အင်းယားလမ်းကပန်းဆိုင် Inya Road Flower Shop

  • Home
  • Myanmar
  • Yangon
  • အင်းယားလမ်းကပန်းဆိုင် Inya Road Flower Shop

အင်းယားလမ်းကပန်းဆိုင် Inya Road Flower Shop ဒေါ်ခင်ဝင်း အင်းယားလမ်းကပန်းဆိုင်(သံလွင်ဈေး)

🍀Four Leaf Clover ကလိုဗာရွက်လေးတွေက ကံကောင်းလာပြီ၊ ကံတွေတက်လာပြီဆိုတဲ့ ငွေနဲ့ ဆန္ဒတွေအတွက် ကံထူးတဲ့ နိမိတ်ပြ အရွက်လေးအဖြ...
01/06/2024

🍀Four Leaf Clover ကလိုဗာရွက်လေးတွေက ကံကောင်းလာပြီ၊ ကံတွေတက်လာပြီဆိုတဲ့ ငွေနဲ့ ဆန္ဒတွေအတွက် ကံထူးတဲ့ နိမိတ်ပြ အရွက်လေးအဖြစ် နာမည်ကြီးပါတယ်။

🍀လေးမွှာရှိသော Lucky Clover လေးက ရှားပါးလွန်းပြီး Clover ပင်ပေါင်းတစ်သောင်းမှာ တစ်ပင်လောက်သာ အရွက်လေးရွက် (four-leaf clover) ကိုတွေ့ရပါတယ်။

🍀Clover 🍀လေးမွှာရွက်ကို တွေ့ရင် ကံကောင်းတယ်။
🍀တွေ့တဲ့သူက ကံကောင်းခြင်းတွေ ယူဆောင်ပေးပါတယ်တဲ့။

🍀ကံကောင်းပါပြီ
🍀မျှော်လင့်ချက်တွေအောင်မြင်တော့မယ်
🍀အပြိုင်အဆိုင်တွေနိုင်တော့မယ်
🍀ငွေကြေးလာဘ်လာဘတွေဝင်တော့မယ်

#အင်းယားလမ်းကပန်းဆိုင်

💐ဒေါ်ခင်ဝင်း (သံလွင်ဈေး)
📱 09764309040
(ဆိုင်ဖွင့်ချိန် နံနက်၆နာရီ_နေ့လည်၁၂နာရီ)🌟
သံလွင်ဈေးအနီးတဝိုက်အတွက် Delivery Serviceရပါသည်။


မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါသည်။
🙏ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏

  လို့‌ခေါ်တဲ့  #ဇီဇဝါပန်း ရဲ့ပန်းဋီကာလေးက🌸ကိုယ်မင်းကို တိတ်တခိုး ချစ်နေမိပြီ🌸 #အင်းယားလမ်းကပန်းဆိုင်   💐ဒေါ်ခင်ဝင်း (သံ...
30/05/2024

လို့‌ခေါ်တဲ့ #ဇီဇဝါပန်း ရဲ့ပန်းဋီကာလေးက
🌸ကိုယ်မင်းကို တိတ်တခိုး ချစ်နေမိပြီ🌸

#အင်းယားလမ်းကပန်းဆိုင်

💐ဒေါ်ခင်ဝင်း (သံလွင်ဈေး)
📱 09764309040
(ဆိုင်ဖွင့်ချိန် နံနက်၆နာရီ_နေ့လည်၁၂နာရီ)🌟
သံလွင်ဈေးအနီးတဝိုက်အတွက် Delivery Serviceရပါသည်။


မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါသည်။
🙏ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏

🌺 ခေါင်ရမ်းပန်း 🌺ကမ္ဘာပေါ်မှာလာပွင့်တဲ့ နတ်ပန်းကို ပြပါဆိုရင်" ခေါင်ရမ်းပန်း "ကို လက်ညှိုးထိုးပြရပါလိမ့်မယ် ။ခေါင်ရမ်းပန...
05/05/2024

🌺 ခေါင်ရမ်းပန်း 🌺

ကမ္ဘာပေါ်မှာလာပွင့်တဲ့ နတ်ပန်းကို ပြပါဆိုရင်
" ခေါင်ရမ်းပန်း "ကို လက်ညှိုးထိုးပြရပါလိမ့်မယ် ။

ခေါင်ရမ်းပန်းနဲ့ပတ်သက်ပြီး
ကျွန်တော်တို့လူမျိုးဟာ
အစွဲ ကြီးခဲ့ကြတယ် ။

ဒါဟာ အသုဘပန်း ၊ အလောင်းတွေမှာပန်ရတာ ၊ မကောင်းတဲ့ပန်း ၊
အမင်္ဂလာပန်း လို့သမုတ်ပြီး ဒီပန်းတွေကိုတွေ့ရရင်ကို စိတ်ထဲမှာအဆင်မပြေကြတာတွေ ၊ ထိမိတို့မိရမှာကိုတောင် လက်ရွံ့ကြတဲ့အထိ
လူအတော်များများ မလိုလားတဲ့ပန်း ဖြစ်နေခဲ့တယ် ။

တတ်သလောက် ဘိုလိုမှုတ်ရရင်
"ခေါင်ရမ်းပန်း"တွေဟာ
"Negative Energy Wave" တွေကို
ပြန်ဆင့်ခေါ်နိုင်တဲ့ ပန်းအမျိုးအစားပဲ၊

နားလည်လွယ်အောင်ပြောရရင်
ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်တဲ့ပန်း ။
ကိုယ့်မှာမရှိတော့တာတွေကို
ရှိအောင် ပြန်လုပ်ပေးနိုင်တဲ့ ပန်းပဲ ။

ဥပမာဆိုရရင်_ အမျိုးသမီးတစ်ယောက်က
အရွယ်ရောက်လို့မှ သီးချိန်တန်မသီး ပွင့်ချိန်တန်မပွင့်ဖြစ်ရင်
ခေါင်ရမ်းပန်းကိုပန်ပြီး အချစ်သီချင်းမြူးမြူးလေးတွေဆိုပေးမယ်ဆိုရင်
ချစ်တဲ့ကြိုက်တဲ့ အမျိုးသားတွေ တစ်ပုံကြီးပေါ်လာတော့တာပဲ ။
ဒီလိုပဲ အရွယ်လွန်တဲ့အပျိုကြီးတွေလည်း
အိမ်ထောင်ကျကို ကျတယ် ၊
ဆိုမယ့်သီချင်းရွေးသာထားပြီး "ခေါင်ရမ်းပန်း"သာ ရှာထားပေတော့ ။

ငွေကြေးခက်ခဲတဲ့ မိသားစုတွေမှာဆိုရင်လည်း
ခေါင်ရမ်းပန်းပင် စိုက်ထားရုံနဲ့ ခေါင်ရမ်းပန်းက
သူ့ပတ်ဝန်းကျင်မှာ ရှိသင့်ရှိထိုက်ပြီး
လိုအပ်နေတာတွေ ဖြည့်ပေးတဲ့အစွမ်းရှိလို့
ငွေကြေးအဆင်ပြေလာမယ် ။

အဲ့ဒီလိုပဲ လင်ကပစ်ပစ် မယားကပစ်ပစ်
အဲ့လိုလူတွေ ခေါင်ရမ်းပန်း ပန်ပြီး
(၅) ရက်လောက်သာ ညအိပ်လိုက်
ရောက်ရာအရပ်ကနေ အိမ်ပြန်ရောက်လာလိမ့်မယ် ။

အဲ့ဒီလို ရှိရင်းစွဲကနေ
ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ဆွဲယူနိုင်တဲ့ အစွမ်းရှိလို့
ရှေးအခါက သေသွားတဲ့မသာတွေကို ပါးစပ်ထဲမတ်စေ့ထည့် ၊
ခေါင်ရမ်းပန်းပန်ပေးပြီး မန်းမှုတ်လိုက်တာနဲ့၊
မသာက သူ့ဟာသူ ကူးတို့ဆိပ်ထိသွား ၊
တစ်ဖက်ကမ်းထိ ကိုယ့်ဘာသာလှေလှော်ပြီး သွားသေတယ် ။
" ကိုယ့်မသာကိုယ်ချ" ဆိုတဲ့စကား အဲ့မှာစတယ် ထင်တာပါပဲ ။

ဒါတင်ပဲလားဆိုတော့ အကယ်၍
မိမိဟာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်မသန်ခြင်းနှင့် ဦးရေပြားပေါ်၌ ဘောက်စွဲကပ်ခြင်းများ ဖြစ်နေတယ်ဆိုရင် ခေါင်ရမ်းပန်း(သို့) ဆည်းလည်းပန်း(Chinese Hibiscus)အပွင့်ကို အုန်းဆီ(Coconut Oil)ဖြင့် ဆီကျန်သည့်တိုင်အောင် ကြော်ချက်ပါ။ (ဆီကျန်သည့်တိုင်အောင်ဆိုတာက ပန်းပွင့် အိုးကပ်၊ ဂျိုးကပ်ပြီး ညိုမဲသွားသည်အထိ ကြော်ခိုင်းတာပါ)
ပြီးနောက် အအေးခံပါ။ အအေးခံပြီးပါက ကျန်ရှိတဲ့ဆီကို စစ်ယူပြီး ပုလင်းတစ်လုံးထဲ၌ သိမ်းဆည်း၍ ညအိမ်ယာမဝင်မှီ မိမိ၏ ဆံပင်နဲ့ဦးရေးပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါက ဆံပင်ပေါက်ခြင်း၊ ဆံပင်သန်ခြင်းနှင့် ဦးရေပြား ဘောက်စွဲကပ်ခြင်းများ ကင်းစင်ပပျောက်လာ
ပါလိမ့်မယ်။

အဲ့ဒီလို မသာချခြင်း ၊ အသုဘတွေမှာသာ သုံးသည့်
အမင်္ဂလာပန်း မဟုတ်ကြောင်းလေးပြောရင်း
( ၇ ) ရက်သားသမီးတို့ ဉာဏ်ပွင့်သလို လိုရင်လိုသလို
အသုံးပြုနိုင်စေရန် ရေးသားပေးလိုက်ပါတယ် ။

မယုံရင် လက်တွေ့လုပ်ကြည့်ပါ ၊

ကွန်ဒုံးအဆောင်တုံးကလိုပဲ
ဆရာရေဘယ်လိုဆိုပြီး ဖြစ်နေပါလိမ့်မယ်။

🌸ရဲထက်မွန် ( ခါတော်မှီတားရော့ဗေဒင် )

Credit; ဆရာရဲထက်မွန်၏ ပိုစ့်မှ ဗဟုသုတအဖြစ် ပြန်လည်ကူးယူပါသည်။

မိမိမွေးလကို ကိုယ်စားပြုသော ပန်းလေးများ.🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #အင်းယားလမ်းကပန်းဆိုင်   Road Flower Shop 💐ဒေါ်ခင်ဝင်း (သံလွင်ဈေ...
25/03/2024

မိမိမွေးလကို ကိုယ်စားပြုသော ပန်းလေးများ.
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

#အင်းယားလမ်းကပန်းဆိုင် Road Flower Shop
💐ဒေါ်ခင်ဝင်း (သံလွင်ဈေး)
📱 09764309040
(ဆိုင်ဖွင့်ချိန် နံနက်၆နာရီ_နေ့လည်၁၂နာရီ)🌟
သံလွင်ဈေးအနီးတဝိုက်အတွက် Delivery Serviceရပါသည်။


မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါသည်။
🙏ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏

*******ပန်းလှူရခြင်းအကျိုး******🍀🍀🍀🍀🍀🍀🍀🍀🍀🍀၁။ ရုပ်ရည်အဆင်း လှပခြင်း၊၂။ ကိုယ်ခန္ဓာ သန့်ရှင်းခြင်း၊၃။ စည်းစိမ်ဥစ္စာ ကြွယ်ဝခ...
09/02/2024

*******ပန်းလှူရခြင်းအကျိုး******
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ ရုပ်ရည်အဆင်း လှပခြင်း၊
၂။ ကိုယ်ခန္ဓာ သန့်ရှင်းခြင်း၊
၃။ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်း၊
၄။ ရာထူး ကြီးမားခြင်း၊
၅။ အပါယ်ဘေးမှ လွတ်ခြင်း။

ပန်းအလှူရှင်များသည် ကောင်းကျိုးမည်သို့ ခံစားရပုံ သာဓကတစ်ခုအနေဖြင့်.....
ကဿပ ဘုရားရှင်လက်ထက်‌တော် အချိန်အခါက အမျိုးသမီးလေးဦးသည် ဆွမ်းခံကြွမြန်းသည့် ရဟန်းတော်အား အလွန်လှပသော ပန်းများကို သဒ္ဓါတရား ထက်သန်စွာဖြင့်ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။

မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါသည်။
🙏ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏

အင်းယားလမ်းကပန်းဆိုင် Inya Road Flower Shop
ဒေါ်ခင်ဝင်း သံလွင်ဈေး)
09764309040
(ဆိုင်ဖွင့်ချိန် နံနက်၆နာရီ_နေ့လည်၁၂နာရီ)

16/10/2023
ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ရာတွင်"""ကုသိုလ်ပိုရတဲ့နည်း"""      01-August-2023(အင်္ဂါနေ့)သည် ဝါဆိုလပြည့်နေ့...
30/07/2023

ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ရာတွင်
"""ကုသိုလ်ပိုရတဲ့နည်း"""

01-August-2023(အင်္ဂါနေ့)သည် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဖြစ်ပါတယ်။

ဝါဝင်ခါနီးအချိန်
ရောက်လာပြီဆိုရင်
မြန်မာဗုဒ္ဓဘာသာတွေ
ဘုရားသွားကျောင်းတက်၊
ဝါဆိုသင်္ကန်းကပ်တဲ့
အလှူဒါနတွေပြုလုပ်ကြပါတယ်။

�ဗုဒ္ဓဘာသာမှန်ရင် ဝါဆိုသင်္ကန်း
မလှူဖူးတဲ့သူ မရှိသလောက်ပါပဲ။
ကိုယ့်အိမ်မှာ သံဃာတော်တွေ
ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်ကြပါတယ်။

ဘုန်းကြီးကျောင်းတွေ၊
တရားရိပ်သာတွေသွားပြီး
သံဃာတော်အရှင်သူမြတ်တွေကို
ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြပါတယ်။

�သို့သော် မြတ်စွာဘုရားရှင်ကိုတော့
ဝါဆိုသင်္ကန်းကပ်လှူပူဇော်တဲ့သူ
မရှိသလောက်ရှားပါတယ်။
ဒါကို ...လူတိုင်းမေ့နေကြတယ်။

ကိုယ့်အိမ်မှာရှိတဲ့
ဘုရားရုပ်ပွားဆင်းတုတော်တွေကို
ပန်း ၊ရေချမ်း ၊ဆီမီး ၊
သစ်သီး ၊ဆွမ်း ၊ဆေးတွေ လှူဒါန်းကြပေမယ့် ...

ဒီ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ဖို့ကိုတော့
သတိမရကြဘူး . . . မသိကြဘူး။

�ဒီလို
သင်္ကန်းကပ်လှူတာတွေနဲ့ ပတ်သက်ပြီးပြောရရင်....

ဝါဆိုလရောက်လာပြီဆိုရင်
ဝါဆိုသင်္ကန်းဆိုပြီး လှူလိုက်ကြတာ...

ဘုန်းကြီးတွေဆို
ဝါဆိုလဆန်း ၁၃,၁၄,၁၅,
လပြည့်ကျော်(၁)ရက်နေ့ထိအောင်
ကျောင်းကိုမကပ်ရဘူး။

တခါထဲ,
ရလိုက်တဲ့ သင်္ကန်းတွေကလည်း
အစုံ,၅၀,၆၀,၁၀၀
လှူလိုက်ကြတဲ့ သင်္ကန်းတွေ....

ကထိန်ကျတော့လည်း
ပဒေသာပင်တွေနဲ့
လာလိုက်ကြတာ,
ကထိန်သင်္ကန်းတွေ။

ဒီ "ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ဒီ "ဝါဆိုသင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကိုတော့
ဘယ်သူ ဝါဆိုသင်္ကန်းကပ်ဖူးလဲ?

မြတ်စွာဘုရားရှင်ကို
ဘယ်သူ ကထိန်သင်္ကန်းကပ်ဖူးလဲ.???

ကပ်ဖူးတဲ့သူ
တော်တော်ရှားပါလိမ့်မယ်...

�လောက လူတွေဟာ
မလုပ်ဖူးတာဆို ... လုပ်ချင်ကြတယ်။
မစားဖူးတာဆို ... စားကြတယ်။
မဝတ်ဖူးတဲ့ အဝတ်အစား အသစ်အဆန်းတွေဆို
ဝတ်ကြတယ်။
မသွားဖူးတဲ့နေရာဆို ... သွားကြတယ်။

အခုလို
မလုပ်ဖူးသေးတဲ့ ဒါနကုသိုလ်မျိုးကိုလည်း
လုပ်ဖို့ မကောင်းဘူးလား.???

ဒါကြောင့်
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။

ဘယ်လိုကပ်ရမလဲ.?
ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

�ဝါဆိုလဆန်း ၁၂,၁၃,၁၄, ရက်တွေမှာ
သင်္ကန်းတိုက်မှာသင်္ကန်းသွားဝယ် . . .

"ဗန်းလေးနဲ့ကလပ်လေး"နဲ့ထည့်။

ဘုရားရှေ့မှာ,
" ဘုန်းကြီးတော်မူသော မြတ်စွာဘုရား,
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား "

ဆိုပြီး ဘုရားကို ဝါဆိုသင်္ကန်း ကပ်ပါ။

တတ်နိုင်တဲ့သူတွေကတော့..
အိမ်ကို သံဃာ(၅)ပါးပင့်ဖိတ်ပြီး
မြတ်စွာဘုရားရှင်ကို
သင်္ကန်းတစ်စုံ
သံဃာတော်
အရှင်သူမြတ်တွေကိုလည်း
သင်္ကန်းတစ်စုံစီ ဆက်ကပ်လှူဒါန်းပါ။

မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်မိုးတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်"တော့မှ စွန့်ပါ။

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
ဘယ်ကျောင်းကကိုယ်တော်
သင်္ကန်းမရှိဘူးလဲ
အဲ့ဒါလှူလိုက်ပါ..
ဒါမှမဟုတ်
ကိုယ့်အိမ်မှာ ဆွမ်းခံကြွနေတဲ့
ရဟန်းတော်,တစ်ပါးပါး
ရှိလိမ့်မယ်.
အဲ့ဒါစွန့်ပြီး ပြန်လှူလိုက်..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကဲ . . . ဓမ္မမိတ်တွေတို့
ကုသိုလ်ပိုရသလား . . . မရဘူးလား?

�ပြီးတော့ သင်္ကန်းဝယ်ရင်လဲ
အညံ့စားမဝယ်နဲ့...
လောက အထွဋ်အထိပ်ဖြစ်တဲ့
ဘုရားရှင်ကိုလှူမည့်သင်္ကန်း,
သင်္ကန်းကောင်းကောင်းဝယ်ပါ..
သရီးရိုင်ဖယ်တို့ ဘာတို့ ပေါ့...

အဲ့ဒါ
ဆွမ်းခံကြွတဲ့ ကိုယ်တော်ကလည်း
သရီးရိုင်ဖယ်လို
သင်္ကန်းအကောင်းစား
ရတော့ သူကလည်းပျော်လို့...
သဘောတွေကျလို့ပေါ့....

�သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်,
ဘုရားကို ကထိန်သင်္ကန်းလှူထား
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်
လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ,

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တစ်ပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်...
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရတယ်။

ကဲ...ဘယ်လိုလဲ,?
ဒါ..
ကောင်းလား,မကောင်းဘူးလာ?
ကုသိုလ်ပိုရသလား,မရဘူးလား?

�အဲ့တော့
ဒီအသက်အရွယ် ဒီအချိန်အထိ
ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်ပါ...

တရားကိန်း၍ ကုသိုလ်အထူးလည်းရကြပါစေ....
🙏🙏🙏

မူရင်းရေးသားသူအား လေးစားစွာဖြင့် ပြန်လည်မျှဝေ ပူဇော်ပါသည်။

"မှတ်သားဖွယ်ဘဝနေနည်းများ"၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။၂။ အကောင်းမြင်စိတ် မွေးပါ။၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့...
30/07/2023

"မှတ်သားဖွယ်ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခဏခဏမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပါ။

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။(ကိုယ်ကခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
(ပြောနေလဲ ဘာမှမထူးဘူး)

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။(ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။(အကျနာတတ်တယ်)

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄။ ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

Credit

21/07/2023

👪 " #မိသားစု " 👪

🏡➖🏡➖🏡 .....🏡.....🏡

#မိသားစု ဆိုတာ
ပျော်ရွှင်ခြင်းတွေလဲ ရှိတယ်။
ငိုကြွေးခြင်းတွေလဲ ရှိတယ်။
ဆူဆူညံညံအသံတွေလဲ ရှိတယ်။
အမြဲတမ်းတော့ သီရိဂေဟာ မဖြစ်နိုင်ဘူးပေါ့ ...

#မိသားစု ဆိုတာ
တစ်ယောက်နဲ့တစ်ယောက်
စိတ်ကောက်တာလေးတွေ ရှိတယ်။
တစ်ယောက်အရေးကို တစ်ယောက်ကဦးစားမပေးလို့ဂျစ်ကန်ကန်လုပ်တာလေးတွေ ရှိတယ်။
ရန်ဖြစ်လိုက် ပြန်ချော့လိုက်နဲ့ပေါ့ ...

#မိသားစု ဆိုတာ
တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲပြီး
ဆုံးဖြတ်ချက် မတူတာမျိုးလေးတွေ ရှိတယ်။
ငါမှန်တယ် သူမှားတယ်ပေါ့ ...
နောက်တော့လည်း ဘယ်သူမှ မမှားဘူးဆိုတာကို
နားလည် လက်ခံသွားကြတယ်။

#မိသားစု ဆိုတာ
ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပဲလေ။
တစ်ယောက်မှားရင် တစ်ယောက်ကထောက်ပြလို့
တစ်ယောက်ရဲ့အမှားကို
တစ်ယောက်က ခွင့်လွှတ်နိုင်စွမ်းရှိရတယ်။

#မိသားစု ဆိုတာ
မရှိအတူ ရှိအတူပဲလေ။
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ထားမျိုး မရှိသင့်ဘူး။
မာန်မာန မကြီးသင့်ဘူး။
အတ္တ မကြီးသင့်ဘူး။
ဘက် မလိုက်သင့်ဘူး။

#မိသားစု ဆိုတာ
တစ်ဦးနဲ့တစ်ဦး ချစ်ခင်တတ်ရတယ်။
တစ်ဦးအပေါ်တစ်ဦးက ဦစားပေးတတ်ရတယ်။
တစ်ဦးနဲ့တစ်ဦး မနာလိုစိတ် ကင်းတတ်ရတယ်။
နောက်ပြီး နားလည်မှု ထားပေးရတယ်။

#မိသားစုဆိုတာ
မိဘနဲ့သားသမီးကြားမှာ
အပြန်အလှန်မေတ္တာတွေ စုနေမှ
မိသားစုလို့ ခေါ်ပါတယ်။

#မိသားစု တစ်စုမှာ
မောင်နှမတွေတစ်ချိန်ချိန် တစ်ယောက်ယောက်က
အိမ်ထောင်ပြုလိုက်တဲ့အခါ သွေးသားတော်စပ်လာမယ့်
" သူစိမ်း " တွေရှိလာမှာပါ။

ဝင်လာမယ့်သူစိမ်းနဲ့ မိသားစုမောင်နှမ သင့်တင့်မျှတဖို့
သူစိမ်းဟာ အားလုံးနဲ့အရင်းအချာဖြစ်လာဖို့
မျှတစွာတွေးခေါ်တတ်ပြီး ရပ်တည်ပေးတတ်ရမှာက " ခေါ်လာသူ " ရဲ့ တာဝန်ပါ။

မောင်နှမတွေ ချစ်ခြင်းမေတ္တာမပျက်စီးစေဖို့
သူ့မိသားစုကို ကိုယ့်မိသားစုလို သဘောထားပြီး
ချစ်ခင်အောင်နေထိုင်ဖို့
အသားကျအောင် လေ့လာနေထိုင်ဖို့အတွက်
အရင်းအချာဖြစ်လာအောင် ကြိုးစားရမှာက
" သူစိမ်း " ရဲ့ တာဝန်ပါ။

အဲ့ဒါမှ ...
အေးချမ်းသာယာတဲ့ သီရိဂေဟာလေးမှာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအဖြစ်နဲ့
အမြဲ ထာဝရ တည်ရှိနေနိုင်မှာပါ ...

🏡➖🏡➖🏡.....🏡......🏡

​ဆရာမမေမေလေးAngelaကိုဦးခိုက်ပါတယ်။🙏

✍️ပြန်လည်မျှဝေပေးခြင်းသာ✍️

ဘယ်သူ့ကိုမှ ပြောင်းလဲဖို့ မကြိုးစားပါနဲ့ ...သူတို့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံကိုသာ ပြောင်းလိုက်ပါ။ကိုယ့်အပေါ် နားမလည်တဲ့သူကိ...
18/07/2023

ဘယ်သူ့ကိုမှ ပြောင်းလဲဖို့ မကြိုးစားပါနဲ့ ...
သူတို့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံကိုသာ ပြောင်းလိုက်ပါ။

ကိုယ့်အပေါ် နားမလည်တဲ့သူကို
နားလည်ပေးဖို့ .. ပြောပြလို့ မရဘူး။
သူ့အပေါ်မှာထားတဲ့ ကိုယ့်ရဲ့
မျှော်လင့်ချက်တွေကိုသာ ရုတ်သိမ်းရမှာ။

ကိုယ့်အပေါ် အေးစက်လာတဲ့သူကို
နွေးထွေးပေးဖို့ .. တောင်းဆိုလို့ မရဘူး။
ပူလောင်နေရတဲ့ ကိုယ့်ရဲ့တွယ်တာမှုတွေကိုပဲ
လျှော့ချရမှာ ။

ကိုယ့်အပေါ် ပြောင်းလဲလာတဲ့သူကို
မပြောင်းလဲဖို့ .. တားဆီးလို့ မရဘူး။
သူမရှိလည်း နေနိုင်အောင်သာ
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရမှာ ... ။

အရာရာ ကိုယ်မျှော်လင့်သလို
တစ်ထပ်တည်း ဖြစ်လာဖို့ဆိုတာ
ခဲယဉ်းပါတယ် ။
ဘဝမှာ ကြိုမတွေးမထားတဲ့အရာတွေ
ဖြစ်လာတတ်တာမို့လေ ... ။

ပေးလိုက်ပါ။
ကိုယ်ပေးတိုင်း ပြန်ရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

ချစ်လိုက်ပါ။
ကိုယ်ချစ်တိုင်း ပြန်အချစ်ခံရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

စိတ်ကောင်း'ထားလိုက်ပါ။
ကိုယ်ကောင်းတိုင်း ကိုယ့်အပေါ်
ပြန်ကောင်းဖို့ဆိုတာ မျှော်လင့်ချက် မထားပါနဲ့ ။

ဘယ်အရာကိုမဆို
မျှော်လင့်ချက်သာ မထားခဲ့ရင် ...
ဘဝကြီးက သိပ်ကို လွတ်လပ်ပေါ့ပါးနေမှာ .. ။

မျှော်လင့်ချက်သာ မထားခဲ့ရင် ...
နာကြင်မှုဆိုတာ မရှိနိုင်ဘူး ။

မျှော်လင့်ချက်သာ မထားခဲ့ရင် ...
အင်မတန် အပူအပင်ကင်းနေရမှာ ။

အများကြီး မျှော်လင့်မိလေ ...
မျှော်လင့်သလောက် ဖြစ်မလာတဲ့အခါ
အများကြီး ပူလောင်ခံစားရလေပဲ ။

မျှော်လင့်ချက်နည်းနိုင်သမျှ နည်းအောင်
နေထိုင်ခြင်းက ဘဝကို ငြိမ်းချမ်းစေမယ့်
နည်းလမ်းတွေထဲက တစ်ခုပဲပေါ့ ...

Credit -ဉာဏ
Credit
မူရင်းရေးသားသူအား လေးစားပါ၏။

- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ... - ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...- သူများအခန်းထဲဝင်လာမယ်ဆ...
11/07/2023

- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...

- ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...

- သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...

- သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...

- တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

- Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...

- ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...

- အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...

- ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...

- ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...

-လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး..

-စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ သလိပ်မဟပ်နှင့်..နှပ်မညှစ်နှင့်..နီတိထဲမှာ ဒါတွေပါတယ်..

ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...

အထာကျတယ်ဆိုတာ သူများကို
စိတ်အနှောက်အယှက်မပေးဘဲ
နေထိုင်တတ်တာကို ခေါ်တယ် ...

ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...

သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...

Credit
အညာသားစွယ်စုံကျမ်း
Pakokku

စိတ်ညစ်နေရင် ဒီစာလေးကိုဖတ်ပါ......သင့်တွက်အကျိုးမယုတ်စေရဘူး........ အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊သံယောဇဉ်ဆိုတာ ဖြတ်ရခက်...
04/07/2023

စိတ်ညစ်နေရင် ဒီစာလေးကိုဖတ်ပါ......
သင့်တွက်အကျိုးမယုတ်စေရဘူး........

အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။

အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊
လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။

သိပ်အချစ်ခံရလို့လည်း သိပ်မပျော်နဲ့ ၊
ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ ။

သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
အချစ်ခံရတာများသူထပ် ဒုက္ခနည်းတယ် ။

ရုပ်ချောနေလို့လည်း မာန်မတက်နဲ့ ၊
ရေမချိုးရင် နံကြတာချည်းပဲ ။

ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊
အချင်းရှိရင် အဆင်းရှိသူထပ် သာတယ် ။

ရနေလို့လည်း သိပ်မပျော်နဲ့ ၊
လောဘဆိုတာ အသောသတ်ရခက်တယ် ။

ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊
သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ် ။

လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊
ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ် ။

လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊
လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရ ဘယ်ရှိမလဲ ?

အရေးလုပ်တာခံရတိုင်းလည်း ဝမ်းမသာနဲ့ ၊
အရေးမလုပ်တော့ရင် အနေရခက်မယ် ။

ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊
အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။

ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ၊
ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ။

ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊
လူတကာကိုယ့်အကြောင်း အလုံးစုံမသိဘူးကွယ် ။

ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ပဲ။

အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊
ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ် ။

မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့ ၊
မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ် ။

"အလွယ်တကူ ဝမ်းနည်း/ ဝမ်းသာမဖြစ်ပဲ
အလယ် အလတ် လမ်းစဉ်လိုက်ပြီး
တည်ငြိမ်ရင့်ကျက်တဲ့ စိတ်က
ဘဝအတွက် အကောင်းဆုံးပဲ"

တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ
ပင်လယ်ထဲက ရေလိုပဲ။
လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့
ပင်လယ်ရေဟာ ချိုမလာပါဘူး။


#လူငယ်များအတွက့်စာကြည့်တိုက့်


#ခွန်အားဖြစ်စေသောစာများ
#𝘾𝙧𝙚𝙙𝙞𝙩
#ဘဝစာပေ #လေ့လာပါ #ဘဝ #စာပေ #ဗဟုသုတ

" #စကား" #စကားဆိုတာ တိုးတိုးပြောလည်း ဒီစကားအော်ပြီးပြောလည်း ဒီစကားဘယ်လိုပြောပြော ဒီစကားပါပဲတစ်ဖက်သားကို နားဝင်အောင် ချို...
03/07/2023

" #စကား"

#စကားဆိုတာ
တိုးတိုးပြောလည်း ဒီစကား
အော်ပြီးပြောလည်း ဒီစကား
ဘယ်လိုပြောပြော ဒီစကားပါပဲ
တစ်ဖက်သားကို နားဝင်အောင် ချိုချိုသာသာ
ပြောတတ်ခြင်းက ပိုပြီး အရာရောက်သလို
မိမိထားတဲ့ စေတနာကိုလည်း ပေါ်လွှင်စေပါတယ်။

#စကားဆိုတာ ပါးစပ်က ပြောတာချင်းအတူတူ
တစ်ဖက်သားအပေါ် နစ်နာစေမယ့်စကားမဖြစ်စေဖို့နဲ့
ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်ဖို့ပါပဲ။

#စကားကြောင့် "ဓါး "မဖြစ်စေပဲ
စကားကြောင့် "အား" ဖြစ်စေခဲ့ရင်
လျှာဖျားလေးက ပြောလိုက်ပေမယ့်
လူတစ်ယောက်ရဲ့ ဘဝကို တိုးတက်ပြောင်းလဲစေပြီး
စကားကြောင့် ကုသိုလ်ရစေပါတယ်။

#တစ်ခါတစ်လေမှာ
ကိုယ်ပြောလိုက်တဲ့ စကား တစ်ခွန်းကြောင့်
ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတတ်သလိုဖြစ်ပြီး
ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် ချလိုက်သလို
ဖြစ်နေတတ်ပါတယ်။

ထို့ကြောင့်..................

✍️ပြန်လည်မျှဝေခြင်း✍️

Address

12 E Inya Road
Yangon
(16.8111110,96.1426010)

Opening Hours

Monday 06:00 - 12:30
Tuesday 06:00 - 12:30
Wednesday 06:00 - 12:30
Thursday 06:00 - 12:30
Friday 06:00 - 12:30
Saturday 06:00 - 12:30
Sunday 06:00 - 12:30

Website

Alerts

Be the first to know and let us send you an email when အင်းယားလမ်းကပန်းဆိုင် Inya Road Flower Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby event planning services


Other Florists in Yangon

Show All

You may also like