16/01/2025
Hanyang University( Seoul Campus) ကျောင်းဝင်ခွင့်အတွက် ဘာတွေ ပြင်ဆင်ခဲ့လဲ ဘာတွေ တင်ခဲ့လဲ 🦁🇰🇷✈️
Sharing about D-4 ( language program entrance preparation)
1. Education Background
2. Family background (financial background)
3. Work recommendations letter
4. Bank statement and certificate
5. Interview
6. Level test exam
7. Manifesting
8. Personal Statement and study plan
ဒါတွေ အဓိက ထားပြင်ဆင်ခဲ့ပါတယ်
ကျောင်းက education and finical background တအားကြည့်ပါတယ်
1. education background အနေနဲ့ 1997 born ဖြစ်တာမလို့ ကျောင်းဝင်ခွင့် risk များတဲ့အထဲပါခဲ့တယ်
ဆယ်တန်းအောင်လတ်မှတ်
ဆယ်တန်းအမှတ်စာရင်း
B.A
DTEd (Diploma )
HRM (ICM diploma)
Korean language level 2 ထိ တက်ရောက်ပြီးကြောင်း certificate တခု တွဲတင်ခဲ့တယ်
2. Family background (financial background )
ကိုယ့်နာမည်နဲ့ လုပ်ငန်းလိုင်စင်
မိဘနာမည်နဲ့ လုပ်ငန်းလိုင်စင်
Total 2 ခု
တခြားပိုင်ဆိုင်မှု စာရွက်စာတမ်း အနည်းငယ်
(*ဒီနေရာမှာပြောချင်တာ ကျောင်းဝင် ခွင့် သေချာချင်ရင် ရှိသမျှ ပိုင်ဆိုင်မှု အကုန်တင်ပါ)
ကိုယ်ကတော့ ပိုင်ဆိုင်တာဆိုလို့ သူပေးခဲ့တဲ့ ဒဏ်ရာတွေပဲရှိလို့ သိပ်မတင်နိုင်ခဲ့ဖူး 🥹
3. Work Recommendations Letter
ကျောင်းဆရာမ ၄ နှစ် လုပ်ခဲ့တာနဲ့
Company မှာ 1 year (office staff)
လက်ရှိ လုပ်နေတဲ့ ပန်းဆိုင် page ပါ တွဲတင်ခဲ့ပါတယ် (အသက်ကြောင့် ဝင်ခွင့် မသေချာခဲ့တာမလို့ )
4. Bank Statements and Certificates
Show money သိန်း 400
ဒီဘက်မှာ ဝင်သလို စနစ်တကျ ခွဲမထည့်နိုင် အကြာကြီး မထားနိုင်လည်းရတယ်
(SM ကိုတော့ Korea immigration က visa approvedပြီးမှ ပြန်ထုတ်တယ် )
*Visa confirmation letter ရပြီး
မြန်မာသံရုံးဝင်ချိန် ဘာ ပိုင်ဆိုင်မှုမှ မတင်ပါ *
5.interview
Interview က အမတို့လျှောက်တုန်းကတော့ မရှိပါ
ဒါမယ့် interview preparation ကို ရှိရှိမရှိရှိ သေချာ ပြင်ဆင်ခဲ့တယ်
6. Level Test
ဒါကတော့ ကျောင်းဝင်ခွင့်နဲ့မဆိုင်ပေမယ့် level test အတွက်လည်း ဖြေဖို့ စိတ်ကူးရှိလို့ ကြိုပြင်ခဲ့တယ်
4급 ကနေ စတက်ခွင့်ရခဲ့ပေမယ့်
စာပိပြီး မနိုင်ဝန်ထမ်းသလိုဖြစ်မှာဆိုးလို့
3급 ကနေ စ တက်ခဲ့တယ်
သင်ရိုး ဘာနဲ့သင်လည်း ခနခန မေးနေလို့
Hanyangက Hanyang သင်ရိုးနဲ့ပဲသင်ပါတယ်
တခြား သင်ရိုးထက်စာရင် level 1ခု စာ တဆင့်စီ ပိုမြင့်တယ်လို့ ခံစားမိတယ် (just my opinion)
7. Manifestation
နောက်ဆုံးအချက်ကတော့ မယုံတဲ့လူတွေ ကျော်သွားပါ
Seoul campus က ကျောင်းဝင်ခွင့်ရရင် ရိုက်ချတောင်visa မကျတဲ့ university ဆိုတာသိတာကြောင့်
ကျောင်းဝင်ခွင့်ကို အသေအလဲလောင်ပြီး manifest လုပ်ခဲ့ပါတယ် ခုထိတောင် ကျောင်းပုံ wallpaper လေး မပြောင်းသေးဖူး 🌝🦁
8. Personal Statement and Study Plan
ဒါကို ကိုယ်တိုင်ရေးပါနော် Ranking ကောင်းတဲ့ကျောင်းမှာ တက်မယ့် ကျောင်းသားကျောင်းသူတွေ အနေနဲ့ ဒါလောက်တော့ ဖြောင့်တန်းအောင် ရေးတတ်သင့်တယ် ထင်လို့ပါ
အေဂျင်စီက ရေးပေးတာကို အဆင်သင့် ကူးပြီးမတင်ပါနဲ့ (ဒီလောက်တော့ effort စိုက်ထုတ်ပါ)
အားလုံးပဲ ကျောင်းဝင်ခွင့် ရကြပါစေနော်
ကျောင်းရောက်ရင်လည်း မကြီးတို့ကိုဆက်သွယ် လို့ရတယ် တခုခု အကူညီလိုအပ်ရင်
안녕 🇰🇷🩵