ပညာရွှေပြည်-Pyinnyar SHWE PYII စာသင်ဝိုင်း

  • Home
  • Myanmar
  • Yangon
  • ပညာရွှေပြည်-Pyinnyar SHWE PYII စာသင်ဝိုင်း

ပညာရွှေပြည်-Pyinnyar SHWE PYII စာသင်ဝိုင်း ပညာရေးနှင့်သက်ဆိုင်သော မိဘများ၏ အခ?

👐 ဆရာ/ဆရာမ အတွေ့အကြုံ စစ်တမ်း ကောက်ကြည့်ရအောင် 👐 ပြောထားတာတွေ မှန်ရင် ခေါင်းညိတ်လိုက် 😉😔 ဆရာ/ ဆရာမ ဘဝကို ခက်ခက်ခဲခဲ ကျော...
23/11/2024

👐 ဆရာ/ဆရာမ အတွေ့အကြုံ စစ်တမ်း ကောက်ကြည့်ရအောင် 👐
ပြောထားတာတွေ မှန်ရင် ခေါင်းညိတ်လိုက် 😉

😔 ဆရာ/ ဆရာမ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရသလား??😔
🤗 ကျောင်းသား/သူ များကို မရိုက်/မအော်ဘဲ စကားနားထောင်စေဖို့ လိုလားသူလား??🤗
😇 မိမိ စာသင်နေစဥ် အတန်းထဲရှိ ကလေးအကုန် စိတ်ဝင်စားတဲ့ active classroom ဖြစ်စေလိုသလား??😇
😩 မိဘတွေကို ဆက်ဆံကိုင်တွယ်ရ ခက်ခဲနေသလား??😩
🤑 Private/ International School လောက ဘယ်ကျောင်းမှာ လျှောက်လျှောက် လစာကောင်းပြီး အလုပ်ရလွယ်လိုသလား??🤑
🤔 ဘယ်သူမှ/ ဘယ်သင်တန်းမှ မသင်ပေးနိုင်တဲ့ ဆရာဖြစ်ကြောင်း အဌာရသ ပညာတွေအကုန် တတ်မြောက်သင်ယူဖို့ အသင့်ဖြစ်သူလား??🤔
🤠 Tr တို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပြီး လက်ရှိထက် ပိုတော်တဲ့၊ ပိုအောင်မြင်တဲ့ ဆရာ/ဆရာမ ဖြစ်လိုသလား?? 🤠
😬 Tr တို့က အခုမှ ဆရာလောကထဲ ဝင်လာသူလား??😬
✋ ကျောင်းသား/သူ များကို ယခုထက် ပိုထက်မြက်/ တော်အောင် ပျိုးထောင်လိုသူလား??✋

👉 ပြောထားတာတွေထဲက မှန်နေတာတွေပါပြီဆိုရင်......
😍 ဆရာမလောက အတွေ့အကြုံ ၁၂ နှစ်ကျော် သက်တမ်းရှိတဲ့ Tr.Nightingale ရဲ့
❗ Professional Knowledges for Teachers❗ (ဆရာလောက အဌာရသ သင်ရိုး) က သင့်အတွက်ပါဘဲ....😍

😮 ဒီသင်ရိုးမှာ ဘာတွေပါမှာလဲ??😮

🤓 ဘယ်သင်တန်းမှာမှ မရှိ/ မသင်ဖူးသေးတဲ့ All in one အဌာရသတွေဖြစ်တဲ့........

✅-Child Psychology and Counseling (both early childhood and teenagers)
✅-Effective Communication between parent-teacher and student-teacher
✅-Teaching Methodologies
✅-Do(s) and Don't(s) in the classroom
✅-Lesson Planning (Period/weekly/monthly/yearly)
✅-Good question papers and marking schemes
✅-Interactive classroom control
✅-Time and stress management for Teachers
✅-Differentiation between CIE/Pearson/Government Curriculums
✅-International Classroom Language

စတာတွေအပြင် over 12 years experience sharing, events and event planning in International schools, interview experiences စတာတွေပါ အပိုထပ်ဆောင်း ပါသေးတာမို့ All in one package (One stop service) တွေပဲနော်...🤗

📜 သင်တန်းပြီးဆုံးလျှင်လည်း ပြီးဆုံးကြောင်း Certificate ပေးအပ်မှာ ဖြစ်ပြီး
💌 အထူးခြားဆုံးကတော့ သင်တန်းနောက်ဆုံး Final Assessment မှာ ထူးချွန်တဲ့ Tr တွေအတွက် Recommendation letter ပါ ချီးမြှင့်ပေးဦးမှာမို့ အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်မှာ အမှန်ပါဘဲ။

🆓 ပထမဦးဆုံး ၅ ယောက်အတွက် သင်တန်းကြေး 50% discount အထိ ပေးနေတာမို့ လက်လွှတ်မခံဘဲ အမြန် စာရင်းပေးလိုက်ကြဦးနော်။

သင်ကြားမည့် Teacher ကတော့👀

Tr. Nightingale
B.E. (Civil)
Diploma in the theory of Child Psychology (ABE UK)
Diploma in Educational Psychology (Ireland)
Certificate in Introduction to developmental disorders (Ireland)
Certificate in Advanced Counsellor (Seit Mate Swe)
Certificate in English proficiency (WEBS)
Certificate in YLE teacher training (MMtutor)
Over 12 years experience in both Government and International courses)

ဆရာလောကမှာ smart ကျပြီး Pro ကျဖို့ အခုပဲ Professional Knowledge for Teachers (PKT) သင်တန်းကို စာရင်းသွင်းလိုက်နော် 😊

ဆက်သွယ်စုံစမ်းရန်
ပညာရွှေပြည် စာသင်ကျောင်း (တောင်ဥက္ကလာ)
☎ 09-977215065 or
📞 page messenger or
📲 viber

#ပညာရွှေပြည်


#သင်တန်း
#ဆရာသင်တန်း
#ဆရာဖြစ်အတတ်သင်ကျောင်း

Math ကို Love နဲ့ သင်ကြရာဝယ် 😟😟Pic crd
23/11/2024

Math ကို Love နဲ့ သင်ကြရာဝယ် 😟😟
Pic crd

08/06/2022

ခဏ ခဏ မေးကြလွန်းလို့ အားနာစွာနဲ့ပဲ post တသ်လိုက်ပါတယ်။
ပညာရွှေပြည် ဆိုတဲ့ ဒီpage ဟာ တောင်ဥက္ကလာမှာ ရှိတဲ့ စာသင်ဝိုင်း၊ကျုရှင်ဝိုင်း အတွက် ဖွင့်ထားတာဖြစ်ပါတယ်။
သာကေတက နာမည်တူ ကျောင်းနှင့် လုံးဝ မသက်ဆိုင်ပါဘူး။
ဒီpage က post တွေ၊ ဗဟုသုတစာပေ အားလုံးဟာလဲ ပညာရွှေပြည် စာသင်ဝိုင်းက ဆရာ၊ဆရာမများ တင်ထားတာသာ ဖြစ်ပါတယ်။
#ပညာရွှေပြည်

𝐈𝐆𝐂𝐒𝐄 အကြောင်းအမေးများတဲ့အတွက် တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖတ်လို့ရအောင် ရှာပေးထားပါတယ်။ ဖတ်ကြည့်ပေးပါဦးနော်  🍀°°°°°°°...
17/05/2022

𝐈𝐆𝐂𝐒𝐄 အကြောင်းအမေးများတဲ့အတွက် တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖတ်လို့ရအောင် ရှာပေးထားပါတယ်။ ဖတ်ကြည့်ပေးပါဦးနော် 🍀

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

𝐖𝐡𝐚𝐭 𝐢𝐬 𝐈𝐆𝐂𝐒𝐄❓

🔰 IGCSE ရဲ့အဓိပ္ပါယ်အပြည့်အစုံက “International General Certificate of Secondary Education“ ဖြစ်ပါတယ်။ English ဘာသာအခြေပြုဖြစ်ပြီး မြန်မာနိုင်ငံမှာ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻𝘀 (𝗖𝗜𝗘) နှင့် 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗘𝗱𝗲𝘅𝗰𝗲𝗹 ဆိုပြီး 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 နှစ်ခုဖြင့်သင်ကြားပေးနေပါတယ်။

🔰 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 ၂ ခုဟာ ဘာသာရပ် အခေါ်အဝေါ်တစ်ချို့၊စာမေးပွဲစစ်ချိန်၊စာမေးပွဲမေးခွန်း စသဖြင့် အနည်းငယ်သာ ကွာခြားချက်ရှိပြီး exam board (2) လုံးက UK အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု exam board ဖြစ်ပါတယ်။
_________________________

𝐈𝐆𝐂𝐒𝐄 ရဲ့စံသတ်မှတ်ချက်များ -

🔻IGCSE စာမေးပွဲမှာ ဘာသာစကားများအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ဖြေဆိုနိုင်ပါတယ်။

🔻ကမ္ဘာ့တက္ကသိုလ်များသို့ ဝင်ခွင့်ရရန်အတွက် ကျောင်းသားများအနေဖြင့် (𝗘𝗻𝗴𝗹𝗶𝘀𝗵,𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗠𝗮𝘁𝗵𝘀) တို့ကိုအဓိကထားပြီး အနည်းဆုံး (၅)ဘာသာ/ (၆) ဘာသာ ဖြေဆိုအောင်မြင်ရန်လိုပါတယ်။

🔻ဘာသာရပ်များရွေးချယ်ရာတွင် 𝗢𝗻𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲/ 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀/ 𝗘𝗻𝗴𝗹𝗶𝘀𝗵 အတွဲရှိဘာသာများကို အနည်းဆုံး (၇) ဘာသာ မှ (၉) ဘာသာအထိ ရွေးချယ်သင်ယူနိုင်ပါတယ်။

🔻IGCSE ဖြေဆိုရန် ပြင်ဆင်ချိန်သည် အနည်းဆုံးအချိန် ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲကြာမြင့်နိုင်ပါတယ်။

🔻ဘာသာရပ် (၆) ခုထပ်ပိုမိုဖြေဆိုထားပါက scholarship လျှောက်ရာတွင်လည်းကောင်း၊Top Ranked University သို့တက်ရောက်ရန် လျှောက်ထားရာတွင်လည်းကောင်း အသုံးဝင်ပါတယ်။

🔻ဒါပေမယ့် ရလဒ်မှာ Grade D,E များရလျှင်တော့ ဘာသာရပ်များပိုမိုဖြေဆိုထားခြင်းအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။

_________________________

𝐈𝐆𝐂𝐒𝐄 ဖြေဆိုဖို့အတွက် ဘာသာရပ်တွေဘယ်လိုရွေးချယ်ရမလဲ❓

(Credit to : Institute of International Professionalism )

ဘာသာရပ် (၄၀) ကျော်ကို Groups အနေဖြင့် ပြောရလျှင် ~

𝗚𝗿𝗼𝘂𝗽 𝗜 : 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲
𝗜𝗜: 𝗛𝘂𝗺𝗮𝗻𝗶𝘁𝗶𝗲𝘀 𝗮𝗻𝗱 𝗦𝗼𝗰𝗶𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗜𝗜: 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗩: 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀
𝗩: 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗮𝗻𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 တို့ပဲဖြစ်ပါတယ်။

ဘာသာရပ်တွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာမသိတဲ့သူများအတွက် 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗲𝗱 𝗦𝘂𝗯𝗷𝗲𝗰t choices တွေကိုပြောပြပေးပါ့မယ်။

👉𝙁𝙤𝙧 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙞𝙣 𝙎𝙘𝙞𝙚𝙣𝙘𝙚
Recommended subjects (Biology, Chemistry, English as second Language, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝙈𝙚𝙙𝙞𝙘𝙞𝙣𝙚
Recommended subjects (Biology, Chemistry, English as a second Language, Human Biology, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙖𝙣𝙙 𝘼𝙧𝙩𝙨
Recommended subjects (Chemistry, English as a second Language, Mathematics B, Further Pure Mathematics, Physics, Business (or) Art and Design)

👉𝙁𝙤𝙧 𝙂𝙚𝙣𝙚𝙧𝙖𝙡 (𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙠𝙣𝙤𝙬𝙞𝙣𝙜 𝙬𝙝𝙖𝙩 𝙨𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙖𝙩𝙞𝙤𝙣 𝙮𝙤𝙪 𝙬𝙞𝙡𝙡 𝙘𝙝𝙤𝙤𝙨𝙚)
Recommended subjects (Business, Chemistry, Economics, English as a second Language, Mathematics B, Physics)

_________________________

ဆင်တူယိုးမှားဘာသာရပ်တွေကဘယ်လိုကွဲပြားသလဲ❓

𝗘𝗦𝗟 𝗩𝘀 𝗘𝗙𝗟

- Eng as Second Language (စာမေးပွဲတွင် Four Skills ဖြေဆိုရပြီး Language Skill ကို အလေးထား သင်ကြားသည်)
- Eng as First Language (Language Skill အပြင် ကျောင်းသား/သူများ၏ တွေးခေါ်စွမ်းရည်..သုံးသပ်စွမ်းရည် [Critical & Analytical Skill] တို့ကိုအလေးထားသင်ကြားသည်)

EFL ဘာသာရပ်သည် ပိုမိုခက်ခဲပြီး English အခြေခံကောင်းပြီး စဉ်းစားတွေးခေါ်ရခြင်းကို စိတ်ဝင်စားသော ကျောင်းသား/သူ များ တက်ရောက်သင့်ပါတယ်။

𝗔 𝗠𝗮𝘁𝗵𝘀 𝗩𝘀 𝗘 𝗠𝗮𝘁𝗵𝘀
- E Maths သည်ငယ်စဥ်ကတည်းက သင်ကြားခဲ့သော သင်ခန်းစာများနှင့် များစွာ ဆက်စပ်မှုရှိပါတယ်။

- A Maths သည် အနည်းငယ် ပိုမိုခက်ပြီး Maths Foundation ကောင်းသူများ ရွေးချယ်သင်ယူလေ့ရှိပါတယ်။
University တက်ရောက်တဲ့အခါမှာ Mathematics ဘာသာရပ်ကို ပိုမို လွယ်ကူစေပါတယ်။

- IGCSE ပြီးလျှင် A level ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက A Maths သည် မဖြစ်မနေ ယူသင့်သည့် ဘာသာရပ်ဖြစ်ပါတယ်။

𝗜𝗖𝗧 𝗩𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲
- ICT Subjects တွင် Computer ၏ အစိတ်အပိုင်းများ. Email & Internet, Networking အနည်းငယ်, Microsoft Office Suite (Word, Excel, PPT, စသည် အကြောင်းအရာများ), Website ရေးနည်း အခြေခံများကို သင်ကြားပေးပါတယ်။

- Computer Science ဘာသာရပ်ကို Software Engineering, Networking Engineering, Information Analysis စသည့် အကြောင်းအရာများကို စိတ်ဝင်စားသည့် ကျောင်းသား/သူ များ ရွေးချယ်နိုင်ပါတယ်။

𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝘂𝗱𝗶𝗲𝘀 𝗩𝘀 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰𝘀 𝗩𝘀 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴

- Business Studies ဘာသာရပ်သည် Management , Marketing, HR, Operations & Production, Finance နှင့် နိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး အခြေခံများကို လေ့လာရမည့် ဘာသာရပ်ဖြစ်ပါတယ်။

- Economics ဘာသာရပ်သည် Business Studies ထက်ပိုမိုအသေးစိတ်ပြီး ၂ ဘာသာလုံးသည် ကျက်စာ ဘာသာရပ်များဖြစ်ပါတယ်။

- Accounting မှာ ကျက်စာရော တွက်စာပါ ပါဝင်ပြီး LCCI level 2 အဆင့်ရှိ သင်ခန်းစာများကို လေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်။

_________________________

𝐈𝐆𝐂𝐒𝐄 𝐆𝐫𝐚𝐝𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦❓

IGCSE စာမေးပွဲရမှတ်များကို 9-1 Grading System ဖြစ်သတ်မှတ်ပေးပါတယ်။ A*- G grading system လို့လည်းခေါ်ပါတယ်။

🖊𝗚𝗿𝗮𝗱𝗲 𝟵-𝟳 သည် 𝗔*-𝗔
🖊𝗚𝗿𝗮𝗱𝗲 𝟲-𝟰 သည် 𝗕-𝗖
🖊𝗚𝗿𝗮𝗱𝗲 𝟯-𝟮 သည် 𝗗-𝗚 စသဖြင့် ညီမျှပါတယ်။

🚨𝗺𝗲𝗱𝗶𝗰𝗶al 𝗽𝗮𝘁𝗵𝘄𝗮𝘆 ကိုရွေးချယ်ချင်သူများအတွက်တော့ စာမေးပွဲရလဒ်တွင် 𝗚𝗿𝗮𝗱𝗲 𝗕 ထပ်မနည်းသော အမှတ်များရရန်လိုအပ်ပါတယ်။

အောင်မှတ် သတ်မှတ်နှုန်း (Pass Grade) သည် "C" Grade ဖြစ်ပြီး စုစုပေါင်း အမှတ်၏ ၆၀% မှ ၆၅% အတွင်း ရရှိရန် လိုအပ်ပါတယ်။
_________________________

𝗜𝗚𝗖𝗦𝗘 ကိုဘယ်သူတွေတက်လို့ရလဲ? 𝗜𝗚𝗖𝗦𝗘 ပြီးရင် ဘာဆက်လုပ်လို့ရမလဲ❓

(Credit to : Acumen International College)

📣IGCSE ကို ၈တန်း,၉တန်း,၁၀တန်း စတဲ့အထက်တန်းကျောင်းသားကျောင်းသူများအပြင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ,ဘွဲ့လွန်များနဲ့ လုပ်ငန်းခွင်ဝင်နေသူများပါ ဖြေဆိုနိုင်ပါတယ်။

📣IGCSE ဖြေဆိုအောင်မြင်ပြီးရင်တော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လို့ရပါတယ်။

🇬🇧 𝗨𝗞 မှာ ဆက်လက်ပညာသင်ချင်တယ်ဆိုရင်
✔️𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️ 𝗔-𝗟𝗲𝘃𝗲𝗹 (𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇺🇸 𝗨𝗦𝗔 မှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
📌𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
📌(𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲+ (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
📌𝗜𝗕 (𝗼𝗿) 𝗛𝗶𝗴𝗵-𝘀𝗰𝗵𝗼𝗼𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇦🇺 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮/ 𝗡𝗲𝘄 𝗭𝗲𝗮𝗹𝗮𝗻𝗱 နိုင်ငံတွေမှာပညာသင်ချင်တယ်ဆိုရင်
🔰𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔰𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 (𝟭 𝘁𝗼 𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇨🇦 𝗖𝗮𝗻𝗮𝗱𝗮 နိုင်ငံမှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
🔑𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔑( 𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗹𝗹𝗲𝗴𝗲 + (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
🔑𝗖𝗮𝗻𝗮𝗱𝗶𝗮𝗻 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 / 𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

ဒါတွေကတော့ 𝐈𝐆𝐂𝐒𝐄 နဲ့ပတ်သက်ပြီး ဘာသာရပ်ရွေးချယ်ပုံ၊ ကြာမြင့်ချိန်၊ exam board နဲ့ အမှတ်ပေးပုံပေးနည်းများကို တစ်စုတစ်စည်းတည်း ပြောပြပေးထားတာဖြစ်ပါတယ်။

----------------------------------------------

Crd to Intel-Bridge Education

06/02/2022

၂၀၂၂-၂၀၂၃ ရန်ကုန်တိုင်းအတွက် Green Card (ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်) အသစ်လျှောက်ထားလိုသူတွေကို ခေါ်နေပြီဆိုတော့ ဘာတွေလိုအပ်လဲသိရအောင် အရင် Post လေးကို ပြန်တင်ပေးလိုက်ပါတယ်။

အခု page ထဲမှာလည်း green card နဲ့ ပတ်သက်တာတွေ တင်ထားပါတယ်။ ရှာဖွေလေ့လာလို့ရပါတယ်

၁။
လျှောက်လွှာကို ပြည်နယ်/ တိုင်းရုံးများမှာထုတ်ယူ၊ဖြည့်ပေးပြီး မိတ္တူ(၃)စုံပွားပြီး ပြန်တင်ပေးခဲ့ရပါမယ်။

ပြည်နယ်၊ တိုင်းရုံးက ပြန်ခေါ်တဲ့ သတ်မှတ်နေ့ရက်မှာ အင်တာဗျူးဖြေရမှာဖြစ်ပြီး အင်တာဗျူးအောင်မြင်ပါက သူတို့သတ်မှတ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ တစ်နှစ်စာ အခွန် ၈၀၀၀၀ ကျပ်သွင်းပြီး တစ်လခန့်အကြာမှာ green card ရပါလိမ့်မယ်။ ၃ နှစ်စာ တစ်ခါတည်းသွင်းထားလည်းရပါတယ်။

၂။
ပြည်နယ်၊ တိုင်းရုံးကို လျှောက်လွှာသွားယူသူတိုင်း လျှောက်လွှာကို လက်တမ်း တန်းမပေးပါ။
သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသူသာ
လျှောက်လွှာထုတ်ယူလို့ ရမှာပါ။

၃။
သတ်မှတ်အရည်အချင်းများကတော့ -
(က)
ရိုးရိုးဘွဲ့ရဆိုရင် ကိုယ်ပိုင်ကျူရှင် သင်ကြားခွင့်လိုင်စင် (က.သ) ငါးနှစ်စာ ငါးစောင် လက်ဝယ်ရှိရပါမယ်။ (တစ်နှစ်တစ်ခါ မြို့နယ်ပညာရေးမှူးရုံးမှာ တင်ထားတဲ့လက်မှတ်ပါ။)

(ခ)
က.သ ၅ စောင် မရှိရင် ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဆရာအတတ်သင်ရက်တိုသင်တန်းဆင်းလက်မှတ် ရှိရပါမယ်။
(ဘယ်သင်တန်းကို အသိမှတ်ပြုသလဲ၊ ဘယ်သင်တန်းကို အသိအမှတ်မပြုဘူးလဲဆိုတာကတော့ ဝန်ကြီးဌာနမှာသာ စုံစမ်းပါ။)

(ဂ)
အင်ဂျင်နီယာဘွဲ့ရ၊ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ဘွဲ့ရ၊ ဆရာဝန်ဘွဲ့ရနဲ့ မာစတာဘွဲ့လွန်နဲ့ မာစတာအထက် ပညာရည်ရှိသူတွေကတော့ တခြားလိုအပ်ချက် ဘာမှမလိုဘဲ ဘွဲ့လက်မှတ်မူရင်းပြပြီး လျှောက်လွှာတန်းပြီး ထုတ်ယူလို့ရပါတယ်။

(ဃ)
ပညာရေးဘွဲ့ရများအတွက်ကတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲမဟုတ်ရင် ‌တန်းလျှောက်လို့ရပါတယ်။

၄။
လျှောက်လွှာသွားထုတ်ချိန်မှာ
နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း+မိတ္တူ)
ရရှိထားပြီးဘွဲ့လက်မှတ်များ (မူရင်း+မိတ္တူ)
က.သ(ရှိလျှင်) ၅စောင်။ (မူရင်း+မိတ္တူ)
ရက်တိုသင်တန်းအောင်လက်မှတ် (မူရင်း+မိတ္တူ)
ပတ်စပို့အရွယ် (ရောင်စုံဓာတ်ပုံ) ၈ပုံ/ ၁၂ပုံ
ဘောပင်/မင်ဖျက်ဆေး/ကော်ရက်ရှင်/ ကော်ဘူး/ စတာပလာ တပါတည်းပါအောင် ယူသွားဖို့ လိုပါတယ်။

Credit...ဦးနိုင်ဝင်းလတ်(ဂုဏ်ထူးဇီဝ)

home နှင့် house ဘာကွာလဲဆိုတဲ့ မေးခွန်း ရံဖန် ရံခါတွေ့ရတတ်ပါတယ်။တစ်ကယ်တော့ house ကလည်း အိမ်၊home ကလည်း    အိမ်လို့ မြန်မ...
01/02/2022

home နှင့် house ဘာကွာလဲဆိုတဲ့

မေးခွန်း ရံဖန် ရံခါတွေ့ရတတ်ပါတယ်။

တစ်ကယ်တော့ house ကလည်း အိမ်၊

home ကလည်း အိမ်လို့

မြန်မာလို ရှိ နေတာကြောင့်

ဇဝေဇဝါ ဖြစ်ကြရတာ ပါပဲ။


house က အဆောက်အဦးရဲ့ပုံစံကို

ရည်ညွှန်း ပြောတာပါ။

ကျွန်တော်တို့နေကြတာ

house လည်း ဖြစ်နိုင်တယ်။

flat တိုက်ခန်းလည်း ဖြစ်နိုင်တယ်။

hut တဲလည်း ဖြစ်နိုင်တယ်။

houseboat လူနေဖို့ လုပ်ထားတဲ့

သင်္ဘောလည်းဖြစ်နိုင်တယ်။

အဲဒီ နေရာ အားလုံးမှာ

ကိုယ်နေတဲ့ နေရာက

home လို့ခေါ်တာပါပဲ။


I live in a house

I live in a flat

I live on a houseboat တို့ကို

ခွဲ ပြောရ ပါတယ်။

ကိုယ်နေတဲ့နေရာကို

မိတ်ဆွေလာလည်တဲ့အခါ

house နှင့် နေတဲ့သူဖြစ်ဖြစ်

flat နှင့် နေတဲ့သူဖြစ်ဖြစ်

Be at home လို့ ပြောကြပါတယ်။

ကိုယ့်အိမ်လို သဘောထားပါဗျာ

ဆိုတဲ့ သဘောပေါ့။


Where are you? လို့မေးတာကို

I'm at home လို့ ဖြေတာ

house နှင့် နေတဲ့သူ ဖြစ်ဖြစ်

flat နှင့် နေတဲ့သူ ဖြစ်ဖြစ်

ပြော ကြပါတယ်။


Honey, I'm home

အချစ်ရေ ငါ ပြန်ရောက်ပြီ ဟေ့ လို့

house နှင့်နေတဲ့သူ ဖြစ်ဖြစ်

flat နှင့် နေတဲ့သူ ဖြစ်ဖြစ်

ပြော ကြပါတယ်။


I was born at home

ငါ့ကို အိမ်မှာမွေးတာ

I wasn't born in a hospital

ဆေးရုံမှာ မွေးတာမဟုတ်ဘူး လို့

house နှင့် နေတဲ့သူ ဖြစ်ဖြစ်

flat နှင့် နေတဲ့သူဖြစ်ဖြစ်

ပြော ကြပါတယ်။

I have left my dictionary athome

အိမ်မှာ dictionary ကျန်ခဲ့တယ်လို့

house နှင့် နေတဲ့သူဖြစ်ဖြစ်

flat နှင့် နေတဲ့သူဖြစ်ဖြစ်

ပြောကြပါတယ်။


I'm going home

အိမ်ပြန်တော့မယ်လို့

house နှင့်နေတဲ့သူဖြစ်ဖြစ်

flat နှင့် နေတဲ့သူဖြစ်ဖြစ်

ပြော ကြပါတယ်။


I'll be at home this evening

ဒီညနေ အိမ်မှာပဲရှိလိမ့်မယ်လို့

house နှင့် နေတဲ့သူဖြစ်ဖြစ်

flat နှင့် နေတဲ့သူဖြစ်ဖြစ်

ပြော ကြပါတယ်။


I have just bought a house ဆိုရင်

အိမ်တစ်လုံးဝယ်လိုက်တာ

မကြာသေးဘူးလို့ ပြောတာ။

I have just rented a flat ဆိုရင်

တိုက်ခန်းတစ်ခု ငှါးလိုက်တာ

မကြာသေးဘူးလို့ ပြောတာပါ။


Home ဆိုတာ နေရာကို

ရည်ညွှန်း ပါတယ်။

ဥပမာ ………

တံတားအောက်လိုနေရာမှာ နေတဲ့

သူတောင်းစားတွေ အတွက်

တံတားအောက်က

သူတို့ရဲ့ home ပါပဲ။

တစ်ချိ ု ့ အမှိုက်ပုံ နား နေတယ်။

တစ်ချိ ု ့သင်္ချ ိုင်း နား နေတယ်။

ဒါပေမဲ့ ဒါဟာသူတို့အတွက်

home ပါပဲ။


House ကကျ တော့

အဆောက်အဦ ဖြစ်ရပါမယ်။

ဒါကတော့ ရှင်းပါတယ်။

တံတားအောက်နေတာကို

house လို့ ပြောလို့ မရတော့ပါဘူး။

ဒါကြောင့်

house က home ဖြစ်နိုင်ပေမဲ့

home တိုင်းကတော့

house မဖြစ်နိုင် ပါဘူး။

Houseကနေရာထိုင်ခင်းတစ်ခုဖြစ်သလို

အဆောက်အဦလည်း ဖြစ်ရပါမယ်။


Home ဆိုတာက တော့

အဆောက်အဦ ဟုတ်ချင် မှ

ဟုတ်လိမ့်မယ်။

ဒါပေမဲ့

နေရာထိုင်ခင်း တစ်ခုကတော့

သေချာ ပါတယ်။


တွင်းတစ်တွင်းက မြွေရဲ့ home ပါ။

သစ်ပင်တစ်ပင်က

မျောက်တွေရဲ့ home ပါ။

အဲ့ဒီ သ ဘော ပါပဲ။


credit to original writer

" ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ "(အမှန်တွေကို ကွင်းခတ်ပေးထားပါတယ်)***********************1. ကျောင်းတတ် (ကျောင်းတက်)2. ...
25/01/2022

" ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ "
(အမှန်တွေကို ကွင်းခတ်ပေးထားပါတယ်)
***********************
1. ကျောင်းတတ် (ကျောင်းတက်)
2. ကျော်တတ် (ကျော်တက်)
3. ကျတ်သရေ (ကျက်သရေ)
4. ကတ်ကတ်လန် (ကက်ကက်လန်)
5. ကြွက်ဆက်ဆက် (ကြွပ်ဆတ်ဆတ်)
6. ခံစားတက် (ခံစားတတ်)
7. ခတ်ထန် (ခက်ထန်)
8. ခတ်ခဲ (ခက်ခဲ)
9. ခက်တည်တည် (ခပ်တည်တည်)
10. ခဲဖျတ် (ခဲဖျက်)
11. ခိုင်းဖက် (ခိုင်းဖတ်)
12. ချဉ်ဖက် (ချဉ်ဖတ်)
13. ချီတတ် (ချီတက်)
14. ငြိမ်သပ် (ငြိမ်သက်)
15. စကားတက် (စကားတတ်)
16. စာဖက် (စာဖတ်)
17. စွတ်ဖက် (စွက်ဖက်)
18. စွဲမတ် (စွဲမက်)
19. ဆူပွတ် ( ဆူပွက် )
20. ဆံပင်ညှက် (ဆံပင်ညှပ်)
21. ဆက်ခနဲ (ဆတ်ခနဲ)
22. ဇတ်ကြော (ဇက်ကြော)
23. တမင်သတ်သတ် (တမင်သက်သက်)
24. တရစက် (တရစပ်)
25. တစ်သတ်လုံး (တစ်သက်လုံး)
26. တတ်ကြွ (တက်ကြွ)
27. တတ်လမ်း (တက်လမ်း)
28. တက်ကျွမ်း (တတ်ကျွမ်း)
29. တက်အပ်သေချာ (တပ်အပ်သေချာ)
30. တက်မြောက် (တတ်မြောက်)
31. တက်မက်(တပ်မက်)
32. တက္ကသိုလ်တတ်(တက္ကသိုလ်တက်)
33. တမာရွတ် (တမာရွက်)
34. တံမြတ်စည်း (တံမြက်စည်း)
35. တိုးတတ် (တိုးတက်)
36. ထမင်းငက်(ထမင်းငတ်)
37. ထက်မြတ် (ထက်မြက်)
38. ထက်တလဲလဲ (ထပ်တလဲလဲ)
39. ထက်တူထက်မျှ (ထပ်တူထပ်မျှ)
40. ထပ်ကြပ်မကွာ (ထက်ကြပ်မကွာ)
41. ထွတ်လာ (ထွက်လာ)
42. ထွတ်ပေါ် (ထွက်ပေါ်)
43. ထိုးနှပ်(ထိုးနှက်)
44. နှုတ်ဆတ် (နှုတ်ဆက်)
45. နတ်မှောင် (နက်မှောင်)
46. ပတ်သတ် (ပတ်သက်)
47. ပတ်သပ် (ပတ်သက်)
48. ပက်သက် (ပတ်သက်)
49. ပက်သတ် (ပတ်သက်)
50. ပက်ဝန်းကျင် (ပတ်ဝန်းကျင်)
51. ပညာတက် (ပညာတတ်)
52. ပြတ်ချော်ချော် ( ပြက်ချော်ချော်)
53. ပြတ်ရယ်ပြု (ပြက်ရယ်ပြု)
54. ပြဿနာတတ် (ပြဿနာတက်)
55. ပုခတ် (ပုခက်)
56. ပွင့်ဖက် (ပွင့်ဖတ်)
57. ဖက်ဖက်မော (ဖတ်ဖတ်မော)
58. ဖောက်ဖျတ် (ဖောက်ဖျက်)
59. ဖုန်တတ် (ဖုန်တက်)
60. ဖျက်ခနဲ (ဖျတ်ခနဲ)
61. ဖျန်းပတ် (ဖျန်းပက်)
62. ဖျက်ဖျက်လူး (ဖျပ်ဖျပ်လူး)
63. ဖျတ်စီး (ဖျက်ဆီး)
64. ဖြတ်ဆီး (ဖျက်ဆီး)
65. မြတ်ပင် (မြက်ပင်)
66. မတ်မော (မက်မော)
67. မျတ်ရည် (မျက်ရည်)
68. မျက်မှန်တက်(မျက်မှန်တပ်)
69. ယက်တောင် (ယပ်တောင်)
70. ရလက် (ရလဒ်)
71. ရေပတ် (ရေပက်)
72. ရေတတ်ချိန် (ရေတက်ချိန်)
73. ရေးတက်ဖတ်တက် (ရေးတတ်ဖတ်တတ်)
74. ရင်ဘက် (ရင်ဘတ်)
75. ရက်ကွက် (ရပ်ကွက်)
76. ရုတ်တရတ် (ရုတ်တရက်)
77. လုပ်ရက် (လုပ်ရပ်)
78. လက်ယက်ခေါ် (လက်ယပ်ခေါ်)
79. လင်းလတ် (လင်းလက်)
80. လွတ်လက် (လွတ်လပ်)
81. လုပ်တက်ကိုင်တက် (လုပ်တတ်ကိုင်တတ်)
82. လျှပ်တစ်ပြတ် (လျှပ်တစ်ပြက်)
83. လျှက်စစ် (လျှပ်စစ်)
84. ဦးဘ "လက်ထပ်/ လပ်ထက်"တုန်းက (လက်ထက်)
85. လပ်ဝတ်လက်စား (လက်ဝတ်လက်စား)
86. ဝမ်းပျတ် (ဝမ်းပျက်)
87. ဝက်ရှော့ (ဝပ်ရှော့)
88. သစ်ခတ်(သစ်ခက်)
89. သက်မှတ် (သတ်မှတ်)
90. သွက်လတ် (သွက်လက်)
91. သွတ်လက် (သွက်လက်)
92. သိတက်စ(သိတတ်စ)
93. သိုင်းဖတ် (သိုင်းဖက်)
94. သွေးထွတ် (သွေးထွက်)
95. ဟုတ်တိပက်တိ (ဟုတ်တိပတ်တိ)
96. အကြက်နေ့ (အကြတ်နေ့)
97. အခတ်အခဲ (အခက်အခဲ)
98. အဖက်မတင်(အဖတ်မတင်)
99. အဖတ်လုပ် (အဖက်လုပ်)
100. အမြင့်တတ် (အမြင့်တက်)
*******************
လေးစားလျက်...
မောင်အေးကို(ပေါင်းတလည်)

Colors to noteCrd to photos
30/12/2021

Colors to note
Crd to photos

အရည်အချင်းစစ်စာမေးပွဲဖြင့်ခုန်ပျံကျော်လွှားပြီးအတန်းတက်လို့မရသဖြင့် ကျောင်းတက်ဖို့အရေးကြီးပါသည်။ကျောင်းသား ကျောင်းသူ မိဘ...
04/11/2021

အရည်အချင်းစစ်စာမေးပွဲဖြင့်ခုန်ပျံကျော်လွှားပြီးအတန်းတက်လို့မရသဖြင့် ကျောင်းတက်ဖို့အရေးကြီးပါသည်။

ကျောင်းသား ကျောင်းသူ မိဘများသိစေရန်__

Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ
Crd

မြန်မာ့ပညာရေးလမ်းပိတ်နေတာ နှစ်ချီနေပါပြီ။ကျောင်းတွေပိတ်ထားရတဲ့နှစ်တစ်လျှောက် ကိုယ့်ရဲ့ပညာရေးကစမ်းတစ်ဝါးဝါး။ဘာလုပ်ဘာကိုင်...
19/10/2021

မြန်မာ့ပညာရေးလမ်းပိတ်နေတာ နှစ်ချီနေပါပြီ။
ကျောင်းတွေပိတ်ထားရတဲ့
နှစ်တစ်လျှောက် ကိုယ့်ရဲ့ပညာရေးက
စမ်းတစ်ဝါးဝါး။
ဘာလုပ်ဘာကိုင်ရမှန်းမသိ။

အဲ့မှာ မင်းတို့ Online Free Courses သန်းချီရှိနေတာပဲ
တက်ကြပေါ့။
Harvard University ကတောင် free ပေးထားတာအများကြီး
ကြားနေကျစကားပေါ့။

ဒီစကားက မြန်မာ့လူငယ်တွေကိုကျ-
ပိုတောင် စိတ်ဓာတ်ကျစေတယ်။
ပြောတဲ့သူက ငါဟုတ်လှပြီ ထင်သွားနိုင်ပေမဲ့
မြန်မာနိုင်ငံရဲ့ လူငယ်တိုင်းက English အဆင်ပြေကြတာမဟုတ်ဘူး။

ခုမှဆယ်တန်းရောက်ထားတဲ့သူတွေ လိုမျိုးဆိုပိုဆိုးပေါ့။
စာကလွဲဘာမှမထိရသေးဘူးရယ်။
ဒီဝောာ့ လူငယ်တွေ Fb ပေါ်သာအချိန်ဖြုန်း
ဂိမ်းကြီးပဲ တစ်နေကုန်ဆော့ဖြစ်နေတာမဆန်းပါဘူး။

ဒီမှာ အဓိက လိုအပ်နေတာက ခုကာလ ကောင်းကောင်းအသုံးချနိုင်မဲ့ မြန်မာလိုသင်တဲ့ Online Free Courses တွေပဲ။

တစ်နေ့လောက်က Bro Padham Guragain တင်တဲ့ ပိုစ့်တစ်ခုကနေ
အဲ့လိုမျိုး platform ကြီးရှိနေကြောင်းသိရတော့ အံ့ဩမဆုံး။

သူက Myanmar BOC တဲ့

www.myanmarboc.com

မြန်မာနိုင်ငံက လူငယ်တွေအတွက် မရှိမဖြစ် platform တစ်ခု။
သူက Website လည်းရှိသလို App လည်းတွေ့မိတယ်။(သိသူနည်းသေးတယ်ထင်တယ်)

သူ့မှာက ခုဆို free courses ပေါင်း 109ခုရှိထားတယ်။

Korean, chinese, english, japan languages တွေကို လေ့လာလို့ရသလို
တစ်ခြားလည်း အများကြီးပါ။ Marketing,Logo Design, Music Lyrics, Video Editing အစုံပဲ။

အားလုံးကို အရိုးရှင်းဆုံးလုပ်ပေးထားတာတွေ့မိတယ်။
Website လည်း သုံးရလွယ်လွယ်လေးရယ်။

အကောင့်ဖွင့်ပြီး ကြိုက်တဲ့အချိန် ၀င်သင်ယုံပါပဲ။

အဓိကက ကိုယ့်ပညာရေးလမ်းထဲ ကျောင်းကို ၀င်ရောက်စွပ်ဖက်ခွင့် မပေးပဲ ရရာလမ်းက ကိုယ့်ပညာရေးကို ဖြည့်ဆီးထားရမှာပါ။

Edit:

အသးစိတ်သိရှိလိုပါက အောက်ပါ link ကို နှိပ်ပြီး သူတို့ရဲ့ တရား၀င် page မှာ ကြည့်ရှုလို့ရတယ်ဗျ။

The official page link 👇👇
https://www.facebook.com/myanmar.webstore/

How to enroll 👇👇
https://www.facebook.com/1539936252922920/posts/2954282418154956/?app=fbl

ကျောင်းသား ကျောင်းသူတွေ တက်သင့်လို့ FYI ပါ💖
16/09/2021

ကျောင်းသား ကျောင်းသူတွေ တက်သင့်လို့ FYI ပါ💖

အခြေအနေအမျိုးမျိုးကြောင့် ကျောင်းတွေလဲမဖွင့်ဖြစ်တာ (၂) နှစ်နီးပါးရှိခဲ့ပါပြီ။ တက္ကသိုလ်ကို စတင်တက်ရောက်မယ့် သူတွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမဲ့ အခြေအနေတွေကို မေ့တောင်နေကြပြီဖြစ်သလို၊ တက်လက်စ ကျောင်းသူ/သားတွေ အနေနဲ့လဲ စာသင်ချိန်တွေနောက်ကျပြီး၊ အပေါင်းသင်းတွေနဲ့လဲ မဆုံရ၊ ချစ်ခင်ရတဲ့ ဆရာ/ဆရာမ တွေနဲ့လဲ ဝေးကွာနေရတာကြာပြီဖြစ်လို့ စိတ်ထဲမှာ ကျောင်းတော်ကြီးကို သတိရပြီး ရင်ထဲလွှမ်းမောစရာတွေနဲ့ပြည့်နှက်နေမှာဖြစ်တဲ့အပြင် ယခုလိုအခြေနေ တွေကြောင့် မသေချာတဲ့ သူတို့ရဲ့ အနာဂါတ်ကြီးအတွက် စိုးရိမ်ပူပန်မှုတွေရှိနေကြမှာအမှန်ပါပဲ။

ဒီလို စိုးရိမ်၊ ပူပန်မှုတွေများနေတဲ့အခြေအနေမှာ အလိုအပ်ဆုံးအရာက သင် ရင်ဖွင့်ပြောဆိုတာတွေကို ဂရုဏာတရားအခြေခံထားပြီး ကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးမယ့်သူ/ နေရာ မျိုးလိုအပ်နေမှာ ပဲဖြစ်ပါတယ်။

ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် Counselling Corner ကနေ Free Emotional Workshop လေးကို အပတ်စဉ် စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေတိုင်း မှာလုပ်ပေးနေခဲ့တာ ကြာခဲ့ပြီဖြစ်သလို August လ ကနေစပြီးတော့ မတူတဲ့ပုံစံလေးတွေနဲ့ လုပ်ပေးဖြစ်ခဲ့ပါတယ်။

ဒီတော့ ကျောင်းသူ/သားတွေအနေနဲ့ မသေချာတဲ့ အနာဂါတ်တွေကို လှမ်းမျှော်ရင်း စိတ်ဓာတ်ကျ၊ စိုးရိမ်ပူပန်နေမယ့်အစား စိတ်ခွန်အား တွေပြန်လည်ရရှိဖို့ အတွက် ရင်ဖွင့်ပြောဆိုနိုင်မယ့်နေရာတစ်ခုကို Counselling Corner ကနေပြီးတော့ဖန်တီးထားပေးတာ ဖြစ်လို့ ဒီ 18th September (စနေနေ့) မှာလုပ်မယ့် workshop လေးကို တက်ရောက်ဖို့မမေ့ပါနဲ့နော်။

တက်ရောက်ဖို့အတွက် အောက်က register link လေးကိုနှိပ်ပြီး စာရင်းပေးသွင်းလိုက်ပါနော်။

Registration link for Free Emotional Workshop -
https://forms.gle/yHi7X4jo2M5g8386A

Detail info:
Date and time - 18th September 2021, Saturday (10:00AM- 12:00PM)
Venue - Zoom
Fees - Free

တက်ရောက်ဖို့ Zoom Link လေးကိုတော့ Workshop မလုပ်ခင်တစ်ရက်အလိုမှာ လူကြီးမင်းတို့ရဲ့ email ထဲကိုပို့ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။

စာကလွဲရင် အကုန်စိတ်ဝင်စားကြသော တပည့်များ 😂Photo crdပညာရွှေပြည်မှ အတန်းသစ်များ ပြန်လည်လက်ခံနေပါပြီနော် 🤗✅KG မှ ဆယ်တန်းစနစ...
02/09/2021

စာကလွဲရင် အကုန်စိတ်ဝင်စားကြသော တပည့်များ 😂
Photo crd

ပညာရွှေပြည်မှ အတန်းသစ်များ ပြန်လည်လက်ခံနေပါပြီနော် 🤗
✅KG မှ ဆယ်တန်းစနစ်သစ်/စနစ်ဟောင်း အထိ Government Curriculum(မြန်မာကျောင်း)
✅English,Korean, Chinese 4Skills Fluency Class များ ပြန်လည်ဖွင့်လှစ်သင်ကြားနေပါပြီနော်

သင်တန်း စုံစမ်း ဆက်သွယ်ရန်
Page Cb (or) 09977215065/09779709081

27/08/2021

💖ပညာရွှေပြည်မှ online classesများပြန်လည်ဖွင့်ပါပြီရှင့်။
KGမှစပြီး 10တန်း စနစ်သစ် စနစ်ဟောင်း အကုန်ပြန်ဖွင့်ပါပြီရှင့်🥳

💖ပညာရွေပြည် အပြင်သင်တန်းများနှင့် online classesများ ခနရပ်နားထားပါတယ်ရှင့်။ကျန်းမာရေး အခြေအနေများတည်ငြိမ်ပါကပြန်လည် ဖွင့...
28/07/2021

💖ပညာရွေပြည် အပြင်သင်တန်းများနှင့် online classesများ ခနရပ်နားထားပါတယ်ရှင့်။
ကျန်းမာရေး အခြေအနေများတည်ငြိမ်ပါက
ပြန်လည် ဖွင့်သွားပါမည်။💖

Everyday Englishနေ့စဉ်သုံး အဂ်လိပ်စကားPhoto crd
20/06/2021

Everyday English
နေ့စဉ်သုံး အဂ်လိပ်စကား
Photo crd

22/05/2021

ဒီလိုသာ ကျောင်းတွေ
မနေရဘဲဖြစ်နေရင်
ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာတဲ့။

စိတ်သိပ်မပူပါနဲ့။
သားငယ်သမီးငယ်တို့အတွက်
ပညာရေးတွေရပ်တန့်နေချိန်မှာ
အကောင်းဆုံးပြင်ဆင်
ထားသင့်တာကတော့
မရှိမဖြစ် core subjects တွေဖြစ်တဲ့

-အင်္ဂလိပ်စာနဲ့
-သင်္ချာ

ဒီနှစ်ဘာသာကို
သေချာသင်ထားပါ။
ကျန်တာတွေအတွက်
ဗဟုသုတဖြစ်စရာ
စာပေတွေဖတ်ခိုင်းပါ။

အင်တာနက် မရှိရင်လည်း
နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး
လေးငါးယောက်စုပြီး
သင်ထားစေချင်တယ်။
အချိန်သိပ်မရွေးပါနဲ့။
အချိန်သိပ်မစောင့်ပါနဲ့။

အတန်းပညာတက်ရဖို့ထက်
ကလေးတွေအတွက်
စဉ်ဆက်မပြတ်
သင်ယူလေ့လာနိုင်ဖို့က
အရေးကြီးပါတယ်။

နောက်တစ်ခုက အရည်အချင်းပါ။
အရည်အချင်းကို ဦးစားပေးပါ။

ဆန္ဒမစောပါနဲ့။
သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။

စဉ်းစားဉာဏ်ကို ဦးစားပေးပါ။
ဖြန့်ထွက်တွေးတတ်အောင်
သင်ယူခိုင်းပါ။

အရွယ်နဲ့ လေ့လာမှုက
မျှတဖို့လိုပါတယ်။
ဥပမာဆိုရရင်
အသက် ၁၀ နှစ်ကလေးဆိုရင်
၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့်
ရှိနေရပါမယ်။
-ဘာသာစကား
-သင်္ချာဉာဏ်ရည်
အရေးကြီးပါတယ်။

ပြီးတော့
​စောစောကပြောသလို
ပြင်ပ ဗဟုသုတ စာပေစုံ
ဖတ်မှတ်ခိုင်းပါ။

တစ်ချိန်မှာ
ဖက်ဒရယ်ပညာရေး ဖြစ်လာရင်
အတန်းပညာထက်
အရည်အချင်းကို ဦးစားပေးမယ့်
Standardization စံ
သတ်မှတ်ချက်စာမေးပွဲလိုမျိုးတွေ
အရွယ်ကိုကြည့်ပြီး
စစ်တာမျိုး ဖြစ်လာလိမ့်မယ်။
ဥပမာ
ကလေးက High school
ပြီးတဲ့ အရွယ်ဆိုပါစို့။
ကောလိပ်တက်နိုင်ဖို့
အရည်အချင်းပြည့်မီမမီကို အောင်လက်မှတ်တောင်းပြီး
ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊
College admission tests လိုမျိုး
ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။

အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက
အောင်လက်မှတ်ပေးတဲ့အဖွဲ့အစည်းမဟုတ်တော့ဘဲ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။

စာမေးပွဲရာသီတွေ
Intake ကျောင်းဖွင့်ချိန်တွေက
တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်
မတူနိုင်သလို၊
Awarding body တွေပေါ်မှာ
မူတည်ပြီး
Semester တွေ
ကွဲပြားပါလိမ့်မယ်။

ကျောင်းတွေက
ယခင်လို ဗဟိုချုပ်ကိုင်
ထိန်းချုပ်မှုမရှိတော့ဘဲ
အရည်အချင်းစစ်၊
စံချိန်မီ မမီ စစ်ဆေးမယ့်
အဖွဲ့အစည်းတွေနဲ့
အဆင့်သတ်မှတ်ချက်
(ranking)ပေးမယ့်အဖွဲ့တွေ
ပေါ်လာပါလိမ့်မယ်။

ဒီအချိန်မှာ
ကျောင်းတွေရွေးရတာလည်း
တစ်ဖက်က ပိုလွယ်လာသလို
မိဘတွေဘက်က
ပညာရေးကို
စိတ်ကြိုက်ရွေးချယ်ခွင့်
သာလာပါလိမ့်မယ်။

လောလောဆယ်
ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက
အတန်းပညာရေးထက်
အရည်ချင်းပြည့်မီအောင်ပါပဲ။

မိဘကိုယ်တိုင်က
သေချာစူးစမ်းပြီး
ကလေးကို အဆင့်လိုက်
ပြင်ဆင်နိုင်အောင်
စီစဉ်သင့်ပါတယ်။

တစ်ခုပဲ
အကြံပေးချင်တာက
စိတ်လောပြီး
တတ်ချင်လွန်းအားကြီးပြီး
ကလေးကို မနိုင်မနင်း
တစ်ခုပြီး..........တစ်ခု
တစ်ချိန်ပြီး......တစ်ချိန်
အနားမပေးဘဲ
သင်ယူနေတာမျိုး
မလုပ်မိပါစေနဲ့။

အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်။
မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။
အပင်မြန်မြန်ကြီးချင်တာနဲ့
ခဏခဏအဆက်မပြတ်
ရေလောင်းနေလို့မှ မရတာ။

myanmareducation2021

Credit: Soe Naing

14/05/2021

ဆရာ ဆရာမ များ သင်ကြားရေး ၊ ကဗျာသင်ကြားရေး စသော သင်ကြားရေး လုပ်ငန်းမှာ လွယ်ကူအဆင်ပြေစွာ သင်ကြားနိုင်ရန် software developers ပညာရှင်များ ၏ software apk များကို စုစည်းပြီး တင်ပေးလိုက်ပါသည် ။ ဆရာ/ ဆရာမ လိုအပ်သောအရာများကို ဆွဲရန် အောက်မှာလင့်ပေးထားပါသည် ။
Play store ရှိတာရော မရှိတာရော download ဆွဲနိုင်အောင် လင့်ထည့်ပေးထားပါသည် ။

မှတ်ချက် ။ ။ဒေတာပက်ကေ့ဖြင့်ဆွဲကြပါ။

#အခြားဆရာဆရာမများလည်းရအောင်Shareခြင်းဖြင့်လည်းကူညီနိုင်ပါသည် ။

ပထမတန်းကဗျာဆွဲရန်လင့်>>>> https://yadi.sk/d/D3BpiJCh3aePZb

ဒုတိယတန်းကဗျာဆွဲရန်လင့်>>>> https://yadi.sk/d/8gNlMRjG3aeQDf

တတိယတန်းကဗျာဆွဲရန်လင့်>>>>https://yadi.sk/d/kPmy1mTM3aePxq

စနစ်သစ် G-1 မြန်မာဗျည်းကဗျာပုံ 1 >>>> https://yadi.sk/d/jllWWeVT3aeQRU

G.1က.အ မြန်မာဗျည်းကဗျာ.mp3>>>
https://yadi.sk/d/iBdl8tjq3aeSRy

စနစ်သစ် G-1 မြန်မာဗျည်းကဗျာပုံ>>>>
https://yadi.sk/d/_jMqfwc33aeRMz

-English textbook Audio(စ.ဆုံး)application.
App! Download 👇👇👇အောက်ကစာလေးကိုနှိပ်လိုက် အရွယ်အစား (၁၆.၆mb)

https://www.mediafire.com/file/7ad9e96yr4dsru2/G1%28English+text+book%29.apk/file

-English textbook
Audio(စ.ဆုံး)application.
App! Download 👇👇👇အောက်ကစာလေးကိုနှိပ်လိုက် ဖိုင်ဆိုက်က( ၉.၇ MB)
http://www.mediafire.com/file/23g8bgdust29fgp/G2_English_textbook.apk/file

သင်္ချာတွက်ကြမယ် G_1 Math 1.0 v.apk >>> https://yadi.sk/d/aoCInS423aeRRa

Satsatsusu.apk ဆွဲရန်လင့်>>> https://yadi.sk/d/JGwLVuSz3aeQh5

KG တန်းအသက်တွက်ရန် age calculator.apk ဆွဲရန်လင့်>>> https://yadi.sk/d/JGwLVuSz3aeQh5

KG ဘာသာစကားလမ်းညွှန်(အဝါ).apk
https://yadi.sk/d/VEAP29St3aeRJJ

Myanmar KG songs.apk ကဗျာ ၇၂ ပုဒ် ဖိုင်ဆိုက် 68 mb ကျော် ဆွဲရန်လင့် >>> https://www.mediafire.com/file/qyrfeayy26ay3zn/Myanmar+KG+Songs_2.0.1.apk

KG သူငယ်တန်းကဗျာ mp3 ၆၃ ပုဒ်လိုချင်သူများဆွဲရန်လင့် >>> https://yadi.sk/d/RWWEMw3r3aeRsY

ပန်းသည်ကဗျာ.mp3 >>> https://yadi.sk/d/exDO2nm63afxcy

သပြေသီးကောက်.mp3 >>> https://yadi.sk/d/wOqrNll23aeSdr

ဆယ်တန်းမြန်မာစာခက်ဆစ်အဓိပ္ပါယ်.apk >>> https://yadi.sk/d/69N_dcdF3aeRPH

မြန်မာစာသတ်ပုံသတ်ညွှန်း.apk >>> https://yadi.sk/d/RX-6r_hG3aeRQm

မူလတန်းဆင့် Myanmar School Song.apk ဒေါင်းလုတ် ဆွဲရန်လင့်
👇👇👇👇👇👇👇👇👇👇
https://drive.google.com/open?id=1e-Tt4qMZZVJcwMglGYGoeMp-Y2o6wxBd

ဖိုင်အရွယ်အစား 52.29 MB

Satsatsusu စပ်စပ်စုစု.apk >>> https://yadi.sk/d/JGwLVuSz3aeQh5

မြန်မာစာမြန်မာစကား စာအုပ်.pdf >>>
https://yadi.sk/i/wfk2xoUq3aeRUR

File 4 ခု
KG ဗျည်းကဗျာ ၂၅ ပုံ
KG ကဗျာ 85 ပုံ [ဆရာတော်ဦးဓမ္မသာရ(ဆားမော်)]
KG ပုံဆွဲရန် ၆၅ ပုံ
KG အချိန်စာရင်း >>> https://yadi.sk/d/phlCtOBW3agPXX

ကဗျာများ
မြသားငယ်တဲ့ရေယမုန်ကဗျာ.mp3 >>>https://yadi.sk/d/Vzl7mtOv3aeQrq

စိမ်းလဲ့ငယ်တဲ့ညိုမှောင်ကဗျာ.mp3 >>>https://yadi.sk/d/J-UVGkU13aeQrk

ရိုးတလျှောက်ကဗျာ.mp3 >>>https://yadi.sk/d/myJ2YjSs3aeQrn

KG တန်း ဆရာလမ်းညွှန် စာအုပ်ကို လိုချင်သော ဆရာ ဆရာမ များနှင့် KG တန်းသားသားမီးမီးတို့၏ မိဘများအတွက် ကြည့်ရှုလေ့လာ ဖတ်ရှု သင်ကြားလိုပါက ဖုန်းနှင့် တက်ဘလက်မှာ ဖတ်ရှုနိုင်ပါရန် pdf ဖိုင် အနေဖြင့် အောက်တွင်ပေးထားသော လင့်မှာ လိုချင်သော စာအုပ်များကို (download) ဒေါင်းလုတ်ဆွဲနိုင်ပါသည်

PDF READER ဖြင့်ဖတ်ရှု့နိုင်ပါသည် ။

Pdf reader.apk ဆွဲရန် https://play.google.com/store/apps/details?id=pdf.reader

PDF ဖိုင်စာအုပ်ဆွဲရန်လင့်
KG ကဗျာ ဘာသာစကား ပုံပြင် ဆရာကိုင် (၁) size.3.64 MB
http://resources.mmoe.myanmarexam.org/docs/guide/kg1-language-guide.pdf

KG သင်ပြမှုပုံစံ ဆရာလမ်းညွှန် (၂) size.4.31 MB
http://resources.mmoe.myanmarexam.org/docs/guide/kg2-learning-guide.pdf

KG ဆရာ လမ်းညွှန် (3) size. 17.56 MB
http://resources.mmoe.myanmarexam.org/docs/guide/kg3-teacher-guide.pdf

မောင်ထွန်း(ပညာရေး)

Credit
*** စစ် သွေးကဗျာ***

်း

Address

South Okkalapa
Yangon
290

Telephone

+959977215065

Website

Alerts

Be the first to know and let us send you an email when ပညာရွှေပြည်-Pyinnyar SHWE PYII စာသင်ဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပညာရွှေပြည်-Pyinnyar SHWE PYII စာသင်ဝိုင်း:

Videos

Share