Feast & Fun

Feast & Fun Feast your way Fun your day, the Largest and Premium Restaurant Platform. Eat with Discounts.

သီတင်းကျွတ်မုန့်ဖိုးလေး အားပေးရင်း Feast & Fun page လေးကို Like & Follow လေးလုပ်ပြီး သွားကြပါဦးနော် 🥰PW ကိုတော့ ည ၁၁:၄၅ ...
30/10/2023

သီတင်းကျွတ်မုန့်ဖိုးလေး အားပေးရင်း Feast & Fun page လေးကို Like & Follow လေးလုပ်ပြီး သွားကြပါဦးနော် 🥰

PW ကိုတော့ ည ၁၁:၄၅ မိနစ်မှာ comment မှာ ချပေးသွားမှာမို့ စောင့်ယူကြဖို့မမေ့နဲ့နော် 🥰

ဪ ... ဒါနဲ့ PW က လွယ်လွယ်လေးဆိုပျင်းစရာကောင်းနေမှာစိုးလို့ ရင်ခုန်စရာ ဂဏန်းသင်္ချာလေးတွက်ဖို့ ပြင်ထားကြဦးနော်....🧮


Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Happy Thadingyut Full Moon Day🙏🏻ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်...
29/10/2023

Happy Thadingyut Full Moon Day🙏🏻

ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေလို့ Feast & Fun Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..

🚀 Exciting News! 🚀We are thrilled to share the success of our recent mini event, "Tea and Tech : The Exclusive Feast and...
28/09/2023

🚀 Exciting News! 🚀

We are thrilled to share the success of our recent mini event, "Tea and Tech : The Exclusive Feast and Fun Preview," which celebrated the launch of our brand-new app! ☕📱

A heartfelt THANK YOU to all our incredible guests, partners, and supporters who made this event a resounding success. Your presence and enthusiasm truly made the evening memorable. 🙌

This mini event was an opportunity to showcase our innovative app, discuss its features, and gather valuable feedback. Your insights and engagement are invaluable as we continue to refine and improve our product. 🤝

We're incredibly grateful for your support, and we can't wait to embark on this exciting journey together. Stay tuned for more updates and exciting developments! 🌟

Please like and follow our page for more exciting updates and information. 👍

🎉 Event Description:You're cordially invited to Tea & Tech: The Exclusive Feast and Fun Preview. Join us as one of just ...
19/09/2023

🎉 Event Description:
You're cordially invited to Tea & Tech: The Exclusive Feast and Fun Preview. Join us as one of just 10 VIP guests for an unforgettable experience that will reshape the dining world. Seats are extremely limited—RSVP now to secure your place!

📅 Date:
20 Sept 2023

⏰ Time:
05:00 - 07:30

📍 Location:
No. 22/C, Ariya Maggin Street, Yankin Township. Yangon, Myanmar
https://maps.app.goo.gl/Pe4FyAfApZJD2fin9

🔗 RSVP Link:
https://m.me/feastfun

"Get Ready to Elevate Your Dining Experience: Feast and Fun App is Almost Here!""Are you a foodie who loves to explore n...
13/09/2023

"Get Ready to Elevate Your Dining Experience: Feast and Fun App is Almost Here!"

"Are you a foodie who loves to explore new dining spots or enjoy special culinary events? Stay tuned! Feast and Fun is gearing up for a soft launch that will redefine how you discover, book, and enjoy your meals and events. Expect real-time availability, easy bill payments, and personalized recommendations. Follow us to be the first to know when we go live! 🍽️✨ "



Foodie တိုင်းရဲ့ favorite အပ်မှိုလေးတွေမှာကျန်းမာရေးအကျိုးကျေးဇူး (9) ချက်တောင် ရှိတယ်တဲ့နော် 😍 🍲 မာလာရှမ်းကော ၊ အကင် ၊ ...
22/08/2023

Foodie တိုင်းရဲ့ favorite အပ်မှိုလေးတွေမှာကျန်းမာရေးအကျိုးကျေးဇူး (9) ချက်တောင် ရှိတယ်တဲ့နော် 😍

🍲 မာလာရှမ်းကော ၊ အကင် ၊ ဟော့ပေါ့ စားတိုင်း လည်းမပါမဖြစ်
အထောင်းဆိုလည်း အပ်မှိုထောင်း မှ အပ်မှိုထောင်း ဆိုတဲ့ အပ်မှို Fan လေးတွေ ရှိတယ်ဟုတ် 😉

ကဲ ဒီနေ့မှာတော့ Feast & Fun ရဲ့ Tuesday Facts လေးတွေပြောပြမယ့်အစီအစဉ်လေးမှာ ...

အပ်မှိုလေးတွေအကြောင်း တစ်စေ့တစ်စောင်း ဖတ်ကြည့်လိုက်ရအောင်

✔️ No.1 အချက်ကတော့
နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ပါတဲ့

အပ်မှိုစားသုံးခြင်းဟာဆိုရင် သွေးတွင်းအဆီဓာတ် ( သွေးတွင်း ကိုလက်စထရော ) များခြင်းကို လျှော့ချပေးတာကြောင့်
နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။ 🫀

✔️ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

အပ်မှိုလေးဟာ ကင်ဆာဖြစ်နှုန်းကိုလည်း သိသာစွာ လျှော့ချပေးပါတယ်တဲ့။ 😉

✔️ ဝမ်းမှန်စေတယ်

ဒါကတော့ အားလုံး သိကြမယ်ဟုတ် 👀
အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အစာချေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်တဲ့။
ဒါ့အပြင် တစ်နေ့တာအတွက် လုံလောက်တဲ့ အမျှင်ဓာတ်ပမာဏကိုလည်း အပ်မှိုလေးက ပေးနိုင်ပါတယ်တဲ့။ 😉

✔️ မှတ်ဉာဏ် ကောင်းမွန်စတယ်

အပ်မှို မှာ Amino Acid များစွာ ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြော System ပိုမို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်နော်။🧠

✔️ ဓာတ်မတည့်ခြင်းများကို လျော့ကျစေတယ်

ရံဖန်ရံခါမှာ မိမိနဲ့ ဓာတ်မတည့်လို့ ဖြစ်တတ်တဲ့ အရေပြားနီမြန်းယားယံခြင်း ၊ နှင်းခူဖြစ်ခြင်း စတဲ့ အရေပြားပြဿနာများကိုလည်း ရှောင်ရှားနိုင်ပါသေးတယ်တဲ့ ။☑️


✔️ကိုယ်ခံအား ကို ပိုမို ကောင်းမွန်စေဖို့

အပ်မှိုမှာ Vitamins a, c, d, b6, and iron, potassium, calcium, protein ဓာတ်
များစွာ ပါဝင်တာကြောင့်
ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီး အသည်းရောဂါ၊ သွေးတိုးရောဂါများကို သက်သာစေနိုင်ပါတယ်။☑️

✔️အဆီကျစေနိုင်တယ်

အပ်မှိုမှာ conjugated linoleic acid (CLA) ဆိုတဲ့ Acid ဓာတ် တစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျော့ကျစေနိုင်တဲ့အတွက် Diet Meal Plan တွေမှာ ထည့်ပေးသင့်ပါတယ်နော် ။ 😉

✔️ဇီဝတွင်းဖြစ်စဉ်( Metabolism ) တိုးတက်ကောင်းမွန်စေနိုင်တယ်

အပ်မှိုစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေကို စနစ်တကျ လည်ပတ်လုပ်ဆောင်စေတာကြောင့် Metabolism boost ပေးနိုင်ပါတယ်တဲ့။

✔️ သွေးပေါင် ညီမျှမှု ကို ထိန်းညှိပေးတယ်

သွေးပေါင်တက်လွယ်သူများ ၊ သွေးပေါင်ကျလွယ်သူများအတွက် အပ်မှိုဟာ စားသင့်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်တဲ့။

ကဲ!! အပ်မှိုလေးရဲ့ အကျိုးကျေးဇူးတွေကများပေမဲ့ အလွန်အကျွံ မစားဖို့ လိုမယ်နော်။ 😉

နောက်အပတ်တွေမှာလည်း ဘယ်လို အစားအသောက် ၊ အသီးအနှံ အသီးအရွက်လေးတွေရဲ့ အကျိုးကျေးဇူးလေးတွေ ရေးပေးရမယ်ဆိုတာ မန့်ပေးခဲ့ပါဦးနော် ။ ။

ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ပြည့်စုံသော ပထမ ဝါဆိုလပြည့်နေ့  အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာ ချမ်းသာ လန်းဖြာ...
01/08/2023

ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ပြည့်စုံသော
ပထမ ဝါဆိုလပြည့်နေ့ အခါသမယမှာ
မြန်မာပြည်သူပြည်သားအပေါင်း
ကျန်းမာ ချမ်းသာ လန်းဖြာစွာဖြင့်
ကောင်းမှု ကုသိုလ်များ ပြုလုပ်နိုင်ပါစေကြောင်း Feast & Fun မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့် ။ ။ 🙏🏻🙏🏻🙏🏻

#ဝါဆိုလပြည့်နေ့

" 𝐈 𝐚𝐦 𝐁𝐚𝐫𝐛𝐢𝐞 𝐠𝐢𝐫𝐥 , 𝐢𝐧 𝐚 𝐁𝐚𝐫𝐛𝐢𝐞 𝐰𝐨𝐫𝐥𝐝 "🎵💄Barbie Fun Facts လေးတွေ အကြောင်း ပြောရအောင် !! 🥳🎀 ကဲ ဒီအပတ် Tuesday မှာတော့ Fo...
25/07/2023

" 𝐈 𝐚𝐦 𝐁𝐚𝐫𝐛𝐢𝐞 𝐠𝐢𝐫𝐥 , 𝐢𝐧 𝐚 𝐁𝐚𝐫𝐛𝐢𝐞 𝐰𝐨𝐫𝐥𝐝 "🎵
💄Barbie Fun Facts လေးတွေ အကြောင်း ပြောရအောင် !! 🥳

🎀 ကဲ ဒီအပတ် Tuesday မှာတော့ Food Facts နဲ့ Nutrition Facts တွေ မပြောတော့ပဲ Barbie Fun Facts လေးတွေ ပြောကြမယ်ကွယ်

🛍️ ဒီလအတွင်းမှာပဲ Barbie Movie 🎥 ရုံတင်နေပြီဆိုတော့ ဘယ်သူ့မှ သိပ်မသိသေးတဲ့ Barbie Facts လေးတွေကို Feast & Fun နဲ့အတူ ဖတ်ကြည့်လိုက်ရအောင်

🌸 Barbie အရုပ်တွေရဲ့ အစပထမ ဟာဆိုရင် Lilli doll ဆိုတဲ့ ဂျာမန်ကာတွန်းထဲက ပြည့်တန်ဆာ ( Pr******te ) အရုပ်ကို အခြေခံထားပါတယ် ။
•အဲ့ဒီ အရုပ်ဟာ Bars တွေနဲ့ Adult Toys Shops တွေမှာ တွေ့ရတဲ့ အရုပ်ဖြစ်ပါတယ်တဲ့။
•အဲ့ဒီ အရုပ်ပုံစံကို Inspire ယူထားတဲ့ Barbie ကို March 9 , 1959 , New York City မှာ စတင်မိတ်ဆက်ခဲ့ပါတယ်တဲ့။

🛍️ ဘာဘီ အရုပ်မလေး မှာ အိမ်မွေးတိရစ္ဆာန်ပေါင်း 50 ကျော်ခန့်ရှိပြီး မြင်းကျား ၊ ချင်ပန်ဇီ တွေနဲ့ 🐼 ပန်ဒါဝက်ဝံတွေ အထိ ပါဝင်ပါတယ်တဲ့ ။

🌷 Barbie ရဲ့ နာမည်အရင်းလေးကတော့
Barbara Millicent Roberts ပါတဲ့။

💞 Barbie ကို Ken နဲ့ စတင်မိတ်ဆက်ပေးတာ 1961 မှာဖြစ်ပြီး မြင်မြင်ချင်းအချစ်နဲ့ ချစ်မိသွားကြလို့ နှစ်ယောက်သား Date ဖြစ်သွားပါတယ်တဲ့။👀
( Single လေးတွေငိုပြီပေါ့ 🤪 )
ဒါပေမဲ့ 2004 မှာ ကွဲသွားကြတာကြောင့် Barbie တစ်ယောက် Married Life ကို ဘယ်တော့မှ မယူတာ အခုထိပါတဲ့ ။
( အတုယူကြနော် :3 )

🌸 Single And Shine Bright ဖြစ်တဲ့ Barbie လေးမှာ သက်မွေးအလုပ် Career 200 ကျော်အထိ ရှိပါတယ်တဲ့။

ကဲ ဘာဘီအကြောင်း တစ်စေ့တစ်စောင်း ဖတ်ပြီးသွားပြီဆိုတော့ ရုပ်ရှင်ရုံမှာ ဆရာကြီး လုပ်လို့ရပြီပေါ့ 😉

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "" အာ‌ဇာနည်နေ့ ဒို့မမေ့ "ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရို...
19/07/2023

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "
" အာ‌ဇာနည်နေ့ ဒို့မမေ့ "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။

ယနေ့ 𝟏𝟗.𝟎𝟕.𝟐𝟎𝟐𝟑 ရက်နေ့တွင်ကျရောက်သော
7⃣6⃣ နှစ်မြောက် "အာဇာနည်နေ့" ကို Feast & Fun မှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

#အာဇာနည်နေ့
'_Day

မိုးအေးတိုင်း၊ ညတိုင်း၊ ဗိုက်ဆာတိုင်း ပြုတ်စားဖြစ်နေတဲ့ ခေါက်ဆွဲခြောက်ထုပ်လေးတွေအကြောင်းတစေ့တစောင်း ဖတ်ကြည့်လိုက်ရအောင် ...
04/07/2023

မိုးအေးတိုင်း၊ ညတိုင်း၊ ဗိုက်ဆာတိုင်း ပြုတ်စားဖြစ်နေတဲ့ ခေါက်ဆွဲခြောက်ထုပ်လေးတွေအကြောင်းတစေ့တစောင်း ဖတ်ကြည့်လိုက်ရအောင် 😉

▫️ကဲ Feast & Fun ရဲ့ Tuesday Fun Facts အစီအစဉ်လေး ပြန်လည် ရောက်ရှိလို့လာပါပြီနော်။

▫️ဒီတစ်ခေါက်မှာတော့ လူတိုင်းနဲ့မကင်းနိုင်တဲ့
ခေါက်ဆွဲခြောက်ထုပ်လေးတွေရဲ့ Surprising Fun Facts လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

✨ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်
(B.C. 2,000 ) လောက်ကတည်းက
မြေအိုးနဲ့ ခေါက်ဆွဲ အပိုင်းအစတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေက မြောက်ပိုင်းတရုတ်ပြည်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့
အထောက်အထားတွေ ရှိပါတယ်တဲ့။

✨ တစ်ချို့သောခေတ်ကာလတွေမှာ ခေါက်ဆွဲခြောက်ဘူးတွေဟာ Luxury အစားအစာ ဖြစ်ခဲ့တာကြောင့် ငွေကြေးကျိကျိတက် ချမ်းသာသူ လူတန်းစားတွေသာ မြည်းစမ်းနိုင်ကြပါတယ်။

✨ ခေါက်ဆွဲခြောက်ကို စတင်တီထွင်ခဲ့သူကတော့ ထိုင်ဝမ်-ဂျပန် လူမျိုး Momofuku Ando ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အစာရေစာငတ်ပြတ်မှုကို ဖြေရှင်းနိူင်ဖို့ ရည်ရွက်ချက်နဲ့ တီထွင်ခဲ့ပါတယ်တဲ့။

✨ ခေါက်ဆွဲခြောက်တွေမှာ ပါဝင်တဲ့ ဖယောင်းပါဝင်မှုတွေကို ရှင်းထုတ်နိုင်ဖို့အတွက်
အစာခြေစနစ်က ပျမ်းမျှ နှစ်ရက်အချိန်ယူရပါတယ်တဲ့။
❗အဲ့ဒီ ဖယောင်းဓာတ်တွေက ကင်ဆာဖြစ်စေနိုင်တာကြောင့် ခေါက်ဆွဲပြုတ်ပြီးတဲ့အခါ ပထမဆုံးပြုတ်ရည်ကို သွန်သင့်ပါတယ်တဲ့နော်။

✨ ဒါနဲ့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ အသင့်စား ခေါက်ဆွဲဘူးပြတိုက်လည်း ရှိတယ်တဲ့နော် ။
ကမ္ဘာ့ ပထမဆုံး ခေါက်ဆွဲခြောက်ထုပ်ကနေ ယခုအချိန်ထိ ထုတ်လုပ်ဆဲ ခေါက်ဆွဲခြောက်ထုပ်/ဘူးတွေကို ပြသထားပါတယ်တဲ့။

❗ ခေါက်ဆွဲခြောက်တွေ အစားလွန်မယ်ဆိုရင် အဝလွန်ခြင်း ၊ သွေးတွင်းကစီဓာတ်များခြင်း နဲ့ နှလုံးရောဂါပြဿနာတွေနဲ့ အစာအိမ်ကင်ဆာတွေ ဖြစ်လာနိုင်ချေရှိလို့ Foodie လေးတို့အနေနဲ့ လျှော့စားသင့်ပါတယ်တဲ့နော် ။

ကဲ ဒီနေ့ Instant Noodles Facts တွေကတော့ ဒီလောက်ပါပဲနော် ။

နောက်တစ်ပတ်အတွက် တင်စေချင်တဲ့ Facts တွေ ရှိရင်လည်း Comments မှာ အကြံပေးခဲ့လို့ ရပါတယ်ရှင့် 😉


မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော အီဒုလ်အဿွဟာ (ကိုဘာရ်နီအီးဒ်)နေ့ နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာပြည်တစ်ဝန်းမှ အစ္စလာမ်ဘာသာဝင...
29/06/2023

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော အီဒုလ်အဿွဟာ (ကိုဘာရ်နီအီးဒ်)နေ့ နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာပြည်တစ်ဝန်းမှ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများ အားလုံး
အလ္လာဟ်အရှင်မြတ်တော်ထံမှ ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေကြောင်း Feast & Fun မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် ။

" 𝗛𝗮𝗽𝗽𝘆 𝗙𝗮𝘁𝗵𝗲𝗿'𝘀 𝗗𝗮𝘆 "  နေမင်းသဖွယ်၊ လူစွမ်းကောင်းလိုတစ်ဖုံ၊ ဆရာတစ်ယောက်လိုသင်ကြားပြ၊ ကာကွယ်ပေးရပြီး တစ်အိမ်သားလုံး အစစအ...
18/06/2023

" 𝗛𝗮𝗽𝗽𝘆 𝗙𝗮𝘁𝗵𝗲𝗿'𝘀 𝗗𝗮𝘆 " နေမင်းသဖွယ်၊ လူစွမ်းကောင်းလိုတစ်ဖုံ၊ ဆရာတစ်ယောက်လိုသင်ကြားပြ၊ ကာကွယ်ပေးရပြီး
တစ်အိမ်သားလုံး အစစအရာရာ စိတ်ချရအောင် ဖန်တီးပေးရတဲ့ အဖြူစင်ဆုံး မေတ္တာနဲ့ ဖခင်များကို Feast & Fun မှ ဂုဏ်ပြုလိုက်ပါတယ်ရှင် 💌

💕ဖေဖေ့ကို ငယ်ငယ်ကလို ချစ်တဲ့အကြောင်းတွေ အများကြီး ပြောဖို့၊ ဖေဖေကြိုက်တဲ့ မုန့်တွေ ဝယ်ကျွေးဖို့ ဒီနေ့က အသင့်တော်ဆုံးပဲမို့
အဖေများနေ့မှာ အဖေ့အတွက် ချစ်ခြင်းမေတ္တာတွေကို အပြိုင်အဆိုင်ထုတ်ဖော် ပြသလိုက်ရအောင်နော်😉


Job Vacancy Announcement Senior Sales Executive (1 post - Female)🔹Job Descriptions - Management team နှင့်ပူးပေါင်းညှိနှ...
05/06/2023

Job Vacancy Announcement

Senior Sales Executive (1 post - Female)

🔹Job Descriptions
- Management team နှင့်ပူးပေါင်းညှိနှိုင်း၍ sales plan နှင့် project များကို တိုင်ပင်ရေးဆွဲနိုင်ရမည်။
- လစဉ် sales target များပြည့်မှီအောင်ဆောင်ရွက်နိုင်ရမည်။
- သတ်မှတ်ထားသော report များ အချ်ိန်မှီတင်ပြနိုင်ရမည်။
- လုပ်ငန်းလိုအပ်ချက်အရ sales promotion များကိုလည်း လုပ်ဆောင် ရမည့်အပြင် customer complaint များကိုလည်းကိုင်တွယ် ဖြေရှင်းနိုင်ရမည်။

🔸Job Requirements
- တက္ကသိုလ်တခုခု မှ ဘွဲရရှိသူဖြစ်ရမည်။
- Service Industries တွင် လုပ်သက် ၃ နှစ်နှင့်အထက်ရှိသူဖြစ်ရမည်။
- English language အရေးအသား/ အပြောအဆို ကျွမ်းကျင်သူဖြစ်ရမည်။
- လုပ်ငန်းသုံးဆိုင်ရာ Computer နှင့် Internet တို့ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
- ဆက်ဆံရေးပြေပြစ်သူ/ Team work ဖြင့်လုပ်ဆောင်နိုင်သူဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်အရ event များလုပ်ဆောင်နိုင်ရမည်/ ခရီးသွားလာနိုင်ရမည်။

လျှောက်ထားလိုသူများသည် Email: [email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

Location- Hlaing Township

မိတ်ဆွေတို့ရဲ့လုပ်ငန်း ရောင်းအားတက်ဖို့ နှင့် လူသိများဖို့အတွက် အဓိကလိုအပ်တာက ⁉️Feast & Fun ရဲ့ အသက်သာဆုံး ဈေးနှုန်းနှင့...
29/05/2023

မိတ်ဆွေတို့ရဲ့လုပ်ငန်း ရောင်းအားတက်ဖို့ နှင့် လူသိများဖို့အတွက် အဓိကလိုအပ်တာက ⁉️

Feast & Fun ရဲ့ အသက်သာဆုံး ဈေးနှုန်းနှင့် စိတ်အချမ်းသာရဆုံး ဝန်ဆောင်မှုကိုသာ စိတ်ချယုံကြည်လိုက်ဖို့ပါပဲ 😉

❗ယခုမှ Business စတင်မည့် New Customers များနှင့်
❗Business စတင်ပြီးသော်လည်း Loyal Customers ပိုမိုများပြားလာချင်တဲ့ လုပ်ငန်းရှင်များအထိ Business Type မျိုးစုံကို လက်ရှိမှာလည်း Digital Marketing Services များကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ် 🤝

Feast & Fun Digital Marketing ရဲ့ Original Services တွေနဲ့အတူ ရနိုင်မယ့် အကျိုးကျေးဇူးကို ပြောပြပါ့မယ်ရှင့်။

Content Writing ✍🏻

သင့်ရဲ့ Brand ကို တမူ ကွဲပြား ထူးခြားသာလွန် တဲ့ အမြင် နဲ့ မှတ်မိစေချင်ပါသလား ?
ရရှိလာတဲ့ Brand tone အပေါ်မူတည်ပြီး
ကလောင် လက်စွမ်းထက်ရမယ် 🤩
Creative & Classic ဖြစ်ရမယ် 📊 ဆိုတဲ့
အချက်တွေနဲ့ အညီ စားသုံးသူကို တိုးသထက် တိုးလာအောင် ဆွဲဆောင်ပေးမှာမို့
လုံးဝ စိတ်ချ လိုက်ပါ😉

Social Media Designs 🧑‍🎨

" အချစ်ကစ မျက်စိက " ဆိုသလိုပဲ Facebook ပေါ်မှာ 2 seconds အတွင်း မြင်လိုက်ရတဲ့ Design တစ်ခုဟာ ကြော်ငြာစာကို ဆက်ဖတ်သင့်၊ မဖတ်သင့် ဆုံးဖြတ်ပေးပါတယ်တဲ့..

Poster တစ်ချက်လေး ကြည့်ရုံနဲ့
သင့်ရဲ့ Business Page တစ်ခုလုံးကို ချက်ချင်း Like & Follow လုပ်သွားစေမယ့် 😉 အစွမ်းမျိုးလည်း Feast & Fun က Designers တွေမှာ ရှိပါတယ်ဗျို့ 👀

Media Buying 👩‍💻

ခေတ်နဲ့ အညီ Marketing Trends တွေကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေတတ်ပြီး
Updated Facebook Policy တွေကို
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး သကဲ့သို့ ကြေညက်နေပြီး ရှယ်လန်း တဲ့ Results တွေနဲ့ ကြမ်းတတ်တဲ့ Media Buyer Team ကလည်း လူကြီးမင်းတို့ရဲ့ ရှယ်ရောင်းအားတွေအတွက် Ready ပါပဲတဲ့ 😎

Digital Solutions 📝

Consulting ဟာ Fields တိုင်း၊ Industry တိုင်းမှာ အရေးကြီးတာကြောင့် Business တစ်ခုမှာလည်း ကိုယ့်ရဲ့ ယုံကြည်ရတဲ့ အမြဲတမ်းအကြံပေး တစ်ယောက်တော့လိုအပ်ပါတယ်။ 📈

ကိုယ့်လုပ်ငန်းရဲ့ Ups and Downs ဘယ်လို ကာလတွေပဲ ဖြစ်နေပါစေ !!!

အမြဲတမ်း အဆင်သင့်ရှိပြီး ကောင်းရာကောင်းကြောင်းကိုပဲ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးတတ်တဲ့ Business Partner Team တစ်ခုအတွက်လည်း
Feast & Fun ကို စိတ်ချလက်ချ အားကိုးနိုင်ပါတယ်ရှင့် ။ 💌

Facebook Digital Marketing နှင့်ပတ်သက်ပြီးအသေးစိတ်စုံစမ်းလိုပါက
📞 09774355774 / 095416806 တို့ကိုဆက်သွယ်၍ ဖြစ်စေ၊
မင်မင်တို့ Page CB ကိုတိုက်ရိုက်မေးမြန်းန်ိုင်ပါတယ်နော် ..

Feast & Fun နဲ့ဆိုရင် လူကြီးမင်းတို့ရဲ့ Digital Marketing ကိစ္စတွေ လုံးဝစိတ်အေးနိုင်ပြီနော် 🤝



May 20 ရက်နေ့က Golden Inya Island မှာ ကျင်းပခဲ့တဲ့ The Trio Service Band ရဲ့ တီးခတ်မှုတွေနဲ့ အတူ ကိုဇော်ပိုင် ၊ J- Fish ...
25/05/2023

May 20 ရက်နေ့က Golden Inya Island မှာ ကျင်းပခဲ့တဲ့ The Trio Service Band ရဲ့ တီးခတ်မှုတွေနဲ့ အတူ ကိုဇော်ပိုင် ၊ J- Fish ၊ Jessie Jane တို့၏သီဆိုမှုများနှင့် လာရောက်ပါဝင် အားဖြည့် သီဆိုပေးကြတဲ့ ဧည့်သည် အဆိုကျော်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ..
မင်းနဲ့မှ ချစ်တတ်ပြီပေါ့ Music Concert ပွဲလေးအတွက် နေရာထိုင်ခင်း စီစဉ်ထားပုံများ၊ အစားအသောက် ဈေးဆိုင်ခန်းများ နှင့် အမှတ်တရပုံရိပ်များကို အခုလိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် မင်မင်တို့ Latlatsatsat Business နှင့် Feast & Fun Team မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဝေမျှလိုက်ပါရစေရှင့် 🥰🥰



🍟 ဘီယာသောက်တိုင်း မပါမဖြစ် မှာရတဲ့ French Fries က ပြင်သစ်က မဟုတ်ပါဘူးတဲ့နော် 🤯အမြဲတမ်း စားနေကျ ဒီအမြည်းလေးကို🇫🇷 ပြင်သစ် ...
23/05/2023

🍟 ဘီယာသောက်တိုင်း မပါမဖြစ် မှာရတဲ့ French Fries က ပြင်သစ်က မဟုတ်ပါဘူးတဲ့နော် 🤯

အမြဲတမ်း စားနေကျ ဒီအမြည်းလေးကို
🇫🇷 ပြင်သစ် ကလို့ပဲ ထင်နေကျဆိုတော့ စိတ်ဝင်စားသွားပြီဟုတ်👀

🍟 French Fries ဆိုတဲ့ အစားအစာ ဘယ်နိုင်ငံက စခဲ့တာလဲ❓
🇧🇪 French Fries ကြော်တဲ့ Original Recipe က ဘယ်လ်ဂျီယံ (Belgium) နိုင်ငံက စခဲ့တာပါတဲ့

🍟ဒါဆို " French Fries " ဆိုတဲ့ နာမည်က ဘယ်လိုဖြစ်လာခဲ့လဲဆိုရင်

💥 ပထမကမ္ဘာစစ်မှာ အမေရိကန်စစ်သားတွေ Belgium နိုင်ငံမှာ စခန်းချခဲ့စဉ်က ...
အထူးနှစ်ခြိုက်ခဲ့တဲ့ အာလူးကြော် ဖြစ်ခဲ့ပြီး

အဲ့ဒီအချိန်တုန်းက Belgium နိုင်ငံရဲ့ ဘာသာစကားက ဒတ်ချ် နဲ့ ဂျာမန်ဘာသာစကား မဟုတ်သေးပဲ
ပြင်သစ်ဘာသာစကား ကိုသာ ပြောကြလို့
" French Fries " လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်တဲ့။ 💥

👀 ကဲ french fries လေးအကြောင်း သိသွားပြီဆိုတော့ ဘော်ဒါတွေကြားမှာ ဆရာကြီးလုပ်ရင်း ပြောပြလို့ရပြီနော် 🤪

ကဲ ဒီနေ့ facts လေးတော့ဒီလောက်ပဲနော်
See you on next week ✨


The Trio Service x Zaw Paing x Jassie x J-Fish တို့ရဲ့ဖျော်ဖြေသီဆိုမှုတွေနှင့်အတူ မေ၂၀ ရက်နေ့ ညလေးက်ို Golden Inya Islan...
19/05/2023

The Trio Service x Zaw Paing x Jassie x J-Fish တို့ရဲ့ဖျော်ဖြေသီဆိုမှုတွေနှင့်အတူ မေ၂၀ ရက်နေ့ ညလေးက်ို Golden Inya Island မှာအတူတူ ဖြတ်သန်းကျမယ်နော် 🥂

#မင်းနဲ့မှချစ်တက်ပြီပေါ့

ရေခဲရေသောက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ❓နွေရာသီမှာဆို အတောင့်တဆုံးက ရေခဲရေပဲနော်။ 🤩 မောင်လေးတွေ၊ ကိုကြီးတွေ ...
16/05/2023

ရေခဲရေသောက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ❓

နွေရာသီမှာဆို အတောင့်တဆုံးက ရေခဲရေပဲနော်။ 🤩 မောင်လေးတွေ၊ ကိုကြီးတွေ No ပါ😒

နေ့တိုင်း ရေခဲရေတော့ သောက်ဖြစ်နေတယ်ဟုတ်?
ရေခဲရေသောက်တာက ကောင်းတာတွေအများကြီးရှိပေမဲ့ ☀️ နေရှိန်ပြင်းလို့ အခြေအနေ ကြည့်ပြီး သောက်ကြပါနော်။

ကဲ ဒီနေ့မှာတော့ Feast & Fun ရဲ့ Tuesday Facts အနေနဲ့ ရေခဲရေသောက်တာကနေရတဲ့ Benefits လေးတွေကို ပြောပြချင်ပါတယ်။

ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုရင် ...

🧊 ကိုယ်ခန္ဓာတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း

🧊 Active ပိုဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းအားကောင်းစေတယ်

🧊 နာကျင်မှုကို သက်သာစေတယ်

🧊 ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေခြင်း

🧊 ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်တယ်

🧊 အစာချေဖျက်နှုန်း ( Metabolism rate ) ကိုလည်း မြန်စေတယ်

စတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်နော်။

ဒါ့အပြင် အသားအရည် ကြည်လင်ဖို့အတွက်လည်း
🧊 ရေခဲတုံးလေးကို Skin Care Steps တွေမလုပ်ခင်မှာ မျက်နှာပေါ်တင်ပြီး 1 min ခန့် ပွတ်ပေးရင်လည်း ပိုကြည်လင်ပြီး Healthy ဖြစ်တဲ့ Skin လေးကို ပိုင်ဆိုင်နိုင်ပါတယ်နော်။✨

ကဲ Tuesday Facts ကတော့ ဒီနေ့တော့ဒီလောက်ပါပဲရှင့်။

နောက်အပတ်မှ ပြန်လည်ဆုံတွေ့ရအောင်နော်😉

ရည်းစားနဲ့ ရန်ဖြစ်လို့ ငိုတိုင်း အမေပြောနေကျ စကားလေးတစ်ခွန်းက ? " နည်းတောင်နည်းသေးတယ် " " ယောကျာ်းတိုင်းက ညည်းတို့အဖေနဲ့...
14/05/2023

ရည်းစားနဲ့ ရန်ဖြစ်လို့ ငိုတိုင်း အမေပြောနေကျ စကားလေးတစ်ခွန်းက ?

" နည်းတောင်နည်းသေးတယ် "

" ယောကျာ်းတိုင်းက ညည်းတို့အဖေနဲ့တော့ ဘယ်တူမလဲအေ့ "

" မိန်းကလေးတွေက ဒီလိုပါပဲ သားရယ် အပူတွေ အပူတွေ "

ဟုတ်တယ်ဟုတ် ? 🤣

ကဲ ဘာပဲဖြစ်ဖြစ် အပေးသာရှိပြီး အယူမရှိတဲ့ ချစ်ရသော မိခင်❤️များကို အမေများနေ့မှာ ကျေးဇူးတင်ချီးမွမ်းရင်း ဂုဏ်ပြုလိုက်ရပါတယ်ရှင့် ။ 🙏

Happy Mother's Day, everyone 🥰



ပိုပိုက သူမရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့သူတွေ💖ချစ်ရတဲ့ ပရိတ်သတ်၊ သူငယ်ချင်း၊ မိတ်ဆွေတွေ နဲ့အတူ ဖြတ်သန်းချင်ပါတယ်တဲ့ ..‘’ မွ...
11/05/2023

ပိုပိုက သူမရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့သူတွေ💖
ချစ်ရတဲ့ ပရိတ်သတ်၊ သူငယ်ချင်း၊ မိတ်ဆွေတွေ နဲ့အတူ ဖြတ်သန်းချင်ပါတယ်တဲ့ ..

‘’ မွေးနေ့ ၂ ခုစာ မတွေခဲ့ရတဲ့ အတွက် ဒီနှစ် ♉️ မေလ (၁၆) ရက်နေ့ မှာ ကျရောက်မဲ့ ပိုပို့ရဲ့ (၃၃) နှစ်ပြည့်မွေးနေ့လေးကို သီချင်းတွေ သီဆိုရင်း ချစ်ရသူတွေနဲ့ ဖြတ်သန်းသွားပါ့မယ်’’ ဆိုတော့ 🤍🤍🤍

ကဲ ပရိတ်သတ်ကြီးတို့ရေ မွေးနေ့ပွဲလေးက်ိုလာမယ်ဆိုရင် အခုဘဲ ဆက်သွယ်လိုက်တော့နော် …
VVIP ticket လေးတွေကလဲ သူငယ်ချင်း၊ မိတ်ဆွေအချစ်တွေအားပေးလို့ sold out တွေ ဖြစ်တော့မှာမို့နော်..

အားလုံးရဲ့ အချစ်တွေနဲ့ ပိုပိုရဲ့ မွေးနေ့လေးမှာ ဆုံစည်းကြဖို့ မင်မင်တို့ Feast & Fun Team ကလဲ အစွမ်းကုန်အားဖြည့် ပေးနေတာမို့ Birthday Party Show လေးကိုလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ..

ဆက်သွယ်ရန်📞
Hein Htet Zaw - 095416806
May Jue Thet Lel - 09420244829 တို့ကို အသေးစိတ်မေးမြန်းစုံစမ်းနိုင်တယ်ရှင်။






20 ရက်နေ့ပွဲမှာ 90's ခေတ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်တစ်ယောက်ပါမယ်တဲ့ ... 🥳May လ ၂၀ ရက်နေ့၊ Golden Inya Isl...
06/05/2023

20 ရက်နေ့ပွဲမှာ 90's ခေတ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်တစ်ယောက်ပါမယ်တဲ့ ... 🥳

May လ ၂၀ ရက်နေ့၊ Golden Inya Island Area မှာ ကျင်းပမယ့်ပွဲမှာ The Trio Service Band, Jessie Jane, J-Fish တို့နဲ့အတူ သီဆိုဖျော်ဖြေပေးမယ့် Surprise Artist တစ်ယောက်လည်း ပါဝင်ပါမယ်တဲ့။

ကဲ ခန့်မှန်းပေးဖို့ Ready ပဲလား ? ပရိသတ်ကြီး 👀

အဖြေမှန်တဲ့သူတိုင်းကိုလည်း ဘီယာတစ်ခွက် လက်ဆောင်ပေးဖို့လည်း စီစဉ်ထားပါတယ်ရှင့်။

ကဲ Hint လေးတွေ ပေးမယ်နော်😉

90's Born တွေဆိုရင် သူ့ကို သေချာပေါက် သိမှာ၊ လုံးဝEasy Going လေးနော်။

သူ့ရဲ့ Hit ဖြစ်တဲ့ အချစ်သီချင်း၊ လမ်းခွဲသီချင်းလေးတွေဆိုရင်လေ အေးအေးလေးနဲ့ ဆိုလို့ကောင်းပြီး

ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားလည်း သူ့ရဲ့ နာမည်ကြီး သီချင်းလေးတစ်ပုဒ် နဲ့ ချွဲလိုက်မယ်ဆိုရင် လုံးဝအရည်ပျော်ကျသွားတာနော်

နောက်ထပ် Hint ထပ်ပေးဦးမယ်ကွယ်

သူ့ရဲ့ သားလေးဆိုရင်လည်း
Gentleman သေးသေးလေးလို့ ပြောကြရလောက်တဲ့အထိ အရမ်း အရမ်း
ချစ်စရာကောင်းပြီး 🥰 နေရာတိုင်းမှာ ထူးချွန်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်နော်။

ကဲ ဒီလို Hint တွေအများကြီးပေးထားတော့ ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ပြီဟုတ် 😉

Beer တစ်ခွက်လက်ဆောင်ယူမယ့်သူတွေလည်း အများကြီးရှိနေလောက်ပြီနော် 🥰

May 20 မတိုင်ခင်ကတည်းက ရှယ် Chill ဖို့ Ready ပဲမလားနော် ?

Surprise Artist က ဘယ်သူဆိုတာကိုလဲ
Comment Box မှာ ဖြေပေးခဲ့ကြပါဦးနော်😉

ကဲ ငြိမ့်ညောင်းတဲ့သံစဉ်တွေနဲ့ ခနလောက် လာအနားယူချင် တယ် ဆ်ိုရင်တော့ ticket လေးတွေ ဝယ်ယူလို့ရနေပါပြီလို့သတင်းလေးပါးပါရစေနော့် 🎫

𝗦𝗲𝗲 𝘆𝗼𝘂 𝗼𝗻 𝟮𝟬𝘁𝗵 𝗠𝗮𝘆 !!! 🤘



‘’ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ‘’ ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ ဗုဒ္ဓဘာသာဝင်များကိုးကွယ် ဆည်းကပ်ရာ သုံးလောက ထွဋ်ထား သဗ...
03/05/2023

‘’ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ‘’
ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ ဗုဒ္ဓဘာသာဝင်များကိုးကွယ် ဆည်းကပ်ရာ သုံးလောက ထွဋ်ထား သဗ္ဗေညု မြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးမြတ်လှသော ကဆုန်လပြည့်နေ့ အခါသမမှာ ခုနှစ်ရက်သားသမီးများအပေါင်း အေးချမ်းသာယာစွာဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ကြပါစေကြောင်း Feast & Fun Digital Marketing မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်ရှင်။ ။


#ကဆုန်လပြည့်နေ့
#ဗုဒ္ဓနေ့

၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား Feast & Fun Digital Marketing team မှ လှိုက်...
01/05/2023

၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား Feast & Fun Digital Marketing team မှ လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

နယ်ပယ်တိုင်း၊ နေရာတိုင်းမှာ တာဝန်ထမ်းဆောင်လုပ်ကိုင်နေကြသော အလုပ်သမား/ ဝန်ထမ်းများအားလုံး ကျန်းမာ၊ ချမ်းသာပြီး ရသင့်ရထိုက်သောအလုပ်အကိုင်အခွင့်အလမ်းများ ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ...

&fun #အလုပ်သမားနေ့

နွေရာသီမှာ ဝိတ်ချရင် ပိုမြန်၊ ပိုထိရောက်တဲ့ Weight loss Results ကို ရတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား?😱 အဖြေမှန်ကတော့ ဟုတ်ပါတ...
25/04/2023

နွေရာသီမှာ ဝိတ်ချရင် ပိုမြန်၊ ပိုထိရောက်တဲ့ Weight loss Results ကို ရတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား?😱

အဖြေမှန်ကတော့ ဟုတ်ပါတယ်။ ✅
Summer က ဘာကြောင့် ဝိတ်ချဖို့ အလွယ်ဆုံး ရာသီဖြစ်နေလည်းဆိုတဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပါ့မယ်နော်။

နွေရာသီမှာဆိုရင် စားချင်စိတ် နည်းပြီး ရေသောက်များတာကြောင့် Weight loss ဖြစ်တဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်နော် 💦

🥦ဘာဆိုဘာမှ မစားချင်ဘဲ
အရည်ရွှမ်းရွှမ်းအသီးတွေနဲ့ Carbohydrate နည်းတာတွေကိုပဲ စားချင်စိတ်ပိုရှိနေတော့ Fibre ဓာတ် နဲ့ Vitamin တွေ အလွယ်တကူပိုရနိုင်ခြေများပါတယ်တဲ့။ 🍉

👀ဒါနဲ့ နွေရာသီမှာ Weight loss အဓိကဖြစ်ဖို့ အဓိကစားသင့်တဲ့ ဟင်းသီးဟင်းရွက်တွေဆိုရင်
သခွားသီး၊ ရုံးပတီသီး၊ ကညွတ်၊ ပန်းပွင့်စိမ်း တို့ဖြစ်တာကြောင့် ကိုယ့်ရဲ့ Diet ထဲမှာ ဒီအသီးတွေကို ထည့်လိုက်တော့နော်။

နောက်ဆုံးနဲ့ အဓိကအကျဆုံး တစ်ချက်ကတော့ Home Workout တွေ များများလုပ်ရင်း ချွေးထွက်များတာကနေမှ သာမန်အချိန်တွေ နှစ်ဆ ပိုမြန်ပြီး နှစ်ဆ ပိုထိရောက်တဲ့ Weighloss Process ကို ရနိုင်မှာပါနော်။

ကဲ
ဒီလိုဆိုရင် ပိုထိရောက်ပြီး ဝိတ်ကျဖို့ ပိုမြန်ဆန်တဲ့အပြင် Healthy ပိုဖြစ်တဲ့ Summer Weightloss Journey လေးကို စတင်ဖို့ 🤔သိပ်စဉ်းစားမနေနဲ့တော့နော်။ 😉

&fun

The Whole earth is a living icon of the face of god .  ( St.John of Damascus ) ယနေ့ April 22 ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ က...
22/04/2023

The Whole earth is a living icon of the face of god . ( St.John of Damascus )

ယနေ့ April 22 ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေနေ့ ဖြစ်ပါတယ်တဲ့ ​။

နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးစေဖို့ နဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်မှုများကို ဆောင်ရွက်ကြပါတယ်တဲ့။📣

သဘာဝဘေးအန္တရာယ်တွေ ပိုမိုလျှော့ချဖို့အတွက် ပတ်ဝန်းကျင်မှာ Carbon ဓာတ်ငွေ့ မများအောင် Sustainable Products များအသုံးပြုခြင်း နဲ့ Eco System နဲ့ အညီ လိုက်လျောညီထွေစွာ နေခြင်းဖြင့် နေမကောင်းနေတဲ့ ကမ္ဘာကြီးကို ကယ်တယ်ပေးနိုင်ပါပြီနော် ။ 😉


ဟိတ် Healthy Lifestyle အတွက် Healthy Summer Snacks တွေလုပ်စားကြည့်ရအောင်🥰သင်္ကြန်ပိတ်ရက်တွေမှာ အပြင်ထွက်မကဲပဲ အိမ်တွင်းအ...
18/04/2023

ဟိတ် Healthy Lifestyle အတွက် Healthy Summer Snacks တွေလုပ်စားကြည့်ရအောင်🥰

သင်္ကြန်ပိတ်ရက်တွေမှာ အပြင်ထွက်မကဲပဲ အိမ်တွင်းအောင်းတဲ့သူလေးတွေ မုန့်တွေ တစ်မျိုး ပြီး တစ်မျိုး လုပ်စားတယ်ဟုတ် ? 🤭

အာဟာရအပြည့်ရှိပြီး စားလို့လည်း ရှယ်ကောင်း ရှယ် Fresh ဖြစ်စေမယ့်အပြင်
Netflix & Chill ရင်းလည်း စားလို့ရမယ့် Healthy Summer Snacks လေးတွေကို Feast & Fun က Share ပေးပါရစေနော်။🥰

ဟော့ပေါ့တွေ၊ရှမ်းကောတွေနဲ့ အကင်တွေချည်းစားပြီး ဗိုက်အောင့်ဗိုက်နာ အီလည်လည် ဖြစ်နေတယ် ဆိုရင်လည်း ဒီလို Healthy Snacks လေးတွေကို ရှာကြံ Try ကြည့်ပါလို့😉

ကဲ ခန္ဓာကိုယ်ကို Detox လုပ်ပေးမယ့်အပြင် အာဟာရအပြည့်ရှိတဲ့ Healthy Summer Snacks လေးတွေကတော့ ...

🌯 Spring Rolls

Foodie တိုင်းနဲ့ ရင်းနှီးတဲ့ Vietnam ရိုးရာ
အစားအသောက်လေးပေါ့ နော် ...
သူက ကော်ပြန့်စိမ်းနဲ့လည်း အနည်းငယ်ဆင်တူတယ်ဟုတ်။ 😉
Spring Rolls မှာ ပါဝင်တဲ့ Rolling Papers လေးသာဝယ်ထားလိုက်
ပြီးရင်
ကိုယ်ကြိုက်တဲ့ ပင်လယ်စာ ဒါမှမဟုတ် ကြက်ရင်အုံသားလေးနဲ့ ဟင်းသီးဟင်းရွက်လေးတွေပဲ လိုတယ်နော် ။
Sauce လေးကိုလည်း ငရုတ်သီး၊ ကြက်သွန်ဖြူထောင်းပြီး သံပုရာရည်လေးနဲ့ဆို ဗိုက်လည်း လုံးဝမနာပါဘူးကွယ် 😉

🥭Fruit Salad/ Vegetable Salad

အိမ်က ရှိသမျှ အသီးတွေ ဒါမှမဟုတ် ရာသီပေါ် သရက်သီးလေးနဲ့ ငရုတ်သီးရယ် ၊ ဆား၊ သကြားလေးရယ်နဲ့ မြေပဲထောင်း၊ ပုစွန်ခြောက်ထောင်းလေးနဲ့ အကုန်ရောသုပ်လိုက်ရင်လည်း ရှယ် .... 😎
Healthy Snack မလုပ်ချင်ပဲ မြန်မာဆန်ဆန်စားချင်ရင်တော့ ငါးပိနဲ့ ငံပြာရည်လေးတွေထည့်ပြီး အချဉ်ပေါင်းလုပ်ပစ်လို့တော့ ရပါတယ်🤪

🍧 Frozen Yoghurt-Oat Bars

ဒီ Healthy Snack လေးကလေ နာမည်လေးကဆန်းပေမဲ့ Recipe က လုံးဝ ရိုးရိုးရှင်းရှင်းလေး။

ခွက်ကြီးကြီး တစ်ခွက်ထဲမှာ
Ready-Made Oat ကို ကြေကြေညက်ညက်ဖြစ်အောင် ချေပြီးထည့် ..ပြီးရင် ဒိန်ချဉ်ပျစ်ပျစ်လေးကို Oat ဂျုံ အပေါ်ကနေ တစ်လွှာ ထည့် ..ပြီးရင်
မိမိကြိုက်ရာအသီးလေးတွေကို လှီးပြီး တစ်လွှာထပ်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးပါနော်။😉
ခဲသွားတဲ့အချိန်ကျ Texture အစုံနဲ့ Healthy Snack တစ်ခုဖြစ်သွားပြီမို့ နွေရာသီလေးမှာ
အေးအေးလေးနဲ့ အာဟာရအပြည့်ရှိတဲ့ Snack လေးကို လုပ်စားနိုင်ပါပြီနော်။ 🌼

Healthy Summer Snacks လေးတွေ လုပ်စားရင်း ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ကို ပိုင်ဆိုင်နိုင်ကြပါစေ ။ ။





" မြန်မာ့နှစ်သစ်ကူးဆုတောင်း "ကျက်သရေ မင်္ဂလာအပေါင်း နဲ့ အဖြာဖြာပြည့်စုံသည့် မြန်မာ့ နှစ်သစ်ကူး အခါသမယမှာ...ကိုယ်စိတ်နှစ်...
17/04/2023

" မြန်မာ့နှစ်သစ်ကူးဆုတောင်း "

ကျက်သရေ မင်္ဂလာအပေါင်း နဲ့ အဖြာဖြာပြည့်စုံသည့် မြန်မာ့ နှစ်သစ်ကူး အခါသမယမှာ...

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စီးပွားဥစ္စာများ ဒီရေအလား ပေါများပါစေကြောင်း Feast & Fun Digital Marketing Team မှ နှစ်သစ် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။



ဟိတ် ပန်းပွင့်စိမ်းရာသီမကုန်ခင် အမြန်ဝယ်စားထားလိုက်ရအောင်👀 ရှမ်းကောထဲ၊ ဟော့ပေါ့ထဲ ထည့်စားလိုက်ရရင်လည်း ရှယ်ကောင်းပဲနော်😋...
04/04/2023

ဟိတ် ပန်းပွင့်စိမ်းရာသီမကုန်ခင် အမြန်ဝယ်စားထားလိုက်ရအောင်👀

ရှမ်းကောထဲ၊ ဟော့ပေါ့ထဲ ထည့်စားလိုက်ရရင်လည်း ရှယ်ကောင်းပဲနော်😋

Broccoli 🥦 မှာ ဆိုရင် Protein ဓာတ်အပြည့် ကြွယ်ဝတာကြောင့် Diet လုပ်နေသူအတွက်လည်း လုံးဝသင့်တော်တဲ့ အသီးအရွက်အမျိုးအစားထဲ ပါဝင်ပါတယ်တဲ့

ဒါ့အပြင် Broccoli မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A ပါဝင်တာကြောင့်

🔹အမြင်အာရုံကိုကောင်းစေတဲ့အပြင်
🔹ဆံသား နှင့် Skin ကိုလည်း ပိုမို ကျန်းမာလှပစေပါတယ်။
🔹 အရိုးကိုကျန်းမာသန်စွမ်းစေပြီး
🔹 သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်နှင့် ဆီးအိမ် ကင်ဆာဖြစ်ပွားမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်တဲ့

👩‍💻ဒီနေ့က Tuesday ဖြစ်တာကြောင့် Feast & Fun မှာ အစားအသောက်၊ ကျန်းမာရေး ( ဒါမှမဟုတ် ) Nutrition Facts တွေကို တင်ပေးမယ့် Tuesday Facts အစီအစဉ်လေးဖြစ်ပါတယ်။ 😉

☕️ အပတ်စဉ်အင်္ဂါနေ့တိုင်း တင်ပေးမှာဖြစ်လို့ Feast & Fun Page လေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော် 😉

𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟯Here comes a brand new year. Get rid of the old to make place for the new, and wish you happiness thr...
01/01/2023

𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟯

Here comes a brand new year. Get rid of the old to make place for the new, and wish you happiness throughout the year!

Best wishes for the New Year!

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ...




We wish you a Merry Christmas 🎄May the true spirit of Christmas shine in your heart and light your path.
25/12/2022

We wish you a Merry Christmas 🎄
May the true spirit of Christmas shine in your heart and light your path.

Address

No. 26, Baho Road, Hlaing
Yangon
11181

Alerts

Be the first to know and let us send you an email when Feast & Fun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category