ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်

  • Home
  • Myanmar
  • Yangon
  • ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင် သစ်ခွဝါသနာရှင်တွေအတွက် pinned Postမှာ သစ်ခွဆောင်းပါး အပုဒ်၇၀ကျော်ရေးထားပါတယ်။ ဗဟုသုတလေ့လာလို့ရတယ်။မေးမြန်းလို့ရတယ်။ဈေးလည်း ၀ယ်လို့ရတယ်���။
(40)

သင်္ကြန်တွင်းပိတ်ရက်မှာ ရေးမယ့်ခေါင်းစဉ်များ၁) လိပ်ပြာနဲ့ အပူချိန်၂) ဒေသသစ်ခွစိုက်နည်း၃) တစ်နှစ်ပတ်လုံး ပန်းမြင်နိုင်မယ့...
04/04/2024

သင်္ကြန်တွင်းပိတ်ရက်မှာ ရေးမယ့်ခေါင်းစဉ်များ

၁) လိပ်ပြာနဲ့ အပူချိန်

၂) ဒေသသစ်ခွစိုက်နည်း

၃) တစ်နှစ်ပတ်လုံး ပန်းမြင်နိုင်မယ့်သစ်ခွများ

၄)ဒေသသစ်ခွဆိုတာ တစ်နှစ်လုံးပွင့်တယ်

၅)သစ်ခွ အဖူးအိတ်အကြောင်း သိကောင်းစရာ

ဒီခေါင်းစဉ်တွေက
ရေးဖို့ကြံစီနေတာ ၆ လလောက်ရှိပါပြီ။

ကျွန်တော်က မအားတာရော၊ မေ့တတ်ရောမို့
စာရွက်နဲ့နံရံမှာ ရေး၊ ကပ်ပြီး ကိုယ့်ကိုယ်ကိုယ် remind လုပ်လေ့ရှိပါတယ်။

သင်္ကြန်တွင်းက ၁၃ရက်ကနေ ၂၃ရက်နေ့အထိ
ပစ္စည်းပို့တာ နားပါတယ်ဗျ။

အချိန်တွေအများကြီး ပိုလာတော့
စာဖတ်မယ်၊ စာရေးပါမယ်။
ဥပုသ်လည်း အဲ့ပိတ်ရက်အကုန်လုံး ‌ရက်ရှည်စောင့်ပါမယ်ဗျ။

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်
၄-၄-၂၀၂၄

❝မလှ‌တဲ့ ပန်းဆိုတာ မရှိဘူး...... ❞တင်စရာတွေများလွန်းလို့တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်နော်❤️🩵🧡💜🤎💙💚🧡💛🩶🩷 #မြန်မာ့ဒေသသစ်...
04/04/2024

❝မလှ‌တဲ့ ပန်းဆိုတာ မရှိဘူး...... ❞

တင်စရာတွေများလွန်းလို့
တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်နော်

❤️🩵🧡💜🤎💙💚🧡💛🩶🩷

#မြန်မာ့ဒေသသစ်ခွများ

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်

Morning 🌞
03/04/2024

Morning 🌞

03/04/2024
 #ဗန်ဒါပင်ပျို၅ပင်.........၂၅၀၀၀၁၀ပင်........၄၅၀၀၀နှစ်ပင်ပူးက ဆယ်ပင်၀ယ်ရင်၅/၆ပင်တော့ပါတယ်နော်။တန်မှ တန်-----------------...
03/04/2024

#ဗန်ဒါပင်ပျို

၅ပင်.........၂၅၀၀၀
၁၀ပင်........၄၅၀၀၀

နှစ်ပင်ပူးက ဆယ်ပင်၀ယ်ရင်
၅/၆ပင်တော့ပါတယ်နော်။
တန်မှ တန်

-----------------------------------------------------
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ။
တနိုင်ငံလုံးရှိ မြို့အသီးသီးသို့ ဂိတ်တင်ပေးပါတယ်ဗျ။

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
☎️09447443424☎️
မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။
(အွန်လိုင်းသီးသန့်သာ)

 #ဒန်ကတ်များများပါတဲ့__ပန်းကျကြိုက်လွန်းလို့ တစ်ရောင်ကို အပင်၅၀/၁၀၀တွေယူထားတဲ့ အရောင်တွေပေါ့။ရှယ်တန်တာနော်။ရာသီဥတုအရ မဟု...
03/04/2024

#ဒန်ကတ်များများပါတဲ့__ပန်းကျ

ကြိုက်လွန်းလို့ တစ်ရောင်ကို အပင်၅၀/၁၀၀တွေယူထားတဲ့ အရောင်တွေပေါ့။

ရှယ်တန်တာနော်။

ရာသီဥတုအရ မဟုတ်လည်း ပန်းကျမယ့်တူတူ
ပန်းကျတာ၀ယ်လိုက်တော့ဗျာ။

၅ရောင်၅ပင် ၂၅၀၀၀

-----------------------------------------------------
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ။
တနိုင်ငံလုံးရှိ မြို့အသီးသီးသို့ ဂိတ်တင်ပေးပါတယ်ဗျ။

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
☎️09447443424☎️
မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။
(အွန်လိုင်းသီးသန့်သာ)

ကြိုက်လို့ ထပ်တင် 🥰🥰🥰 #ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
03/04/2024

ကြိုက်လို့ ထပ်တင် 🥰🥰🥰

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်

တစ်ပင်တည်း၊ တစ်ခိုင်တည်းကပဲပုံစံ ၃ မျိုးနဲ့ #လိပ်ပြာသစ်ခွ
03/04/2024

တစ်ပင်တည်း၊ တစ်ခိုင်တည်းကပဲ
ပုံစံ ၃ မျိုးနဲ့

#လိပ်ပြာသစ်ခွ

❝ပွင့်သလား မမေးနဲ့ သူငယ်ချင်းရေ......❞အပင်အမျိုးအစား မျိုးစုံသစ်ခွအမျိုးအစား မျိုးစုံနေရာဒေသ မရွေးသစ်ခွအမျိုးအစား မရွေး✓...
02/04/2024

❝ပွင့်သလား မမေးနဲ့ သူငယ်ချင်းရေ......❞

အပင်အမျိုးအစား မျိုးစုံ
သစ်ခွအမျိုးအစား မျိုးစုံ

နေရာဒေသ မရွေး
သစ်ခွအမျိုးအစား မရွေး

✓ရှယ်ကြီး
✓ရှယ်ပွင့်
✓ရှယ်သန်ဖို့အတွက်

ကျွန်တော် အောင်ရဲလင်း ရောင်းပေးတဲ့ဆေးက
လုံး၀ အာမခံနဲ့ ‌ရောင်းပေးနေပါတယ်နော်။

သုံးစွဲသူတွေလည်း
ဖုန်းဆက်ပြီးကြွားကြတာက တမျိုး
မက်ဆင်ဂျာက တစ်ဖုံ
feedback ကောင်းတွေချည်းပဲ ရထားတဲ့ ဆေးလေးတွေပါ။

သုံးနည်းက ............................. ....................အစ
ဆေးမှာပါတဲ့ ပါ၀င်ပစ္စည်းတွေ ...................အလယ်
ဆေးတစ်ဗူးကို ဘယ်နှစ်ကြိမ်ဖျန်းရတာ.... အဆုံး
သေချာညွှန်ကြားပြသပေးတဲ့ ဆေးပါခမျာ။

မြန်မာတစ်နိုင်ငံလုံး ပေးပို့ပါတယ်နော်။
ဆေးဖိုးတော့ ကြိုရှင်းရပါတယ်✓

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်
09447443424
ရန်ကုန်၊ မရမ်းကုန်း။

02/04/2024

မေတ္တာဓာတ်တွေပြည့်နေတဲ့ ရပ်၀န်းဆိုတော့
စာကလေးတွေက သစ်ခွရေဖျန်းတဲ့နေရာထိလာပြီး
ရေ လာချိုးကြတာဗျာ။လူလည်း မကြောက်ပါ။
သစ်ခွပင်တွေကိုလည်း မဆိတ်ပါ။

video လေးကြည့်ပြီး
ပျော်ရွှင်ကြည်းနူးနိုင်ကြပါစေနော်...🥰🥰🥰

🐦🐦🐦☘️🌹🏵️


Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own the Songs and MUSIC.All rights and credits go to rightful owner.

ဒေသသစ်ခွကို ဘယ်လိုစိုက်ပါ ဘယ်လိုမစိုက်နဲ့ပြော‌နေပေမယ့်လည်းဒေသဆိုတာ ခြင်းထဲ ဒီအတိုင်း ထည့်ထားတာတောင်ရေလောင်းပေး၊ ဆေးကျွေး...
02/04/2024

ဒေသသစ်ခွကို ဘယ်လိုစိုက်ပါ ဘယ်လိုမစိုက်နဲ့
ပြော‌နေပေမယ့်လည်း

ဒေသဆိုတာ ခြင်းထဲ ဒီအတိုင်း ထည့်ထားတာတောင်
ရေလောင်းပေး၊ ဆေးကျွေးပေးရုံနဲ့
အဆင်ပြေတယ်ဆိုတာကို

ဒေသသစ်ခွလေးတွေကို
မြတ်နိုးတန်ဖိုးထား စိုက်ပျိုးကြသူတွေကို
ဝေမျှလိုက်ချင်ရဲ့............

#ရွှေဝါလေးသစ်ခွ
#မြန်မာ့ဒေသသစ်ခွများ

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်

Edit....ယူသွားပါပြီဗျ။ ကျေူဇူးအများကြီးတင်ပါတယ်ဗျ။ရှယ်အကိတ်ကြီး (၅) ပင်အပင်   အရှည်ကြီး.....ပန်းခိုင် အရှည်ကြီး......အုံ...
01/04/2024

Edit....ယူသွားပါပြီဗျ။ ကျေူဇူးအများကြီးတင်ပါတယ်ဗျ။

ရှယ်အကိတ်ကြီး (၅) ပင်

အပင် အရှည်ကြီး.....
ပန်းခိုင် အရှည်ကြီး......
အုံ........အမိုက်စားကြီးတွေ ထွက်တတ်တဲ့
ဂျိုလိမ်မျိုးလေးပါ။

ပန်းမပါ

၅အိုးလုံးယူ ........၃၀၀၀၀ ဗျာ။

----------------------------------------------------
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ။
တနိုင်ငံလုံးရှိ မြို့အသီးသီးသို့ ဂိတ်တင်ပေးပါတယ်ဗျ။

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
☎️09447443424☎️
မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။
(အွန်လိုင်းသီးသန့်သာ)

Edit.....ကုန်သွားပါပြီဗျဒန်းဇင်းအဝါ (အပွင့်ကြီးမျိုး)ပွင့်နှုန်းကောင်းတယ်နော်။ပန်းမပါ တစ်အိုး ၆၀၀၀ဆယ်အိုး ၅၅၀၀၀ ပါဗျာ။--...
01/04/2024

Edit.....ကုန်သွားပါပြီဗျ

ဒန်းဇင်းအဝါ (အပွင့်ကြီးမျိုး)

ပွင့်နှုန်းကောင်းတယ်နော်။

ပန်းမပါ တစ်အိုး ၆၀၀၀

ဆယ်အိုး ၅၅၀၀၀ ပါဗျာ။

----------------------------------------------------
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ။
တနိုင်ငံလုံးရှိ မြို့အသီးသီးသို့ ဂိတ်တင်ပေးပါတယ်ဗျ။

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
☎️09447443424☎️
မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။
(အွန်လိုင်းသီးသန့်သာ)

ခြံရှင်တစ်ဦးပေးပို့တဲ့ အမြစ်ဆေးအစွမ်း 😱
01/04/2024

ခြံရှင်တစ်ဦးပေးပို့တဲ့ အမြစ်ဆေးအစွမ်း 😱

Riderလေးတွေ လျှောက်လို့ရပါတယ်ဗျ။Like and Share ပေးကြပါအုံးနော်။
31/03/2024

Riderလေးတွေ လျှောက်လို့ရပါတယ်ဗျ။
Like and Share ပေးကြပါအုံးနော်။

ရိုးသားကြိုးစားပြီး အလုပ်အပေါ်တန်ဖိုးထားသော Rider ကောင်းများ ထပ်မံလျှောက်ထားနိုင်သည်။

(1) Delivery Male (2)post
အခြေခံလစာ + ဖုန်းဘေ + ရက်မှန်ကြေး + ခရီးစရိတ် + တပတ်(၁)ရက်ပိတ်ရက် + ကော်မရှင်ခံစားခွင့်

အမှတ်စဉ်(၁)အတွက်
✅စက်ဘီးဖြင့်ပစ္စည်းပို့ရန်၊ ကိုယ်ပိုင်စက်ဘီး ရှိရမည်။
✅ရန်ကုန်မြို့တွင်း/ မြို့ပြင် လမ်းကြောင်းဧရိယာ ကျွမ်းကျင်မှုရှိရမည်။
✅ပညာအရည်အချင်း အလယ်တန်းအဆင့်နှင့် အထက်
✅အသက် (18~30)နှစ်အတွင်း ဖြစ်ရမည်။
✅သွက်လက်ဖျက်လက်၍ စကားပြောယဉ်ကျေးသူ
ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားလိုသူများသည် CVဖောင်အပြည့်အစုံနှင့်အတူ‌‌ အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင်

🕗မနက်(9:00)am to (5:00)pm🕥

အတွင်း ပိတ်ရက်မရှိ နေ့စဉ်လာရောက် လျှောက်ထားနိုင်သည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

No(213), 1St Floor, Yuzana Street, (3)Qrt, Mayangone Tws, Yangon.
☎ 09-95 771 59 59.

မွေးလ လေး ကံကောင်းပါတယ်။ဇူကာဘတ်က pageကို တစ်ရက်လေးတောင်reach မချသလို အော်ဒါများလည်း အရင်ကထက် ၂/၃ဆ များလာပါတယ်။ဗေဒင်တွေ၊လ...
31/03/2024

မွေးလ လေး ကံကောင်းပါတယ်။
ဇူကာဘတ်က pageကို တစ်ရက်လေးတောင်
reach မချသလို အော်ဒါများလည်း အရင်ကထက် ၂/၃ဆ များလာပါတယ်။

ဗေဒင်တွေ၊လက္ခဏာတွေကို
တအားကြီး မယုံစားပေမယ့်
မပစ်ပယ်ခဲ့ပါဘူး။

ကျွန်တော် လေးတန်း နွေရာသီမှာ
စာစဖတ်တယ်။စဖတ်တော့ ဗုဒ္ဓ၀င်တို့၊ ကမ္ဘာကြီးတည်ဆောက်ပုံ၊ ပျက်စီးပုံ၊ ဆုတ်ကပ် စသဖြင့် အဲ့လို အကြီးစားစာ‌ပေတွေ စဖတ်ခဲ့တာ။ လက္ခဏာဗေဒင်လည်း အပါအ၀င်ပေါ့။
အခုချိန်ထိ အကုန်လုံး မှန်နေ‌ဆဲပါပဲ။
အာယုလမ်းကြောင်းအရ
အသက် တော်တော်ရှည်မယ်ဆိုတာတော့
နည်းနည်း ချင့်ယုံရမယ်။
ဘာလို့ဆို အသက် ၂၀ ကျော်နဲ့
ရောဂါတစ်ခုပြီးတစ်ခုဖြစ်တာပါပဲ။
အူအတက်ယောင်တာ, သည်းခြေကျောက်တည်တာ,
၀မ်း‌သွားရင် သွေးခဏခဏပါတာတွေလည်း ဖြစ်ခဲ့ဖူးတော့လေ။ ဒါတွေကြောင့်လည်း ခုချိန် အစားဆင်ခြင်နေပါတယ်။အဲ့တာကြောင့်များ အသက်ရှည်မလားတော့ မသိ။

ဒါ့အပြင်
အခုဆို ကျွန်တော်က ဘယ်သတ္တဝါရဲ့ အသက်ကိုမှ မသ/တ်ပါဘူး။ခြင်း၊ ပုရွတ်ဆိတ် စတဲ့ အသေးအမွှားလေးတွေက အစ မသ/တ်ပါ။ဒီဘ၀ မဟုတ်တောင် နောင်ဘ၀ကတော့ သေချာပေါက် အသက်ရှည်မှာပါ။

ဗုဒ္ဓဘာသာမှာလည်း ကံဆိုတာ အတိတ်ကံရော၊ ပစ္စုပ္ပန်ကံ(မိမိလုပ်ရပ်)တွေရော ထည့်တွက်ရတာမို့ အတိတ်နဲ့ အနာဂတ် ကံကောင်းဖို့ ပစ္စုပ္ပန်ရဲ့လုပ်ရပ်တွေက အဓိက ဖြစ်‌ကြောင်းကိုလည်း လက်ခံ ယုံကြည်ပါတယ်။

ဆယ်တန်းပြီးတော့ အငြိမ်းစားဆရာကြီးတစ်ယောက်ကပြောဖူးတယ်။ ကျွန်တော်နဲ့ ထီးချိုင့်မစိုးရိမ်ဆရာတော်က အဲ့အချိန်တုန်းက ကံအရမ်းကောင်းနေကြတယ်။ဆရာတော်နဲ့ကျွန်တော် ပြိုင်တူ ကံတက်တယ်ပေါ့။ကံဆိုတာ အမြဲကောင်းတာမဟုတ်ဘူးတဲ့။ အတက်ပြီးရင် အကျဆိုတာ ရှိတယ်တဲ့။ ဘယ်သူ အရင် ကျမလဲ လို့ သူကြည့်နေမယ်တဲ့။ ကျွန်တော် ကျသွား(အဆိုးလောကဓံနဲ့ကြုံတာ)ကိုတော့ ဆရာကြီးကြုံလိုက်ရပြီး ဆရာတော်ဘုရား အခုချိန် ဘယ်မှာသီတင်းသုံးနေလဲ မသိရလောက်အောင် အဆိုးလောကဓံနဲ့ကြုံကြိုက်နေတာကိုတော့ ဆရာကြီး မမှီရှာခဲ့။ ဒီလိုမမှီ ၊ မကြုံရတာကလည်း ဆရာကြီးအတွက် ကံကောင်းတယ်ပေါ့လေ။

ဆယ်တန်းပြီးတော့ပဲ
ဆရာတစ်ဦးက ဗေဒင်ဟောပေးတယ်။
"မင်းက နေတက် ရေတက်၊ မနက်ခင်းနေထွက်တဲ့အချိန်မွေးမှာဆိုတော့ ပတ်၀န်းကျင်ကို အကျိုးပြုမယ့်သူ"တဲ့။
ဘယ်အချိန်မှာ အကျ၊ ဘယ်အချိန်မှာ အတက်ဆိုပြီးသူကတော့ အသက်အရွယ်အလိုက် ပြောပြလိုက်ပါသေးတယ်(မမှတ်မိတော့ပါ)။
အကျပိုင်းကိုပြောတဲ့အချိန်မှာ ဆရာကြီးရဲ့မိန်းမ (ကျွန်တော်တို့ရဲ့ကျောင်းဆရာမကြီး) က "ခလေးကို ဘာတွေလျှောက်ပြောနေတာလဲ"ဆိုပြီး ၀င်တားသေးတယ်။

ဘာပဲပြောပြော
ကျွန်တော်လက္ခဏာကြည့်ပြီး သိရတဲ့အချက်ရော
ဆရာကြီး၂ဦးပြောတဲ့အချက်တွေရော ကိုက်ညီမှုရှိပါတယ်။

ဖတ်ဖူးတာတစ်ခုရှိပါတယ်။
ဘုရင်တစ်ပါးကို သက်တမ်း၂ နှစ်ပဲရှိတော့တယ်ဆိုပြီးဟောကြတာ။ဘုရင်က သူအသက်ရှည်ချင်လို့ ဆရာတော်တွေကိုမေးတော့ ဆရာတော်တွေက အသက်ရှည်ကြောင်း နည်းလမ်းကောင်းတွေဟောလိုက်တယ်။ဘုရင်က လိုက်နာကျင့်ကြံတော့ ၁၂ နှစ်ထိ နန်းစံမြန်းရတယ်။အဲ့လိုမျိုးပေါ့ အတိတ်ကံကောင်းဖို့ လက်ရှိလုပ်ရပ်တွေကလည်း အရေးပါသေးတယ်လေ။

ကံ ကံ၏ အကျိုး........

ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်
၃၁-၃-၂၀၂၄

 #လိပ်ပြာသစ်ခွ_စနစ်တကျစိုက်နည်းတိုတိုဖတ်ချင်ရင်တော့ပုံ‌ပေါ်က စာနဲ့တင် အဆင်ပြေတယ်။စာရှင်းပြရတာ သဘောကျလို့ အမှားကင်း‌စေချင...
31/03/2024

#လိပ်ပြာသစ်ခွ_စနစ်တကျစိုက်နည်း

တိုတိုဖတ်ချင်ရင်တော့
ပုံ‌ပေါ်က စာနဲ့တင် အဆင်ပြေတယ်။

စာရှင်းပြရတာ သဘောကျလို့
အမှားကင်း‌စေချင်လို့ စာအရှည်ကြီးရေးအုံးမယ်။
#ဒါကြောင့်_ဒီလိုလုပ်ရတယ်ဆိုတဲ့
cause and effect ကို သိထားတော့
စိုက်တဲ့အခါ အမှားကင်းတာပေါ့နော်။

မြန်မာပြည်ဈေးကွက်မှာ
ထိုင်းလိပ်ပြာနဲ့ တ/ ရု တ်ကလာတဲ့လိပ်ပြာဆိုပြီး
၂မျိုးရှိပါတယ်။

(ဘယ်နိုင်ငံက လာလာ
ဘယ်ဆိုင်က ၀ယ်၀ယ်
ကိုယ့်ဆီရောက်တဲ့အပင်သာ
ကိုယ့်အပင်မို့
ကိုယ့်အပင်ကောင်း၊မကောင်းပဲ ကြည့်ပါ)

ထိုင်းကလာတဲ့ လိပ်ပြာတော်တော်များများက
အမြစ်ကောင်းလေ့ရှိပါတယ်။မကောင်းတာလည်းရှိပါတယ်။ တ/ရု တ်ကလာတဲ့ လိပ်ပြာကတော့
ပြောင်းပြန်အချိုးကျတယ်။အမြစ် မကောင်းတာက များတယ်။ပန်းပါလာတယ်ဆိုရင်တော့ တချို့က ပန်းတောင် မနွမ်းသေးဘူး၊ အပင်က ပုပ်ရိ ကုန်ပြီ။

ဒါမျိုးတွေကြောင့်
တ/ရု တ်ဆိုတာနဲ့ ရေညှိထုတ်ဖို့သာ ပြင်ထား။

ဘာကြောင့်ထုတ်ရလဲဆိုတာက ရှင်းရှင်းလေး။
ရေညှ်ိနဲ့ဆိုတော့ ရေက ၀ပ်ပြီး အမြစ်ပုပ်ကုန်တာ။
ရေကို ထိန်းလောင်းပါမယ်ဆိုတာက
နဂိုအမြစ်က ကောင်းရင်တော့ ထိန်းလောင်းပေါ့။
ကိုယ့်ဆီရောက်ကတည်းက မကောင်းတဲ့အမြစ်ကိုတော့
ထိန်းလောင်းလည်း အပိုဘဲ။
ခပ်မြန်မြန်သာ အိုးချိန်းပေး။

မှတ်ရန်။ ။လိပ်ပြာသစ်ခွဟာ အရမ်းအသန့်ကြိုက်တာကြောင့် အသုံးပြုမယ့် ပစ္စည်းများ သန့်ရှင်းဖို့လိုပါတယ်။
မီးသွေး၊ အုတ်ခဲကျိုးများကိုလည်း ရေနဲ့သန့်ရှင်းထားဖို့လိုပါတယ်။

အဆင့်(၁)

#ပထမရက်
✓ရေညှိတွေအကုန်ဖယ်ထုတ်
✓အမြစ်မကောင်းတာတွေ ညှပ်ဖြတ်
✓ရေနဲ့သေချာပြန်ဆေးချ

ဒီနေရာမှာ မှိုဆေး တခါတည်းစိမ်လည်း ရပါတယ်။
မှိုဆေးကို အချိုးအစားတိုင်း ဖျော်စပ်ပြီးမှသုံးပါ။

--------------------------------------------------------
အဆင့်(၂)
#ဒုတိယရက်

ချက်ချင်းတန်းမစိုက်ဘဲ
အခြော/က်ခံပါ။
ချက်ချင်းတန်းစိုက်ရင် အတွေ့အကြုံအရ ထိုင်းလိပ်ပြာတွေရဲ့အမြစ်က ဆက်ပြီး မပုပ်တတ်ပေ‌မယ့် တ/ရု တ် လိပ်ပြာများကတော့ အမြစ်ထိပ်ကလေးပုပ်တာနဲ့ အမြစ်တချောင်းလုံး ဆက်ပုပ်။ အဲ့တာကို အချိန်မှီ မဖြတ်တောက်ရင် တစ်ပင်လုံး ကြွတတ်တာကို တွေ့ရပါတယ်။
အိုးထဲ ပွားစာတွေနဲ့ တခါတည်း ထည့်စိုက်ထားရင် အမြစ်ပုပ်ကို မျက်လုံးနဲ့ မမြင်ရတော့ပါဘူး။အတွင်းမှာ လိုက်ပုပ်နေတာကို သတိမပြုနိုင်တော့ပါဘူး။

ဒါကြောင့် ချက်ချင်းတန်းမစိုက်သေးဘဲ
ခြင်းလေးထဲ ဒီအတိုင်း ထားပါ။ အရိပ်လည်းရ ၊ လေ၀င်လေထွက်ကောင်းတဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ထားပါ။

#ဒုတိယရက်မှာ_ရေဖြတ်ထားပါတယ်
ရေလုံး၀ မလောင်းပါ။

#တတိယရက် နဲ့ #စတုထ္ထရက် တွေမှာ
မနက် ၊ ညနေ...... တစ်နေ့ နှစ်ကြိမ်
အမြစ်အတိုင်းရှိနေတဲ့လိပ်ပြာကို ရေဖျန်းပေးပါ။

----------------------------------- ------------------------

အဆင့်(၃) #ငါးရက်မြောက်နေ့

အမြစ်လည်း ဆက်ပြီး မပုပ်တော့ဘူး၊
စိတ်ချရပြီဆိုရင်
ကြိုက်တဲ့နည်းနဲ့စိုက်ပါ။
မိမိ စိတ်ကျေနပ်သလိုစိုက်ပါ။
ငါစိုက်ရင် ရှင်တယ်ဆိုတဲ့ စိတ်ကို သွင်းထားပါ။

လေ့လာတွေ့ရှိချက်အရ
သစ်သားပြား၊ သစ်သားတုံးတွေမှာ ကပ်စိုက်တာက
ပွင့်နှုန်းကောင်းတယ်။ အပင်ကျန်းမာရေးကောင်းပါတယ်။

ရန်ကုန်လို သစ်သားရှာရခက်‌တဲ့နေရာကတော့
အုတ်ခဲကျိုးတို့၊ မီးသွေးတို့နဲ့စိုက်ပေါ့။
မီးသွေးကတော့ အမြစ်ထွက်မြန်သလားလို့တောင်
ထင်မိပါတယ်။(ကျွန်တော့်အတွေ့အကြုံပါ)

အညာလိုပူပိုင်းတဲ့ဒေသတွေက
မြေအိုးလေးထဲမှာ အုန်းခဲကျိုး/မီးသွေး ဆတူရောပြီး
စိုက်နိုင်ပါတယ်။
အညာမှာလည်း လိပ်ပြာစိုက်ထားပါတယ်။
အဆင်ပြေပါတယ်နော်။

#အထူးမှတ်ရန်

၁) ရေညှိဖယ်ထားတာမို့ တစ်နေ့နှစ်ကြိမ် ရေကို
ကြာကြာလောင်းပါ။အမြစ်အသစ်မထွက်သေးလို့
ရေငတ်လွယ်ပါတယ်။

၂)အမြစ်ဆေး ၅ ရက်တစ်ကြိမ် ဖျန်းပေးပါ။
၃/၄ပတ်ဆို အမြစ်အသစ် စထွက်ကြပါပြီ။

၃) လိပ်ပြာသစ်ခွများကို နေပူထဲ တိုက်ရိုက်မထားရပါ
အရည်ရွှမ်းတဲ့အရွက်တွေမို့ နေလောင်လွယ်ပါတယ်။

၄) မိုးတွင်း မိုးရေ လုံး၀ မထိစေပါနဲ့။
နေပူလိုက် မိုးရွာလိုက်ဆို လိပ်ပြာက ခဏလေးနဲ့
နတ်ပြည်တက်ပါတယ်။

ပထမပုံမှာ မိုးရေလုံတဲ့ စင်လေးဆောက်ပြီး
လှေကားထစ်ပုံစံစင်နဲ့ စိုက်ထားတာကို လေ့လာနိုင်ပါ
တယ်။

၅) လိပ်ပြာဟာ အသန့်ကြိုက်တာမို့
နေရာသန့်တဲ့နေရာ ထားစိုက်ပါ။
လေ၀င်လေထွက်ရတဲ့နေရာ ထားစိုက်ပါ။


သစ်ခွချစ်သူများအားလုံး
စိုက်သော အပင်တိုင်း ရှင်ပြီး
ရှင်သော အပင်တိုင်း ဖူးဖွင့်နိုင်ကြပါစေလို့ ........

ကျော်ချမ်းငြိမ်း (ထီးချိုင့်)
ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်
ရန်ကုန်၊မရမ်းကုန်း။

၃၁-၃-၂၀၂၄

ပြူးကြည့် ဖြဲကြည့် အတက် ဘယ်နှစ်ခုရှိ🫢🫢စိုက်နည်းမှန်မှန် အပင်သန်သန် 😘😘😘  #လေ  #ရေ  #နေ  #ဆေး  မျှတဖို့လိုတယ်နော် လိုအပ်တဲ...
31/03/2024

ပြူးကြည့် ဖြဲကြည့် အတက် ဘယ်နှစ်ခုရှိ🫢🫢
စိုက်နည်းမှန်မှန် အပင်သန်သန် 😘😘😘
#လေ #ရေ #နေ #ဆေး မျှတဖို့လိုတယ်နော်

လိုအပ်တဲ့ဆေးအစုံရရှိနိုင်ပါပြီ
ဘာဆေးသုံးရမလဲဆိုတာကို မက်စင်ဂျာကနေ မင်မင်နဲ့
တိုင်ပင်နိုင်ပါပြီ 🥰🥰🥰

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်

31/03/2024

ဒေသစိုက်ချင်သူများအတွက်

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်

စာတွေပြန်ပေးမယ်နော်။မနက်လေးနာရီကနေ 12အထိ non-stop ပါဆယ်ထုတ်ထားတာ။လူလည်း မောဟိုက်။တစ်ရေးမှေးလိုက်တော့ အားရှိသွားပါပြီ။ဂိတ...
30/03/2024

စာတွေပြန်ပေးမယ်နော်။

မနက်လေးနာရီကနေ 12အထိ non-stop ပါဆယ်ထုတ်ထားတာ။လူလည်း မောဟိုက်။တစ်ရေးမှေးလိုက်တော့ အားရှိသွားပါပြီ။

ဂိတ်ထဲ မြို့ထဲ နောက်ထပ် အော်ဒါ50ကျော် ကျန်ပါသေးတယ်ဗျ။

မနက်ဖြန်ဆက်ထုတ်ပြီး ပို့ပေးပါမယ်ဗျ။

ကျေးဇူးအများကြီးတင်ပါတယ်။

(ပုံထဲကတော့ အမြစ်ဆေး 2လကြာ ဖျန်းထားမှု ရလာဒ်)

29/03/2024

လိပ်ပြာသစ်ခွ အပင် ၁၀၀၀

အော်ဒါပြည့်သွားပြီ။
#ကုန်ပါပြီ။

ယူထားတဲ့သူတွေအတွက် အပင်အနေအထားလေး ပြပေးတာပါဗျ။

ဒီနေ့ရောက်ပြီဗျို့.....မနက်ဖြန်၊ သဘက်ခါအော်ဒါတွေ ပို့ပေးမယ်နော်။စောင့်ဆိုင်းပေးကြတဲ့ customer များကိုလည်းအထူးကျေးဇူးတင်ပ...
29/03/2024

ဒီနေ့ရောက်ပြီဗျို့.....

မနက်ဖြန်၊ သဘက်ခါအော်ဒါတွေ ပို့ပေးမယ်နော်။

စောင့်ဆိုင်းပေးကြတဲ့ customer များကိုလည်း
အထူးကျေးဇူးတင်ပါတယ်ဗျ။

Morning 🌄🌄🌄ဒီTMAလေး ရနံ့မွှေးတယ်။ကိုင်းဖြတ်ကို၂လအတွင်း ဖူးပွင့်အောင်လုပ်နိုင်ခဲ့ပြီ။တစ်ပင်တည်းတော့မဟုတ်ဘူးနော်။လေးငါးဆယ်...
29/03/2024

Morning 🌄🌄🌄
ဒီTMAလေး ရနံ့မွှေးတယ်။

ကိုင်းဖြတ်ကို
၂လအတွင်း ဖူးပွင့်အောင်လုပ်နိုင်ခဲ့ပြီ။

တစ်ပင်တည်းတော့မဟုတ်ဘူးနော်။
လေးငါးဆယ်ပင်ပေါ့။
နောက်ဟာတွေလည်း ပွင့်တော့မှာ။

ထပ်တင်ပေးမယ်နော်။လိပ်ပြာက လကုန်မှရမယ်ဗျ။ကားနောက်ကျလို့ပါနော်။ခဏစောင့်ပေးကြပါအုံးဗျ
28/03/2024

ထပ်တင်ပေးမယ်နော်။

လိပ်ပြာက လကုန်မှရမယ်ဗျ။
ကားနောက်ကျလို့ပါနော်။

ခဏစောင့်ပေးကြပါအုံးဗျ

မိုကာရာ ယူမလားTMA ယူမလားကျွန်တော့်တော့ ယူလို့မရဘူး။ခင်၀င့်ဝါ ဆူခံလိမ့်မယ်......😁😁♦️မိုကာရောက အဝါများတယ်နော်။♦️အပင်ဆိုဒ် ...
28/03/2024

မိုကာရာ ယူမလား
TMA ယူမလား

ကျွန်တော့်တော့ ယူလို့မရဘူး။
ခင်၀င့်ဝါ ဆူခံလိမ့်မယ်......😁😁

♦️မိုကာရောက အဝါများတယ်နော်။
♦️အပင်ဆိုဒ် ၁ပေကျော်တွေချည်းပဲ။

✅TMAကတော့ အပင်ပုံစံမတူတာ‌လေးတွေ
စုံအောင် တစ်စည်းစီပြန်ဖြေပြီး
စိတ်ရှည်လက်ရှည် တစ်ပင်ချင်း စစ်ဆေးပြီးမှ
ပို့တာပါ။
✅အပင်ဆိုဒ်က ၁၀လက်မ ၀န်းကျင်ပါ။

နှစ်မျိုးလုံး.......

🔸၅ ပင်..........၁၆၀၀၀🔸
🔸၁၀ပင်..........၃၀၀၀၀🔸

အပင်အနေအထားနဲ့ရော
စေတနာတွေနဲ့ရော
စိုက်နည်းတွေရောနဲ့ဆို
ဒီဈေးက တန်ပါတယ်။

စိုက်နည်း👇👇👇
https://www.facebook.com/100064048744843/posts/830051672473117/

----------------------------------------------------
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ။
တနိုင်ငံလုံးရှိ မြို့အသီးသီးသို့ ဂိတ်တင်ပေးပါတယ်ဗျ။

#ကျော်ချမ်းငြိမ်းသစ်ခွဆိုင်
☎️09447443424☎️
မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။
(အွန်လိုင်းသီးသန့်သာ)

❝မောင်လေးရေ....ဆေးလေးတွေသုံးရတာအရမ်းအဆင်ပြေပါတယ်။၂လအတွင်း ထူးထူးခြားခြားသိသာတယ်။အမြစ်ကလေးတွေအသစ်ထွက်ပြီးနောက်တက်တဲ့သားတက...
28/03/2024

❝မောင်လေးရေ....
ဆေးလေးတွေသုံးရတာအရမ်းအဆင်ပြေပါတယ်။
၂လအတွင်း ထူးထူးခြားခြားသိသာတယ်။

အမြစ်ကလေးတွေအသစ်ထွက်ပြီး
နောက်တက်တဲ့သားတက်တွေကလည်း တုတ်ခိုင်နေတာပဲ
အဖူးတွေလည်းလိုက်လာတယ်။

ခြောက်နေလို့ သေပြီထင်တဲ့အပင်တောင် အတက်လေးတွေထွက်လာတယ် နှင်းဆီတွေလည်း အဖူးတွေဖူးတာအများကြီးပဲ.......❞



#သစ်ခွအားဆေး
#အောင်ရဲလင်းရောင်းတဲ့ဆေး

Address

Aung Thakedi Road
Yangon

Telephone

+959447443424

Website

Alerts

Be the first to know and let us send you an email when ကျော်ချမ်းငြိမ်း-သစ်ခွဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်:

Videos

Share

Category


Other Florists in Yangon

Show All