းခူးလ်ပါ။ Aသွေးအမျိုးအစားဖြစ်ပြီး အရပ်အမြင့်ကတော့ 5ပေ 7လက်မဖြစ်ပါတယ်။ Tenဟာ 2011ခုနှစ်မှာ ထိုင်းနိင်ငံမှာ ကျင်းပတဲ့ “Teen Popstar” ဆိုတဲ့ talent show တစ်ခုမှာအနိုင်ရရှိသူပါ။ 2013ခုနှစ်မှာတော့ SM Entertinment က ကျင်းပတဲ့ SM Global Audition မှာရွေးချယ်ခြင်းခံခဲ့ရပြီး SM traineeတစ်ဦးဖြစ်လာခဲ့ပါတယ်။ ထိုင်းဘာသာစကားနဲ့ Englishဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူပဲဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားကိုတော့ ကြိုးကြိုးစားစား လေ့လာဆဲပါ။ Tenဟာ SM Entertainmentရဲ့လက်အောက်က ပထမဦးဆုံး ထိုင်းလူမျိုးအနုပညာရှင်လည်းဖြစ်ပါတယ်။ NCT Uရဲ့အဖွဲ့ ဝင်အနေနဲ့ debutပြီးသိပ်မကြာခင်မှာပဲ M net ကကျင်းပတဲ့ “Hit the stage” ဆိုတဲ့ dance TV showတစ်ခုမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒိ showမှာဆိုရင် Tenရဲ့ ထူးခြားလှတဲ့ အကကျွမ်းကျင်မှုတွေကြောင့် ပရိသတ်တွေအပြင် စီနီယာတွေရဲ့ ချီးကျူးအာရုံစိုက်ခြင်းကိုပါခံရပြီး 2016တစ်နှစ်အတွင်းမှာပဲ အရမ်းရေပန်းစားတဲ့အနုပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ 2017ခုနှစ် 4လပိုင်း 7ရက်နေ့မှာ ‘Dream in a dream’ ဆိုတဲ့ SM stationသီချင်းနဲ့ Solo debutလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ iTunes chartမှာ နံပါတ်3နေရာကို ချိတ်ခဲ့ပါတယ်။ Ten အလေးစားရဆုံးစီနီယာတွေကတော့ SHINeeရဲ့ အငယ်ဆုံးအဖွဲ့ဝင် ထယ်မင်နဲ့ Super Junior အဖွဲ့ဝင် ဒုံဟယ်တို့ပါ။ Ten ဟာ NCT Uရဲ့ main dancer တစ်ယောက်ပဲဖြစ်ပါတယ်။ ကျောင်းသားအရွယ်မှာ ပြေးခုန်ပစ်အသင်းဝင်တစ်ဦးဖြစ်ခဲ့ပြီး throphyတစ်ဆုနဲ့ medalငါးဆုတောင်ရရှိခဲ့ပါတယ်။ ပြေးခုန်ပစ်အသင်းက ထွက်ပြီးနောက်မှာ သူလေးဟာ အရပ်ရှည်လိုရှည်ညားဆိုပြီး ဘတ်စ်ကတ်ဘောကစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကြီးထွားနှူန်းဟာ ရပ်တန့်နေဆဲပါ XD မနက်စာအနေနဲ့ saladစားရတာကို နှစ်သက်ပြီး Americano, orange juiceသောက်ရတာကိုလည်းနှစ်သက်ပါတယ်။ သူအကြိုက်ဆုံးရာသီဥတုကတော့နွေရာသီပါ။ အကြိုက်ဆုံးအရောင်ကတော့ အနက်ရောင်ပဲဖြစ်ပါတယ်။ Tenရဲ့ popularityကတော့ လုံးဝအံ့မခန်းပါပဲ။ NCT ရဲ့ နောက်ထပ်လာမယ့် comebackတွေမှာ Tenပါနိုင်ဖို့အတွက်ဆုတောင်းကြပါ။

NCT 127 အကြောင်းကိုရေးပေးပြီးနောက်မှာ ထပ်မိတ်ဆက်ပေးချင်တာကတော့ NCTရဲ့လက်ရှိ Unit 3ခုထဲက ပထမဦးဆုံး debutတဲ့ NCT Uအကြောင်...
22/05/2017

NCT 127 အကြောင်းကိုရေးပေးပြီးနောက်မှာ ထပ်မိတ်ဆက်ပေးချင်တာကတော့ NCTရဲ့လက်ရှိ Unit 3ခုထဲက ပထမဦးဆုံး debutတဲ့ NCT Uအကြောင်းပဲဖြစ်ပါတယ်။ NCT Uဟာ 2016 April 9ရက်နေ့မှာ “The 7th Sense” ဆိုတဲ့ digital single နဲ့ပရိတ်သတ်တွေကိုစတင်မိတ်ဆက်ခဲ့ပြီး နောက်တစ်နေ့ April 10ရက်နေ့မှာတော့ “Without You” ဆိုတဲ့ နောက်ထပ် digital single တစ်ခုထပ်မံထွက်ရှိလာခဲ့ပြန်ပါတယ်။ “Without You” ကတော့ ကိုရီးယားversion နဲ့ တရုတ်version ဆိုပြီး နှစ်မျိုးထွက်ရှိလာတာပဲဖြစ်ပါတယ်။ “The 7th Sense” မှာဆိုရင် ထယ်ယုံး၊ ဒိုယောင်း၊ တန်၊ ဂျယ်ဟွန်း၊ မာခ့်တို့ပါဝင်ပြီး “Without You” ကိုရီးယား versionမှာတော့ ထယ်အီ၊ ဒိုယောင်းနဲ့ ဂျယ်ဟွန်းတို့ပါဝင်ပါတယ်။ “Without You” ရဲ့တရုတ် versionမှာတော့ ထယ်အီ၊ ဒိုယောင်းနဲ့ ဂျယ်ဟွန်းတို့အပြင် SM rookieအဖြစ်ပဲရှိသေးတယ့် Kunလည်းပါဝင်သီဆိုထားပါသေးတယ်။ NCT Uရဲ့ အောင်မြင်ကျော်ကြားမှုဟာ တစ်ဟုန်ထိုးမြင့်တက်လာခဲ့တဲ့အတွက် 2016ခုနှစ် Asia Model Awardsဆုပေးပွဲမှာ ‘New Star Award’ ကိုရရှိခဲ့ပါတယ်။ Simply K-pop Awardsမှာလည်း ‘Best Rising Star (Boy Group)’ ဆုကိုရရှိခဲ့ပါတယ်။ တစ်နှစ်ထဲမှာ ဆုနှစ်ဆုကိုရရှိခဲ့တာပါ။ ဒါ့အပြင် SBS PopAsia ပွဲမှာဆိုရင်လည်း 2016ခုနှစ်ရဲ့ Hottest Music Videoရဲ့ ခေါင်းစဉ်အောက်မှာ Nominateဖြစ်ခဲ့ပါသေးတယ်။ 2017 Comebackကတော့ အရိပ်အရောင်လေးတောင် မတွေ့ရသေးပါဘူး TT
ထယ်ယုံး၊ ဒိုယောင်း၊ ဂျယ်ဟွန်း၊ ထယ်အီနဲ့ မာခ့်တို့က NCT 127ထဲမှာ ပြန်လည်ပါဝင်ထားတဲ့အတွက် သူတို့ရဲ့အကြောင်းအရာတွေကတော့ Pageမှာတင်ပြီးသွားပြီပဲဖြစ်ပါတယ်။ တန်အကြောင်းကိုတော့ ဒီပိုစ့်နောက်မှာ တင်ပေးသွားမှာပါ။ တစ်ပုံခြင်းစီဖိကြည့်ပေးပါ XD

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမဲ့ NCT 127ရဲ့ အဖွဲ့ ဝင်တွေကို တောက်လျှောက်မိတ်ဆက်ပေးလာတာ အခုဆို Maknaeတစ်ယောက်ပဲကျန်ပါတေ...
13/04/2017

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမဲ့ NCT 127ရဲ့ အဖွဲ့ ဝင်တွေကို တောက်လျှောက်မိတ်ဆက်ပေးလာတာ အခုဆို Maknaeတစ်ယောက်ပဲကျန်ပါတော့တယ်။ ကဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မဲ့သူလေးကတော့ 2000 linerလေး ဟယ်ချန်းပဲ ဖြစ်ပါတယ်။ ဟယ်ချန်းကို Julyလ 6ရက်နေ့ 2000ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံ ဂျဲဂျူဒိုကျွန်းမှာ မွေးဖွားခဲ့ပါတယ်။ ဟယ်ချန်းရဲ့ ကိုရီးယားနာမည်ကတော့ ဂင်(မ်)ဒုံဟော့ပါ။ အရပ်အမြင့် 5ပေ 7လက်မရှိပြီး ABသွေးအမျိုးအစားဖြစ်ပါတယ်။ NCT 127ရဲ့ အသက်အငယ်ဆုံး Maknaeလေးဖြစ်ပြီးတော့ သူတို့ dormမှာဆိုရင် ပန်ကန်းဆေးတဲ့တာဝန်ကိုယူရသူပါ။ အွန်းဂျူအလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး လက်ရှိ Seoul School of Perfoming Artsမှာ ပညာသင်ယူနေပါတယ်။ အသက် ၁၆နှစ်သာရှိသေးတဲ့ ဟယ်ချန်းဟာ အဖွဲ့ရဲ့ Lead Vocalist, Lead Dancerတစ်ယောက်လည်းဖြစ်ပါတယ်။ ဟယ်ချန်းရဲ့ role modelက SHINee အဖွဲ့ရဲ့ အသက်အငယ်ဆုံး member လီထယ်မင်ပါတဲ့။ သူအကြိုက်ဆုံးသီချင်းတွေက SHINeeရဲ့သီချင်းတွေနဲ့ Maroon 5ရဲ့ သီချင်းတွေလို့လည်းပြောပါတယ်။ Musical Instrumentsအနေနဲ့ ဂစ်တာနဲ့ ပီယာနိုကို ကောင်းကောင်းတီးခတ်နိုင်ပါတယ်။ စိတ်ပင်ပန်းတဲ့အချိန်တိုင်း သီချင်းတွေနားထောင်တာက ခွန်အားတွေကို အသစ်ပြန်လည်မွေးဖွားစေပြီး သူ့ကိုပျော်ရွှင်မှုတွေလည်းပေးပါတယ်တဲ့။ ဟယ်ချန်းဟာ အလွန်ကမြင်းတဲ့ memberဖြစ်သလို တိတ်ဆိတ်မှုတွေကို ဖြိုခွဲသူလည်းဖြစ်ပါတယ် :3 လိုချင်တာဆိုရင်လည်း aegyoတွေလုပ်ပြီး မရမက ပူဆာတတ်သူပါတဲ့။ အရောင်တွေထဲမှာဆိုရင် အနက်ရောင်ကိုသဘောကျပြီး သူအကြိုက်ဆုံးအားကစားကတော့ ဘောလုံးကန်တာပါ။ ချယ်ရီပန်းတွေပွင့်တာကို ကြည့်ရတာက စိတ်သက်သာရာရစေပါတယ်တဲ့။ ကျောင်းမှာအမုန်းဆုံးဘာသာရပ်ကတော့ scienceလို့ပြောပါတယ်။ ဟယ်ချန်းရဲ့ မိဘနှစ်ပါးလုံးက အဆိုတော်များဖြစ်ပြီး SM audition၀င်ပြိုင်ဖို့အတွက် သူ့မားသားကြီးက အားပေးခဲ့တာပါတဲ့။ ဟယ်ချန်းက debut(ပရိသတ်နဲ့ တရားဝင်မိတ်ဆက်ခြင်း) မလုပ်ခင် SM rookieဘ၀ထဲက ပေါ်ပြူလာဖြစ်တဲ့ memberတစ်ယောက်လည်းဖြစ်ပါတယ်။ အခုဆိုရင် member 9ယောက်လုံးကို မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ fanchant videoတွေတင်ပေးတော့မှာပါ။ fanchant videoတွေတင်ပြီးသွားရင်လည်း K.pop musicနဲ့ပတ်သတ်တာတွေကို စုံစုံလင်လင်တင်ပေးသွားမှာမို့ see firstလုပ်ပေးထားဖို့တော့ လိုမယ်ဗျို့။

NCT 127မှာ ထူးထူးခြားခြားအနေနဲ့ ဂျပန်လူမျိုးကောင်လေးတစ်ယောက်ပါဝင်ပါတယ်။ သူကတော့ ယူထာပါ။ ယူထာ့ကို 1995ခုနှစ် အောက်တိုဘာ 2...
10/04/2017

NCT 127မှာ ထူးထူးခြားခြားအနေနဲ့ ဂျပန်လူမျိုးကောင်လေးတစ်ယောက်ပါဝင်ပါတယ်။ သူကတော့ ယူထာပါ။ ယူထာ့ကို 1995ခုနှစ် အောက်တိုဘာ 26ရက်နေ့မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဂျပန်နာမည်အပြည့်အစုံက Nakamoto Yutaပါ။ အရပ်အမြင့် 5ပေ 10လက်မ ရှိပြီး အေသွေးအမျိုးအစားဖြစ်ပါတယ်။ ယူထာ့ကို 2012ခုနှစ် အိုဆာကာမြို့မှာကျင်းပတဲ့ SM Global Auditionကနေ ရွေးချယ်ခဲ့ပြီး အဲ့ဒိနောက်မှာတော့ သူဟာတောင်ကိုရီယားနိုင်ငံကိုရွှေ့ ပြောင်းနေထိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာရှိစဉ်ကတော့ Yashima Gakuen အထက်တန်းကျောင်းမှာပညာသင်ယူခဲ့ပါတယ်။ သတင်းတစ်ချို့ကလည်း ယူထာဟာအဲ့ကျောင်းကနေ ဘွဲ့ရပြီးပြီလို့လည်းပြောထားပါသေးတယ်။ ငယ်ငယ်ကတည်းက အားကစားကိုဝါသနာပါပြီး soccer ကစားနည်းကို ဆယ်နှစ်ကျော်တောင်လေ့လာသင်ယူခဲ့တာပါ။ ယူထာဟာ SM Entertainmentရဲ့ ပထဦးဆုံး ဂျပန် Idolတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူဟာ အဆိုပြိုင်ရင်းနဲ့ SMကိုဝင်လာခဲ့တာဖြစ်ပေမယ့် အကကိုပိုပြီးထူးချွန်သူဖြစ်ပါတယ်။ NCT 127ရဲ့ Joker Cardဖြစ်တဲ့အလျောက် အဆို၊ အက၊ သရုပ်ဆောင်၊ အားကစား အဖက်ဖက်မှာထူးချွန်တဲ့သူပါ။ Traineeဘ၀မှာတုန်းကလည်း အခြားနိုင်ငံခြားသားtraineeတွေထက် ကိုရီးယားစကားကိုကပိုပြီးကောင်းကောင်းပြောနိုင်တယ်လို့ အားလုံးကချီးကျူးကြပါတယ်။ သူဟာ soccerကစားသမားတစ်ယောက်ဖြစ်ဖို့စိတ်အားထက်သန်ခဲ့ပေမယ့် TVXQက စီနီယာတွေကိုမြင်ပြီးတဲ့နောက်မှာ အဆိုတော်ပဲဖြစ်ချင်တော့တယ်တဲ့။ TVXQ member ချန်းမင်က သူအလေးစားရဆုံးစီနီယာဖြစ်ပြီး လီဟုန်းဂီ (FTISLAND)ရဲ့ fanအကြီးစားကြီးပါ။ ယူထာဟာ သစ်သီးဖျော်ရည်ကို နေ့တိုင်းသောက်ပါတယ်။ ငရုတ်ပွသီးတွေကိုတော့ သူကမကြိုက်ပါဘူး။ သူအကြိုက်ဆုံး TV showကတော့ Kamen Riderပါ။ သူသဘောကျတဲ့ ကောင်မလေးနဲ့သာ dateခွင့်ရခဲ့မယ်ဆိုရင် ကစားကွင်းကိုခေါ်သွားချင်ပါတယ်တဲ့။ ကဲ ကစားကွင်းကိုဘယ်သူသွားချင်လဲ XD

Adminက အလုပ်နည်းနည်းများနေလို့ အခုရက်ပိုင်းအတွင်းactiveမဖြစ်တာကို တောင်းပန်ပါတယ်နော့။ NCT 127ရဲ့ နောက်ထပ် memberတစ်ယောက်...
03/04/2017

Adminက အလုပ်နည်းနည်းများနေလို့ အခုရက်ပိုင်းအတွင်းactiveမဖြစ်တာကို တောင်းပန်ပါတယ်နော့။ NCT 127ရဲ့ နောက်ထပ် memberတစ်ယောက်ကို ထပ်ပြီးမိတ်ဆက်ပေးပါမယ်။ သူကတော့ grim reaperလေး မွန်းထယ်အီပါ။ Grim reaperလို့ခေါ်ရတဲ့အကြောင်းကတော့ အခုတလောရေပန်းစားနေတဲ့ Goblinဇာတ်လမ်းထဲက သေမင်းချောချောလေး လီဒေါင်ဝုနဲ့ ထယ်အီနဲ့က ရုပ်ဆင်နေလို့ပါ။ Grim reaperလေးထယ်အီကို 1994ခုနှစ် Juneလ 14ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှာမွေးဖွားခဲ့ပါတယ်။ အရပ်အမြင့် 5ပေ 8လက်မရှိပြီး သွေးအမျိုးအစားကတော့ Oဖြစ်ပါတယ်။ ထယ်အီဟာ SM Entertainmentကို 2013ခုနှစ်မှာ ၀င်ရောက်ခဲ့ပြီး NCT Unitတစ်ခုလုံးမှာ သူက အသက်ကြီးဆုံး memberတစ်ယောက်ပါ။ မနက် ၂နာရီထိုးမှ ပုံမှန်အိပ်ရာဝင်လေ့ရှိတဲ့ ထယ်အီက ဘ၀မှာအကောင်းဆုံးအချိန်က အိပ်ရာဝင်တဲ့အချိန်ပါလို့ဆိုပါတယ်။ ကိုရီးယားမှာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့က သိပ်မလွယ်လှဘူးရယ် :’) NCT 127ရဲ့ Main Vocalistတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သီချင်းကိုနားထောင်ပြီးသွားတဲ့ သူတော်တော်များများကတော့ ထယ်အီမှထယ်အီဖြစ်သွားတော့တာပဲ။ ထူးခြားတဲ့ အသံကိုပိုင်ဆိုင်ထားသလို ဂစ်တာတီးတာနဲ့ ပီယာနိုတီးတဲ့နေရာမှာလည်း ဆရာတစ်ဆူပါ။ ထယ်အီ့ကို မြန်မာနိုင်ငံက fanတွေပေးထားတဲ့ နာမည်ပြောင်ကတော့ အဘိုးကြီးပါ XD ကျွန်တော်တို့ရဲ့အဘိုးကြီးလေးဟာ Nervousဖြစ်လွယ်တတ်သူလေးပါ။ ငယ်ငယ်တုန်းကအတန်းထဲမှာလည်း အရှက်အကြောက်ကြီးတတ်လို့ ဘယ်သူနဲ့မှသိပ်စကားပြောလေ့လည်းမရှိပါဘူး။ တစ်ခြား memberတွေကတော့ ထယ်အီက သူတို့အထဲမှာ Manlyအဖြစ်ဆုံးလို့ချီးကျူးပါတယ်။ သူအမုန်းဆုံးအရာတွေကတော့ ဆူရှီရယ် မုန်လာဥရယ် ပိုးဟပ်ရယ်ပါ။ သူ့ရဲ့ ဗိုက်ကြွက်သားတွေကို တလောကလုံးသိအောင်ကြွားလေ့ရှိပြီး XD သူသဘောကျတဲ့အနုပညာရှင်ကတော့ ကိုရီးယားအဆိုတော် Kim Bum Sooပါ။ သူအကြိုက်ဆုံးအစားအစာက ပီဇာရယ် ရေခဲမုန့်ရယ်ဖြစ်ပြီး အကြိုက်ဆုံးအရောင်ကတော့ အမဲရောင်ပါ။ ကဲ grim reaperလေး ထယ်အီ့ကိုလည်းချစ်ကြပါဦးဗျို့။ member profileပြီးသွားရင် Fanchantတွေလည်းတင်ပေးပါဦးမယ်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေမယ့် NCT 127ရဲ့ memberတွေဖြစ်တဲ့ ထယ်ယုံး၊ ဒိုယောင်း၊ ၀င်းဝင်း၊ ဂျယ်ဟွန်းနဲ့ မာခ...
29/03/2017

မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေမယ့် NCT 127ရဲ့ memberတွေဖြစ်တဲ့ ထယ်ယုံး၊ ဒိုယောင်း၊ ၀င်းဝင်း၊ ဂျယ်ဟွန်းနဲ့ မာခ့် တို့ရဲ့ အကြောင်းကို pageမှာတင်ပေးပြီးသွားပါပြီ။ အခု 6ယောက်မြောက်အနေနဲ့ ဂျာနီ(Johnny)ရဲ့ အကြောင်းကိုရေးပေးမှာပါ။ ဂျာနီ့ကို 1995ခုနှစ် ဖေဖော်ဝါရရီလ 9ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ရှီခါဂိုမြို့မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ကိုရီးယားနာမည်ကတော့ ဆောယောင်းဟိုပါ။ အရပ်အမြင့် 6ပေ 1လက်မဖြစ်ပြီး သွေးအမျိုးအစားကတော့ Bဖြစ်ပါတယ်။ NCT 127ရဲ့ Rapperတစ်ယောက်ပါ။ သူဟာဆိုရင် တာအို(Former Exo member)နဲ့ အိုဆယ်ဟွန်း(Exo member)တို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ပဲဖြစ်ပါတယ်။ အခြား Exo memberတွေနဲ့လည်း ရင်းနှီးပါတယ်တဲ့။ ဂျာနီဟာ SMက 2007ခုနှစ် ရှီခါဂိုမြို့မှာ ကျင်းပတဲ့ SM Global Audition ကနေ SM Entertainmentကို ၀င်ရောက်ခဲ့တာပါ။ Traineeသက်တမ်း 8နှစ်ကျော်တောင်ရှိခဲ့ပြီး fanတွေက ဂျာနီ့ကို Exo member ဖြစ်မယ်လို့တောင်ထင်ခဲ့ကြတာပါ။ ဂျာနီဟာ NCT 127ရဲ့ memberအဖြစ် ပရိသတ်တွေနဲ့ တရားဝင်မိတ်မဆက်ရသေးခင်မှာ Girls’ generationရဲ့ Sub-unitဖြစ်တဲ့ TaeTiSeoရဲ့ Twinkleဆိုတဲ့ Music Videoမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Solo artistတစ်ဦးဖြစ်တဲ့ J-minရဲ့ Ready for your loveဆိုတဲ့ Music Videoမှာလည်း ပါဝင်ထားပါသေးတယ်။ အင်းဂလိပ်စကားနဲ့ ကိုရီးယားစကားကို ကောင်းကောင်းပြောနိုင်တဲ့သူပါ။ အခက်အခဲရှိတဲ့သူတွေကိုကူညီတတ်တဲ့ စိတ်ကောင်းရှိသူဖြစ်ပြီး အကောင်းမြင်တတ်သူလည်းဖြစ်ပါတယ်။ ပီယာနိုတီးတာရယ် လူတွေပျော်အောင် ဟာသတွေဖန်တီးရတာဟာ သူ့ရဲ့ဝါသနာပါ။ သူသဘောအကျဆုံးအဆိုတော်ကတော့ Usherပါတဲ့။ သူရဲ့ ရုပ်ရည်ကတော့ တောင်ကိုရီးယားနိုင်ငံက မင်းသားတွေရဲ့ မျက်နှာပေါက်လိုပုံစံမျိုးဖြစ်ပြီး ကောင်မလေးတွေကြားထဲမှာ နည်းနည်းလည်းဂေါ်တဲ့ အဆင်လေးဖြစ်ပါတယ်။ NCTရဲ့ Rapperလေး ဂျာနီကိုလည်းအားပေးကြပါဦးနော်

NCT 127ရဲ့  memberနောက်တစ်ယောက်ကို ထပ်ပြီးမိတ်ဆက်ပေးပါမယ်။ သူကတော့ ကနေဒါနိုင်ငံသားလေး မာခ့်လီပါ။ မာခ့်ရဲ့ ကိုရီးယားနာမည်...
26/03/2017

NCT 127ရဲ့ memberနောက်တစ်ယောက်ကို ထပ်ပြီးမိတ်ဆက်ပေးပါမယ်။ သူကတော့ ကနေဒါနိုင်ငံသားလေး မာခ့်လီပါ။ မာခ့်ရဲ့ ကိုရီးယားနာမည်ကတော့ လီမင်းယောင်းပါ။ မာခ့်ကို 1999ခုနှစ် Augustလ 2ရက်နေ့မှာ ကနေဒါနိုင်ငံ ဗန်ခုဗာမြို့မှာ မွေးဖွားခဲ့ပါတယ်။ အရပ်အမြင့် 5ပေ 9လက်မ ရှိပြီး Aသွေးအမျိုးအစားဖြစ်ပါတယ်။ SM Entertainmentက 2012ခုနှစ် ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ SM global audition ကနေ မာခ့်ကိုရွေးချယ်ခဲ့တာပါ။ NCT 127ရဲ့ Vocalist, Rapperတစ်ယောက်ဖြစ်တဲ့ မာခ့်ဟာ အသက်၁၈နှစ်သာရှိပါသေးတယ်။ Musical Instrumentအနေနဲ့တော့ မာခ့်ဟာ ဂစ်တာကောင်းကောင်းတီးတတ်ပါတယ်။ မာခ့်ဟာ ကိုရီးယားနဲ့အင်းဂလိပ် ဘာသာစကားနှစ်ခုကို ကောင်းကောင်းပြောနိုင်ပြီး ကနေဒါကနေ ကိုရီးယားနိုင်ငံကိုရောက်ရောက်ချင်း ကိုရီးယားဘာသာစကားကို ကြိုးကြိုးစားစားသင်ယူခဲ့ပါတယ်တဲ့။ School of Performing Arts Seoul မှာ ပညာသင်ယူနေတဲ့ အထက်တန်းကျောင်းသားလေး မာခ့်ဟာ အတန်းမှန်မှန်တတ်တဲ့ ကောင်လေးလို့လည်း ချီးကျူးခံရပါတယ်။ သူအမုန်းဆုံး ဘာသာရပ်ကတော့ Scienceပါ။ သူအကြိုက်ဆုံးအရောင်ကတော့ အပြာရောင်ပါ။ သူမကြိုက်တဲ့ အစားအစာကတော့ ပင်လယ်စာပါ။ သူအလေးစားရဆုံး အနုပညာရှင်ကတော့ TVXQထဲက member Yunho ဖြစ်ပြီး အချစ်ဆုံး Seniorကတော့ Exoထဲက member XiuMinပါတဲ့။ သူ့မှာကျောင်းတစ်ဖက်နဲ့ ပင်ပန်းတဲ့အပြင် High School Rapper ဆိုတဲ့ survivalပြိုင်ပွဲတစ်ခုကိုလည်း SMက၀င်ပြိုင်ခိုင်းပါသေးတယ်။ NCTရဲ့ Unitတိုင်းလိုလိုမှာလည်း သူပါတဲ့အတွက် SMက သူ့ကိုပေးထားတဲ့တာဝန်ကတော့ အရွယ်နဲ့မလိုက်အောင် အရမ်းကြီးပါတယ်။ ဒါပေမဲ့ အခုချိန်ထိအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာကိုလည်း NCT fanတွေကောင်းကောင်းသိမယ်လို့ထင်ပါတယ်။ သူဘယ်လောက်ထိတောင် ကြိုးစားသလဲဆိုရင် အိပ်နေရင်းနဲ့ ယောင်ပြီး အင်းဂလိပ်လိုတွေရော ကိုရီးယားလိုတွေပါ စကားတွေထထပြောတာ Rapတွေရွတ်တာတွေ ခဏခဏဖြစ်တတ်တယ်လို့ သူ့အခန်းဖော် ဂျယ်ဟွန်းကပြောပါတယ်။ ထယ်အီလည်း အဲ့လိုပြောတယ် TT မာခ့်က biasမဟုတ်ရင်တောင် သူ့ကို အားလုံးက ၀ိုင်းချစ်ပေးကြဖို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမယ့် 127 ရဲ့ memberတွေထဲက ထယ်ယုံး၊ ဒိုယောင်းနဲ့ ၀င်းဝင်း တို့ရဲ့အကြောင်းကို AdminကPageမှာ...
23/03/2017

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမယ့် 127 ရဲ့ memberတွေထဲက ထယ်ယုံး၊ ဒိုယောင်းနဲ့ ၀င်းဝင်း တို့ရဲ့အကြောင်းကို AdminကPageမှာတင်ပေးပြီးသွားပါပြီ။ အခုတင်ပေးမယ့် တစ်ယောက်ကတော့ ဗလတောင့်တောင့်နဲ့ အားကစားသမားလေး ဂျယ်ဟွန်းပါ။ ဂျယ်ဟွန်းကို 1997ခုနှစ် February လ 14ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ Valentine’s day မှာမွေးလို့ Valentine boy လို့လည်း ခေါ်ကြပါတယ်။ အရပ်အမြင့် ၆ပေရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၃၈ပေါင်ပါ။ သွေးအမျိုးအစားက Aပါ။ NCTရဲ့ Vocalist, Rapper ဖြစ်ပါတယ်။ အလယ်တန်းကျောင်းသား အရွယ်ကတည်းက SM Entertainmentမှာ trainee စဖြစ်ခဲ့တာပါ။ စာလုပ်ရတာ အရမ်းပျင်းပြီး အတန်းထဲမှာ moderateအမှတ်နဲ့သာ အမြဲကပ်အောင်လေ့ရှိတဲ့ ဂျယ်ဟွန်းဟာ ဘတ်စ်ကတ်ဘောကစားတာနဲ့ ရေကူးတဲ့နေရာမှာတော့ ချန်ပီယံပါပဲ။ အားကစားသမားပီပီ သူ့ရဲ့ဘော်ဒီဟာ memberတွေ အားလုံးကြားထဲမှာတော့အလန်းဆုံး အတောင့်ဆုံး အကိတ်ဆုံးပါပဲ။ အငတ်အားကလည်းကြီးလွန်းတာကြောင့် သူ့စားစရာတွေကုန်သွားရင် တစ်ခြားmemberတွေရဲ့ မုန့်ကိုခိုးစားပါတယ်တဲ့ :3။ ဒါပေမဲ့ သူက စပျစ်သီးခြောက်တွေကိုတော့ မုန်းပါတယ်။ အမေရိကားမှာ ၄နှစ်နေခဲ့တဲ့အတွက် သူ့ရဲ့ English Speaking စွမ်းရည်က တော်တော်ကို ကောင်းပါတယ်။ ပါးနှစ်ဖက်လုံးမှာ ပါးချိုင့်ပါပြီး aegyoလုပ်တာ အရမ်းတော်တယ်လို့ တစ်ခြား member တွေက ပြောလေ့ရှိပါတယ်။ သူအလေးစားဆုံး စီနီယာကတော့ Super Juniorထဲက visual member ရှီဝန်ပါ။ အသားအရောင်က အရမ်းကိုဖျော့လွန်းတဲ့အတွက် အခြားmemberတွေက သူ့ကို Casper (Casper ကာတွန်းထဲက သရဲပေါက်စလေး)လို့ခေါ်ကြပါတယ်။ memberတွေထဲမှာဆိုရင် ဒိုယောင်းအနားကိုအကပ်ဆုံးမို့ NCT ရဲ့ညီအစ်ကို အရင်းတွေလို့တောင် သတ်မှတ်ထားကြပါတယ်။ ပိုကီမွန်လေးတွေကိုချစ်ပြီး Charmander ကတော့ သူအချစ်ဆုံး ပိုကီမွန်အကောင်လေးပါတဲ့။ ကိုယ့်ရဲ့ အကိတ်ကောင်လေးကို သူများတွေခေါ်သလို Valentine Boy လို့လည်း မခေါ်ချင် Casper လေးလို့လည်း မခေါ်ချင်တာနဲ့ ဂျယ် Hulk လို့ပဲ နာမည်ပေးထားလိုက်တယ်။ Avengers တွေထဲမှာ Hulk က အကိတ်ဆုံးမလား။ သူကလည်း NCT Members တွေထဲမှာ အကိတ်ဆုံးဆိုတော့လေ :3 :3 :3 ကဲလိုက်ဆို ဂျယ် Hulk ဒုံး ဒုံး ဒုံး ဂျယ် Hulk ဒုံး ဒုံး ဒုံး

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမဲ့ NCT 127ထဲက memberနောက်တစ်ယောက်ကို မိတ်ဆက်ပေးပါမယ်။ သူကတော့ တရုတ်ကလေး ၀င်းဝင်းပါ။မြန်မ...
21/03/2017

မြန်မာနိုင်ငံကိုလာရောက်ဖျော်ဖြေမဲ့ NCT 127ထဲက memberနောက်တစ်ယောက်ကို မိတ်ဆက်ပေးပါမယ်။ သူကတော့ တရုတ်ကလေး ၀င်းဝင်းပါ။မြန်မာfanတွေကတော့ သူ့ကို အ၀င်း(သို့) Baby ၀င်းလို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ ၀င်းဝင်းကို 1997 အောက်တိုဘာလ 28ရက်နေ့မှာ တရုတ်ပြည်နယ် ကျဲ့ကျန်းမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ တရုတ်လို သူ့ရဲ့ နာမည်ကတော့ ထုံစင်းချန်းပါတဲ့။ အရပ်အမြင့် 185 cm ကို ပေနဲ့တွက်ကြည့်တော့ ၆ ပေတဲ့။ (အားလားလား နည်းနည်းနောနော ရှည်တာလား၊ ဒါကြောင့် Photo shoot တွေမှာ အမြဲအထာကျနေတာဖြစ်မယ်) သွေးအမျိုးအစားကတော့ B ပါ။ တရုတ်ရိုးရာ အကကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူဖြစ်ပြီး NCTရဲ့ Main dancerပါ။ သူ့မှာ Figure နဲ့ Pennyလို့ခေါ်တဲ့ ခွေးလေးနှစ်ကောင်ရှိပါတယ်။ Musical Instrumentထဲမှာ Pianoကိုနှစ်သက်ပြီး နှင်းကျတာကိုလည်းနှစ်သက်ပါတယ်။ သူက လေယာဉ်စီးရတာကိုတော့ အရမ်းမုန်းပါသတဲ့ TT
NCTရဲ့ ကလေးဆိုးလေး ၀င်းဝင်းဟာ တစ်ခြားmemberတွေရဲ့ ချစ်ခင်ဂရုစိုက်ခြင်းကို အမြဲခံရပြီး Fake Maknaeလည်းဖြစ်ပါတယ်။ ဖန်တွေသတိပြုမိတဲ့ ဘေဘီဝင်းရဲ့ ချစ်စရာအကောင်းဆုံးအပြုမူကတော့ သူကို့စလိုက်လို့ ရှက်သွားရင် ခေါင်းကုပ်တဲ့ပုံစံလေးပါဘဲ။ရှက်သွားတဲ့ ပုံစံလေးက ယောကျာ်းလည်းအရမ်းဆန်ပြီး ချစ်စရာလည်းအရမ်းကောင်းတာကြောင့် ကကြီးမတွေအသဲစွဲပါပဲ။ ချောချက်ကတော့ ကမ်းကုန်ပါပဲ ပရိသတ်ကြီးတို့ရေ။
ကဲ အားလုံးလိုက်ဆိုမယ် "၀င်းဝင်းကို ငါချစ်တယ်" "၀င်းဝင်းကိုပဲ ငါယူမယ်" :3

Mayလထဲမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ မြန်မာနိုင်ငံကို Exo, NCT 127, TRAX, MATILDA အစရှိတဲ့ နာမည်ကြီးအဖွဲ့တွေက လာေ...
19/03/2017

Mayလထဲမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ မြန်မာနိုင်ငံကို Exo, NCT 127, TRAX, MATILDA အစရှိတဲ့ နာမည်ကြီးအဖွဲ့တွေက လာရောက်ဖျော်ေ့ဖြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကို တို့က လာရောက်ဖျော်ဖြေမဲ့ Idol တွေရဲ့အကြောင်းကို အနည်းနဲ့အများသိထားသင့်တာဖြစ်ပါတယ်။ ကို ကတော့ NCT 127ရဲ့ leaderတစ်ယောက်ဖြစ်တဲ့ လီထယ်ယုံးရဲ့ ကိုယ်ရေးရာဇ၀င်ကို အနည်းငယ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ အခု ကို မိတ်ဆက်ပေးမဲ့ NCT 127 ထဲက နောက်ထပ်ကောင်လေးချောချောလေး တစ်ယောက်ကတော့ Idolအဆိုတော်အနေနဲ့ ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပြီးမကြာခင်မှာပဲ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတွေကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ Music Showတွေမှာ MCအဖြစ်နဲ့ နာမည်ကြီးလာတဲ့ ဒိုယောင်းပဲဖြစ်ပါတယ်။MC တင်သာမက Radio DJ Starအစီအစဉ်တွေမှာလည်း Special Guestအဖြစ်ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။တောင်ကိုရီယားနိုင်ငံရဲ့ တက်သစ်စMCလေး ဒိုယောင်းကို 1996ခုနှစ် February 1ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂူရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၂၀ရှိပြီဖြစ်တဲ့ ဒိုယောင်းဟာ ထိုဖြောင်း အထက်တန်းကျောင်းမှာ ပညာသင်ယူဆည်းပူးလျက်ရှိပါတယ်။ အရပ်အမြင့် ၅ပေ ၉လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၁၃ပေါင်ရှိပါတယ်။ Idolအဖွဲ့တစ်ခုဖြစ်တဲ့ 5urprise အဖွဲ့ရဲ့ memberတစ်ဦးဖြစ်တဲ့ ဂုံမြောင်းဟာ ဒိုယောင်းရဲ့ အကိုအရင်းဖြစ်ပြီး K.popလောကမှာတော့ ဒိုယောင်းထက် သက်တမ်းနှစ်နှစ်ပိုကြီးတဲ့ စီနီယာတစ်ဦးလည်းဖြစ်ပြန်ပါတယ်။ ဂုံမြောင်းဟာဆိုရင် သူ့ညီ ဒိုယောင်း အောင်မြင်တဲ့အနုပညာရှင်တစ်ဦး ဖြစ်လာဖို့အတွက် ဟိုးငယ်ငယ်လေးထဲက အစစအရာရာပံ့ပိုးကူညီခဲ့သူဖြစ်ပါတယ်။ ဒိုယောင်းဟာ ၂၀၁၃ခုနှစ်မှာကျင်းပတဲ့ ဂယောင်းဂီ လူငယ်အနုပညာပြိုင်ပွဲမှာ အနိုင်ရရှိသူဖြစ်ပြီး အဲ့ဒိပွဲအပြီးမှာ SM Entertainmentကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။ Bသွေးအမျိုးအစားဖြစ်ပြီး ပုလွေတီးမှုတ်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။ သူ့ရဲ့ fanတွေအရှေ့မှာ ပုလွေအမြဲတီးမှုတ်ပြလေ့ရှိပြီး လက်ဖျားခါရလောက်အောင် တော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ NCT အဖွဲ့မှာဆိုရင် Main Vocalတစ်ဦးဖြစ်ပြီး နောက်ခံတီးလုံးတွေမပါပဲ အလွတ်ဆိုရရင်တောင် သီချင်းဆိုနတ်သားလေးလို့တင်စားရအောင် ကောင်းတဲ့ ဒိုယောင်းကိုတော့ ဒီနိုင်ငံမှာ ကို ပရိုမိုးရှင်း 24/7ဆင်းပေးလေ့ရှိတာကြောင့် ငုံတာဥလို့အသိများကြပါတယ်။ သူ့ရဲ့ visual powerဟာဆိုတော့ဖြင့် မုန်လာဥစားတဲ့ ယုန်ကလေးလို ချစ်ဖို့ကောင်းတာကြောင့် နာမည်ပြောင်မှာ ငုံတာဥဖြစ်ပါတယ်။ ငုံတာဥဟာလည်း NCTနဲ့အတူ ကိုရီယားနိုင်ငံမှာ စင်အောက်က ကကြီးမတွေလိပ်ခေါင်းမထွက်ရုံတမယ် အော်ဟစ်အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ NCT Myanmar Fanpageမှာလေ့လာနိုင်ပါတယ်။

သိပ်မကြာခင်အတွင်းမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ မြန်မာနိုင်ငံကို Exo, NCT 127, TRAX, MATILDA အစရှိတဲ့ အဖွဲ့တွေကလာ...
19/03/2017

သိပ်မကြာခင်အတွင်းမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေနဲ့ မြန်မာနိုင်ငံကို Exo, NCT 127, TRAX, MATILDA အစရှိတဲ့ အဖွဲ့တွေကလာရောက်ဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။ အဲ့ဒိအတွက်လည်း သူငယ်ချင်းတို့တော်တော် စိတ်လှုပ်ရှားနေကြမယ်လို့ထင်ပါတယ်။ကိုကတော့ သူငယ်ချင်းတို့ကို NCT 127ထဲက ကောင်လေးချောချောလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကိုမိတ်ဆက်ပေးမှာက တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ ရုပ်အချောဆုံး အခန့်ညားဆုံး Male Idol တွေကြားထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ NCT 127ရဲ့ အဖွဲ့ခေါင်းဆောင် လီထယ်ယုံး ပါ။ သူ့ရဲ့ရုပ်ရည်ဟာ Rise of the Guardians ဇာတ်ကားထဲက မင်းသားလေး Jack Frost နဲ့အလွန်တူတယ်ဆိုပြီး ခဏခဏ ချီးကျူးပြောဆိုခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ Jack Frostလေး လီထယ်ယုံးကို 1995 July 1ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့မှာမွေးဖွားခဲ့ပါတယ်။ အသက်၂၁နှစ် ရှိပြီဖြစ်တဲ့ လီထယ်ယုံးဟာ ဆိုလ်းအနုပညာတက္ကသိုလ်မှာ ပညာသင်ယူဆည်းပူးလျက်ရှိပါတယ်။ အရပ်အမြင့် ၅ပေ ၉လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ပေါင် ၁၃၀ဖြစ်ပါတယ်။ သူအသက် ၁၄နှစ်အရွယ်မှာ Rubyလို့အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကိုမွေးစားခဲ့ပြီး Rubyက သူ့ကိုစိတ်ကောက်မှာ အကြောက်ဆုံးပဲလို့ ပြောလေ့ရှိပါတယ်။ ရေကူးရတာနဲ့ အမှောင်ထဲမှာ ကရတာတာက သူ့ဝါသနာတွေပဲဖြစ်ပါတယ်။ ထယ်ယုံးဟာ SM Entertainment ကို 2012ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး Senior Groupဖြစ်တဲ့ Red Velvetရဲ့ Be Naturalသီချင်းထဲမှာ TY trackဆိုတဲ့ နာမည်လေးနဲ့ စတင်နာမည်ကြီးလာတာဖြစ်ပါတယ်။ အခုတော့ NCT 127 ရဲ့ leaderအဖြစ် နုတ်ခမ်းနီမများကြားလေးထဲမှာ အရမ်းရေပန်းစားနေပါပြီ။ ကိုကတော့ အကျဉ်းချုပ်ရေးပေးတာဖြစ်ပြီး အသေးစိတ်ကို NCT Myanmar Fanpageမှာ လေ့လာနိုင်ပါတယ်။

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Square 360 Event Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby event planning services


Other Event Planners in Naypyidaw

Show All