Barrack Water Festival (3D Video)
- Barrack မှာ ကဲမယ်ဆိုရင် သင်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမဏ္ဍပ်ကြီးပေါ်မှာ ကဲနေသူတစ်ယောက်ဖြစ်ပါတယ် -
Barrack မှာ ပြန်တွေ့မယ်ပြောခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အကြိုက်ချင်း အပျော်ချင်းတူပြီး ထပ်တွေ့ကြမယ့် ဘော်ဘော်အသစ်တွေရေ....
အားလုံး Ready ဖြစ်နေသင့်ပြီနော်
Barrack ကနေလည်း လုံးဝအမိုက်စားဒီဇိုင်းကြီးကို စိတ်ကူးစိတ်သန်းကောင်းကောင်း၊ဖွဲ့စည်းပုံကောင်းကောင်းနဲ့ နမူနာ 3D ဗီဒီယို ပြသလိုက်ပြီဖြစ်ပါတယ်(အောက်က ဗီဒီယိုကို ကြည့်ုပြီး အကြိုရင်ခုန်ကြည့်လိုက်ဦးနော်)
---------------------
ပြည်လမ်းပေါ်က Barrack မဏ္ဍပ်မှာထိုင်တဲ့သူက မြန်မာနိုင်ငံက အကြီးဆုံးမဏ္ဍပ်ကြီးမှာထိုင်နေတယ်ဆိုတာ သင်သိပါသလား
Barrack က Main Stage ကြီးကတော့ အပီဖြုတ်လို့ရမယ့် EDM Stage ကြီးဖြစ်ပြီးတော့ Playground မှာတော့ Hip Hop Stage နဲ့ ရေပက်မယ့်စင်ကို တွဲထည့်ထားတာ တကယ့်ကို အမိုက်စား စိတ်ကူးပုံဖော်မှုပါပဲ
ခြံအတွင်းပိုင်း Stage ၏ ရှေတည့်တည့် VVIP များအတွက် VVIP Area ထားပေးထားမှာဖြစ်ပြီး Stage ဘေးဘက်မှာ VIP Area ဆိုပြီးလည်း စီစဉ်ပေးထားဦးမှာဖြစ်ပါတယ်။
မဏ္ဍပ်အကျယ်အဝန်းကလည်း ပေ ၁၂၀ ပေ ၄၀ အနေအထားမှာရှိတာဆို အလွင့်ဖြစ်နေမှ လွတ်လွတ်လပ်လပ်ဖြစ်နေမှ ကဲချင်တဲ့သူတွေအတွက် တကယ့်စိတ်တိုင်းကျဖြစ်ပါပြီ
Splash Zone မှာတော့ GA အလွတ်ကခုန်နိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ် ။နောက်ထပ်သတင်းကောင်းတခုကတော့ Bar Counter တွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်အောင် Zone ရဲ့ နေရာတော်တော်များများမှာဖြန့်ကျက်ထားပေးမှာဖြစ်ပါတယ်။
တနေ့လုံးကခုန်ရလွန်းလို့ ဗိုက်ဆာလာရင် စားဖို့ Food Court တွေရှိတဲ့အပြင် မောလာရင် Relax လုပ်နိုင်ဖို့ သစ်ရိပ်ဝါးရိပ်တွေအောက်မှာလည်း စီစဉ်ပေးထားပါသတဲ့(ဘယ်လောက် မိုက်လဲနော်)
အရေးကြီးဆုံးကိစ္စဖြစ်တဲ့ အလေးအပေါ့သွားဖို့ကိစ္စလည်း စနစ်တကျဖြစ်အောင် Zone တခုချင်းစီတိုင်းအတွက် စီစဉ်ပေးထားပါသေးတယ်။
အရင်နှစ်တွေထက် ပိုကောင်းမွန်အောင် စီစဉ်ပေးတာကို Barrack ရဲ့ မိတ်ဟောင်း မိတ်သစ် fan တွေ သိလာမှာဖြစ်လို့ မြန်မြန်လေးလာရောက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
---------------------
လကုန်ရင် ဈေးတွေတက်တော့မှာဆိုတော့ Early Bird လက်မှတ်တွေကို MMTIX မှာ ကြိုဝယ်ထားလိုက်တော့နော်။
Barrack ကတော့ အခုနှစ်က သူ့ရဲ့ 5th year anniversary ဖြစ်တာမို့ ဝန်ဆောင်မှုတွေ တိုးမြင့်ပြီး စီစဉ်ထားပါတယ်တဲ့။ ဒါကြောင့် early bird လက်မှတ်တွေ မကုန်သွားခင် မြန်မြန်လေး ကြိုတင်မှာထားဖို့လိုမယ
SHINE - Learning How To Love
မကြာသေးခင်အချိန်က Arian, Don’t Leave Me Now, The Old You အစရှိတဲ့ သီချင်းတွေနဲ့ ပရိသတ်ရဲ့ အားပေး ထောက်ခံမှုကို တခဲနက်ရရှိထားတဲ့ တက်သစ်စ အဆိုတော်လေး SHINE ရဲ့အကြောင်းကို MMTIX မှ မိတ်ဆက်ပေးပါမယ်။
▶️ Artist Name - SHINE
နာမည်အရင်း - အောင်ပြည့်စုံ
မွေးသက္ကရာဇ် - 29.12.1997
လူသိများသောသီချင်း - The Old You, Arian
လက်ရှိထွက်ထားသော Album - Perfect
Record Label – BG18
🍀 Facebook
https://www.facebook.com/SHINEBG18/
🍀 JOOX Myanmar
https://www.joox.com/mm/en/artist/DG4LIlE7t9Y9jAksZwwSVA
Mixing ကောင်းကောင်းနဲ့ တီးခတ်ထားတဲ့ R&B သီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ SHINE ရဲ့ အသံချိုချိုလေးက Fans ရဲ့နှလုံးသားကို ဆုပ်ကိုင်သွားတာပါ။ လက်ရှိမှာတော့ Perfect ဆိုတဲ့ Album ကို သူ့ရဲ့ (21)နှစ်ပြည့် မွေးနေ့မှာ ထုတ်ထားတာဖြစ်ပြီး သီချင်း ကိုးပုဒ်ပါရှိတာဖြစ်ပါတယ်။
▶️ SHINE ရဲ့ Perfect Album ကို international music streaming apps တွေမှာ အောက်ပါအတိုင်း နားထောင်နိုင်ပါပြီ။
🔥 Spotify
https://spoti.fi/2VvtNCw
🔥 Apple Music
https://apple.co/2SC8Pjw
🔥 iTunes
https://apple.co/2RxzXmy
လူငယ်တွေကြား R&B သီချင်းသစ်တွေနဲ့ SHINE ဟာ ဘာကြောင့်ရေပန်းစားလဲဆိုတာကို သူ့သီချင်းကောင်းလေးဖြစ်တဲ့ LEARNING HOW TO LOVE (Lyrics Video) နဲ့ MMTIX မှ တင်ဆက် ပေးလိုက်ပါတယ်။
[Video credit goes to BG18 Records.]
ဂီတချစ်သူတွေအတွက် စိတ်ဝင်စားဖွယ်အကြောင်းအရာတွေ တင်ဆက်ပေးနေတဲ့ MMTIX page လေးကိုလည်း See First လုပ်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။
သာယာပျော်ရွှင်သော နေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ။
#mmtix #artistofthemonth #shine #perfect #bg18
INVASION Music Festival 2018
အလန်းဆုံး International & Local Lineup တွေနဲ့ ARE YOU READY TO INVADE?!!
လက်မှတ်တွေ ဈေးမတက်ခင် MMTIX မှာ အမြန်ဆုံးမှာယူလိုက်တော့နော်!
<< HOTLINE: 09451010789 >>
Ticket Prices GA | VIP - 25,000 | 50,000 MMK
#MMTIX #TicketingSolution #EventTicketing #EventsInYangon #EDM #Hardcore #Invasion2018
90s kids တွေရဲ့ မမေ့နိုင်စရာ သီချင်းများ
သီချင်းကောင်းကောင်း သီချင်းဟောင်းတွေ ကြားပြီဆို စာသားတွေတောင် မမေ့ဘဲ အလွတ်တန်းလိုက်ဆိုနေမိတာ ကျွန်တော်တို့ 90s kids တွေ ဖြစ်နေကျပါပဲ။ တချိန်တခါက ကျွန်တော်အရမ်းခိုက်ခဲ့တဲ့ သီချင်းတွေ ဗီဒီယိုနဲ့ ပြန် share ပေးလိုက်တယ်ဗျာ။ သူငယ်ချင်းတို့ အကြိုက်တွေ မပါခဲ့ရင်လည်း မန့်ထဲမှာ ပြောသွားပေးဦး!
#MMTIX #eventticketing #throwback #myanmarsongs