Cupid Guide Wedding Planning Services

Cupid Guide Wedding Planning Services Engagement Ceremony, Signing Ceremony, Wedding Reception, Dinner Reception, etc...

💐Floral Service 💐10.5.2016 မှ 10.6.2016 ထိ အော်ဒါမှာသော မိတ်ဆွေများသို့ free delivery ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ပထမဆုံးေ...
09/05/2016

💐Floral Service 💐

10.5.2016 မှ 10.6.2016 ထိ အော်ဒါမှာသော မိတ်ဆွေများသို့ free delivery ဝန်ဆောင်မှုပေးမှာဖြစ်ပြီး

ပထမဆုံး အော်ဒါမှာသော မိတ်ဆွေ"10"ဦးအတွက် free delivery အပြင် discount 30% ရှိတာမို့ မြန်မြန်လေး order ပေးနိုင်ပါပြီနော်😉
Order now!!!!0973169268

Cupid Guide Wedding planning service ရဲ့နောက်ထပ်ဝန်ဆောင်မှုအသစ်အနေနဲ့ Floral Service လာပါပြီရှင် ... 🌸💐Cupid တို့မှ အလှူမ...
08/05/2016

Cupid Guide Wedding planning service ရဲ့နောက်ထပ်ဝန်ဆောင်မှုအသစ်အနေနဲ့ Floral Service လာပါပြီရှင် ... 🌸💐

Cupid တို့မှ အလှူမင်္ဂလာပွဲများ မွေးနေ့ပွဲများအတွက်သာမက နေ့ထူးနေ့မြတ်များအတွက်ဖြစ်စေ ချစ်သူကိုလက်ဆောင်ပေးချင်လို့ပဲဖြစ်စေ အထူးဈေးနှုန်းဖြင့် ပန်းများကိုအလှပဆုံးဖြစ်အောင် ပြင်ဆင်ပေးနေပါပြီရှင်

မိမိတို့လိုချင်နဲ့ ဒီဇိုင်းနဲ့အရောင်ကိုပြောပြီး Order မှာလို့လည်းရပါတယ်ရှင် 😍😍

Price and Order Detail ကို Message ပို့ပြီးမေးလို့ရပါတယ်ရှင့် 😍😍

လာမည့် 2016 နှစ်ဦးတွင် ကျင်းပမည့် Cupid Guide ရဲ့ သတို့သမီးလေးပါ😊👰😊
23/11/2015

လာမည့် 2016 နှစ်ဦးတွင် ကျင်းပမည့်
Cupid Guide ရဲ့ သတို့သမီးလေးပါ
😊👰😊

Cupid Guide page ကို like 👍များစွာဖြင့် အားပေးထားသော Ayenie Sanfa..thank you Sis..😍😘
16/06/2015

Cupid Guide page ကို like 👍များစွာဖြင့် အားပေးထားသော Ayenie Sanfa..thank you Sis..😍😘

17/10/2014

Cupid Guide Page ကို like လုပ်ပြီး စိတ်ဝင်တစား ဝင်ရောက်လေ့လာကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်နော်😃

ဝါကျွတ်ပြီမို့ မိတ်ဆွေသူငယ်ချင်းများအတွက် Special Wedding Planning များစီစဉ်လျက်ရှိကြောင်း သတင်းကောင်းပါး အပ်ပါတယ်ရှင့်။💖💑❤️

ယခုလောလောဆယ်တော့ ယခင်တင်ပေးထားသော မင်္ဂလာဦးဇနီးမောင်နှံများအတွက် သိသင့်မှတ်သင့်သော " မင်္ဂလာဦးသူသို့ " စာပိုဒ်လေးများအား Page ထဲတွင်ပြန်လည်ဖတ်ရှုပြီး မိမိ၏ မိတ်ဆွေသူငယ်ချင်းများအားလည်း ပြန်လည်ဝေငှပေးကြပါအုံးနော်

💞 Cupid Guide Wedding Planning Service

Photos from Cupid Guide Wedding Planning Services's post
27/09/2014

Photos from Cupid Guide Wedding Planning Services's post

Photos from Cupid Guide Wedding Planning Services's post
27/09/2014

Photos from Cupid Guide Wedding Planning Services's post

ဝါကျွတ်ပြီး ကျင်းပမည့် မင်္ဂလာပွဲများအတွက် ဒီလိုသပ်ရပ်ပြီး ခမ်းနားလှတဲ့ ဝတ်စုံတွေ ချူပ်ကြပါအုံးရှင်😊
27/09/2014

ဝါကျွတ်ပြီး ကျင်းပမည့် မင်္ဂလာပွဲများအတွက် ဒီလိုသပ်ရပ်ပြီး ခမ်းနားလှတဲ့ ဝတ်စုံတွေ ချူပ်ကြပါအုံးရှင်😊

ကျမ၏ မင်္ဂလာဆောင်အခမ်းအနားအတွက် ကိုယ်တိုင်ရွေးချယ်စိတ်ကူးဖန်တီးထားသော အလှပန်းများနှင့် နောက်ခံပန်းကနုတ်နှင့် " မိုး နှင့် ...
09/05/2014

ကျမ၏ မင်္ဂလာဆောင်အခမ်းအနားအတွက် ကိုယ်တိုင်ရွေးချယ်စိတ်ကူးဖန်တီးထားသော အလှပန်းများနှင့် နောက်ခံပန်းကနုတ်နှင့် " မိုး နှင့် မောင် " feeling သတိတရ ပီတိဖြာ :-D :-))))

28/03/2014

ချစ်သမီးလေး (နိဂုံး)
ပျင်းရိမမူ
အိမ်ရှင်မ ပျင်းရင်၊ ပေါ့လျော့ရင်၊ သဘောလွယ်စွာ ချေးသမျှပေး၊ ပြန်တောင်းရမှာ အားနာရင် သွားပြီ။ ပျင်းတယ်ဆိုတာ အိမ်ထောင်တစ်ခုမှာ အတော်လေး အန္တရာယ်ရှိတယ်နော်။ မပျင်းတတ်တဲ့ မိန်းမ၊ အလုပ်လုပ်တဲ့ မိန်းမ၊ တာဝန်ကျေတဲ့ မိန်းမကို ကိုယ့်ယောက်ျား၊ ကိုယ့်သားသမီးတွေက လေးစားအားကိုးရုံတင် မကဘူး။ သူ့ပတ်ဝန်းကျင်ကပါ အထင်မကြီးရင်တောင် အထင်မသေးဝံ့ကြတော့ဘူး။
ဒါကြောင့် အိမ်ရှင်မတွေရဲ့ ရန်သူဖြစ်တဲ့ ပျင်းရိခြင်းကို အောင်နိုင်ပါစေ။ သူ့ကိုတွန်းထုတ်ပြီး ထာဝရနိုးကြား တက်ကြွ ဖျတ်လက်သွက်လက်စွာ တာဝန်ကျေတဲ့ မိန်းမတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်စမ်းပါသမီးရယ်။
သမီးကို မေမေရှေ့မှာ ဆုံးမခဲ့သလိုပဲ ကိုယ့်ယောက်ျား စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင်၊ အိမ်ကိုအမြဲပြန် ချင်နေအောင် အစားနဲ့စကားနဲ့၊ နှုတ်နဲ့အလုပ်နဲ့ဆိုသလို ကောင်းနိုးရာရာချက်ပြုတ်ကျွေးမွေးပြီး ချိုသာ ချစ်ဖွယ်ရာစကားလေးတွေ ပြောဆိုကြိုဆိုမယ်ဆိုရင် ဘယ်ယောက်ျားက တင်းမာနိုင်တော့မလဲကွယ်။
သူတို့ကိုယ်သူတို့ ကိုယ်ခန္ဓာတည်ဆောက်ပုံ တောင့်တင်းသန်မာရုံမက စိတ်ဓာတ်ပါခိုင်မာလှပါတယ်ဆိုတဲ့ ယောက်ျားတွေဟာ မိန်းမတွေထက်တောင် အချော့ကြိုက်တယ်။ နူးညံ့သာယာမှုကို ပိုမိုတက်မက်စွဲလန်းတယ် ဆိုတာ သမီးနားလည်ထားပါ။
အဲ့ဒီလို ယောက်ျားဘက်ကလည်း ချစ်မြတ်နိုးမှုတွေပေးပြီး တာဝန်ကျေမယ်။ မိန်းမသား ဇနီးမယားဘက် ကလည်း အိမ်တာဝန်တွေကို ကျေစေမယ်။ သာယာမှုတွေ ဖန်တီးတတ်မယ်။ ကိုယ့်ယောက်ျားဟာ ဘာကို နှစ်သက်တတ်ပြီး ဘာကိုမကြိုက်တတ်သလဲဆိုတာကို ကိုယ်ကနက်ရှိုင်းစွာ ကြိုတင်သိရှိနားလည်ထားခဲ့မယ် ဆိုရင် သမီးနဲ့သားရဲ့ အိမ်ထောင်သည်ဘ၀ဟာ အသက်ထက်ဆုံး သာယာချမ်းမြေ့မှုအပေါင်းနဲ့ မင်္ဂလာရှိသွား ကြမှာ အမှန်ပါပဲကွယ်။
သမီးကိုရော သားကိုရော မေမေပြောပြချင်တာကတော့ သားနဲ့သမီး တစ်ဦးပေါ်တစ်ဦးထားရှိခဲ့ကြတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ တိုးမလာချင်နေပါစေ။ လျော့ကျမသွားအောင် ကိုယ့်နှလုံးသားကို ကိုယ်အမြဲပြုစု ပျိုးထောင် နေကြပါကွယ်။ ကိုယ့်တာဝန်ကိုယ်စီ တာဝန်ကျေကြပြီး အမြဲတမ်း အမှန်တရားနဲ့သာ နေကြပါ။
တကယ်လို့ ကိုယ့်လုပ်ဆောင်ချက်၊ သူ့လုပ်ဆောင်ချက်တွေဟာ တစ်စုံတစ်ရာမှားယွင်းခဲ့ရင်လည်း ခွင့်လွတ် ကြပါ။ “ခွင့်လွတ်ခြင်း” ဟာ အိမ်ထောင်ရေးလောကမှာ အဖိုးဖြတ်လို့မရအောင် တန်ဖိုးကြီးမားတဲ့ ရတနာတစ်ပါး ပါပဲဆိုတာ သမီးယုံကြည်လိုက်စမ်းပါ။
တစ်ဦးပေါ်တစ်ဦး “စေတနာထားခြင်း နဲ့ အနစ်နာခံခြင်း” ဟာလည်း ရှုံးနိမ့်မှုလုံးဝ မဟုတ်ဘဲ အနိုင်ရခြင်းရဲ့ အခြေခံအကြောင်းအရင်းတရားတွေပါ ဆိုတာကိုလည်း လက်ခံလိုက်နာ ကျင့်သုံးပါသမီး။
သမီးကတော့ မေမေ့ကိုထင်မှာပဲ။ သမီးကိုပဲ လိုက်နာဖို့ချည်းဆုံးမနေတာပဲ။ သမီးဘက်ကပဲ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ သီးခံမှုတွေ စသဖြင့်ပေါ့နော်။သမီး အထင်မလွဲလိုက်ပါနဲ့။သမီး….လောကမှာ ကိုယ်ပေး သလောက်ပဲ ပြန်ရတယ်။ကိုယ့်မေတ္တာ စေတနာသာမှန်ပါစေ။မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ ကိုယ့်စိတ်အေးချမ်းစွာ နေတတ်ရင် ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုလည်း အေးချမ်းပါတယ်။ ကိုယ်ကသာ စလုပ်ပါ။ သမီးနဲ့သားတို့ရဲ့ မင်္ဂလာဦးကာလမှစပြီး လူ့ဘ၀သက်တမ်း ကုန်ဆုံးသည်အထိ စီးပွါးဥစ္စာတိုးတက် ချမ်းသာပြီး အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ရှင်များ အဖြစ် လောကအလယ်မှာ တင့်တယ်စွာနေထိုင်နိုင် ကြပါစေကွယ်။

24/03/2014

ချစ်သမီးလေး (အပိုင်း-၂)
နှစ်ကိုယ့်တစ်ဘ၀ ပေါင်းစပ်လက်တွဲရုံနဲ့လည်း မပြီးသေးဘူး။ လောကရဲ့နိယာမအရ လူသားတို့ရဲ့ သဘာဝ တရားအရ သားတွေသမီးတွေက ၀င်ရောက် လာကြဦးမှာလေ။ အဲ့ဒီအခါမှာလည်း ဖခင်ထက် မိခင်က ပိုပြီးတာဝန်ကြီးရ၊ ပိုပြီးပင်ပန်းရပြန်တယ်။
ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ ခဲယဉ်းတာထက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကျတော့ ပိုတောင်ခက်ခဲနက်နဲ လှပါတယ်။ အဲ့လို ခက်ခဲနက်နဲလှတဲ့ တာဝန်တွေကို သမီးလေးကိုယ်ဝန် စရှိကတည်းက အစစအရာရာ ဂရုတစိုက်ပြုစုလာလိုက်တာ….ကျောင်းနေအရွယ်၊ တက္ကသိုလ်တက် ဘွဲ့ရသည်အထိ၊ ယခုနောက်ဆုံး သမီးချစ်သူ ဘ၀ထဲကို ၀င်သွားသည့်အထိ မေမေ့မှာ လုံးပန်းလိုက်ရတာ ဖက်ဖက်ကိုမောလို့နော်။
ထားတော့…မေမေဆိုလိုချင်တာက သမီးလေးလူ့ဘ၀ထဲကို စရောက်တဲ့အဲ့ဒီအချိန်ကစပြီး မေမေတို့ရဲ့ချစ်သူ ဘ၀က သူ့ဆန္ဒအရ သွားလာလည်ပတ်ခဲ့တာတွေ ၊အိမ်ထောင်ဦးကာလက ယုယပြုစုချစ်ခင်မှုတွေ မေမေ မလုပ်ပေးနိုင်တော့ဘူး။
ယောက်ျားတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှမတူညီနိုင်ပေမယ့် အားလုံးတူညီတဲ့အချက်တစ်ချက်ကတော့ ရှိတယ်။ အဲ့ဒါကတော့ ချစ်ဇနီးရဲ့ ယုယကြင်နာစွာ ပြုစုမှုနဲ့ ချစ်ခင်မြတ်နိုးမှုကို သူတို့တတွေ တညီတညွတ်တည်း လိုလားတတ်ကြပါတယ် သမီး။ “အဲ့ဒါ သူတို့ရဲ့ အတ္တလေ”။
အဲ့ဒီလိုပဲ တို့များမိန်းမသားတွေ ဘက်ကလည်း ချစ်သူဘ၀တုန်းက ဘယ်လောက်အလိုလိုက်ခဲ့တယ်။ ရခါစ တုန်းက ဘယ်လို ဂရုစိုက်ယုယပြခဲ့တာ။ ခုတော့- သူငါ့ကို အရင်လိုမချစ်တောဘူး။ အရင်တုန်းကလို မယုယ တော့ဘူးဆိုပြီး အချစ်ခံချင်စိတ်တွေနဲ့ စိတ်ကောက်ပြလေလေ သူတို့မြန်မြန်စိတ်ကုန်လေပဲ သမီး။
အဲ့ဒီတော့ မေမေလေးလေးနက်နက် ပြောချင်တာက အိမ်ထောင်သည်ဖြစ်လာကြရင် ချွဲနွဲ့ယုယချစ်ဟန်ပြ တာကို မတပ်မက်နဲ့။
အရေးကြီးဆုံးက သစ္စာတရားပါ။
သစ္စာဆိုတာ အိမ်ထောင်ရေး လောကမှာ သိပ်ကိုတန်ဖိုးကြီးတဲ့ အရာပဲ သမီးရဲ့။
ကိုယ့်ယောက်ျားက ကိုယ့်အပေါ်ချစ်ခင် ယုယမပြနိုင်ပေမယ့် ကိုယ့်အပေါ်မှာ သစ္စာရှိနေမယ်၊ ဖောက်ပြန်မှု မရှိဘူးဆိုရင် ဒီအိမ်ထောင်ရေးဟာ တံတိုင်းကြီးကာရံထားသလို လုံခြုံနေပါပြီကွယ်။
သူတို့ရဲ့ ကောင်းသောလုပ်ရပ်ကို ချစ်ဇနီးက ချီးကျူးအမွှန်းတင် ပြောဆိုရင် သူတို့သိပ်ကျေနပ်တတ်ကြ ပါတယ်။ ချီးမွမ်းတာနဲ့ မြှောက်ပင့်တာ မတူဘူးနော်။ ချီးမွမ်းတာက အမှန်တရားကို အမွှန်းတင်တာ။ မြှောက်ပင့်တာက လိုအပ်တာထက်ပိုပြောပြီး ကိုယ်အခွင့်အရေးရအောင်လုပ်တာ။ မတူဘူး သမီး။
အဲ့ဒီလို ကိုယ့်ယောက်ျားရဲ့ ကောင်းမြတ်သောလုပ်ဆောင်ချက်တွေကို ကိုယ်ကအသိအမှတ်ပြုကြောင်း သူ သိပါစေ။ ဒါမှလည်း သူအားရှိမယ်။ ပိုပြီး စေတနာထက်သန်လာမယ်။
မေ့ချစ်သမီး လိမ္မာပါးနပ်ပါစေကွယ်။

20/03/2014

ဒီတစ်ကြိမ်တော့ Cupid Guide Wedding Planning Service Page မှ Friends တွေအတွက် နာမည်ကျော် စာရေးဆရာမ ကလျာ(၀ိဇ္ဖာ-သိပ္ပံ) ရေးသားထားသော မင်္ဂလာဦးသူသို့ စာအုပ်ထဲမှ “ချစ်သမီးလေး” ခေါင်းစဉ်အောက်မှ အဓိကအချက်အလက်များကို ကောက်နှုတ်ဝေမျှလိုက်ပါသည်။
မေမေ့ရင်ခွင်ကို စွန့်ခွာပြီး သမီးရဲ့ချစ်သူဘ၀ထဲကို ၀င်ရောက်သွားပြီဖြစ်တဲ့ ချစ်သမီးအတွက် ရေးတဲ့စာပါ တဲ့လေ။
သမီးရေ…..၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာဆိုရင် မင်းသားနှင့် မင်းသမီးပြန်လည်ဆုံတွေ့ ပေါင်းဖက်ကြ ပြီးရင် ဇာတ်ရဲ့နိဂုံး ချုပ်ပါတယ်။ ဇာတ်လမ်းသိမ်းပါတယ်။ အမှန်ကတော့ ဇာတ်ရဲ့ နိဂုံးမဟုတ်ပါဘူး။ နိဒန်းပါ။ ဇာတ်လမ်းရဲ့ အစပါ။
လောကမှာ ကျားရယ်၊ မရယ် ဆိုပြီး နှစ်မျိုးနှစ်စား သတ်မှတ်ထားတဲ့ လူသားဝန်းကျင်မှာ ချစ်ခြင်းများနဲ့ အမုန်းတရား၊ ကြင်နာမှုနဲ့ ရက်စက်မှု၊ ခွင့်လွှတ်တတ်ခြင်းနှင့် အာဃတကြီးမားခြင်း၊ ချိုမြိန်ခြင်းများနှင့် ခါးသီးမှု စသော ဆန့်ကျင်ဘက် စိတ်ထားတွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ယောက်ျားတွေမှာ မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်းများရှိသလို မိန်းမတိုင်းမှာလည်း ကောင်းမြတ်ခြင်းနဲ့ သေးသိမ်ညံ့ဖျင်းမှုတွေ ရှိတတ်ကြပါတယ်။
အဓိက သမီး အရေးတကြီး နားလည်ထားရမှာက “ငါ့ယောက်ျားဟာ ဘယ်လိုလူစားမျိုးလဲ” ဆိုတာကိုပဲ။ ဒါတောင် လူကောင်းတွေက တစ်ခါတစ်ရံ နားလည်ဖို့ ခက်လောက်အောင် ဆိုးသွမ်းပြီး လူဆိုးတွေမှာလည်း ရံဖန်ရံခါ ကောင်းကွက်ကလေးတွေရှိတတ်ကြပါတယ်။ ဒါလူ့သဘာဝပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် သမီးရေ..သူစိမ်းနှစ်ဦးဟာ ချစ်ခြင်းမေတ္တာကြောင့် နှစ်ကိုယ်တစ်ဘ၀ တည်ဆောက်ပြီးတဲ့ အခါမှာ ဘာနဲ့တူသလဲဆိုတော့ မြစ်ကြောင်းတစ်ခုပေါ်မှာ လှေတစ်စင်းကို ဦးနဲ့ပဲ့မှာထိုင်ပြီး နှစ်ယောက်အတူ လှော်ခတ်နေကြတဲ့ ခရီးရှည် ခရီးသည်တွေလို့ မေမေတင်စားချင်တယ် သမီး။
အဲ့ဒီ အိမ်ထောင်ရေး လှေတစ်စင်းပေါ်မှာ နှစ်ယောက်နေရာယူကြတဲ့အခါ တို့များမိန်းမသားတွေက ပဲ့ပိုင်းမှာ ထိုင်ရတဲ့ “ပဲ့ကိုင်” တွေလို မေမေ သတ်မှတ်တင်စားချင်တယ်။
ပြောရရင်တော့ မကောင်းဘူး။ ယောက်ျားတော်တော်များများဟာ ပရမ်းပတာတွေပဲ။ ဇော်ကြီးနဲ့အားကုန် လှော်တဲ့အခါ လှော်မယ်၊ ရေစီးနဲ့အတူ မြောချင်ရာ မျှောချပစ်လိုက်တဲ့ အခါမျိုးတွေလည်း အခါခါကြုံရ လိမ့်မယ်။ အဲ့ဒီအခါမှာ ပဲ့ကိုင်ကောင်းဖို့ လိုပြီပေါ့ကွယ်။
ရပ်ချင်တဲ့နေရာမှာ မရပ်ဘဲ ရပ်သင့်တဲ့နေရာမှာ ရပ်နိုင်အောင် ရေစုံမျှောချတဲ့အခါမျိုးမှာ ရောက်ရှိပြီးသားအဆင့် ကနေ ထိုးကျမသွားအောင် ရေဆန်ဘက် ပြန်လှည့်ပြီး ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ ရေဆန်ကိုပြန်တက်ဖို့ ကြိုးစားရမှာလည်း မေမေတို့ မိန်းမသားတွေရဲ့ တာဝန်ပဲ ဖြစ်တယ်လို့ ခံယူလိုက်စမ်းပါသမီး။
Cupid Guide Wedding Planning Service Page အား စိတ်ဝင်တစား ၀င်ရောက်လေ့လာအားပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါသည်။နောက်ရက်တွေမှာလည်း ဆက်လက်အားပေးဖတ်ရှု ပေးပါနော်။

17/03/2014

Cupid Guide Friends များရှင့်....
တစ်နေ့တွင် မင်္ဂလာဆောင်အစီအစဉ်များ မအားလပ်အောင် လှုပ်ရှားနေချိန်တွင် အကို က ကျမအား စာအုပ်တစ်အုပ်လက်ဆောင်ပေးပါသည်။ထိုစာအုပ်ကား “မင်္ဂလာဦးသူသို့” ….
မင်္ဂလာဦးမောင်နှံတို့အတွက်
အလွန်တန်ဖိုးရှိပြီး ကြိုတင်သိရှိ/ပြင်ဆင်ထားသင့်သည့် စိတ်အခြအနေ/အတွေ့အကြုံ များနှင့်ကျန်းမာရေး ဆိုင်ရာများပါပါဝင်သည့်အတွက် Cupid Guide Wedding Planning Service “Page”မှ သူငယ်ချင်းများ အတွက် ဝေမျှလိုက်ပါသည်။
ဆရာသိန်းဖေမြင့်အား ဖိတ်ကြားကြသော မင်္ဂလာဆောင်များသို့ မတက်ရောက်နိုင်သောကြောင့် အောက်ပါ စာစုလေးဖြင့် မင်္ဂလာစကားလက်ဆောင်ပါးခြင်း အမှတ်တရရေးသားထားမှုကို ပြန်လည်ဝေမျှပါသည်။
“မင်္ဂလာဆောင်” ဆိုတဲ့ ကိစ္စကို အထင်သေးသိမ်အောင် လုပ်တယ်လို့ မယူဆစေချင်ဘူး။တစ်ချို့က “မင်္ဂလာဆောင်” ဆိုတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်သင့်ဘူး၊ထိမ်းမြားလက်ထပ်တဲ့အခါမှာ အခမ်းအနားတွေမရှိသင့်ဘူး စသည်ဖြင့် ပြောကြတယ်။ကျတော်က သည်လိုမယူဆပါဘူးဗျာ။လူ့လောက တည်မြဲရေးအတွက် အခြေခံလိုအပ်ချက်ကြီးနှစ်ရပ် ရှိတယ်။ အသက်နှင့်ခန္ဓာကိုယ် အတူမြဲစွာနေအောင် စားဝတ်နေရေး လိုအင်များ ဖြည့်စွမ်းကြရတယ်။ သည့်အတွက် ကုန်ထုတ်လုပ်ရေးနှင့် လူထုတ်လုပ်ရေး ကိစ္စတို့ရဲ့ အခြေခံအကျဆုံးသော ကလာပ်စည်းကလေး အောင်မြင်ကောင်းမွန်မှ လူ့လောက ကိုယ်ခန္ဓာကြီး အောင်မြင်ကောင်းမွန်နိုင်မည်။
လက်ထပ်ထိမ်းမြားခြင်း၊ မင်္ဂလာဆောင်ခြင်းဟာ ဒီကလာပ်စည်းကလေးကို စတည်ခြင်းပါပဲ။ ဒါကြောင့် မင်္ဂလာဆောင်ခြင်းဟာ သက်ဆိုင်သူ မောင်နှင့်မယ်တို့က လေးလေးနက်နက်ခံယူပြီး ပတ်ဝန်းကျင် လူအဖွဲ့အစည်းက လေးလေးနက်နက် အသိအမှတ် ပြုကြရပါမယ်။
မင်္ဂလာဆောင်ခြင်းကိစ္စကို ပြုတဲ့အခါမှာ ဤလေးနက်မှုကို ပေါ်လွင်စေဖို့ အစီအစဉ်များ ရှိရလိမ့်မယ်။ လေးနက်အောင် ဖိတ်စာလှလှ၊ ခံ့ခံ့ညားညားတွေ ကမ်းရမည်ဟုလည်းကောင်း၊ ခြိမ့်ခြိမ့်သဲသဲ ဧည့်ခံပွဲကြီးများ ကျင်းပရမည်ဟုလည်းကောင်း၊ မင်းပွဲစိုးပွဲကြီး လုပ်ရမည်ဟုလည်းကောင်း မဆိုလိုပါဘူး။ ရိုးရိုးလေးနဲ့ ငွေကုန်ကြေးကျများတဲ့ ပကာသနတွေမပါဘဲနဲ့ လေးနက်မှုရှိအောင် လုပ်နိုင်ပါတယ်။ နည်းလမ်းတွေရှိပါတယ်။
ဆိုရှယ်လစ်နိုင်ငံအချို့မှာ လက်ထပ်ထိမ်းမြားခြင်း နန်းတော်ဆိုပြီး တည်ထောင်ထားကြတယ်။ အဲ့ဒီ နန်းတော်ကိုသွားပြီး ငွေကုန်ကြေးကျမများဘဲ လေးနက်သော အခမ်းအနားနှင့် လက်ထပ်နိုင်ကြတယ်။ ဥပဒေအကြောင်းနှင့်လည်း ညီပြီး လူမှုရေးအမြင်နှင့်လည်း တင့်တယ်တယ်။အိမ်ယာတည်ထောင်ခြင်းဟာ အလွန်တာဝန်ရှိသော၊ လေးနက်သော ကိစ္စတစ်ရပ်ဖြစ်ကြောင်း သတို့သမီး သတို့သားတို့နှင့် မိတ်ဆွေသင်္ဂဟ များကို စိတ်ထဲမှာစွဲမြဲသွားစေတယ်။
သို့သော် ကျတော်က မင်္ဂလာဆောင်အခမ်းအနား လေးနက်ခြင်းထက် ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြောချင်သေးတယ်။ ဒါကတော့ သတို့သားလောင်းနှင့် သတို့သမီးလောင်းများဟာ လက်မထပ်မီ ငါတို့ဟာ လူ့လောကမှာ အရေးကြီးဆုံး ကိစ္စတစ်ရပ်ကို ဆောင်ရွက်ကြတော့မှာပါတကားဟု အလေးအနက် ခံယူ သဘောပေါက်ခြင်း ဖြစ်ပါတယ်။ ပေါ့ပေါ့ဆဆ ကြင်ဘက်လောင်းလျာ မရွေးချယ်ဘဲ လေးလေးနက်နက် စဉ်းစားပြီး ရွေးချယ်ရမယ်။ လက်ထပ်ရန် ဆုံးဖြတ်မည်ဆိုလျှင် တာဝန်ရှိရှိဆုံးဖြတ်ကြရမယ်။
သို့ကလို မင်္ဂလာဆောင်တဲ့အမှုကို တာဝန်ရှိရှိနှင့် ဆုံးဖြတ်ပြီး လေးလေးနက်နက်ပြုကြပြီးနောက် ငါတို့ဟာ လူ့လောက ကိုယ်ခန္ဓာကြီးထဲမှ အောင်မြင်ကောင်းမွန်သော အခြေခံကလာပ်စည်း ဖြစ်ရမယ်ဆိုတဲ့ အဓိဌာန်ကို လေးလေးနက်နက် ချမှတ်ရမယ်။ အိမ်ယာတည်ထောင်ပြီ ဆိုရင် ရာသက်ပန် ရိုးမြေကျ ပေါင်းရမယ်ဆိုရင် နှစ်ကိုယ့်တစ်စိတ် နေတတ်အောင် လက်မထပ်မီက ကိုယ့်ကိုယ်နှင့် ကိုယ့်စိတ် ကြိုက်သလိုနေခဲ့ကြသည့် အလေ့အထများကို ပြင်ဆင်ပြုပြင်ကြရလိမ့်မယ်။ ကိုယ့်စိတ်ဆန္ဒနှင့် သူ့စိတ်ဆန္ဒ ညှိပေးရလိမ့်မယ်။ ကိုယ့်အလိုနှင့် သူ့အလို သမမျှတစေရလိမ့်မယ်။ ဒါမှ နှစ်ကိုယ့်တစ်စိတ်ဖြစ်မယ်။ ဒါမှ ရာသက်ပန် ရိုးမြေကျ ဖြစ်မယ်။ ဒါမှ မောင့်နှင့်မယ်တို့ဟာ လူ့လောကရဲ့ အခြေခံတာဝန်များကို ထမ်းဆောင်နိုင်လိမ့်မယ်။ လူ့လောကရဲ့ အခြေခံတာဝန်များကို ထမ်းဆောင်နိုင်မှ လူ့လောကမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေလို့ရလိမ့်မယ်။
Cupid Guide Wedding Planning Service Page အား စိတ်ဝင်တစား ၀င်ရောက်လေ့လာအားပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါသည်။မိမိတို့ အမြင်နှင့် ကိုယ်တွေ့ဖြစ်ရပ်များကိုလည်း ဤ “Page” တွင် ဝေမျှပေးစေချင်ပါသည်။

14/03/2014

Cupid Guide Wedding Planning “Page” အတွက် New Information တွေမတင်ဖြစ်တာ တော်တော်ကြာခဲ့ပြီ။မိမိကိုယ်တိုင်မှ ရသော Wedding Planning Experienced ကိုလည်းဝေမျှချင်သည့် အကြောင်းကြောင့်လည်း ဖြစ်ပါသည်။ထိုသို့ပျက်ကွက်နေသည့်ကြားကပင် Cupid Guide Wedding Planning “Page” အား စိတ်ဝင်တစား Like လုပ်ပေးကြသော Friends များအားအထူးကျေးဇူးတင်ပါသည်။
ယခုနောက်ပိုင်းတွင် Cupid Guide Wedding Planning “Page” အတွက် မင်္ဂလာအခမ်းအနား ကြိုတင်ပြင်ဆင် သိကောင်းစရာများနှင့် တန်ဖိုးရှိရှိ အိမ်ထောင်သည်ကောင်းတစ်ယောက်ဧ။် ဘ၀အတွက် သိကောင်းစရာများကို ဝေငှရင်း၊စိတ်ဝင်စားသူ FaceBook သူငယ်ချင်း အိမ်ထောင်သည်များအပြင် ၊အပျိုလေး/အပျိုကြီး၊လူပျိုလေး/လူပျိုကြီးတို့ပါ ပါဝင်ဆွေးနွေးကြပါရန် Cupid Guide Wedding Planning “Page” မှလှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

Mobile uploads
03/02/2014

Mobile uploads

Photos from Cupid Guide Wedding Planning Services's post
03/02/2014

Photos from Cupid Guide Wedding Planning Services's post

Mobile uploads
03/02/2014

Mobile uploads

Mobile uploads
03/02/2014

Mobile uploads

Photos from Cupid Guide Wedding Planning Services's post
03/02/2014

Photos from Cupid Guide Wedding Planning Services's post

Mobile uploads
03/02/2014

Mobile uploads

03/02/2014

Cupid Guide သတို့သား သတို့သမီးများအတွက် ရင်ကပ်ပန်း၊အလှပန်း၊သတို့သမီးနှင့် မိဘဆွေမျိုးများအတွက် သစ်ခွပန်းလှလှများ စိတ်ကြိုက်ရွေးချယ် နိုင်မည့် သစ်ခွခြံလေးကိုလည်း Cupid Guide မှပိုင်ဆိုင်ထားသည့်အတွက် လူကြီးမင်းတို့မှ ပန်းလှလှလေးတွေအတွက် စိတ်ချနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

For our bride(new designs)
29/01/2014

For our bride(new designs)

Our bride's jewellsss:-)
29/01/2014

Our bride's jewellsss:-)

Colourful Cupid Guide
28/01/2014

Colourful Cupid Guide

Our Advice & Special Service
16/01/2014

Our Advice & Special Service

Yours' Choices
16/01/2014

Yours' Choices

Our Services
16/01/2014

Our Services

Warmly Welcome"Cupid Guide"(wedding planning service)
16/01/2014

Warmly Welcome
"Cupid Guide"(wedding planning service)

Address

No. 7, Thazin Street, Yay Kyaw, Pazuntaung T/S
Yangon

Telephone

0943153737

Website

Alerts

Be the first to know and let us send you an email when Cupid Guide Wedding Planning Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby event planning services


Other Wedding planning in Yangon

Show All