လောကီအစီအရင်အဆောင်များ

  • Home
  • Myanmar
  • Yangon
  • လောကီအစီအရင်အဆောင်များ

လောကီအစီအရင်အဆောင်များ အဆောင်လက်ဖွဲ့ဆိုတာ မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံဇာတာတွေကိုကူညီမြှင့်တင်အားဖြည့်ပေးမယ့်အရာတစ်ခုပါ.....

အချစ်ရေးကံခေသူများအတွက် စီရင်ဖြစ်သောလက်ဖွဲ့အင်းတောင့်နှစ်တောင့်/အင်ကူးရုပ်တစ်ရုပ်နှင့် ဂဝံဆေးများထည့်သွင်းစီရင်ထားသည်Rig...
28/02/2024

အချစ်ရေးကံခေသူများအတွက် စီရင်ဖြစ်သောလက်ဖွဲ့

အင်းတောင့်နှစ်တောင့်/အင်ကူးရုပ်တစ်ရုပ်နှင့် ဂဝံဆေးများထည့်သွင်းစီရင်ထားသည်

Right personမတွေ့သေးဘူး အချစ်ရေးအဆင်မပြေဘူးဆိုသောသူများ
ဆောင်ယူရန်သင့်တော်သည်

ထိုလက်ဖွဲ့ကား မိမိ၏ချစ်သူ/အိမ်ထောင်ဘက် ပို၍အလေးထားချစ်ခင်စေသည်

ချစ်သူမရှိသောသူများ မှန်ကန်သောသူနှင့်တွေ့ဆုံရတတ်သည်

စွဲဆောင်မှုအားမြင့်မားစေသည်

လက်ဖွဲ့အားခေါင်းအုံးအောက်တွင်ထည့်အိပ်ပါက အိမ်မက်နိမိတ်မြင်မက်စေသည်

မှာယူလိုသောသူများ page messengerတွင်ဆက်သွယ်နိုင်သည်
#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ🙏🙏🙏

မိန်းမများစေသော လက်ဖွဲ့🥰--------------------------------ဆရာနဲ့နေ့နံချင်းမတူတော့ ဆောင်မရလို့ဆိုပြီးမိမိနေ့နံဖြင့် သီးသန့်...
24/02/2024

မိန်းမများစေသော လက်ဖွဲ့🥰
--------------------------------

ဆရာနဲ့နေ့နံချင်းမတူတော့ ဆောင်မရလို့ဆိုပြီး
မိမိနေ့နံဖြင့် သီးသန့်အပ်နှံသောလက်ဖွဲ့🥰

ဥုံ မိန်းမအပေါင်းတွေ့သည်ခဏငိုရယ်တမ်းတဖြစ်စေသော်

#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

Edit - ပူဇော်သွားပါပြီပီယဆောင်လက်ဖွဲ့------------------------ထိုလက်ဖွဲ့ကား စနေနေ့မွန်းတည့်ချိန်၌စီရင်ရသည်(ယနေ့သည် စနေလပြ...
24/02/2024

Edit - ပူဇော်သွားပါပြီ

ပီယဆောင်လက်ဖွဲ့
------------------------

ထိုလက်ဖွဲ့ကား စနေနေ့မွန်းတည့်ချိန်၌စီရင်ရသည်
(ယနေ့သည် စနေလပြည့်နေ့လဲဖြစ်သည်)

ရွတ်ဆိုရမည့် မန္တန်- ဥုံ ဒိဗ္ဗမန္တံဂဒံဝိယ
(တစ်နေ့၃၇)ခေါက်ရွတ်ဆိုရမည်

ထိုလက်ဖွဲ့အကျိုးကား-
😍၇ရက်၈နေ့သားသမီးအပေါင်းချစ်ခင်ကြကုန်၏
😍မိမိပြောစကားများ အောင်စေ၏
😍နတ်အပေါင်းမှ ကူညီစောင့်ရှောက်စေ၏
😍မြွေလည်း မကိုက်နိုင်
😍သျို၃ပါးနှင့်ပြည့်စုံစေသည်

ပန်းပွင့်ပုံစံ လက်ဖွဲ့ထိုးထားသောကြောင့် မိန်းကလေးများနှင့်ပိုသင့်တော်သည်

ထိုလက်ဖွဲ့ဝတ်ဆင်ချိန်တွင်
အရက်သောက်ခြင်း
အမဲသား/ဝက်သားစားခြင်း
ဆန့်ကျင်ဘက်လိင်နှင့်အတူနေခြင်းများ ရှောင်ကြဉ်ရမည်‼️
(ပြုလုပ်လိုက လက်ဖွဲ့အားချွတ်ထားရန်‼️)

#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

🔥ကြီး၈လုံးအင်းအဆောင်လက်ဖွဲ့🔥--------------------------------------------ဤ၈လုံးသော ကြီးအက္ခရာတို့ကား ဝိဇ္ဇာဓိုရ်ပိုင်၂လုံ...
24/02/2024

🔥ကြီး၈လုံးအင်းအဆောင်လက်ဖွဲ့🔥
--------------------------------------------

ဤ၈လုံးသော ကြီးအက္ခရာတို့ကား ဝိဇ္ဇာဓိုရ်ပိုင်၂လုံး / ရသေ့ပိုင်၂လုံး / ဇော်ဂျီပိုင်၂လုံး / မုနိပိုင်၂လုံးဟူ၍အစုံအားဖြင့်ရှစ်လုံးဖြစ်သတည်း။

ရန်ဘယာဟူသမျှ ပယောဂအတန်တန် အန္တရာယ်အဝဝ
ကင်းဝေးကာအောင်မြင်ရာအောင်မြင်ကြောင်းကိုပြုတတ်ပေသတည်း။

ထိုလက်ဖွဲ့ကား ပိုင်ရှင်ရှိပြီးသားဖြစ်သည်😊

#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

Edit - ပူဇော်သွားပြီဖြစ်ကြောင်း‼️မိန်းမများစေသောလက်ဖွဲ့____________________________ဒီလက်ဖွဲ့က ပြည်ပကလူတွေအတွက်စီရင်ပေးဖြ...
21/02/2024

Edit - ပူဇော်သွားပြီဖြစ်ကြောင်း‼️

မိန်းမများစေသောလက်ဖွဲ့
____________________________

ဒီလက်ဖွဲ့က ပြည်ပကလူတွေအတွက်စီရင်ပေးဖြစ်တာများတယ်
မျက်နှာပွင့်တာကိုမှ versionထပ်မြှင့်လိုက်သလိုဘဲဗျာ
အညွှန်းကတော့ ကျယ်ကျယ်ပြန့်ပြန့်သိပ်မပြောလိုဘူး

ဒီလက်ဖွဲ့အကြောင်းက ကျနော်ပညာစသင်ထဲက ဆရာသမားကလူပျိုကြီးတစ်ယောက်ကိုစီရင်ပေးတာ ကျနော်ကပညာသင်ဆိုတော့ လိုက်မှတ်ထားရတာပေါ့ဗျာ...
ထူးခြားမှုကလဲ မြန်ဆန်တော့ သဘောကျမိတဲ့အထဲပါတာပေါ့(အဓိကတော့ ဟောတစ်ယောက် ဟောတစ်ယောက်ပေါ့လေ🤣)

ကျနော်ကအကာအကွယ်ဘဲဆောင်တာများတယ် ပီယမဆောင်ဘူးပေါ့လေ
အခုတော့ကိုယ်လဲသိချင်တာနဲ့ စီရင်ပြီးဆောင်ကြည့်တာ
သိသင့်သလောက်လဲသိသွားတော့ ဒီလက်ဖွဲ့ကိုပြန်မျှပေးမယ်ပေါ့ဗျာ

‼️ကျနော့်နေ့နံနဲ့စီရင်ထားတာဆိုတော့ စနေသားဖြစ်မှရမယ်ဗျဆောင်မည့်သူက

‼️လက်ဖွဲ့ဝတ်ထားချိန် အရက်သောက်လို့မရဘူးဗျို့‼️

‼️နောက်တစ်ခုက ပျိုပျိုအိုအို မျက်နှာပွင့်တာမို့
လင်ရှိမယားတော့ ရှောင်ဖို့လိုလိမ့်မယ်‼️

‼️လက်ဖွဲ့ကိုဘုရားစင်ပေါ်မတင်ရ/နိမ့်ကျတဲ့နေရာတွေမထားရ‼️

ဆောင်ယူလိုသော မိတ်ဆွေများpage messengerမှာ မိမိတတ်နိုင်တဲ့ပူဇော်ကြေးနဲ့လာရောက်ဆက်သွယ်နိုင်ပါသည်......
#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

Edit-ပူဇော်သွားပြီဖြစ်ကြောင်းဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်း အသက်(၁၀၉)နှစ်ပြည့်မွေးနေ့၌ကျန်ရှိနေသော နောက်ဆုံး သွပ်ပြဒါ...
12/02/2024

Edit-ပူဇော်သွားပြီဖြစ်ကြောင်း

ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်း အသက်(၁၀၉)နှစ်ပြည့်မွေးနေ့၌
ကျန်ရှိနေသော နောက်ဆုံး သွပ်ပြဒါးဓာတ်လုံးလက်စွပ်လေးအား
မိမိတက်နိုင်သော ပူဇော်ကြေးဖြင့် မှာယူနိုင်ပါတယ်

အဆောင်လက်ဖွဲ့မြတ်နိုးသူ ထိုက်တန်သူလက်တွင်းသို့
ရောက်ရှိပါစေဗျာ......
အကယ်၍ ပူဇော်မည့်သူမရှိပါက မဲဖောက်ပေးဝေပါမည်
၁၃ရက်နေ့တစ်ရက်တည်း မိမိတက်နိုင်သောပူဇော်ကြေးနှင့်ရယူနိုင်ပါမည်

#၇ရက်၈နေ့သားသမီးအပေါင်းရန်ဟူသမျှကင်းဝေးကြပါစေ🙏🙏🙏

သာလွန်မင်းကြီး လက်ဖွဲ့ဤလက်ဖွဲ့အားစနေဆန်းကွယ်သော လဆန်းတစ်ရက်နေ့၌စီရင်ထားခြင်းဖြစ်သည်စီရင်စဉ် ပါးစပ်မှာရေငုံ နားမှာဂွမ်းဆိ...
12/02/2024

သာလွန်မင်းကြီး လက်ဖွဲ့

ဤလက်ဖွဲ့အားစနေဆန်းကွယ်သော လဆန်းတစ်ရက်နေ့၌စီရင်ထားခြင်းဖြစ်သည်
စီရင်စဉ် ပါးစပ်မှာရေငုံ နားမှာဂွမ်းဆို့ မေးလျှင်မပြောနှင့် ခေါ်လျှင်မထူးနှင့်

ဤလက်ဖွဲ့အကျိုးကား
- မီးမှာကင်လျှင် ပြုသူပြေး၍လာရ၏
-အသားပင်း၊သားရေပင်း၊အစာပင်း ခြေရာကောက် အတိုက်ဟူသမျှကောင်း၏
-အပြိုင်ဟူသမျှကောင်း၏
-မြွေ၊ကင်း စသောအဆိပ်ရှိသတ္တဝါများကိုက်လျှင်လည်းပျောက်ကင်း၏

၎င်းလက်ဖွဲ့ကို အလွယ်စမ်းလိုလျှင်
ခေါင်းရင်းတွင် ဆုတောင်း၍ထားအိပ် ဒိဌအိမ်မက်မက်သည်....

လောကီပညာလိုက်စားသူများ နှင့် အတိုက်အခိုက်များသူများအထူးသင့်တော်သည်
လည်ဆွဲတစ်ခုနှင့် အင်းချပ်တစ်ချပ်ရပါမည်💥

စနေလကွယ်နေ့၌ နကွင်းပိတ်ကာယလက်ဖွဲ့စီရင်ပါဦးမည်💥

အချိန်တစ်ခုပေးပြီး စီရင်မိတဲ့စလွယ်ထဲမှာသဘောအကျဆုံးဘဲ........💖နတ်ဘီလူးမင်းလေးပါးအင်းစလွယ်✨ကာပိလနတ်ဘီလူးအင်းဟေမဝတနတ်ဘီလူးအ...
08/02/2024

အချိန်တစ်ခုပေးပြီး စီရင်မိတဲ့စလွယ်ထဲမှာ
သဘောအကျဆုံးဘဲ........💖

နတ်ဘီလူးမင်းလေးပါးအင်းစလွယ်✨

ကာပိလနတ်ဘီလူးအင်း
ဟေမဝတနတ်ဘီလူးအင်း
သာတာဂီရိနတ်ဘီလူးအင်း
ဝေသာမိတ္တနတ်ဘီလူးအင်း

ထိုဘီလူးမင်းလေးပါး ဟိတ်ကိုယူ၍ စီရင်ထားသောစလွယ်ဖြစ်သည်....

ကာယပိုင်းတွင်သာမက ပယောဂအတိုက်များပါကာကွယ်ပေးသည်🤩

ထိုစလွယ်အားဆောင်လျှင်
💥မကောင်းဆိုးဝါး နာနာဘာဝများမှကြောက်ရွံ့လေးစားခြင်း
💥အဟန့်အတားကောင်းမွန်ခြင်း
💥အရေးကြုံက လက်နက်အမျိုးမျိုးထိရောက်ခြင်းမှကင်းဝေးခြင်း
💥စလွယ်အားရေစိမ်ပတ်ဖျန်းပါက မကောင်းသောအရာများလွင့်စင်ပျောက်ကွယ်ခြင်း
အကျိုးရလဒ်အား ပြော၍ပင်မကုန် ဉာဏ်ရှိသလိုသုံးနိုင်သည်.....

ထိုစလွယ်အား ဆောင်ထားချိန်တွင်
‼️အရက်သောက်ခြင်း
‼️အမဲသားစားခြင်း
‼️ဆန့်ကျင်ဖက်လိင်နှင့်အတူနေခြင်း
‼️အဝတ်တန်းများအောက်ဝင်ခြင်းများ
‼️ထိုလက်ဖွဲ့ဖြင့်တစ်ပါးသူအား နှိပ်စက်ညှဉ်းပန်းခြင်းများရှောင်ရမည်.....

နတ်ဘီလူးများ၏ဟိတ်မာန်ကိုယူ၍စီရင်သောကြောင့်
မေတ္တာများများပို့ပေးရမည်......

နတ်ဘီလူးမင်းလေးပါးအင်းစလွယ်✨ကာပိလနတ်ဘီလူးအင်းဟေမဝတနတ်ဘီလူးအင်းသာတာဂီရိနတ်ဘီလူးအင်းဝေသာမိတ္တနတ်ဘီလူးအင်းထိုဘီလူးမင်းလေးပါ...
07/02/2024

နတ်ဘီလူးမင်းလေးပါးအင်းစလွယ်✨

ကာပိလနတ်ဘီလူးအင်း
ဟေမဝတနတ်ဘီလူးအင်း
သာတာဂီရိနတ်ဘီလူးအင်း
ဝေသာမိတ္တနတ်ဘီလူးအင်း

ထိုဘီလူးမင်းလေးပါး ဟိတ်ကိုယူ၍ စီရင်ထားသောစလွယ်ဖြစ်သည်....

ကာယပိုင်းတွင်သာမက ပယောဂအတိုက်များပါကာကွယ်ပေးသည်🤩

ထိုစလွယ်အားဆောင်လျှင်
💥မကောင်းဆိုးဝါး နာနာဘာဝများမှကြောက်ရွံ့လေးစားခြင်း
💥အဟန့်အတားကောင်းမွန်ခြင်း
💥အရေးကြုံက လက်နက်အမျိုးမျိုးထိရောက်ခြင်းမှကင်းဝေးခြင်း
💥စလွယ်အားရေစိမ်ပတ်ဖျန်းပါက မကောင်းသောအရာများလွင့်စင်ပျောက်ကွယ်ခြင်း
အကျိုးရလဒ်အား ပြော၍ပင်မကုန် ဉာဏ်ရှိသလိုသုံးနိုင်သည်.....

ထိုစလွယ်အား ဆောင်ထားချိန်တွင်
‼️အရက်သောက်ခြင်း
‼️အမဲသားစားခြင်း
‼️ဆန့်ကျင်ဖက်လိင်နှင့်အတူနေခြင်း
‼️အဝတ်တန်းများအောက်ဝင်ခြင်းများ
‼️ထိုလက်ဖွဲ့ဖြင့်တစ်ပါးသူအား နှိပ်စက်ညှဉ်းပန်းခြင်းများရှောင်ရမည်.....

နတ်ဘီလူးများ၏ဟိတ်မာန်ကိုယူ၍စီရင်သောကြောင့်
မေတ္တာများများပို့ပေးရမည်......

မြွေပွေးခါးပိုက် ပိုက်သလို တစ်အိမ်ထဲနေပြီး ဆရာပေါင်းသောင်းခြောက်ထောင်နဲ့စီးပွားပျက် သေကြေအောင်လုပ်နေသော လူ့မိစ္ဆာအားဆုံး...
04/02/2024

မြွေပွေးခါးပိုက် ပိုက်သလို တစ်အိမ်ထဲနေပြီး ဆရာပေါင်းသောင်းခြောက်ထောင်နဲ့
စီးပွားပျက် သေကြေအောင်လုပ်နေသော လူ့မိစ္ဆာအားဆုံးမခန်း

မရဏသေလာအင်းကို အဝတ်မှာချ လောင်တိုက်ကြီးအင်းအားဘုမ္မိအရပ်နတ်ရဲသစ်ပင်မှာထွန်း ကာနိုင်အောင် ကာပေတော့ဟေ့

လူ့သဘာဝကိုက ကိုယ့်ကိုထိမှပူတတ်ကြတာ နာတတ်ကြတာ😌

အခုခေတ်ကြီးမှာ ပယောဂဆိုတာဂျိုနဲ့လားတို့ဘာတို့
ဟာသဖြစ်ချင်လဲ ဖြစ်ချင်စရာ ပူးလိုက်တဲ့နဂါးတွေ
ဓာတ်အမြဲစီးနေတဲ့ဘိုးတော်တွေနဲ့ဆိုတော့လဲ ဟာသတစ်ခုကိုဖြစ်လို့

ဒါပေမယ့် အမြဲမယုံရေးချတော့လုပ်နေလို့မရသေးဘူး
လက်ခံသင့်တာကိုတော့ လက်ခံရမယ်
မယုံဘူးဆိုတာ မိတ်ဆွေတို့တိတိကျကျမကြုံဖူးသေးလို့ပါ🙏🙏🙏

စကားအမှားအယွင်းပါရှိပါကလဲ နားလည်ပေးကြပါ😊🙏

#၇ရက်၈နေ့သားသမီးအပေါင်းရန်ဟူသမျှကင်းဝေးကြပါစေ🙏🙏🙏

Edit - သွပ်ဓာတ်လုံးလက်စွပ်လေးကတော့ တော်တော်သဘောကျလို့ ဝတ်ထားလိုက်ပါပြီသွပ်ပြဒါးလက်စွပ်နှစ်ကွင်းသာကျန်ပါမည်😁၉ရက်အဓိဌာန်ပြ...
03/02/2024

Edit - သွပ်ဓာတ်လုံးလက်စွပ်လေးကတော့ တော်တော်သဘောကျလို့ ဝတ်ထားလိုက်ပါပြီ
သွပ်ပြဒါးလက်စွပ်နှစ်ကွင်းသာကျန်ပါမည်😁

၉ရက်အဓိဌာန်ပြီးမြောက်သော ဤကိုးစနေနေ့၌
သိဒ္ဓိတင်ထားသော သွပ်ဓာတ်လုံးလက်စွပ် နှင့် သွပ်ပြဒါးဓာတ်လုံးလက်စွပ်

💖အပွင့်ဓာတ်လိုလျှင် သွပ်ဓာတ်ဆောင်ဟုဆိုသလို
လူချစ်လူခင်ပေါများ၍ လူအများကြားမှာတစ်မူထူးကဲစေသည်...

👑ဘုန်းတန်ခိုး ဩဇာ မြင့်မားလိုလျှင် သွပ်ပြဒါးဆောင်
မိမိအထက်လူကြီး နှင့် လက်အောက်ငယ်သာပါမကျန်
အာဏာတည်၍ဘုန်းတန်ခိုးမြင့်မားစေသည်....

❗❗ထိုဓာတ်လုံးလက်စွပ်များအား ဝတ်ဆင်ထားချိန်တွင်
အရက်သောက်ခြင်း
ဝက်သား/အမဲသားစားခြင်း
ဆန့်ကျင်ဘက်လိင်နဲ့ အတူနေခြင်းများ မပြုလုပ်ရ❗❗

ထိုဓာတ်လုံးအား လက်ဖြင့်ပွတ်၍ ရွတ်ဆိုရန်ဂါထာ
✨အရဟံ မေ သြောင်း နမောဗုဒ္ဓဿ
✨အရဟံ မေ သြောင်း နမောဓမ္မဿ
✨အရဟံ မေ သြောင်း နမောသံဃဿ
ထိုဂါထာရွတ်ဆိုသံကြားသော် ကောင်းကင်ခရီးအား သိဒ္ဓိတန်ခိုးဖြင့်သွားသော
ဝိဇ္ဇာဓိုရ်ပင် ကြွရောက်ကာ လိုရာဆန္ဒဖြည့်ဆည်းပေးသည်အထိ အကျိုးကြီးမားသည်

🤩ဆောင်ယူလိုသူများ page messengerတွင်ဆက်သွယ်မှာယူနိုင်ပါသည်
#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

၉စနေနေ့မှာ ရောက်ရှိလာသော ဓာတ်လုံးလက်စွပ်များ🤩
03/02/2024

၉စနေနေ့မှာ ရောက်ရှိလာသော ဓာတ်လုံးလက်စွပ်များ🤩

Edit - ပူဇော်သွားပါပြီနှုတ်ငုံလက်ဖွဲ့------------------ရွတ်ဆိုရမည့် မန္တန်-ဥုံ ဩကာသံ အညေသံ အနာဂံ၊ အာပိတ္တိ သုတ္တိ ပတိက သ...
31/01/2024

Edit - ပူဇော်သွားပါပြီ

နှုတ်ငုံလက်ဖွဲ့
------------------

ရွတ်ဆိုရမည့် မန္တန်-
ဥုံ ဩကာသံ အညေသံ အနာဂံ၊ အာပိတ္တိ သုတ္တိ ပတိက သောပိတံ။
(တစ်နေ့၃၇ခေါက်ရွတ်ဆိုရမည်)

လက်ဖွဲ့အား ဖလားတစ်ခုတွင်ရေထည့်၍ထားကာ မန္တန်ရွတ်ဆိုရမည်
ထိုရေအား သစ္စာပြု၍သောက်သော် ကာယသိဒ္ဓိအပြီးတိုင်၏

အရေးကြုံက ထိုလက်ဖွဲ့အား နှုတ်မှာငုံလေ အပါးသုံးဆယ်ပြီး၏။

ထိုလက်ဖွဲ့အား နှုတ်ငုံထားချိန်တွင် အော်ငေါက်ခြင်းမပြုရ❗

Edit - ပူဇော်သွားပါပြီကာယသိဒ္ဓိမောင်းစီးလက်ဖွဲ့ခပါဒ်နက္ခတ်တွင် သိမ်ဝင်ကြေးနီပြားဖြင့် စီရင်ထားခြင်းဖြစ်သည်ရွတ်ဆိုရမည့် ဂ...
31/01/2024

Edit - ပူဇော်သွားပါပြီ

ကာယသိဒ္ဓိမောင်းစီးလက်ဖွဲ့

ခပါဒ်နက္ခတ်တွင် သိမ်ဝင်ကြေးနီပြားဖြင့် စီရင်ထားခြင်းဖြစ်သည်

ရွတ်ဆိုရမည့် ဂါထာ

- အသိ သတ္တိ ဓနုစေဝ၊ သပတ္တေ အာဝုဓါနိစ၊ ဘဂ္ဂဘဂ္ဂါ ဝိစုဏ္ဏာတု၊လောမံပိ မေနဖုသတု။
(တစ်နေ့ ၃၇ခေါက်လက်ဖွဲ့အားအုပ်၍ ရွတ်ဆိုရမည်)

ထိုလက်ဖွဲ့ဝတ်ဆင်ချိန်တွင်
အရက်သောက်ခြင်း
ဝက်သား/အမဲသားစားခြင်း
ဆန့်ကျင်ဘက်လိင်နှင့် အတူနေခြင်း
မသန့်ရှင်းသောအရာများဖြင့်ကိုင်တွယ်ခြင်းများ ရှောင်ကြဉ်ရမည်❗❗❗

အရေးကြုံက သေနတ်ပါလွဲစေသည်အထိ ကျမ်း၌ဖော်ပြထားသည်

ယောင်္ကျားလေးတွေအကြိုက် ကာယသိဒ္ဓိလက်ဖွဲ့တွေစီရင်မယ်စီရင်မယ် နဲ့မအားသေးလို့ အဲ့ဘက်အချိန်ပေးမရသေးဘူးအခွင့်အခါနက္ခတ်လဲကြုံ ...
26/01/2024

ယောင်္ကျားလေးတွေအကြိုက် ကာယသိဒ္ဓိလက်ဖွဲ့တွေစီရင်မယ်စီရင်မယ် နဲ့
မအားသေးလို့ အဲ့ဘက်အချိန်ပေးမရသေးဘူး

အခွင့်အခါနက္ခတ်လဲကြုံ အလုပ်ကိစ္စတွေလဲပြီးပြတ်ပြီဆိုတာနဲ့
သိမ်ဝင်ကြေးနီပြားနဲ့ စီရင်မှာပါ

နှုတ်ငုံ
မောင်းစီး
ခါးလှည့်
စလွယ် စတာတွေစီရင်မှာဖြစ်ပြီး
adminကိုယ်တိုင်လဲအရင်အချိန်ကနှုတ်ငုံဆောင်ခဲ့တာပါ😅

အခြားဆရာများအနေနဲ့ ကာယအဆောင်များပြုလုပ်ရင် မည်သည့်အရာသုံးသည်မသိ
ပါ ကျနော်ကတော့ဘီလူးသုံးရတာသဘောကျသောကြောင့် အကာအကွယ်အစီအရင်များကို ဘီလူးအစောင့်အပ်သည်ကများပါတယ်.....(ရှေးဆရာများ၏ မနုဿီဟပညာခန်းမှာလဲသူမတူအောင်ခမ်းနားပြီး အခွင့်ကြုံခိုက်တွင်လေ့လာချင်သေးသည်😊)

အဆောင်များစီရင်ပြီးလျှင် pageတွင်တင်ပေးပါမည်....
လိုအပ်သောမိတ်ဆွေများလဲ page messengerတွင်လာရောက်မှာယူနိုင်ပါသည်🙏🙏🙏

#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏
#သင်ဆရာမြင်ဆရာကြားဆရာများအားဦးထိပ်ထားလျက်🙏🙏🙏

အဆောင်တစ်ခုကိုအချိန်ပေးမှာယူပြီးအိမ်ထိကိုယ်တိုင်လာရောက်ယူဆောင်သွားသောရတနာရွှေအိုး လက်ဖွဲ့😍အလုပ်အကိုင်စီးပွားများ ဒီရေအလာ...
26/01/2024

အဆောင်တစ်ခုကိုအချိန်ပေးမှာယူပြီး
အိမ်ထိကိုယ်တိုင်လာရောက်ယူဆောင်သွားသော
ရတနာရွှေအိုး လက်ဖွဲ့😍

အလုပ်အကိုင်စီးပွားများ ဒီရေအလားတိုးတက်ပါစေ🙏🙏🙏

အိမ်ထောင်ရေးသာယာချောမွေ့စေရန် နှင့် ပယောဂအကာအကွယ်😍
21/01/2024

အိမ်ထောင်ရေးသာယာချောမွေ့စေရန် နှင့် ပယောဂအကာအကွယ်😍

တောင်းတရ တတိုင်းရ မာတင်္ဂ------------------------------------ထိုမာတင်္ဂအဆောင်အင်းတောင့်မှာလာဘ်လာဘများပေါကြွယ်ဝ၍ အပြောအဆိ...
19/01/2024

တောင်းတရ တတိုင်းရ မာတင်္ဂ
------------------------------------

ထိုမာတင်္ဂအဆောင်အင်းတောင့်မှာ
လာဘ်လာဘများပေါကြွယ်ဝ၍ အပြောအဆိုအောင်စေသည်

မာတင်္ဂဂါထာအား အင်းတောင့်ကိုကိုင်၍ တစ်နေ့လျှင်၂၇ခေါက်ရွတ်ဖတ်ပူဇော်ပေးရမည်

ရွတ်ဆိုရန် ဂါထာ-
ယဒိ ပဿန္တိ မံစိတ္တံ ၊ တံပဿန္တိ မနောရမ္မံ ၊ ယထာဥမ္မတကောဝိယ ၊ ဒဿနေန မနောရမ္မံ။

ထိုမာတင်္ဂအဆောင်အင်းတောင့်အား
ခေါင်းအုံးအောက်ထားအိပ်က အိမ်မက်နိမိတ်ကောင်းများမြင်မက်စေသည်

ကုန်စွံလိုပါက ရေစိမ်၍ ပတ်ဖျန်းနိုင်သည်

ဆောင်ထားရုံဖြင့် လူချစ်လူခင်ပေါကာ မိမိဆိုသောစကားများအောင်စေသည်

❗❗အတတ်နိုင်ဆုံး မုသားစကားမသုံးပါနှင့်

❗❗ထိုအင်းတောင့်အား ဘုရားစင်ပေါ်တွင်မတင်ရ
နိမ့်ကျသောနေရာများ၌လဲ မထားရှိရ

မထင်မှတ်ထားသောနေရာများမှ ငွေကြေးရရှိပါကလဲ ကောင်းမှုကုသိုလ်ပြုလုပ်ပေး၍
အင်းတောင့်၌ရှိသော အင်းစောင့်ဆေးစောင့်များအား မေတ္တာပို့သပေးပါ💯

#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ🙏🙏🙏

ပူလောင်လေမီးတရှိရှိနှင့်🔥
18/01/2024

ပူလောင်လေမီးတရှိရှိနှင့်🔥

ရတနာရှိရာ ရတနာလာကြလော့💸🔥
17/01/2024

ရတနာရှိရာ ရတနာလာကြလော့💸🔥

ပဲခူးရွှေမော်ဓောဘုရားမှာ အပ်နှံထားသောအစီအရင်များအားဆောင်ရွက်ပေးခြင်း🔥
16/01/2024

ပဲခူးရွှေမော်ဓောဘုရားမှာ အပ်နှံထားသောအစီအရင်များအား
ဆောင်ရွက်ပေးခြင်း🔥

ရှိတဲ့ငွေလဲထိန်းရင်း အနယ်နယ်အရပ်ရပ်ကဥစ္စာဓနလဲခေါ်ရင်းရတနာရှိရာ ရတနာလာကြ ပစ္စည်းဥစ္စာပေါကြွယ်ဝ 💸ဥုံဧဟိလာဘံ ဧဟိဓနံ ဧဟိသုခံ...
14/01/2024

ရှိတဲ့ငွေလဲထိန်းရင်း အနယ်နယ်အရပ်ရပ်ကဥစ္စာဓနလဲခေါ်ရင်း
ရတနာရှိရာ ရတနာလာကြ ပစ္စည်းဥစ္စာပေါကြွယ်ဝ 💸
ဥုံဧဟိလာဘံ ဧဟိဓနံ ဧဟိသုခံ💫

တနင်္ဂနွေသမီး နှင့် သောကြာသားတို့ လူချစ်လူခင်ပေါ၍ မိတ်ဆွေတိုးစေရန်အပ်နှံထားသော အဆောင်လက်ဖွဲ့😍ဥုံ ဧဟိမိတ္တံပီယံမမ💫
13/01/2024

တနင်္ဂနွေသမီး နှင့် သောကြာသားတို့ လူချစ်လူခင်ပေါ၍ မိတ်ဆွေတိုးစေရန်
အပ်နှံထားသော အဆောင်လက်ဖွဲ့😍

ဥုံ ဧဟိမိတ္တံပီယံမမ💫

အမျိုးသမီးသီးသန့်အသုံးပြုရန်အတွက် စီရင်ထားသောဆီမန်းပါယုံကြည်မှုအပြည့်အဝဖြင့် စွဲဆောင်မှုညှို့ဓာတ်အားပြင်းလိုသူများ နှင့်...
11/01/2024

အမျိုးသမီးသီးသန့်အသုံးပြုရန်အတွက် စီရင်ထားသောဆီမန်းပါ

ယုံကြည်မှုအပြည့်အဝဖြင့် စွဲဆောင်မှုညှို့ဓာတ်အားပြင်းလိုသူများ နှင့်
မယူခင်ကအရမ်းချစ်ပြီး ယူပြီးမှ အချစ်တွေပေါ့သလိုခံစားနေရသူများ
အထူးသင့်တော်ပါတယ်.......

ဤဆီမန်းအသုံးပြုချိန်တွင် ဝက်သား/အမဲသား မစားရပါ❗
ဤဆီမန်းပုလင်းအား ဘုရားစင်ပေါ်တွင်တင်ခြင်းမပြုရ❗
(မည်သည့်အဆောင်လက်ဖွဲ့မဆို ဘုရားစင်ပေါ်မတင်တာပိုကောင်းပါတယ်)

ဤဆီမန်း၏ထူးခြားချက်မှာ မိမိအိပ်သောခေါင်းအုံး၌ ဆီမန်းဖြင့်
"ထ" ရေး၍အိပ်လျှင် သက်ဆိုင်ရာအိမ်မက်နိမိတ်မက်စေသည်....

လပြည့်လကွယ် အမွှေးတိုင်၂တိုင်ပူဇော်၍ မန္တန်အား၃၇ခေါက်ရွတ်ဆိုပေးရမည်

မှာယူလိုသူများ page messengerတွင်ဆက်သွယ်မှာယူပေးပါ💓
#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

ဒီတစ်ခါ လကွယ်ညမှာတော့ အချစ်ရေး အိမ်ထောင်ရေးမှာဆူဆူပူပူမရှိဘဲအချစ်တွေတိုးပြီး သာယာစေဖို့အတွက် ဆီမန်းလေးတစ်ခုစီရင်ဖြစ်ပါတယ...
10/01/2024

ဒီတစ်ခါ လကွယ်ညမှာတော့ အချစ်ရေး အိမ်ထောင်ရေးမှာဆူဆူပူပူမရှိဘဲ
အချစ်တွေတိုးပြီး သာယာစေဖို့အတွက် ဆီမန်းလေးတစ်ခုစီရင်ဖြစ်ပါတယ်

Infinity symbol(အဆုံးမရှိသင်္ကေတ)အရ အချစ်တွေတိုးသထက်တိုးလာစေရန်
ရည်ရွယ်ပြီး စီရင်ဖြစ်တာပါ....(အိမ်ထောင်ရေးအဆင်မပြေသူတွေလာလာပြောတာများလို့😁)

အချစ်ရေးမှာအဆင်မပြေသူများ
အိမ်ထောင်ရေးမသာယာသူများ
လူချစ်လူခင်ပေါလူသူများ နှင့်
စန်းပွင့်လိုသူများ ဆောင်ယူနိုင်ပါတယ်.....

💢အိမ်ထောင်ရေးမပြေလည်သူများအနေဖြင့် မိမိအဝတ်စ နှင့် အိမ်ထောင်ဖက်၏အဝတ်စတို့ကို တွဲချည်လျက် ဆီမန်းသုံးကာ သက်ဆိုင်ရာ မန္တန်ရွတ်ဖတ်၍ အိပ်ယာအောက်တွင်ထားအိပ်နိုင်ပါသည်.....

💢ဆန့်ကျင်ဖက်လိင်အား စွဲဆောင်ရာတွင်အားကောင်းလိုပါက ချက်(ဗိုက်)တွင်အသုံးပြုနိုင်ပါသည်......

💢နဖူးဆံစပ် လည်တိုင်တွင်သုံးက လူချစ်လူခင်ပေါ၍ အကူအညီပေးသူများနှင့်
ကြုံရတတ်သည်

💢အဆုံးမရှိချစ်ခြင်းမေတ္တာဆိုပြီး အစားအစာထဲတွင်လုံးဝထည့်မကျွေးရ💢❗

ယခင် ငစင်မုဆိုးရေမွှေးတို့တုန်းကမရလိုက်သောသူများ လက်လွတ်မခံနဲ့နော်
အဲ့ရေမွှေးpostတောင် တစ်နှစ်နီးပါးလောက်ရှိပြီထင်တာဘဲ.....

ဆီမန်းဖော်ဖို့လာလာပြောကြသော ညီအကိုမိတ်ဆွေတို့လဲ ရှိတုန်းယူထားကြပါ
ကျနော်တို့လဲဆေးအမယ်စုံအောင် အချိန်ပေးပြီး စုဆောင်းရပါတယ်
ဆေးအမယ်မစုံဘဲ စီရင်တဲ့အခါကျတော့ ခရီးသိပ်မရောက်ဘူးပေါ့ဗျာ

မှာယူလိုသော မိတ်ဆွေများ page messengerတွင်သာဆက်သွယ်ပါ❗❗❗
Commentတွင် မန့်၍စာရင်းဝင်မည်မဟုတ်❗❗❗

#ငွေကြိုရှင်းစနစ်ဖြင့်မြန်မာနိုင်ငံအနှံ့ပို့ဆောင်ပါသည်
#၇ရက်၈နေ့သားသမီးအပေါင်းလိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏

သူရဿတီဒေဝီ-----------------------------ဥုံ သူရဿတီ ဒေဝီသညာ မိမာတာသွားလေရာရာ လူတကာတို့ မေတ္တာဆပွားသနားချစ်ခင် မေတ္တာဝင်၍အလ...
07/01/2024

သူရဿတီဒေဝီ
-----------------------------
ဥုံ သူရဿတီ ဒေဝီသညာ မိမာတာ
သွားလေရာရာ လူတကာတို့ မေတ္တာဆပွား
သနားချစ်ခင် မေတ္တာဝင်၍
အလျင်ငါ့ကိုညွှတ်စေသော်......
အာဂစ္ဆန္တု အာဂစ္ဆန္တု အာဂစ္ဆန္တု စောင့်ရှောက်စသတည်း။

မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ နတ်ဒေဝါအပေါင်းစောင့်ရှောက်ကြစေ

Edit- အကုန်မှာယူပြီးပါပြီအချစ်ရေးမှာကံလဲကောင်းပြီး သူမတူအောင်စန်းပွင့်ဖို့အတွက်ပီယဆီမန်း ၄ပုလင်းစီရင်ပါမည်စီရင်ပြီးပါက အ...
07/01/2024

Edit- အကုန်မှာယူပြီးပါပြီ

အချစ်ရေးမှာကံလဲကောင်းပြီး သူမတူအောင်စန်းပွင့်ဖို့အတွက်
ပီယဆီမန်း ၄ပုလင်းစီရင်ပါမည်

စီရင်ပြီးပါက အလိုရှိသူ၃ဦးအား မေတ္တာကြေးဖြင့်သာပြန်လည်ဝေမျှပေးပါမည်
ပါဝင်ပစ္စည်း

စပါးလင်ပွင့်
နှစ်ပင်လိမ်ဆေး
ဂဝံဆေးဆီ
ရမ္မက်နွယ်ဆေး
နတ်ချစ်ဆေးပေါင်း
နတ်ဝင်သည် ပန်သောပန်း
လင်းနေမြစ် နှင့် သက်ဆိုင်ရာအင်းများထည့်သွင်းစီရင်မည်ဖြစ်သည်

အသုံးပြုနည်းမှာ သက်ဆိုင်ရာမန္တန်ရွတ်၍ ဝမ်းဗိုက်(ချက်)မှာ လိမ်းရပါမည်

သိုက်အား ဒါနပြုပေးခြင်း😇
07/01/2024

သိုက်အား ဒါနပြုပေးခြင်း😇

* ဤလောကကြီး၌ ပုဂ္ဂိုလ်သတ္တဝါဟူသည်..** လူချင်းတူသော်လည်း ဉာဏ်ခြင်းမတူ ။**ဉာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ ။** ပါရမီခြင်း...
05/01/2024

* ဤလောကကြီး၌ ပုဂ္ဂိုလ်သတ္တဝါဟူသည်..

** လူချင်းတူသော်လည်း ဉာဏ်ခြင်းမတူ ။

**ဉာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ ။

** ပါရမီခြင်းတူသော်လည်း ဝိရိယခြင်းမတူ ။

** ဝီရိယခြင်းတူသော်လည်း သတိခြင်းမတူ။

**သတိခြင်းတူသော်လည်း သမာဓိခြင်းမတူ ။

** သမာဓိခြင်းတူသော်လည်း ပဋ္ဌာန်းဆက်ခြင်းမတူ။

** ပဋ္ဌာန်းဆက်ခြင်းတူသော်လည်း ဆုတောင်းခြင်း
မတူ။

** ဆုတောင်းခြင်းတူသော်လည်း အကျိုးပေးဘုန်း
ကံခြင်းမတူ။

** ထိုကြောင့် အကျိုးပေးဘုန်းကံ ကြီးမြင့်လာစေရန် မဆုတ်မနစ်သော ပေးလှူမူသဒ္ဒါl မကျိုးမပေါက်
သော စောင့်ထိန်းမူသီလ ရှိရာ၏။

** သီလရှိလျှင် သမာဓိကိုနိုင်၏။ သမာဓိကိုနိုင်လျှင် စိတ်ကိုပိုင်၏။ စိတ်ကိုပိုင်လျှင် နတ်ကိုနိုင်၏။
နတ်ကိုနိုင်လျှင် ဓါတ်ကိုပိုင်၏။ ဓါတ်ကိုပိုင်မှ မနော
ပေါက်၏။မနောပေါက်မှ ပညာရောက်၏။ ပညာ
ရောက်မှ ဝိဇ္ဇာ ဖြစ်သည်။

** ဝိဇ္ဇာဖြစ်ရန် သိဒ္ဓိ - ကမ္မဇိဒ္ဓိပြည့်စုံရန်လို၏။

( ကောက်နူတ်ချက်။ ။ သိဒ္ဓိမဟိဒ္ဓိ ကျော်အောင်စံ
ထားဆရာတော်၏ ပုတီးစိတ်ကိုယ်တွေ့မှတ်တမ်း)

Address

Yangon

Telephone

+959974532699

Website

Alerts

Be the first to know and let us send you an email when လောကီအစီအရင်အဆောင်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category