Jade Crown Group Co.,ltd.

Jade Crown Group Co.,ltd. We provide Exhibitions,Trade Fairs & Event Management Srevice.

12/08/2023






ကန့်သတ်ထားတာတွေကို ဖောက်ထွက်တွေးခေါ်ခြင်း

ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေ ကြုံတွေ့တဲ့အခါ အရင်ဆုံး လုပ်မယ့် အရာက နဂို လုပ်ရိုးလုပ်စဥ်တွေလိုပဲ စဥ်းစားကြည့်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လက်လျှော့လိုက်မှာပါ။

ဒီလိုမဟုတ်ဘဲ အသစ်အဆန်းတစ်ခုအနေနဲ့ တွေးခေါ်ကြည့်ရင်ရော?

အခက်အခဲတွေကို အတားအဆီးအနေနဲ့ မမြင်ကြည့်ဘဲ ကျော်ဖြတ်လို့ရတဲ့ အရာ၊ ဖြေရှင်းလို့ရတဲ့ အရာအနေနဲ့ မြင်လာတဲ့အခါ ဒီအခက်အခဲတွေကို ဖြိုချနိုင်တယ်လို့ သိလာပါတယ်။

ဒီဖြိုချခြင်း (Disruption) က တိုးတက်ပြောင်းလဲစေဖို့အတွက် တွန်းအားအဖြစ် ဆက်ပြီး ဖြစ်တည်ပေးပါတယ်။

ဖောက်ထွက်တွေးခေါ်ခြင်း Disruptive Thinking ဆိုတာ စဥ်းစားတွေးခေါ်တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

ဒီနည်းလမ်းမှာဆိုရင် ပြဿနာတွေအတွက် နဂိုရှိပြီးသား ဖြေရှင်းချက်တွေထက် မျှော်လင့်မထားတဲ့၊ Innovative ဖြစ်တဲ့ အဖြေတွေကို ထုတ်တာမျိုး ပါဝင်ပါတယ်။

နဂိုရှိပြီးသား စံချိန်စံနှုန်းတွေ၊ အလေ့အကျင့်တွေကို စိန်ခေါ်ပြီး ယူဆချက်တွေကို မေးခွန်းထုတ်တာ၊ သမားရိုးကျမဟုတ်တဲ့ အိုင်ဒီယာတွေကို ရှာဖွေတာနဲ့ ရှိရင်းစွဲအခြေအနေတွေကနေ ဖောက်ထွက်တာမျိုးတွေ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာတော့ ကျွန်တော်တို့က Disruption ကို ခရစ်ယာန်အမြင်နဲ့ ကြည့်ကြရမှာ ဖြစ်ပါတယ်။

Disruptive Thinking စာအုပ်ရဲ့ စာရေးဆရာ T. D. Jakes က Disruption ဆိုတဲ့ ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးထားပါတယ်။

D. Jakes က Transformative Disruption နဲ့ Personal Development အပိုင်းမှာ ကျော်ကြားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။

Disruptive Thinking စာအုပ်အပါအဝင် ကမ္ဘာကျော် စာအုပ်ပေါင်းများစွာရဲ့ အနှစ်ချုပ် စာအုပ်တွေ၊ ရှင်းပြထားတဲ့ Video, Audio Book တွေကို ဖတ်ရှုနိုင်ဖို့အတွက် Dream Lab ကို Subscribe လုပ်ထားနိုင်ပါတယ်။

နေ့စဉ်အမြဲတိုးတက်နေဖို့ Dream Lab Application ကို Download လုပ်ပြီး Dream Lab Premium ကို Subscribe လုပ်ထားလိုက်ပါ။ အကောင့်ဖွင့်ထားရုံနဲ့လဲ Dream Lab Free Content တွေ ဖတ်လို့ရနေပါပြီ။

www.dreamlab.news
နေ့စဉ် စာတစ်အုပ်ဖတ်ပါ။

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"===============================🦋 ကောင်းစားစေချင်လို့ဆိုပြီးလူကြားထဲမှာအရှက်ခ...
12/08/2023

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
===============================

🦋 ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

🦋 ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

🦋 ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

🦋 ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

🦋 နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

🦋 နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

🦋 ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

🦋 မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

🦋 ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်







သာမညဆရာတော်ဘုရားကြီးချီးမြှင့်သော၇ ရက်အဓိဋ္ဌာန် လာဘ်ရွှင်ပုတီးစိပ်နည်း ....။==========================သာမညဆရာတော် ဘုရားက...
09/08/2023

သာမညဆရာတော်ဘုရားကြီးချီးမြှင့်သော
၇ ရက်အဓိဋ္ဌာန် လာဘ်ရွှင်ပုတီးစိပ်နည်း ....။
==========================

သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော
လာဘ်ရွှင်စေရန် ပုတီးစိပ်နည်းလေးကို
ပြန်လည်မျှဝေပါတယ် ..

သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။

ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော *မုဆိုးရွှေအိုးရကိန်း*အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(1)- တနင်္ဂနွေနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း
====
(2)- တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း
====
(3)- အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃၇မိနစ်မှ ညနေ ၆နာရီအတွင်း
====
(4)- ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း
====
(5)- ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း
====
(6)- သောကြာနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း
====
(7)- စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်းစိပ်ရမည့် ဂါထာ

***********************
'' ဥုံ အရဟံ လာဘံ သိဒ္ဓိ ''
***********************
ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း ( ၁၀၈ )လုံး ပုတီးဖြင့် ၃ပတ်စိပ်ပါ။ ခုနှစ်ရက်ပြည့်အောင် စိပ်ပါ။

ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။ အလုပ်အကိုင် အဆင်ပြေစေသည်။

စျေးရောင်းစျေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။

မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်

စာကြွင်း
======
ရွှေဖယောင်းတိုင်, ရွှေအမွှေးတိုင်နဲ့ပူဇော်ပြီးပုတီးစိပ်ပါက ပိုပြီးဓာတ်မိပါတယ်, မြန်ရင်၃ ရက်လောက်နဲ့
စပြီးထူးခြားပါတယ်။ ဆရာတချို့ကတော့
ပုတီးခေါင်းကိုရွှေပြား၁ချပ်ကပ်ပြီးစိတ်ကြပါတယ်။

Credit - မူရင်း
Jade Crown Group Co.,ltd. မှ
ဓမ္မဒါနပြန်လည်မျှဝေသည် 🙏






08/08/2023

စိတ်ဆင်းရဲနေတဲ့ လူချမ်းသာတွေဆိုတာ ...
အပူအပင်ကင်းကင်းနဲ့ စိတ်ချမ်းသာစွာနေထိုင်နိုင်ဖို့ကြိုးစားပါ...

Phoo Kyaw Zin........
အခုလို Video လေးတွေကို နှစ်သက်ပါက...
ဘဝအတွက်အကျိုးရှိစေမယ့် Video တွေ များစွာတင်ပေးထားတဲ့
ကျွန်တော့်ရဲ့ You Tube channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်။

YouTube channel Link:
https://youtube.com/c/PhooKyawZin

















🙏🙏🙏မင်္ဂလာနံနက်ခင်းပါ🙏🙏🙏ကိုယ့်ကိုယ်ကိုမေတ္တာ အပို့နည်းတဲ့သူဟာဘေးပတ်၀န်းကျင်နဲ့ အဆင်ပြေဖို့လုံး၀ မလွယ်ကူနိုင်သလိုမကျေနပ် ...
08/08/2023

🙏🙏🙏မင်္ဂလာနံနက်ခင်းပါ🙏🙏🙏

ကိုယ့်ကိုယ်ကို
မေတ္တာ အပို့နည်းတဲ့သူဟာ

ဘေးပတ်၀န်းကျင်နဲ့ အဆင်ပြေဖို့
လုံး၀ မလွယ်ကူနိုင်သလို

မကျေနပ် စိတ်တိုမှုတွေနဲ့ပဲ
ဆင်းရဲပူလောင်စွာ နေရတတ်ပါတယ် ။

ကိုယ်တိုင်ကလည်း
ကိုယ့်ရဲ့အကျိုးကို လိုလားတတ်မှ
သူများရဲ့အကျိုးကိုလည်း
စဉ်းစားဆောင်ရွက်တတ်မှာပါ ။

တစ်စုံတစ်ခုကို ပေးချင်တယ်ဆိုရင်
အဲ့ဒီပေးချင်တဲ့အရာက
ကိုယ့်မှာလည်းရှိနေမှ ပေးလို့ရပါတယ် ။

အေးချမ်းမှု မေတ္တာပေးချင်တယ်ဆိုရင်
ကိုယ့်မှာလည်း မေတ္တာတွေ
စုထားရှိထားမှ ပေးလို့ရနိုင်ကြမှာပါ ။

မေတ္တာနဲ့အေးချမ်းအောင်နေတတ်ဖို့
ကိုယ့်ကိုယ်ကို အရင် အမြဲမေတ္တာပို့ပါ ။

မေတ္တာနဲ့နေတတ်လာသူဟာ
ကြမ်းတမ်းတဲ့ အလုပ်အပြောတွေကို
ကိုယ်တိုင်လည်း မပြု ချင်တော့ပါဘူး ။

ဒါကြောင့် ကိုယ်တိုင်ကလည်း
ဘေးကင်းစွာနေချင်တယ်ဆိုရင်
သူများကိုလည်း ဘေးဒုက္ခတွေမပေးပါနဲ့ ။

တစ်ပါးသူရဲ့ ဘဝတွေ
ချမ်းသာစေချင်တဲ့စိတ်တွေကိုပဲ
ကိုယ့်မှာဖြစ်အောင် ကြိုးစားမွေးမြူ ပါ ။

သာရ ဂ ဝေ သီ
🙏🙏🙏







Address

No. 165, 2nd Floor, Mandalay Street, 30 Ward, Noth Dagon Township
Yangon
11421

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00

Telephone

+959266202066

Alerts

Be the first to know and let us send you an email when Jade Crown Group Co.,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jade Crown Group Co.,ltd.:

Videos

Share