Silver Sea Event Management

Silver Sea Event Management One of the Leading Exhibition & Events Organizing Service in Myanmar The 1st Online International Livestock and Agriculture Show in Myanmar.
(9)

18/09/2023

Myanmar 8 Build Expo
Myanmar Real Estate and Property Expo
Myanmar EV & Renewable Energy Show 2023
at YCC, Yangon.
18-20 August 2023

18/09/2023

Myanmar 8 Build Expo news telecast

Myanmar Real Estate & Property Expo 2023မှာGold Sponsor ဖြစ်တဲ့ "Steel Stone Group of Companies'' မှ ပါဝင်မှုတစ်စ်တ်တစ်ပ...
19/08/2023

Myanmar Real Estate & Property Expo 2023မှာ
Gold Sponsor ဖြစ်တဲ့ "Steel Stone Group of Companies'' မှ ပါဝင်မှုတစ်စ်တ်တစ်ပိုင်းပဲဖြစ်ပါတယ်

♦ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲ ကြီးအတွင်းမှာ အောက်ပါ ဆွေးနွေးပွဲ ကြီးကို20 August 2023 မှာ ကျင်းပသွားမှာ ဖြစ...
19/08/2023

♦ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲ ကြီးအတွင်းမှာ အောက်ပါ ဆွေးနွေးပွဲ ကြီးကို
20 August 2023 မှာ ကျင်းပသွားမှာ ဖြစ်လို့ စိတ်ပါဝင်စားသူအိမ်ခြံမြေရင်းနှီးလိုသူ များကို ဖိတ်​ခေါ်လိုက်ပါတယ်။

🔵 ဒါ့အပြင် ပြ ပွဲလာ ဧည့်သည်တော်များကိုကံစမ်းမဲအဖြစ် Melia Hotel မှာ Staycation အစီအစဥ်များ ထည့်သွင်းစီစဥ်ပေးထားတာဖြစ်လို့ ကျန်ရှိနေတဲ့ သြဂုတ် ၁၉ -၂၀ (စနေ-တနင်္ဂနွေ)နေ့များမှာအချိန်မှီ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ

🔶 ဟော ​​ေ​ပြာပွဲနေရာ - အင်းယားလိတ်ဟိုတယ်ဝင်း (Inya Lake Hotel Compound) ဦးထွန်းငြိမ်းလမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့

📢🎉 ပြပွဲလာရင်း Staycation ကြမယ်♦ ပထမဆုံးအကြိမ် ရန်ကုန်မှာကျင်းပပြုလုပ်မဲ့ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ဆိုလာ၊ လျှပ်စစ်...
16/08/2023

📢🎉 ပြပွဲလာရင်း Staycation ကြမယ်

♦ ပထမဆုံးအကြိမ် ရန်ကုန်မှာကျင်းပပြုလုပ်မဲ့ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ဆိုလာ၊ လျှပ်စစ်ကားပြပွဲကြီးကို သြဂုတ်လ ၁၈ ရက်မှ ၂၀ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်
🔶 ပြပွဲကြီးကို လာရောက်ကြည့်ရှုအားပေးကြတဲ့ ဧည့်သည်တော်များကို အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့က 5 star အဆင့်ရှိ Melia Hotel ကြီးမှာ Staycation လုပ်နိုင်ဖို့ Gift Voucher များကို ပြပွဲ ကာလ ၃ရက်လုံးလုံး ကံစမ်းမဲဖောက်သွားပေး မှာြဖစ်ပါတယ်
🔰 ဒါ့အပြင် Dinner ၊ Brunch ၊ Sunday Buffet နှင့် Hi Tea Set များကို နှစ်ယောက်စာ package gift voucher များကို မဲဖောက်ပေးသွားမှာဖြစ်လို့ ပြပွဲကြီးကို လာရောက်လေ့ လာကြည့်ရှုကြဖို့ဖိတ်ခေါ် လိုက်ရပါတယ်ခင်ဗျ
🗓 🗓 ပြပွဲနေ့ရက် - သြဂုတ်လ ၁၈ မှ ၂၀ ရက်နေ့ထိ
🕙🕦 ပြပွဲ အချိန် - မနက် ၁၀ နာရီ မှ ညနေ ၅နာရီထိ
🏢🏢 ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ် ဝင်းအတွင်းက Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)၊ ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီး၊

ပြပွဲအကြောင်း ပိုမိုသိရှိလိုပါက⬇️

📞09-443059422
☎ 09-43125185 သို့ ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်ခင်ဗျ🙏

🚩🏢မဟာရန်ကုန်ရဲ့ အကြီးဆုံးအိမ်ခြံမြေပြပွဲ🏢🚩🔰ငွေကြေး မတည်ငြိမ်တဲ့အချိန်မှာ ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အိမ်ခြံမြ...
14/08/2023

🚩🏢မဟာရန်ကုန်ရဲ့ အကြီးဆုံးအိမ်ခြံမြေပြပွဲ🏢🚩

🔰ငွေကြေး မတည်ငြိမ်တဲ့အချိန်မှာ ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍ မှာရင်းနှီးမြုပ်နှံမှု တွေလုပ်လိုက် ကြဖို့ ဖိတ်ခေါ် လိုက်ပါရစေ
🔰မိသားစုအတွက် နားခိုရာ အိမ်၊တိုက်ခန်းမှ သည် စီးပွားဖြစ်ရင်းနှီးမြုပ်နှံ မှုတွေ ပြုလုပ်နိုင်မဲ့ စီမံကိန်းများကို တစ်နေရာတည်း မှာ လာရောက်လေ့လာပြီးဝယ်ယူ ရင်းနှီးလိုတယ်ဆိုရင်တော့......
🔰လာမဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ၃ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမဲ့ Myanmar Real Estate & Property Expo 2023 ပြပွဲကြီးကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ် လိုက်ပါတယ်ခင်ဗျ
🔰ပြပွဲကြီးကို အဓိက ကူညီပံ့ပိုးပေးတာကတော့ Dagon Group ရဲ့
Dagon Property နဲ့ ဒညင်းကုန်းလက်ကားစျေးရုံကြီးရဲ့ ဆိုင်ခန်း တွေကို ပြသရောင်းချပေးသွားမဲ့ Myanmar Agro Exchange MAEX Public Co., Ltd တို့ပဲ ဖြစ်ပါတယ်
🔰ဒါ့အပြင် Gold Sponsor အနေနှင့် Steel Stone Group မှ ပါဝင်ထားပြီး ကမ်းခြေစီမံကိန်း၊ အိမ်ရာစီမံကိန်း နှင့် မွေးမြူရေးဇုန်မြေကွက်များကို ပြပွဲ အတွင်းအထူးစျေးနှုန်းများဖြင့်ရောင်းချပေးသွားဦးမှာဖြစ်ပါတယ်
Silver Sponsor များ အဖြစ် luxury Condominium များဖြစ်တဲ့
🔶Golden City
🔶Marga Group
🔶Yoma Group/Yoma land (Thanlin Star City, City Loft, Yoma Bank, Prudential) တို့မှ ပါဝင်ပြသသွားမှာဖြစ်ပါတယ်
အခြားသော အိမ်ရာ တိုက်ခန်းနှင့် အိမ်တွင်းသုံးပရိ‌ဘောဂများကို ပြည်တွင်းပြည်ပကုမ္ပဏီများမှ လာရောက်‌ပြသရောင်းချသွားမှာပါခင်ဗျ
🗓 🗓 ပြပွဲနေ့ရက် - သြဂုတ် လ ၁၈ရက် မှ ၂၀ ရက်နေ့ထိ
🕙🕦 ပြပွဲ အချိန် - မနက် ၁၀ နာရီ မှ ညနေ ၅နာရီထိ
🏢🏢 ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းက Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)၊ ကမ္ဘာ အေးဘုရားလမ်း ၁၀၆မှတ်တိုင်အနီးမှာဖြစ်ပါတယ်ဗျ
ပြ ပွဲ အကြောင်းပိုမိုသိရှိလိုပါက
📞09 421889565
☎ 0943125185 သို့ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်ခင်ဗျ

Coming Soon
23/01/2023

Coming Soon

24/05/2022

China, April 29 China's grain output this year is expected to hit 688 million metric tons, while the area sown is estimated to reach 118 million hectares, according to a report released recently by the Chinese Academy of Agricultural Sciences. Given the implementation of a national project to expand...

ယနေ့ရန်ကုန်ကြက်စျေး(၅/၄/၂၀၂၂)
05/04/2022

ယနေ့ရန်ကုန်ကြက်စျေး
(၅/၄/၂၀၂၂)

ngwepinlaea few seconds ago0 min readယနေ့ကြက်စျေး(၅/၄/၂၀၂၂)0 views0 commentsPost not marked as liked

03/04/2022

ယနေ့ (၃/၄/၂၀၂၂) ရန်ကုန်ကြက်စျေး သကြန်နှစ်သစ်ကူးကာလနီးကပ်လာတာနဲ့အမျှ ကြက်စျေးဆက်တိုက်ဆိုသလို တက်နေတာဖြစ်ပါတ...

တရုတ်ဝက်မွေးမြူထုတ်လုပ်မှု အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် တည်ငြိမ်ရေးစည်းဝေးတရူတ်၊ မတ် ၂၃ဝက်မွေးမြူထုတ်လုပ်မှုတည်ငြိမ်ရေးအ...
02/04/2022

တရုတ်ဝက်မွေးမြူထုတ်လုပ်မှု အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် တည်ငြိမ်ရေးစည်းဝေး

တရူတ်၊ မတ် ၂၃

ဝက်မွေးမြူထုတ်လုပ်မှုတည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တစ်ရပ်ကို မတ်လ၂၂ ရက်နေ့က ဘေကျင်းတွင် ကျင်းပရာ...

အောက်ပါပုံကိုနှိပ်၍ဆက်လက်ဖတ်ရှုနိုင်ပါပြီ

တရုတ်၊ မတ် ၂၃ ဝက်မွေးမြူထုတ်လုပ်မှုတည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တစ်ရပ်ကို မတ်လ၂၂ ရက်န.....

09/02/2021
09/02/2021
31/12/2020
30/12/2020

Dehus 🤝 Mandalay Yoma Solar Power Projec

27/12/2020
27/12/2020

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဗဟုသုတမျှဝေခြင်းအစီအစဉ်

ဒေါက်တာထွန်းဇော် (ပိန်ညောင်) က “Good Manufacturing Practice" ခေါင်းစဉ်နဲ့ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဗဟုသုတမျှဝေခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ Zoom Application မှတဆင့် ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်တွင် Zoom နဲ့ ပါဝင်နိုင်မည့် အရေအတွက်ကတော့ လူဦးရေ (၁၀၀) ကန့်သတ်ထားတာဖြစ်ပြီး တက်ရောက်ခွင့်ရသူတွေအနေနဲ့ မေးခွန်းများကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိတဲ့အတွက် Zoom နဲ့တက်ခွင့်မရတဲ့သူတွေအနေနဲ့ Pein Nyaung ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့်လည်း ဒီအစီအစဉ်ကိုတိုက်ရိုက်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

တက်ရောက်လိုပါက အောက်ပါလင့်တွင်စာရင်းပေးသွင်းနိုင်ပါတယ်။

https://bit.ly/GMP_DrTunZaw

Merry Christmas , Dear Friends.
24/12/2020

Merry Christmas , Dear Friends.

19/12/2020

MFVP - E-commerce Series (Day 2)

16/12/2020

မြန်မာ့သစ်သီးဝလံ ၄.၀ ဆွေးနွေးပွဲအစီအစဉ်များ

🔹 အပိုင်း(၁) E-Commerce စီးရီးရဲ့ ဒုတိယနေ့ "ဒစ်ဂျစ်တယ်နည်းပညာသုံး၍ စိုက်ပျိုးခြင်း၊ကုန်ပစ္စည်းထုတ်ပိုးခြင်း" ခေါင်းစဉ်ဖြင့် ဒီတစ်ပတ် စနေနေ့ (၁၉.၁၂.၂၀၂၀) ရက်နေမှာ ဒေါက်တာဇော်လင်းမှ ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

ဒီတစ်ပတ်မှာတော့

🔹 အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များရှာဖွေခြင်း
🔹 နည်းပညာသုံး၍စိုက်ပျိုးခြင်း
🔹 အာရုံခံကိရိယာများနှင့် စိုက်ပျိုးမွေးမြူရေး
🔹 ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသုံးပြုနေသည့်စိုက်ပျိုးရေး
🔹 နည်းပညာသုံးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ
🔹 အရည်အသွေးပြည့်မှီလာခြင်း၏အကျိုးကျေးဇူးများ
🔹 ဒေသတွင်းနိုင်ငံများတွင် နည်းပညာအသုံးချမှု
🔹 မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအ‌ခြေအနေ
🔹 နိုင်ငံအလိုက် မိုဘိုင်းဆက်သွယ်ရေးအခြေအနေ ၂၀၁၉
🔹 စက်ပစ္စည်းသုံး၍ ကုန်ပစ္စည်းများထုတ်ပိုးခြင်း
🔹 ကုန်ပစ္စည်းကို ဝယ်ချင်အောင်ဓာတ်ပုံလှလှရိုက်ခြင်း
🔹 ကုန်ပစ္စည်း၏အချက်အလက်များကို ထည့်သွင်းခြင်း
🔹 ကုပစ္စည်းကို ဝယ်ချင်အောင်ပြုပြင်ခြင်း

စတဲ့ အကြောင်းအရာများကို ဟောပြောဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက်တက်ရောက်နားဆင်၍ သိလိုတာများကို မေးမြန်းနိုင်ရန်အတွက် Zoom Webinar သို့ကိုယ်တိုင်တက်ရောက်မေးမြန်းဆွေးနွေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်

Join the webinar
===========

Webinar ID - 897 6667 8165
Passcode - 560303

Link
https://us02web.zoom.us/j/89766678165?pwd=WndMVG1sTmJxdm5xaUxsa2lZeGtjUT09

🌐 ဒစ်ဂျစ်တယ်နည်းပညာသုံး၍ စိုက်ပျိုးခြင်း၊ကုန်ပစ္စည်းထုတ်ပိုးခြင်း
📅 ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ (၁၉)ရက်၊စနေနေ့
⏰ ညနေ ၆:၃၀ နာရီမှ ၈ နာရီ အထိ
နေရာ Zoom Meeting

14/12/2020

နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာပြီးနောက် တရုတ်သို့အမဲသားတင်ပို့ခွင့် တားမြစ်ခံရသည့် ဩစတြေးလျကုမ္ပဏီ ယခုနှစ်အတွင်း ၆ ခုအထိရှိလာ

ပေကျင်း၊ ဒီဇင်ဘာ ၇
ဩစတြေးလျကုမ္ပဏီ Meramist Pty Ltd ထံမှ အမဲသားတင်သွင်းမှုကို ရပ်ဆိုင် လိုက်ကြောင်း တရုတ်က ဒီဇင်ဘာ ၇ရက်တွင် ထုတ်ပြန်ပြောဆိုသည်။
တရုတ်သို့ အမဲသားတင်ပို့မှု တားမြစ်ခံရသည့် ဆဋ္ဌမမြောက် ဩစတြေးလျကုမ္ပဏီလည်း ဖြစ်သည်။ တရုတ်သည် အညွှန်းစာတပ် ခြင်းနှင့် ကျန်းမာရေးသက်သေခံလက်မှတ် ပြဿနာများကို အကြောင်းပြကာ ဩစတြေးလျ၏ အကြီးဆုံးအသားပြုပြင်ထုတ်လုပ်ရေး ကုမ္ပဏီလေးခုထံမှ အမဲသားမှာယူမှုကို မေတွင် ရပ်တန့်ခဲ့သည်။ ထို့အတူ ပဉ္စမမြောက် စက်ရုံထံမှလည်း အမဲသားတင်သွင်းမှုကို ဩဂုတ်လတွင် ရပ်ဆိုင်းခဲ့သည်။

ယခုတစ်ခါတွင်လည်း Meramist စက်ရုံမှ တရုတ်သို့ အမဲသားတင်ပို့ရန် လျှောက်လွှာနှင့် မှတ်ပုံတင်လျှောက်ထားမှုများကို တရုတ် က ဒီဇင်ဘာ (၇) ရက်မှစကာ လက်မခံတော့ ပေ။ အကြောင်းပြချက်မပေးဘဲ တရုတ်အထွေ ထွေအကောက်ခွန်ကွပ်ကဲရေးဌာနက ထိုကဲ့သို့ ငြင်းပယ်ခြင်းဖြစ်သည်။
ဩစတြေးလျနှင့် ၄င်း၏ထိပ်တန်းကုန်သွယ်ဘက် တရုတ်တို့၏ဆက်ဆံရေးအေးစက်နေသည်မှာ အချိန်အတော်ကြာမြင့်နှင့်နေပြီးဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်စတင်ရာ ဇစ်မြစ်နှင့် စပ်လျဉ်းပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း ဩစတြေးလျက တောင်းဆိုလာပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ဆိုးရွားသွားခြင်းလည်းဖြစ်သည်။

KZT
Source - ရိုက်တာစ်

ဘရာဇီးလ်ပဲပိစပ်စိုက်ခင်းများတွင် ဟွာဝေးဖိုက်ဂျီနည်းပညာသုံးသည့် ကနဦးစီမံကိန်းစတင်ဘရာဇီးလီးယား၊ ဒီဇင်ဘာ ၄Huawei နည်းပညာကုမ...
10/12/2020

ဘရာဇီးလ်ပဲပိစပ်စိုက်ခင်းများတွင် ဟွာဝေးဖိုက်ဂျီနည်းပညာသုံးသည့် ကနဦးစီမံကိန်းစတင်

ဘရာဇီးလီးယား၊ ဒီဇင်ဘာ ၄
Huawei နည်းပညာကုမ္ပဏီကြီး၏ ဖိုက်ဂျီနည်းပညာနှင့် ပစ္စည်းများသုံးကာ သီးနှံရောဂါကာကွယ်ရေးနှင့် ထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းတစ်ခုကို ဘရာဇီးလ်နိုင်ငံ၏ Goias ပြည်နယ်တွင် ဒီဇင်ဘာ ၃ ရက်က စတင်ခဲ့သည်။
လာမည့်နှစ်တွင် ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများထံ ဟွာဝေး၏ ဖိုက်ဂျီအင်တာနက်နည်းပညာ အသုံးပြုခွင့်ပေးသင့်၊ မပေးသင့်ကို ဘရာဇီးလ်အစိုးရက စဉ်းစားနေချိန်တွင် ပဲပိစပ်စိုက်ပျိုးရေးလုပ်ငန်းအတွက် အဆိုပါနည်းပညာအသုံးပြုသော ကနဦးစီမံကိန်း ပေါ်လာခြင်းဖြစ်သည်။
ပဲပိစပ်စိုက်ခင်း၊ သီးနှံရိတ်သိမ်းစက်နှင့် ဒရုန်းတို့တွင် တပ်ဆင်ထားသော အာရုံခံကိရိယာများမှတဆင့် ဖိုက်ဂျီအင်တာနက်သုံးကာ အချက်အလက်များ စုစည်းရယူနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မိုးလေဝသနှင့် စိုထိုင်းဆဒေတာတို့နှင့် အလွယ်တကူပေါင်းစပ်နိုင်မည် ဖြစ်ကြောင်း ဟွာဝေးဘရာဇီးလ်မားကတ်တင်းဒါရိုက်တာ တီယာဂိုဖွန်တေးစ်က ပြောသည်။
အချိန်နှင့်တပြေးညီ cloud data processing နှင့် ဖိုက်ဂျီနည်းပညာတို့ကို ပေါင်းစပ်ကာ တောင်သူများက သီးနှံရောဂါနှင့် အခြားအန္တရာယ်များကို ဖြေရှင်းရန် သတင်းအချက်အလက်များ တစ်နာရီအတွင်း ရရှိမည်ဖြစ်ကြောင်း၊ အရင်က သုံးရက်ကြာကြောင်း ၄င်းက ပြောသည်။
၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ဆက်သွယ်ရေးအာ်ပရေတာကုမ္ပဏီများအား spectrum frequencies နှင့် စပ်လျဉ်းပြီး လိုင်စင်ပေးမည်ဖြစ်ရာ ဟွာဝေး၏ဖိုက်ဂျီ ကွန်ရက်နည်းပညာကိုလည်း ချန်မထားကြောင်း Folha de S.Paulo သတင်းစာက ဘရာဇီးလ်အစိုးရသတင်းအရင်းအမြစ်များအား ကိုးကားလျက် ဒီဇင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။
ထရမ့်အစိုးရကလည်း လုံခြုံရေးစိတ်မချရ ဟုဆိုကာ ဟွာဝေးဖိုက်ဂျီနည်းပညာနှင့် ပစ္စည်းကိုမသုံးစွဲဖို့ ဆော်ဩထားရာ ဟွာဝေးအား ခွင့်ပြုသင့်၊ မသင့်ဆုံးဖြတ်ရန် ဘရာဇီးလ် လက်ယာစွန်းသမ္မတ ဘိုလ်ဆိုနာရို အခက်တွေ့နေရသည်။
KZT
Source - ရိုက်တာစ် See less

စားနပ်ရိက္ခာအလေအလွင့်လျော့ချရေး နည်းလမ်းရရှိရန် ဒေါ်လာသန်း ၂၀ သုံးကာ ကနေဒါ ပြိုင်ပွဲကျင်းပနိုဝင်ဘာ ၂၂''စားနပ်ရိက္ခာ အလေအ...
10/12/2020

စားနပ်ရိက္ခာအလေအလွင့်လျော့ချရေး နည်းလမ်းရရှိရန် ဒေါ်လာသန်း ၂၀ သုံးကာ ကနေဒါ ပြိုင်ပွဲကျင်းပ

နိုဝင်ဘာ ၂၂
''စားနပ်ရိက္ခာ အလေအလွင့်လျော့ချရေး စိန်ခေါ်ချက်'' ပရိုဂရမ်အောက်တွင် ပထမပြိုင်ပွဲနှစ်မျိုးကို ကနေဒါစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ချပြလိုက်သည်။
ကနေဒါစားနပ်ရိက္ခာ ထုတ်လုပ်မှု၏ တစ်ဝက်ကျော် နှစ်စဉ်အလေအလွင့် ဖြစ်နေရကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၉ ဒသမ ၅ ဘီလျံရှိကြောင်း ခန့်မှန်းထားသည်။
ဝန်ကြီးဘီဘူက ''အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာအလေအလွင့် လျော့ချဖို့ လိုအပ်ပါတယ်။ ဒီလိုလျှော့ချခြင်းအားဖြင့် စားသုံးသူရဲ့ပိုက်ဆံချွေတာနိုင်မှာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုမှာပါ။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း သိသိသာသာ လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ကနေတဆင့် supply chain တလျှောက် စားနပ်ရိက္ခာအလေအလွင့် လျော့ချရေးနည်းလမ်းအသစ်တွေကို ကျွန်မတို့ အစိုးရအနေနဲ့ ရှာဖွေနေတာပါ'' ဟုပြော သည်။
ထုတ်လုပ်ရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ ဖြန့် ချိရေး၊ လက်လီရောင်းဝယ်ရေး၊ အစားအသောက်ဝန်ဆောင်မှုနှင့် အိမ်စသည့် supply chain တလျှောက် စိုက်ပျိုးရေး မွေးမြူထုတ်လုပ်ရာနေရာမှ ပန်းကန်ပေါ်ရောက်သည်အထိ စားနပ်ရိက္ခာအလေအလွင့် ရှိနေသည်။
ပြိုင်ပွဲ A နှင့် B အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီ ဖြစ်သည်။
ပြိုင်ပွဲတွင် အဆင့်ဆင့်ဖြတ်ကျော်ရမည်ဖြစ်ကာ အဆင့်တိုင်း၌ ကျွမ်းကျင်သူဒိုင်အဖွဲ့၏ ရွေးချယ်ခြင်းခံရသူများကို ဆုငွေချီးမြှင့်မည် ဖြစ်သည်။ ထို့အတူ ပြိုင်ပွဲ A နှင့် B တွင် နောက်ဆုံးအဆင့်၌ ဆုရရှိသူတစ်ဦးစီကို ဆုငွေဒေါ်လာ ၁ သန်းခွဲ ချီးမြှင့်မည်ဟု သိရ သည်။
စားနပ်ရိက္ခာအလေအလွင့် ပမာဏအများဆုံးလျော့ချပေးနိုင်မည့်နည်းလမ်း ဖော်ထုတ်နိုင်သူများကို ထောက်ပံ့ပေးမည် ဖြစ်သည်။
ဤပရိုဂရမ်အတွက် ကနေဒါအစိုးရက ဒေါ်လာသန်း ၂၀ သုံးစွဲခွင့်ပြုထားသည်။ နောက်ထပ်ပြိုင်ပွဲ C နှင့် D တို့အတွက် ၂၀၂၁ ခုနှစ် နွေဦးရာသီတွင် ကျင်းပရန် စီစဉ်ထားကာ စားနပ်ရိက္ခာသက်တမ်းဆွဲဆန့်နိုင်မည့် နည်းပညာ (ဝါ) စားနပ်ရိက္ခာအလေအလွင့် မဖြစ်အောင် ပြောင်းလဲနိုင်မည့်နည်းပညာတို့ အတွက် ရည်ရွယ်ထားသည်ဟု သိရသည်။
ပြိုင်ပွဲများတွင် နိုင်ငံခြားသားများလည်း ကနေဒါနိုင်ငံသားပါတနာနှင့်အတူ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း (ဝါ) ကနေဒါတွင် စီးပွားရေးလုပ်ငန်းမှတ်ပုံတင်နိုင်သော နိုင်ငံခြားသားများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ကနေဒါနိုင်ငံသည် ''ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ်ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်'' သဘောတူညီချက်တွင်လည်း လက်လီရောင်းဝယ်ရေးနှင့် စားသုံးသူအဆင့်တို့၌ စားနပ်ရိက္ခာအလေအလွင့်ကို လူတိုင်းတဝက်လျော့ချနိုင်ရေး၊ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်တလျှောက် စားနပ်ရိက္ခာအလေအလွင့် လျော့ချရေးတို့အတွက် ရည်ရွယ်ထားသည်။
ကနေဒါအစိုးရသည် ကိုဗစ်ကာလအတွင်းတွင်လည်း ပိုလျှံစားနပ်ရိက္ခာများကို စုဆောင်းကာ စားနပ်ရိက္ခာအခက်အခဲကြုံနေသည့် ဆင်းရဲနွမ်းပါးသော ပြည်သူများထံ မျှဝေပေးသော အစီအစဉ်တစ်ရပ်ကိုလည်း ဖော်ဆောင်နေကာ စားနပ်ရိက္ခာအလေအလွင့် လျော့ချရေး ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်းမှာ စားနပ်ရိက္ခာအလေအလွင့်ကြောင့် ဖြစ်ရသည်။
KZT
Source - The Poultry Site See less

စံမမီသော ငါးသားပေါက်၊ မျိုးငါးများထံမှ အကျိုးအမြတ်ရှာဖွေပေးသော ငါးဇီဝိန်​ခြွေစက်နိုဝင်ဘာ ၁၆ ငါးသားဖောက်စခန်းများအနေဖြင့်...
25/11/2020

စံမမီသော ငါးသားပေါက်၊ မျိုးငါးများထံမှ အကျိုးအမြတ်ရှာဖွေပေးသော ငါးဇီဝိန်​ခြွေစက်

နိုဝင်ဘာ ၁၆
ငါးသားဖောက်စခန်းများအနေဖြင့် Ace Aquatec ကုမ္ပဏီ၏ ငါးဇီဝိန်​ခြွေစက် သုံးခြင်းဖြင့် စံမမီသော ငါးသားပေါက်အလေအလွင့် များမှ အကျိုးအမြတ်များ ရရှိလျက်ရှိသည်။

စကော့တလန်အခြေစိုက် ကုမ္ပဏီဖြစ်ပြီး စက်အမည်မှာ Humane Stunner Universal ဖြစ်ကာ ငါးများအား ငြင်ငြင်သာသာ ဇီဝိနြွေ်ခပေးသည့် စက်ဖြစ်သည်။

စံမမီသော ငါးသားပေါက်အလေအလွင့်၊ ငါးအပိုအလျံများအား အိမ်မွေးတိရစ္ဆာန် အ စာထုတ်လုပ်သူများထံ ရောင်းချနိုင်သဖြင့် ငါး သားဖောက်စခန်းများ၏ ယင်းစက်မှာယူမှု တဟုန်ထိုးမြင့်တက်လာကြောင်း Ace Aquatec ကုမ္ပဏီက ဆိုသည်။

''အိမ်မွေးတိရစ္ဆာန်မွေးသူတွေက အရည်အသွေးကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်အစာတွေကို တန်ဖိုးကြီးအပိုခံပစ္စည်းတစ်ခုအနေနဲ့ မဟုတ်ဘဲနဲ့ ကျန်းမာရေးကောင်းကျိုးအတွက် ကြည့်လာကြတာပေါ့'' ဟု အထက်ပါ ကုမ္ပဏီ၏ ကုန်ပစ္စည်းအရောင်းဒါရိုက်တာဖြစ်သူ မိုက်ခ်ဖော့ဘ်စ်က ပြောသည်။
စံမမီသော ငါးသားပေါက်၊ မျိုးငါးများအား ပုံမှန်အားဖြင့် ကုန်ကျစရိတ်ကြီးစွာဖြင့် မေ့ဆေး၊ ထုံဆေးပေးပြီး သတ်လေ့ရှိကြောင်း၊ ထို့နောက် ၄င်းငါးများကို မီးသဂြိုဟ်စက်ထဲ ထည့်ကာ ရှင်းလင်းပစ်လေ့ရှိကြောင်း၊ သို့ရာတွင် မိမိတို့၏ Humane Stunner Universal သည် ဓာတုပစ္စည်းအသုံးမပြုဘဲ ငါးကို ငြင်ငြင်သာသာ ဇီဝိနြွေ်ခပေးနိုင်ကြောင်း၊ သို့ဖြစ်၍ ငါးများအလေအလွင့်ဖြစ်မသွားဘဲ အရည်အသွေးမြင့် အိမ်မွေးတိရစ္ဆာန်အစာ၊ ငါးကြီးဆီ၊ မွေးမြူရေးတိရစ္ဆာန်အစာထုတ်လုပ်သူများထံတွင် ရောင်းချနိုင်မည်ဖြစ်ကြောင်း မိုက်ခ်ဖော့ဘ်စ်က ရှင်းပြသည်။

အဆိုပါ စက်ဝယ်ယူအသုံးပြုသော ကာစ တန်မာတစ်ဦးဖြစ်သည့် Hendrix Genetics ကုမ္ပဏီမှ ဂျားလ်ဗင်ဒင်ဘာ့ဂ်က ''တိရစ္ဆာန် သက်သာချောင်ချိရေး ရှုထောင့်ရော၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအရပါ ကြည့်လိုက်လို့ရှိရင် ဈေးကွက်မှာ ဒီစက်က အကောင်းဆုံးနည်းလမ်းလို့ ဆိုရမယ်။ ဒါကြောင့် Ace Aquatec ရဲ့Humane Stunner Universal စက်ကို သုံးဖြစ်ခဲ့တာပါ။ ဆိုတော့ ကျွန်တော်တို့ supply chain ရဲ့ အကျိုးထိရောက်မှု၊ သက်သာချောင်ချိရေးစံနှုန်း စတာတွေကိုလည်း အိမ်မွေးတိရစ္ဆာန်အစာထုတ်လုပ်တဲ့ ကုမ္ပဏီတွေ သိအောင် ချပြလို့ရသွားတာပေါ့'' ဟု ဖွင့်ဟခဲ့သည်။
KZT
Source - The Fish Site

25/11/2020

နှစ်အနည်းငယ်ကြာ ဝယ်ယူမှုရပ်ဆိုင်းထားသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝယ်ယူခြင်းကြောင့် မြန်မာ့ဆန်ဈေးကောင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၂

Covid-19 ကာလတွင် နှစ်အနည်းငယ်ကြာ ဝယ်ယူမှုရပ်ဆိုင်းထားခဲ့သည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝယ်ယူလာခြင်းကြောင့် မြန်မာ့ဆန်ဈေးကောင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ထိုကဲ့သို့ ပြန်လည်ဝယ်ယူလာခြင်းက မြန်မာ့ဆန်အရည်အသွေးကောင်းလာခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာများ အဆင်ပြေလာခြင်းနှင့် ဈေးနှုန်းသင့်တင့်ခြင်းတို့ကြောင့်ဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်ကို ပြည်ပ နိုင်ငံပေါင်း ၆၆ နိုင်ငံနှင့် ဆန်ကွဲကို နိုင်ငံပေါင်း ၆၀ သို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်တင်ပို့မှုပမာဏကို ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်ရန် လိုအပ်သေးကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ နှစ်စဉ်ဆန်တန်ချိန်ပေါင်း ၁၃ သန်းခန့် ထုတ်လုပ်ပေးပြီး၊ ပြည်တွင်းစားသုံးမှုအနေဖြင့် တန်ချိန် ၁၀ သန်းခန့် သုံးစွဲပြီး ပိုလျှံသည်များကို တင်ပို့နေကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်နှင့် ဆန်ကွဲတန်ချိန် ဝ ဒသမ ၅ သန်းကျော် စုစုပေါင်း တန်ချိန် ၂ ဒသမ ၃သန်းကျော် တင်ပို့ခဲ့ပြီး၊ ဝင်ငွေကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်း ရရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော် နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၇၉၄ ဒသမ ၃၈၈ သန်း ရရှိခဲ့သဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာ နှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ သန်း ၈၀ ကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
April

14/11/2020

ငွေကြေးဖူလုံမှုနှင့်အာမခံအကာအကွယ် များအကြောင်းကို
AIA Myanmar မှ Financial Services Director
Dr, Zaw Zaw Aungမှ ဟောပြောဆွေးနွေးသွားမှာဖြစ်ပါတယ်

⛱ လူ​တွေရဲ့ ​နေ့စဥ်ဘဝမှာ ​တွေ့ကြုံရမယ့် ​ဘေးအန္တရာယ်​တွေ​ကြောင့် ဆုံးရှူံးမှု​တွေကို ဘယ်လို ကြိုတင် ကာကွယ် ကြမလဲ။⛱ မထင်မ...
13/11/2020

⛱ လူ​တွေရဲ့ ​နေ့စဥ်ဘဝမှာ ​တွေ့ကြုံရမယ့် ​ဘေးအန္တရာယ်​တွေ​ကြောင့် ဆုံးရှူံးမှု​တွေကို ဘယ်လို ကြိုတင် ကာကွယ် ကြမလဲ။

⛱ မထင်မှတ်ထားတဲ့အချိန်မှာ ကျန်းမာ​ရေးချို့တဲ့မှုတွေကြုံလာတဲ့အခါ ခံစားရမယ့် ဆုံးရှုံးမှု​တွေကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။

⛱ မိမိနဲ့ မိမိ မိသားစု၊ မိမိ ဝန်ထမ်း​တွေ ​ရှေ့​ရေးအတွက် ဘာ​တွေ ကြိုတင် ပြင်ဆင်ထားသင့်သလဲ။

စတာ​တွေကို ​ဆွေး​နွေးတင်ပြပါမယ်။

🕜 ​နေ့ရက် - ၁၄ နိုဝင်ဘာလ ၂၀၂၀

🕜 အချိန် - ​နေ့လည် ၁း၃၀ နာရီ

Topic: AIA Myanmar
Time: Nov 14, 2020 01:00 PM Rangoon

Join Zoom Meeting
https://us02web.zoom.us/j/82682377992?pwd=WkRqWWZIMXNTNTZ4SUE3VVNjNk53UT09

Meeting ID: 826 8237 7992
Passcode: 712171

📱အောက်ပါ page များမှ တိုက်ရိုက်
Livestream ထုတ်လွှင့်မည် ဖြစ်ပါသည်။💯✅
Silver Sea Journal-ငွေပင်လယ်ဂျာနယ်
Silver Sea Journal - Agriculture
Myanmar International Livestock and Agriculture Show✅
🇲🇲🇲🇲🇲🇲

13/11/2020

ပေါင်းစည်းလယ်ယာနှင့်ငါးမွေးမြူခြင်း
Speaker-Dr.မြင့်စိန်

🐟🐟သဘာဝ ကန်ရေပြင်ကျယ်မှာ ငါးဘယ်လို မွေးကြမလဲစပါး ငါး ဘယ်လို တွဲကြမလဲ🤔❓♦️ကန်ပေါင်ကို မပျက်ဆီးအောင် ဘာတွေ စိုက်ကြမလဲဘာတွေ မ...
12/11/2020

🐟🐟သဘာဝ ကန်ရေပြင်ကျယ်မှာ ငါးဘယ်လို မွေးကြမလဲ
စပါး ငါး ဘယ်လို တွဲကြမလဲ🤔❓
♦️ကန်ပေါင်ကို မပျက်ဆီးအောင် ဘာတွေ စိုက်ကြမလဲ
ဘာတွေ မွေးကြမလဲ
♦️သဘာဝပတ်ဝန်းကျင် မပျက်ဆီးအောင် ဘယ်လို
ထိန်းကြမလဲ❓
♦️Eco tourism ကို ဘယ်လို တွဲ နိုင်မလဲ❓
စတာတွေကို ဆွေးနွေးတင်ပြပါမယ်။
🗓နေ့ရက် ၁၃ နိုဝင်ဘာလ ၂၀၂၀
🕜အချိန် နေ့လယ် ၁:၃၀ နာရီ
📱အောက်ပါ page များမှ တိုက်ရိုက်
Livestream ထုတ်လွှင့်မည် ဖြစ်ပါသည်။💯✅
Silver Sea Journal-ငွေပင်လယ်ဂျာနယ်
Silver Sea Journal - Agriculture
Myanmar International Livestock and Agriculture Show
🇲🇲🇲🇲🇲🇲

12/11/2020

ရေချိုပုစွန်စံပြမွေးမြူရေးဟောပြောပွဲ
Speaker-Dr.ကျော်ထွန်းမြင့်

12/11/2020

ရေချိုပုစွန်စံပြမွေးမြူရေး ဟောပြောပွဲ

Speaker-ဒေါက်တာကျော်ထွန်းမြင့်

🦐🦐ရေချိုပုစွန်မွေးမြူသူတွေ အတွက် 🦐🦐♦️အောင်မြင်စွာ စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက်မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်သူမျ...
11/11/2020

🦐🦐ရေချိုပုစွန်မွေးမြူသူတွေ အတွက် 🦐🦐
♦️အောင်မြင်စွာ စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက်
မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်သူများအသင်း၏
♦️စံပြကန် Demo Farm ဆောင်ရွက်မှုနှင့် ရလဒ်များကို
မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းမှ ဥက္ကဌ ဒေါက်တာကျော်ထွန်းမြင့်က
ရှင်းလင်းဆွေးနွေးမှာ ဖြစ်ပါတယ်။
🐟🦐ငါးပုစွန် မွေးမြူသူများ🦐🐟
စိတ်ဝင်စားသူများ အားလုံးကို ဖိတ်ကြားအပ်ပါတယ်။💯✅✅

📱အောက်ပါ page များက​ ​နေ တိုက်ရိုက်
ထုတ်လွှင့် သွား မှာ ဖြစ်ပါတယ်။
🗓နေ့ရက် ၁၂ နိုဝင်ဘာလ ၂၀၂၀
🕜အချိန် နေ့လယ် ၁:၃၀ နာရီ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

👍Please Like and follow the following pages:
https://www.facebook.com/silverseajournal
https://www.facebook.com/MILAS2018

11/11/2020

ဒိန်းမတ်နိုင်ငံလုပ်အရည်အသွေးမြင့် ငါးစာများ အကြောင်းမိတ်ဆက်ဆွေးနွေးပွဲကို
Aller Aqua ကုမ္မှဏီမှဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်

🇰🇷🇰🇷🇰🇷A&G Korea🇰🇷🇰🇷🇰🇷♦️Building Materialsအအေးခန်းတွေ ဆောက်မလား❓❓သီးနှံထားဖို့ ဂိုဒေါင်လား ကုန်စည်ထားဖို့ သိုလှောင်ရုံလား...
10/11/2020

🇰🇷🇰🇷🇰🇷A&G Korea🇰🇷🇰🇷🇰🇷

♦️Building Materials
အအေးခန်းတွေ ဆောက်မလား❓❓
သီးနှံထားဖို့ ဂိုဒေါင်လား ကုန်စည်ထားဖို့ သိုလှောင်ရုံလား❓❓
စက်ရုံဆောက်မလား ရုံးခန်းလား လူနေဖို့လား❓❓
ကိုရီးယားနည်ူပညာဖြင့် ထုတ်လုပ်သည့် အမိုးပြား
ဘေးကာ ခန်းဖွဲ့ တံခါးတွေ အားလုံး လိုသလောက် ထုတ်လုပ်ပေးနေပါပြီ✅✅
♦️Products (Building Materials)
• Sandwich Panel (EPS) (Roof, Wall)
• Metal Panel
• Zinc Panel
• Hanger Door, Swing Door, Window
• Insulation Board (EPS)
• Cold Storage Warehouse
• Flashing Materials & Accessories

♦️📱Please contact for more information
https://www.facebook.com/ANGKOREA/
https://www.facebook.com/HiFOAM/
Email: [email protected]

Fishery Seminars - for Myanmar.
07/11/2020

Fishery Seminars - for Myanmar.

SAVE THE DATE  Webinar 10 Nov 2020, at 2:30 PM Myanmar time (10:30 AM in Italy)"The Mediterranean model for supporting f...
07/11/2020

SAVE THE DATE
Webinar 10 Nov 2020, at 2:30 PM Myanmar time (10:30 AM in Italy)
"The Mediterranean model for supporting food safety and security in the Myanmar fishery sector"
CIHEAMBari
CIHEAM
Cesvi - Myanmar
Join us at the following link:
HTTPS://US02WEB.ZOOM.US/J/87448769164?PWD=N2ZNQVDNNHRANGVBR2

Cesvi သည် မြန်မာအပြည်ပြည်ဆိုင်ရာ မွေးမြူရေးနှင့်စိုက်ပျိုးရေး အွန်လိုင်းပြပွဲ၏ ရွှေအဆင့် ထောက်ပံပေးသူ ဖြစ်သည်။ Cesvi နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် အီတလီ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်သည့် မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံဖြိုးရေးအတွက် စားနပ်ရိက္ခာဖူလုံရေး မြေထဲပင်လယ်ပုံစံ ထောက်ပံရေး လုပ်ငန်းစီမံချက်မှ "HACCP အသိအမှတ်ပြု စနစ်ဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်း၏ ပြည်တွင်းစျေးကွက်နှင့် ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေး" အကြောင်းကို CIHEAM BARI အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ ဆွေးနွေး တင်ပြမည်ဖြစ်ပါသည်ဖြင့် နိုဝင်ဘာ ၁၀ရက်နေ့ နေ့လည် ၂ နာရီတွင် ကျွန်တော်တို့နှင့်အတူ တက်ရောက်နိုင်ပါကြောင်း ဂုဏ်ယူစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
You are cordially invited.
Date: 10 November 2020
Time: 2:30 pm (MST)
Live Stream : pages
https://www.facebook.com/silverseajournal
https://www.facebook.com/Silver-Sea-Journal-Agriculture-826998497700335

MILAS 2020 (FISHERY WEEK)
07/11/2020

MILAS 2020 (FISHERY WEEK)

07/11/2020

ဆီစက်တွေမှာ စွမ်းအင်သက်သာပြီး
ထုတ်လုပ်မှုစရိတ် ကုန်ကျမှုစရိတ်တွေကို
လျော့ချနိုင်ဖို့ နည်းပညာအသစ်
တွေကို Famsun Myanmar မှ
Sales Manager Mr. Iven Liဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်

FamsunMyanmarဆီစက်တွေမှာ စွမ်းအင်သက်သာပြီးထုတ်လုပ်မှုစရိတ် ကုန်ကျမှုစရိတ်တွေကိုလျော့ချနိုင်ဖို့ နည်းပညာအသစ်တွေကို ဆွေးနွ...
06/11/2020

FamsunMyanmar
ဆီစက်တွေမှာ စွမ်းအင်သက်သာပြီး
ထုတ်လုပ်မှုစရိတ် ကုန်ကျမှုစရိတ်တွေကို
လျော့ချနိုင်ဖို့ နည်းပညာအသစ်
တွေကို ဆွေးနွေးဟောပြောပွဲ
နေ့ရက် နိုဝင်ဘာလ ၇ ရက်
အချိန် မွန်းလွဲ ၁:၃၀ နာရီ
Famsun Oils NFats
Famsun Myanmar မှ Sales Manager Mr. Iven Li
က အောက်ပါ page တွေကနေ ဆွေးနွေးတင်ပြပါမည်
https://www.facebook.com/silverseajournal
https://www.facebook.com/Silver-Sea-Journal-Agriculture-826998497700335
https://www.facebook.com/MILAS2018
စိတ်ပါဝင်စားသူများ like & follw ထားကြပါရန်
အားလုံးကို ဖိတ်ခေါ်ပါသည်

Address

No. 192 Kabar Aye Pagoda Road, Myanmar Cemter Tower 2, Myanmar Center Business Suite
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443059422

Alerts

Be the first to know and let us send you an email when Silver Sea Event Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silver Sea Event Management:

Videos

Share

Category

Our Story

The International Livestock and Agriculture Show in Myanmar.



You may also like