Heaven Born Magic Entertainment

Heaven Born Magic Entertainment Myanmar Magicians Lynn Nay ဦးစီးသော Heaven Born Magic Entertainment

မနက်ဖြန်နော် .... (၂၅.၁၂.၂၀၂၄)ပျော်ရွှင်ဖွယ် Merry Christmas Day မှာ ရန်ကုန်မြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးတစ်ခုဖ...
24/12/2024

မနက်ဖြန်နော် .... (၂၅.၁၂.၂၀၂၄)ပျော်ရွှင်ဖွယ် Merry Christmas Day မှာ ရန်ကုန်မြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ Jasmine Palace Hotel ကြီးမှာ ညနေ ၅:၀၀ မှ ည၉:၀၀ အချိန်အထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် Magic Festival ကြီးကို Heaven Born Magic Entertainment မှအခုလိုစီစဉ်ဆောင်ရွက်ပေးလိုက်ပါပြီနော်။
🤡ရယ်ရွှင်ပျော်မြူးရမဲ့ Clown Show
♠️ရင်ခုန်ဖွယ် Close Up Magic
🎩 Stage Magic များ
👺 Juggler များရဲ့အခြေခံဆပ်ကပ်များဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်နော်......
🥰ဖျော်ဖြေပေးမဲ့ပညာရှင်များကတော့ 🥰
♦️မက်ဂျစ်ရှန် - ညီမင်းဏေ
♣️ ဖဲမင်းသားလေး - အာကာကျော်
♥️ ဟာသမက်ဂျစ်နှင့်ဆပ်ကပ်ပညာရှင်- ဓါတ်လုံး
♠️ ကလောင်းမင်းသားလေး - စက္ခဇာနည်

လူကြီးမင်းတို့ရဲ့အခုလို Event အသီးသီးမှာ ကျွန်တော်တို့ရဲ့ Heaven Born Magic Entertainment နဲ့ join နိုင်ပါပြီနော် 🥰

Heaven Born Magic Entertainment
Yangon office:
131(B), အနော်ရထာလမ်းမကြီး၊ ကြီးပွားရေးမြောက်ပိုင်းအိမ်ရာ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

Mandalay Office:
No.3 ၊ ၃၆(ဘီ)လမ်း၊ ၅၇လမ်းနှင့် ၅၈လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြိ့နယ်၊မန္တလေးမြို့။
Hotline: 09-260026024 ☎️
(Or)( page Cb )

December 22 ရက်နေ့ ,  Yangon Water Boom မှာ Heaven Born Magic Entertainment ရဲ့ Clown ပညာရှင်များဖြစ်ကြတဲ့ Datt Lone နဲ့...
17/12/2024

December 22 ရက်နေ့ , Yangon Water Boom မှာ Heaven Born Magic Entertainment ရဲ့ Clown ပညာရှင်များဖြစ်ကြတဲ့ Datt Lone နဲ့ Saka Zarni တို့အဖွဲ့တွေရှိနေပါမယ်နော်....

#ပျှော်ရွှင်အံ့ဩမှုတွေအပြည့်ယူဆောင်လာမဲ့
#ဟဲဗင်းဘွန်းမက်ဂျစ်အင်တာတိန်းမန့်
Hotline: 09-2600 260 24

16/12/2024

ပျော်ရွှင်ခြင်းတွေအပြည့်ယူဆောင်လာမဲ့
#ဟေးဗင်းဘွန်းမက်ဂျစ်အင်တာတိန်းမန့်
#မန္တလေးရုံးခွဲဖွင့်လစ်ပြီးပါပြီ။

Lynn Nay (Magician , B.Tech Mechanical Engineer , B.Sc (Physics) ,A.G.T.I (CNC) )ဦးစီးတည်ထောင်သော....
Heaven Born Magic Entertainment
36 ၊ 57×58 ၊ ရဲမွန်တောင်ရပ်ကွက်၊ မန္တလေးမြို့။
ဖုန်း -09.2600 260 24

24/11/2024

Magician လင်းဏေ ရဲ့ Slight of Hand Trick
မက်ဂျစ်လင်းဏေ ရဲ့ စလိုက်ရှော့ဟန်းထရစ်ပြကွက်တစ်ခု ။

16/11/2024

မန္တလေးမြို့က Ayearwaddy International School မိသားစုရဲ့ စုပေါင်းမဟာဘုံကထိန်အလှူမှာ #လင်းဏေ ၏ #မက်ဂျစ်ရှိုး
Heaven Born Magic Entertainment



13/11/2024

illusion Magic Art (အီလူးရှင်းမက်ဂျစ်ပညာ)
#အာရုံလှည့်အနုပညာ

ဆရာလင်းဏေ နဲ့ Heaven Born Magic Group မှတင်ဆက်သော အာရုံလှည့်အနုပညာ။

28/10/2024

#ဟာသမက်ဂျစ် (Comedy Magic 🎩🪄)
လင်းဏေ ၊ ကျော်ထူး ၊ ကင်းကောင်
တစ်ချိန်က ဈေးရောင်းပွဲတော်တွေမြို့ပေါင်းများစွာ Mobile Stage နဲ့ဖျော်ဖြေခဲ့စဉ်က.....

25/10/2024

#မက်ဂျစ်ရှန်_လင်းဏေ
မကြာခင်မှာShow ‌တွေပြန်စလက်ခံတော့မဲ့ကျွန်တော့်အတွက် Hip Hop သီချင်းတစ်ပုဒ် မေတ္တာနဲ့ဖန်တီးပေးပါသော ချစ်သူချော့တေးပိုင်ရှင် Rapper ဗိုက်ပြဲ ကိုကျေးဇူးအများကြီးတင်ပါတယ်။
Magician Lynn Nay

COVID ကာလကတည်းက ကျွန်တော့် Magic Show တွေနားထားတာအခုချိန်အထိပါပဲ။ မကြာခင်ပြန်လည်စတင်လည်ပတ်ပါတော့မယ်။မွေးနေ့ပွဲ၊အလှူပွဲ၊ company Promotion Show, Dinner Party များကအစ Event အမျိုးမျိုးကိုလက်ခံဆောင်ရွက်ပေးနေပါပြီ။

10/10/2024

Matrix Levitation ခြေထောက်တစ်ဖက်ထောက်ပြီးလေပေါ်မှာပျံဝဲပြခြင်းအကြောင်း ပညာရပ်ဆိုင်ရာဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။ ဆရာလင်းဏေ တင်ဆက်သည်။

30/09/2024

#နိုင်ငံတကာမှလေပေါ်ပျံလူသားများ
၎င်းတို့ရဲ့သမိုင်းနဲ့ ဗဟုသုတရဖွယ် သိပ္ပံနည်းကျလှည့်စားခြင်းသီဟိုရီတစ်ခုကို နိုင်ငံကျော် မက်ဂျစ်စတား ဆရာလင်းဏေ မှအခုလိုဘာသာပြန်ဆိုတင်ဆက်လိုက်ပါတယ်။
Heaven Born Magic Creation

27/09/2024

#ကျွန်‌‌တော်နှင့်အပျော်တမ်းမက်ဂျစ်ပြကွက်များ_၁
လက်ဖက်ရည်ဆိုင်ထိုင်ရင်းကိုယ့်ကိုMagician မှန်းသိတဲ့မိတ်ဆွေတွေနဲ့တွေ့ဖြစ်ရင် သူတို့ကတစ်ကွက်နှစ်ကွက်ပြခိုင်းလေ့ရှိကြပါတယ်။
ကိုယ့်အနေနဲ့ကလဲဒီလိုအားပေးချင်တဲ့မိတ်ဆွေသစ်တွေဆိုရင် တစ်ခုမဟုတ်တစ်ခုတော့အမြဲ Suprise လုပ်ပြတတ်ပါတယ်။
အခုပြကွက်လေးက #သုံးနှစ်သားဓါတ်ပုံ လို့လဲခေါ်တယ် #ဖဲချပ်ကင်မရာ လို့လဲခေါ်တယ် သွားလေရာအိပ်ထဲမှာစောင်ထားလို့ကောင်းတဲ့ဟာသပြကွက်လေးတစ်ခုပါ။
အမှန်ကဒီလိုပြကွက်လေးတွေဟာသူငယ်ချင်းမိတ်ဆွေတွေကြားမှာအပျော်တမ်းပြကွက်လေးတွေပါ။သို့ပင်မဲ့ခုချိန်ခါ မြန်မာပြည်မှာ Magic ပညာရှင်၊ဝါသနာရှင် မရှိသလောက်နည်းပါးပျောက်ကွယ်နေတာမြင်တွေ့ရပါလိမ်မယ်။ ဒီလိုနဲ့ အပျော်တမ်းမက်ဂျစ်ပြကွက်များတိမ်မြှုပ်ပျောက်ကွယ်သွားမည်ကိုတွေးပူမိ၍ မိမိလက်လှန်းမိသလောက်အခြေခံ #မက်ဂျစ် ပြကွက်များကို ရိုးရှင်းသောတင်ဆက်မှုများဖြင့်ပြန်လည်တင်ဆက်လိုက်ပါသည်။
#လင်းဏေ

25/09/2024

Magic Rope Trick (1) Performance Only By Myanmar Magician Lynn Nay.
ကျွန်‌တော်တို့မက်ဂျစ်အနုပညာမှာကြိုးတွေကိုအသုံးပြုပြီးပြတဲ့ပြကွက်တွေအများကြီးရှိပါတယ်။ ၎င်းကြိုးပြကွက်တွေကို Magic Rope Tricks (ထရစ်) လို့ခေါ်ပါတယ်။ ကြိုးပြကွက်တွေမှာ illusionကြိုးပြကွက်နဲ့ Hand Tricks ကြိုးပြကွက်နှစ်မျိုးထပ်ခွဲခြားထားပါတယ်။ ယခုကျွန်တော့်ရဲ့တင်ဆက်မှုမှာ ပထမပိုင်း Hand Trick ဖြစ်ပြီး နောက်ပိုင်းအနီကြိုးအထုံးဟာ အဖြူကြိုးနဲ့တစ်သားထဲဖြစ်သွားတာ illusion (အာရုံလှည့်) ပညာပိုင်း ပေါင်းစပ်လိုက်တာပါ။ မြန်မာပရိသတ်တွေသိဖို့လိုလာပြီမို့ရှင်းပြပေးတာပါ။

#ကြိုးမက်ဂျစ် #အာရုံလှည့်အနုပညာ #လင်းဏေ

22/09/2024

CUBE MAGIC (iQ Magic) ကျုမက်ဂျစ်
#လက်ဖျောက်တစ်ချက်iQTest
🥰🎩စာလေးကိုအစအဆုံးဖတ်ပေးပါ👇
ဉာဏ်ရည်ထက်မြတ်စေတဲ့ ကုဗတုံးဆက်မက်ဂျစ်ပြကွက်ဟာ ကမ္ဘာမှာပါလက်ရှိ Topical Talent တစ်ခုဖြစ်လာပါတယ်။ နိုင်ငံတကာ Got Talent ပြိုင်ပွဲတွေမှာထိပ်တန်းပြေးနေတဲ့သူတွေဟာ Magicians တွေပါ။
ဒါကိုလဲကမ္ဘာပရိသတ်ကလက်ခံနားလည်ထားပြီးဖြစ်ပါတယ်။ပြီခဲ့တဲ့ 2020 မှာ Cube Magic ကို တရုတ်နိုင်ငံက 9နှစ်သားလေးက 2မိနစ်နဲ့ ကမ္ဘာ့စံချိန်ကိုချိုးခဲ့ပါတယ်။
နောက်ပိုင်းမှာသူ့ထပ်သာတဲ့လူငယ်လေးတစ်ယောက်ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။သူကတော့ 30 စက္ကန့်နဲ့ Cube ကိုပရိသတ်ရှေ့မှာအမြန်ဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။
ပညာရပ်အသီးသီးဟာအချိန်ကာလနဲ့တစ်ပြေညီ Upgrade လုပ်နေကြတာမို့ ယခု 2024 မှာတော့ #လက်ဖျောက်တစ်ချက်တီးဖော်မြူလာ ကိုကမ္ဘာ့မက်ဂျစ်ပညာရှင်များက Theory ထုပ်နိုင်ခဲ့ပါပြီ......
ကျွန်တော်တို့နိုင်ငံမှာလဲ ... ပရိသတ်သာအားပေးမြှောက်စားရင် ...နိုင်ငံတော်ကသာ Support ပေးရင်........
ကျွန်တော်တို့ဒီထပ်ပိုတာတွေလုပ်ပြနိုင်ပါလိမ့်မယ်။
လင်းဏေ (မြန်မာမက်ဂျစ်ရှန်များအားလုံးကိုယ်စားပြု)

19/09/2024

#ကြိုးပရိယာယ်
ပွဲဈေးတွေမှာမြင်တွေ့ရတဲ့ကြိုးထိုးခြင်းကစားနည်းတစ်ခုကို မိတ်ဆွေတို့လဲ ဗဟုသုတရဖို့လုပ်ဆောင်နည်းကိုပြန်လည်မျှဝေပေးထားပါတယ်။
ဒါရိုက်တာ~ လင်းဏေ စီစဉ်ရိုက်ကူးပြီး Heaven Born Magic အဖွဲ့မှပညာရှင်များသရုပ်ဖော်သည်။

18/09/2024

Magic is Magic 🎩🪄
Magic Knowledge (မက်ဂျစ်ပညာဆိုင်ရာဗဟုသုတ)
🙏ဆရာလုပ်တာမဟုတ်ပါခင်ဗျာ အားလုံးကိုရိုသေလေးစားစွာ မျှဝေပေးတာပါ။
ခေတ်အရရော..... နိုင်ငံတကာအထိထိုးဖောက်နိုင်မှုပိုင်းအရရော.... တစ်ချို့ဗိုလ်လိုမှအထင်ကြီးကြတဲ့မနုတ်တွေအတွက်ရော .... ကျွန်တော်တို့ပညာရပ်ကို #မက်ဂျစ်ပညာ လို့များများခေါ်ဝေါ်သမုဒ်ဖို့လိုလာပါပြီ။
နှုတ်ကျိုးနေပြီးသောဆရာများ၊ပညာရှင်များကိုမဆိုလိုပါဖူးခင်ဗျာ။
တတ်သစ်စ Beginners Magicians များအတွက်ပါ။
ကျွန်တော်တို့တင်ဆက်သူတွေကပြောင်းမှ ပရိသတ်ကပြောင်းလဲလာမှာပါ .....
Lynn Nay (Myanmar Magician)

17/09/2024

DRAMA MAGIC (Since 2010)
ဒါရိုက်တာ ~ လင်းဏေ ရိုက်ကူးပုံဖော်သည်။
မက်ဂျစ်အနုပညာ နှင့် ရုပ်ရှင်အနုပညာ ပေါင်းစပ်သရုပ်ဖော်ထားပါသည်။

10/09/2024

Million Flowers Magic Gallery Performance By Myanmar Magician Lynn Nay.
ဒီပြကွက်လေးကို မီလီယံဖလားဝါးမဲဂျစ်ပြခန်းလို့ခေါ်ပါတယ်။ ၁၉၉၆ ခုနှစ်ကLinking Ring လို့ခေါ်တဲ့ မက်ဂျစ်ပညာရပ်အကြောင်းသီးသန့်ထုပ် မဂ္ဂဇင်းစာအုပ်တစ်ခုမှာ ဒီပြကွက်ရဲ့လုပ်နည်းစနစ်လေးကိုစတင်လေ့လာဖူးခဲ့တယ်။ (၎င်းစာအုပ်က US ကထုပ်ပါတယ်)
အဲ့အချိန်တုန်းကဒီပညာရပ်တွေဟာမြန်မာပြည်မှာ အရမ်းမထွန်းကားသေးပါဖူး။မြန်မာမှာ မက်ဂျစ်ပညာရှင်စစ်စစ်လက်ချိုးရည်တွက်လို့လက်တစ်ဖက်မပြည့်တဲ့ခေတ်ကပေါ့။
ဒီ မီလီယံဖလားဝါး လို့ခေါ်တဲ့ပန်းပွင့်လေးတွေလက်ထဲပွားများတဲ့ပြခန်းကို ကျွန်တော်လိုက်လုပ်ကြည့်ခဲ့ပါတယ်။ Magic ပညာကထင်ထားသလောက်တော့လွယ်မနေပါဖူး။ ဒီပန်းပွင့်လေးဖြစ်လာဖို့ ကိုယ်တိုင်တီထွင်ဖန်တီးရပါတယ်။ (ပြကွက်အားလုံးကိုယ်တိုင်လုပ်ကြရတာများပါတယ်) ပန်းပွင့်လေးဖြစ်လာဖို့ ‌ကာလာပလပ်စတစ်ချပ်တွေရှာရတယ်။ ယပ်တောင်ခေါက်သလို သူ့ရဲ့စနစ်ကျတဲ့ပန်းပွင့်ပုံဖြစ်လာဖို့ အိုရီဂါမီနည်းပညာကိုသုံးရပါတယ်။
ဒါနဲ့မပြီးသေးပြန်ဖူး ပရိသတ်ရှေ့မှာပန်းထပွင့်ဖို့ ရူပဗေဒနည်းကိုတစ်ခါထပ်ယူသုံးပြပြန်ပါရော။ ခေါက်ထားတဲ့ပန်းပွင့် ပွင့်ဟလာဖို့ စပ္ပရင်း(စက်ပရိန်) စနစ်ကိုထည့်သုံးရပါတယ်။စပ္ပရင်စနစ်ဆိုလို့ ကုန်မာဆိုင်က စက်ပရိန်တွေဝယ်ထည့်ရတယ်မထင်ပါနဲ့ဦး.....
လက်ထဲမှာလဲလိုသလို ဟန်းထရစ်ကစားလို့ရရဦးမယ်၊ ချောမွတ်ပြီး လက်ထဲမှအသာအယာပျောက်နေအောင် နေရာချထားရဦးမှာမို့ပါ။
ဒါကြောင့် မက်ဂျစ်စပ္ပရင်းနည်းစနစ်ကိုပဲသုံးရပါတယ်။ဖလင်ပြားအထူကို လိုချင်သလောက်ဒီဂရီမှာထားပြီး အသားသေသွားအောင် ရေဆူအမှတ်မှာအပူပေးရပါတယ်။
တကယ်အလုပ်ရှုပ်တဲ့ပညာပါ ....
ပြီးပြီလားဆိုတော့ မပြီးသေးပြန်ပါဖူး ၊ပရိသတ်ကိုတင်ပြမှုအပိုင်းကထပ်လေ့ကျင့်ရပြန်ပါသေးတယ်။ လက်ထဲမှာ ပန်းတွေတန်ခိုးနဲ့ရောက်‌လာသလိုတူအောင် ဟန်းထရစ်နည်းစနစ် ၊ မျက်နှာပေး၊ကိုယ်နေဟန်ပန်၊တင်ဆက်မှုစတဲ့ သရုပ်ဆောင်မှုတွေ .....
ဒါမျိုးကပြကွက်တိုင်းလုပ်ရတာပါ..... တကယ်မလွယ်ပါဖူး၊ အထွေထွေဗဟုသုတအများကြီးလိုအပ်ပါတယ်။
Magic ကိုအပျော်တမ်းစလေ့လာပြီးရင် နောက်ပိုင်းဆက်မလုပ်နိုင်တော့အောင်လက်ဖြားခါသွားတဲ့ဝါသနာရှင်တွေများပါတယ်။
ဒါကြောင့်လဲ ကမ္ဘာမှာပါ Magicians ဆိုတာအခြားအနုပညာသမား‌တွေထပ်ရှားပါးနေတာပါ ....

#မက်ဂျစ်လင်းဏေ (တင်ပြသည်)

Address

Yangon

Telephone

+959260026024

Website

Alerts

Be the first to know and let us send you an email when Heaven Born Magic Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category