ယွန်းခင်ခင် တော်ဝင်သဇင်ခြံ

  • Home
  • Myanmar
  • Yangon
  • ယွန်းခင်ခင် တော်ဝင်သဇင်ခြံ

ယွန်းခင်ခင် တော်ဝင်သဇင်ခြံ သဇင်ခြံ Agriculture

ခြံထွက် ခေါင်ပန်းတွေအိမ်ဘုရားကပ်
27/01/2019

ခြံထွက် ခေါင်ပန်းတွေ
အိမ်ဘုရားကပ်

အားပေးကြတဲ့ မိတ်ဆွေများကို တစ်နှစ်ထက်တစ်နှစ်ပိုပြီးလှပတင့်တယ်ပြီး အပွင့်အခက်စုံတဲ့ တော်ဝင်သဇင်ပန်းတွေပန်ဆင်နိုင်အောင်အရည...
27/01/2019

အားပေးကြတဲ့ မိတ်ဆွေများကို တစ်နှစ်ထက်တစ်နှစ်ပိုပြီး
လှပတင့်တယ်ပြီး အပွင့်အခက်စုံတဲ့ တော်ဝင်သဇင်ပန်းတွေပန်ဆင်နိုင်အောင်
အရည်အသွေးမြင့် သဇင်ဥတွေကို စနစ်တကျ စိုက်ပျိုးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဝါကျွတ်မှာ လက်ထပ်မင်္ဂလာဆင်နွှဲကြမယ့် သတို့သမီးလောင်းများအတွက် မည်သည့် ထိုင်မသိမ်းအရောင်နှင့်မဆို လှပတင့်တယ် ကျက်သရေ ရှိနေေ...
30/03/2018

ဝါကျွတ်မှာ လက်ထပ်မင်္ဂလာဆင်နွှဲကြမယ့် သတို့သမီးလောင်းများအတွက် မည်သည့် ထိုင်မသိမ်းအရောင်နှင့်မဆို လှပတင့်တယ် ကျက်သရေ ရှိနေစေမယ့် တော်ဝင်ပန်းသဇင် ဆင်ယင်ထုံးဖွဲ့ပုံများကို အားကျစဖွယ်ဖြစ်အောင် ရှာဖွေ တင်ပြလိုက်ပါတယ်။

ယွန်းခင်ခင် တော်ဝင်သဇင်ခြံမှ
လူကြီးမင်းတို့၏ မင်္ဂလာဆောင်ပွဲများ၊ ဘွဲ့ယူပွဲအခမ်းအနားများနှင့် အခြား အခမ်းအနားပွဲများတွင် လှပကျက်သရေရှိစွာ ဆင်ယဉ်ထုံးဖွဲ့နိုင်ရန် တော်ဝင်သဇင်ပန်းများကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သဇင်ပန်းသည် ရာသီအလိုက်သာ ထွက်ရှိသော ရှားပါးတော်ဝင်ပန်းတစ်မျိုးဖြစ်တာကြောင့် မိမိတို့လိုအပ်သည့်အချိန်တွင် လိုအပ်သလိုရရှိနိုင်ရန် ယွန်းခင်ခင် တော်ဝင်သဇင်ခြံ Official Page အား Like & Follow ပြုလုပ်ထားခြင်းဖြင့် အဆင်ပြေလွယ်ကူစွာကြိုတင်မှာယူနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ သတင်းကောင်းပါးအပ်ပါသည်။

Photo Credit: သတို့သမီးလောင်းများ

တော်ဝင်သဇင်ပန်း၏ အလှတွင် ဂုဏ်ထက်စေသည်သာမက ကျန်းမာရေးအတွက်လည်း ဆေးဖက်ဝင်ပုံတော်ဝင်သဇင်ပန်းဥ၏ အရသာမှာ စပ်ခြင်း၊ ဆိမ့်ခါး၊ ...
28/03/2018

တော်ဝင်သဇင်ပန်း၏ အလှတွင် ဂုဏ်ထက်စေသည်သာမက ကျန်းမာရေးအတွက်လည်း ဆေးဖက်ဝင်ပုံ

တော်ဝင်သဇင်ပန်းဥ၏ အရသာမှာ စပ်ခြင်း၊ ဆိမ့်ခါး၊ မွှေး အရသာရှိပါသည်။ သဇင်ပန်းဥ ပဉ္စငါးပါးခြောက်ကို နှလုံးငြိမ်ဆေးများတွင် ဖော်စပ်သည်။ သွေးသန့်ဆေးများတွင်လည်း ဖော်စပ်ကြသည်။ အိပ်မပျော်သောရောဂါများတွင် အဖိုးတန်သောဆေးအဖြစ် ထည့်သွင်းဖော်စပ်ရသည်။

သဇင်ပန်း၏ မွှေးကြိုင်သောရနံ့ကို ရှူရှိုက်ခြင်းဖြင့် မူးမော်ခြင်း၊ ဦးခေါင်းမကြည်မလင်ဖြစ်ခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ သဇင်အပွင့်အစို (သို့) အခြောက်ကို ရှူခြင်း၊ နမ်းခြင်းပြုလုပ်ပေးပါက ခေါင်းမူးမော်ခြင်း၊ နှလုံးမကြည်လင်သွေးဆူခြင်း၊ ရင်တုန်ခြင်းတို့ကို လျင်မြန်စွာပျောက်ကင်းစေပါသည်။

ယွန်းခင်ခင် တော်ဝင်သဇင်ခြံ

တော်ဝင်သဇင်နဲ့ အလှခြင်းပြိုင်နေသည့် ပြည်ထောင်စုမေမေ #သဇင်  #သဇင်ပန်း  #တော်ဝင်သဇင်
28/03/2018

တော်ဝင်သဇင်နဲ့ အလှခြင်းပြိုင်နေသည့် ပြည်ထောင်စုမေမေ
#သဇင် #သဇင်ပန်း #တော်ဝင်သဇင်

သဇင် စိုက်နည်းလေးပြောပြမယ်နော်ဖွားစိန် သဇင် စိုက်နည်းလေးပြောပြမယ်နော် ဝယ်ရတဲ့ သဇင် တွေက တောဥတွေဆိုတော့တလုံးချင်းရအောင် အ...
28/03/2018

သဇင် စိုက်နည်းလေးပြောပြမယ်နော်

ဖွားစိန် သဇင် စိုက်နည်းလေးပြောပြမယ်နော် ဝယ်ရတဲ့ သဇင် တွေက တောဥတွေဆိုတော့တလုံးချင်းရအောင် အရင်သန့်ရတယ် ရလာတဲ့ သဇင်ဥ လေးတွေကို အမြစ်ညှပ်ပေးရတယ်တုံးတိကြီးတော့မဟုတ်ဘူးနော် ညှပ်ထားပြီးသားဥလေးတွေကို သွားထိုးတံလေးနဲ့ သဇင်ဥ ရဲ့ သုံးချိုးတစ်ချိုးလောက်ကနေ ထိုးပြီး ရေချထားတဲ့ သဇင်တိုင် ပေါ်မှာခပ်ထောင်ထောင်လေး စိုက်လိုက်တယ်လေ။

ဖွားစိန် ကတော့ ဘိုးမောင် တီထွင်ပေးတဲ့ ပန်းစိုက်ခုံလေးနဲ့လဲပြီး ထိုင်စိုက်ပါတယ်

တိုင်ကအနည်းဆုံး ၁၃၀ လောက်စိုက်ရတာမို့သက်သာတယ်လေ

နည်းနည်းစိုက်သူတွေကတော့မတ်တပ်ရပ် စိုက်လို့ရပါတယ်။

သဇင်ဥ ကိုလည်း တုတ်ထိုးမထားဘဲ တခါထဲစိုက်လို့ရတယ်နော် ။

သဇင်တို င်နဲ့ဆေး အသုံးပြုတာလေးလည်း သိချင်ကြတယ်ဆိုလို့ ပြောပြအုံးမယ်နော်၊

ဖွားစိန် က သဇင် တွေအများကြီးစိုက်ချင်တော့ တိုင်လုပ်တဲ့သူကိုလည်း အပိုင်မွေးထား ရတယ်လေ

ရောက်လာတဲ့တိုင်တွေမှာက အုန်းမွှေး တွေနဲ့မသပ်ရပ်ဘူးလေ ဖွားစိန် က တော့ အားတဲ့အချိန်လေး ခြံထဲဆင်းပြီး ကတ်ကျေးလေးနဲ့ညှပ်လိုက်တယ်

တိုင်တွေကို မစိုက်ခင် အုန်းအညိုရေတွေ ကျသွားအောင် ရေနာနာလောင်းထားရတယ်

ဖွားစိန်ကစီးပွားဖြစ်စိုက်တော့ အုန်းတိုင်တွေကို မှိုဆေးဖြန်းလိုက်တယ်။

စိုက်မဲ့နေ့ကျတော့ သန့်စင်ပြီး သဇင် တွေကို မြစ်ပွားဆေးလေးစိမ်တယ်

ရေတဂါလံကို ၅/၆ စက်လောက်ထည့်ရင် ရပါပြီ သဇင်တွေကို တိုင်ပေါ်စိုက်ပြီးရင်တော့

၅ ရက် တပတ် ရေမလောင်းဘဲထားလိုက်ပါ သွားထိုးတံနဲ့ထိုးထားတဲ့ဆီက ရေဝင်ပြီး

ပုတ်တတ်လို့ပါ ထင်နေတတ်ကြတာက အခုစိုက်တဲ့ မအေဥက နောက်နှစ်ပွင့်တယ် ထင်ကြတယ်။

စိုက်ဥက အရွက်အရင်ထွက်တယ် ပြီးမှဥလေးဖြစ်လာပြီး ဥသစ်ကမှ သဇင်ပန်း လှလှလေးတွေ ပွင့်တာပါရှင့်

ဖွားစိန်သိသလောက်လေးတော့ ပြောပြမယ်နော်။

ရခိုင်သဇင် ထားဝယ်သဇင် သာယာဝတီသဇင် ဘားအံ သဇင်ဆိုပြီး ဈေးကွက် မှာ ခေါ်နေကြတာပါ။

ရခိုင်သဇင်ကို နတ်ပန်းလို့ ဒေသခံတွေကယူဆပြီး ရခိုင်တောနက်ပလက်ဝမြို့နယ်ဘက်ကထွက်တယ်။

ထားဝယ်သဇင်ဆိုတာက တနင်္သာရီတိုင်း တောနက်ထဲကထွက်တာပါ။

ဘိတ်ဘက်ကလည်းလာတယ် သူတို့ဒေသခံတွေကတော့ ဘူပန်းလို့ ခေါ်ကြတယ် ။

သာယာဝတီဥကတော့ သူ့ခရိုင်ထဲက အုတ်ဖိုမြို့နယ်ထဲက ထွက်တာပါ။

သူက ပဲခူးရိုးမ တောနက်ထဲကထွက်တာမို့ ရိုးမဥလို့လည်း ခေါ်ကြတယ်။

ဘားအံဥကလည်း တကယ်တော့ ကရင်ပြည်နယ် ကျိုက်ဒုံဒေသက အဓိက ထွက်တာပါ။

အားလုံးကတော့ ပူအိုက်စွတ်စိုရာသီဥတုကိုပဲ ကြိုက်ကြတယ်။

ဈေးကတော့ ထားဝယ် ဥက လူကြိုက်များတော့ ဈေးအမြင့်ဆုံးပေါ။့

ပြီးရင် ရခိုင်ဥပါ ရိုးမနဲ့ကရင်ဥကတော့ ဈေးသိပ်မကွာပါဘူး။ သဇင်ဥကို တုတ်ထိုးစိုက်လို့ ထိခိုက်မှုမရှိဘူးနော်။

မျိုးဥဖြစ်တဲ့ အတွက် သူကနေ ပြန်ပွားတဲ့အသစ်ပင်ကိုပဲ ဖွားစိန်တို့က အပင်သန်အောင် ဥကြီးအောင် အပွင့်လှအောင် လုပ်ကြရမှာလေ။

သဇင်က အသက်ပြင်းတယ်ရှင့် သွားထိုးတံ အုန်းလက်ရိုး ဥသေးရင် ပင်အပ် စတာတွေနဲ့ ထိုးပြီး စိုက်တာတောင် အပင်ပွားကလေးတွေ မွေးပေးနိုင်တယ်လေ။

တချို့ကတော့ အမြစ်တွေမညှပ်ဘဲ အုန်းဆံကြိုးသေးသေး/ ပလပ်စတစ်ကြိုးလေးတွေနဲ့ ပတ်ချည်စိုက်ရင်တော့ ရပါတယ်။

ရေလောင်းရင် ပြုတ်မကျအောင်တော့ ဂရုစိုက်ရမယ်။

အပြင်လိုက်ကြီးတွေရရင်တော့ သစ်တုံးမှာအပ်ချည်ကြိုးခိုင်ခိုင်နဲ့ ပတ်ချည်လို့ ရတာပါပဲ။

အဲ့ဒါတွေက အပျော်နဲနဲစိုက်ရင်တော့ ရပါတယ်။

ဖွားစိန်လို များများစိုက်သူအဖို့ကတော့ ခုလို ခ စိုက်တဲ့နည်းကတော့ အဆင်အပြေဆုံးပါ။

သဇင်ဥတွေက ခြောက်လည်း အချိန်တန် အရွက်စို့ထွက်တာပါပဲ ခြောက်တယ်ဆိုပြီး

ရေမလောင်းမိဘို့တော့ လိုပါတယ် မတ်လကုန်ထိစိုက်ချိန်ရပါတယ်ရှင့် နောက်မှထပ်

ပြောမယ်နော် သဇင်ဆက်စိုက်လိုက်အုံးမယ်။

Credit: စိန်မမသဇင်ပန်းခြံ
#သဇင်ပန်း #တော်ဝင်သဇင်

ယွန်းခင်ခင် တော်ဝင်သဇင်ခြံမှ လူကြီးမင်းတို့၏ မင်္ဂလာဆောင်ပွဲများ၊ ဘွဲ့ယူပွဲအခမ်းအနားများနှင့် အခြား အခမ်းအနားပွဲများတွင် လ...
27/03/2018

ယွန်းခင်ခင် တော်ဝင်သဇင်ခြံမှ
လူကြီးမင်းတို့၏ မင်္ဂလာဆောင်ပွဲများ၊ ဘွဲ့ယူပွဲအခမ်းအနားများနှင့် အခြား အခမ်းအနားပွဲများတွင် လှပကျက်သရေရှိစွာ ဆင်ယဉ်ထုံးဖွဲ့နိုင်ရန် တော်ဝင်သဇင်ပန်းများကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သဇင်ပန်းသည် ရာသီအလိုက်သာ ထွက်ရှိသော ရှားပါးတော်ဝင်ပန်းတစ်မျိုးဖြစ်တာကြောင့် မိမိတို့လိုအပ်သည့်အချိန်တွင် လိုအပ်သလိုရရှိနိုင်ရန် ယွန်းခင်ခင် တော်ဝင်သဇင်ခြံ Official Page အား Like & Follow ပြုလုပ်ထားခြင်းဖြင့် အဆင်ပြေလွယ်ကူစွာကြိုတင်မှာယူနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ သတင်းကောင်းပါးအပ်ပါသည်။

27/03/2018
27/03/2018
27/03/2018

သဇင်ပန်းဘယ်လိုစိုက်ကြမလဲ????

#သဇင်ပန်း #တော်ဝင်သဇင်

သဇင်ပန်းကို ရေတံခွန်အလားပန်ပေးထားလို့လှရက်နိုင်လွန်းတဲ့ သတို့သမီးလေးCredit: Nyi Nyi Maung #သဇင်ပန်း  #တော်ဝင်သဇင်
27/03/2018

သဇင်ပန်းကို ရေတံခွန်အလားပန်ပေးထားလို့
လှရက်နိုင်လွန်းတဲ့ သတို့သမီးလေး
Credit: Nyi Nyi Maung

#သဇင်ပန်း #တော်ဝင်သဇင်

နွေကြိုမယ့် ပန်းသဇင်
27/03/2018

နွေကြိုမယ့် ပန်းသဇင်

Address

1196, Near Pyidaungsu Main Road, Pyi Lone Chanthar Street, South Dagon Township
Yangon
11431

Telephone

+95 9 798 111052

Website

Alerts

Be the first to know and let us send you an email when ယွန်းခင်ခင် တော်ဝင်သဇင်ခြံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ယွန်းခင်ခင် တော်ဝင်သဇင်ခြံ:

Share

Category


Other Florists in Yangon

Show All

You may also like