KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု

KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု Bus Ticket, Air Ticket (ပြည်တွင်းပြည်ပ)
လိုအပ်ခဲ့ရင် 095174003 Viber သို့ Hi လိုက်ပါ..
(13)

06/12/2023

လမ်းကြောင်းအခြေအနေအရ

8.12.23 မှ 15.12.23ထိ
မြဝတီကားပိတ်ထားပါတယ်ရှင်

နိုင်ငံခြား Oversea Flight ticket တွေ ဝယ်တဲ့အခါမှာ တစ်ယောက်တည်းဆို အများစုက Economy Class ထဲမှာမှ ဈေးအသက်သာဆုံး လက်မှတ်က...
06/12/2023

နိုင်ငံခြား Oversea Flight ticket တွေ ဝယ်တဲ့အခါမှာ တစ်ယောက်တည်းဆို အများစုက Economy Class ထဲမှာမှ ဈေးအသက်သာဆုံး လက်မှတ်ကိုပဲ ယူကြတာများပါတယ်..

၂ ယောက် သို့မဟုတ် ၂ ယောက်ထက်ပိုတဲ့အခါမှာ ဘာတွေ ဖြစ်တတ်သလဲဆိုတော့
တစ်ယောက်တုန်းက ပြောထား သိထားတဲ့ ဈေးနဲ့ မရတာမျိုး
၂ ယောက် သို့မဟုတ် ၂ ယောက်နဲ့ အထက်တွေမှာ ဖြစ်တတ်ပါတယ်..

ဘာကြောင့်အဲ့လို ဖြစ်လဲဆိုတော့ Economy Class မှာ အနိမ့်ဆုံးဈေးနဲ့ လက်မှတ်က ၁ခုံပဲ ကျန်သွားလို့ ဖြစ်တာပါ..

၂ယောက်စာအတွက် ယူရင် Class အနိမ့်က တစ်ခုံပဲ ကျန်တော့ တစ်ယောက်က ဈေးအနိမ့်နဲ့ ရပြီး ကျန်တစ်ယောက်က ဈေးအမြင့် class အမြင့်နဲ့ပဲ ရပါတော့တယ်..

ဟိုရက်က အသိ ညီမ ၂ယောက် လက်မှတ်ဝယ်တာ
တစ်ယောက်က ၅သိန်းမပြည့်ဘူး...
နောက်တစ်ယောက်က ၇ သိန်းနားကပ်တယ်...

တစီးထဲ တစ်ချိန်တည်း ခရီးတူတူပဲကို ..Class Difference ကြောင့် ဖြစ်တာပါ..

မနေ့က တစ်ခါ ရန်ကုန် စင်ကာပူကို ပထမ လူက ဈေးသက်သာပြီး နောက်လူက ဘာလို့ ဈေးကြီးနေတာလဲလို့ လာမေးလို့ ..

ပုံကတော့ ရန်ကုန် စင်ကာပူကို MNA flight ရဲ့ Economy Class 3 ခုရှိတာလေး ပြထားတာပါ...

Class အနိမ့်ဆုံးက 190 USD သူ့ထက် နည်းနည်းမြင့်တဲ့ Class က 230 USD
40 USD ကွာပါတယ်...

Class တွေကွာခြားချက်လေးကို အသေးစိတ် ထပ်တင်ပေးပါအုံးမယ်...

02/12/2023

မဂ်လာပါရှင့်
ရန်ကုန်မြဝတီမနက်ဖြန်မှစပြီးခုနှစ်ရက်နေ့ထိကိုပိတ်ထားပါသည်ရှင့်လမ်းကြောင်းအခြေနေများမကောင်းလို့ပါရှင့်အကယ်၍ထွက်ဖြစ်တယ်ဆိုရင်လဲပြန်လည်ပြောကြားပေးပါမယ်ရှင့်

Yangon Bangkok air asia စျေးသက်သာတယ်ဆိုလို့ ဝင်ကြည့်မိတာ...MNA ထက်တောင်များပါတယ်။
02/12/2023

Yangon Bangkok air asia စျေးသက်သာတယ်ဆိုလို့ ဝင်ကြည့်မိတာ...
MNA ထက်တောင်များပါတယ်။

KKL Travel Page ကို Like and Follow လုပ်ထားတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ...လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ လက်မှတ်များရဲ...
28/11/2023

KKL Travel Page ကို Like and Follow လုပ်ထားတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ...

လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့
လက်မှတ်များရဲ့ Classများအကြောင်း
Policiesများအကြောင်း--Non Refund, refund, Ticket Cancel, No Show Fee, Date Change အစရှိသည်များကို ဗဟုသုတအနေနဲ့ အဆင်ပြေသလိုလေး သိသလောက် ပြောပြပေးသွားမှာပါ....(စာနည်းနည်းရှည်သွားနိုင်ပါတယ်)

အချိန်အားရင် သည်းခံဖတ်ပေးပါ ကိုယ်လေယာဉ်စီးတဲ့ အခါမှာ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရတာပေါ့ဗျာ…တချို့လေယာဉ်ခဏခဏ စီးနေပေမယ့်
Refund ထုတ်လို့ရတာမသိလို့ ပြန်အမ်းငွေ မထုတ်ကြတာ…အဲ့လိုမျိုးတွေလည်း Admin တွေ့ဖူးပါတယ်။

လေကြောင်းလိုင်းတစ်ခုမှာ အခြေခံအားဖြင့် လေယာဉ်လက်မှတ် အတန်းအစား ၄ ခုရှိပါသည်။
အဲ့ဒါတွေကတော့ First Class, Business, Premium Economy and Economyတွေဖြစ်ပါတယ်။

**ပထမတန်းစား** First Class ကတော့ လေယာဉ်ပေါ်မှာ ဇိမ်ကျကျနှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများကိုပေးတဲ့ လက်မှတ်အမျိုးအစား ဖြစ်ပါတယ်။ သက်တောင့်သက်သာရှိပြီး အဆင့်အမြင့်ဆုံး၊ ခုတင်အဖြစ်သို့ ပြောင်းလဲနိုင်သော ထိုင်ခုံများ၊ သီးသန့် check-in ကောင်တာများ၊ အရသာရှိသော အစားအစာများနှင့် စိတ်ကြိုက်ဝန်ဆောင်မှုများ ပါဝင်တတ်ပါတယ်…
- ** သာယာအဆင်ပြေမှုများ :** လေဆိပ်နားနေခန်းများ အသုံးပြုခွင့်၊ ဦးစားပေး လေယာဉ်ပေါ်သို့ တက်ရောက်ခွင့်၊ ခရီးစဉ်အတွင်း တခြားလူများထက် ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးများ ရရှိနိုင်ပါတယ်..

** Business Class မှာက သိသိသာသာ ကျယ်ဝန်းသော ထိုင်ခုံများ၊ ပိုမိုကောင်းမွန်သော အစားအသောက်ရွေးချယ်မှုများနှင့် စိတ်ကြိုက်ပြင်ဆင်ထားသော ဝန်ဆောင်မှုတို့ ပါဝင်ပါသည်။-

Premium Economy Class က Business Class နှင့် Economy Class အကြား အလယ်အလတ်တန်းစား လက်မှတ်ဖြစ်ပါတယ်။ Economy Class ထက်စာရင် ပိုကျယ်တဲ့ ထိုင်ခုံတွေနဲ့ အပိုထပ်ဆောင်း သာယာအဆင်ပြေမှုတွေ ပေးစွမ်းနိုင်ပါတယ်။

Economy Class ကတော့ လေယာဉ်အများစုမှာ ရနိုင်တဲ့ အခြေခံ စံလက်မှတ် ဖြစ်ပါတယ်။ အခြေခံဝန်ဆောင်မှုများကို ပိုမိုသက်သာသောစျေးနှုန်းဖြင့် ရနိုင်ပါတယ်။
ထိုင်ခုံတွေက ပုံမှန်ထိုင်ခုံအရွယ်အစားပါပဲ၊ နည်းနည်းဝတဲ့လူတွေအတွက်ဆိုရင်တော့ ကျပ်တာ ခြေထောက်ထားတဲ့နေရာ ကျဉ်းတာမျိုး နှင့် အစားအစာဝန်ဆောင်မှုကလည်း ပုံမှန်သာ ရရှိနိုင်ပါတယ်။

လေကြောင်းလိုင်းအလိုက် Class အမျိုးအစားများ ကွဲပြားနိုင်ပါသည်။
တခါတရံ Class 6 ခု မှ 7 ခုထိ ရှိနိုင်ပါသည်။ Class ကွာသွားတာနဲ့ ပေါ်လစီ နှင့် သယ်ယူနိုင်တဲ့ ကီလို အစရှိသည် ကွဲပြားခြားနားနိုင်ပါတယ်။

များသောအားဖြင့် ခရီးသည်များက Class အနိမ့်ဆုံးကို ဝယ်ယူတတ်ကြပါတယ်..
အဓိက အားသာချက်က ဈေးသက်သာတာပေါ့ဗျာ…

ပြောင်းပြန်အားဖြင့် Class အမြင့်တွေက ဈေးပိုကြီးတယ်....
သွားမယ့်ရက်မတိုင်မီ ရက်ချိန်းချင်ရင် အခမဲ့ချိန်းလို့ရတတ်တယ်..
ဒါက လေကြောင်းလိုင်းပေါ်မူတည်ပါတယ်…
Baggage ကီလိုကျပြန်တော့လည်း Class အနိမ့်တွေထက် ပိုများတတ်ပါတယ်...

ပြန်အမ်းငွေ (Refund)အကြောင်း

လေယာဉ်လက်မှတ်ဝယ်ပြီး မသွားဖြစ်ရင် Cancel အရင်လုပ်ရပါမယ်
Cancel လုပ်ဖို့ ကိုယ်ဝယ်ခဲ့တဲ့ အေးဂျင့်ဆီကိုပဲ အကြောင်းကြားရတာပါ…ဒီနေရာမှာ
အေးဂျင့်ဆီကနေ ဝယ်ခဲ့တဲ့လူတွေကတော့ မသွားဖြစ်ရင် အေးဂျင့်ကို ဆက်သွယ်ပြောဆိုလိုက်တာနဲ့ Refund လုပ်ငန်းစဉ်က လွယ်ကူမြန်ဆန်ပါတယ်။
ပြန်အမ်းငွေ ရရှိဖို့ကတော့ လေကြောင်းလိုင်းပေါ် မူတည်ပြီး အနည်းဆုံး တစ်လမှ နှစ်လထိ ကြာတတ်ပါတယ်။

Promotion Ticket တွေကတော့ refund ထုတ်တာ date change ချင်တာမျိုး လုပ်လို့မရတတ်ပါဘူး... .လက်မှတ်ဖိုး အဆုံးခံရ မှာပါ...
budget airline ဆိုရင်လည်း refund မပေးပါဘူး...
Non Refund Ticket လို့ လက်မှတ်မှာ ပါရင်လည်း Refund မရပါဘူး။
ကိုယ်ဝယ်ထားတဲ့ လက်မှတ် ပေါ်လစီက လက်မှတ်မှာ ပါပါတယ်…ဘာလက်မှတ်လည်းဆိုတာ လက်မှတ်ရတာနဲ့ ကြည့်ထားဖတ်ထားသင့်ပါတယ်။

Date Change (ရက်ပြောင်းမယ်)

လေကြောင်းလိုင်းရဲ့သတ်မှတ်တဲ့ Date change fee ဖြင့်ချိန်းရမှာပါ. ကိုယ်ဝယ်ထားတဲ့ class မှာခုံမရှိရင် class different ကိုပေးဆောင်ရမှာပါ....

Name Change/ Typing error...လက်မှတ်ထုတ်ထားတဲ့နာမည်နဲ့ Passport ထဲက နာမည် လွဲလို့မရပါဘူး... သက်ဆိုင်ရာလေကြောင်းလိုင်းရဲ့ Name Change ခ ပေးဆောင်ပီးမှ စီးနင်းနိုင်မှာဖြစ်ပါတယ်..

Check in...(ကွင်းချိန်း)
လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂နာရီခန့် ကြိုပီး Airline Counter သို့ Check in ဝင်သင့်ပါတယ်..

Ticket Price (လက်မှတ်ဈေးနှုန်း)
Friday, Saturday, Sunday နေ့တွေမှာ များသောအားဖြင့် စျေးများတတ်ပါတယ်..
ခရီးစဉ် သေချာရင်တော့ ကြိုဝယ်တာ စျေးသက်သာနိုင်ပါတယ်.....🛩 Budget Airline 🛩တွေလည်း 🎄ပိတ်ရက်ရှည်များ၊ 🎅 New Year Holiday🎅 လိုရက်များမှာ ကပ်ဝယ်ရင် ဈေးမသက်သာနိုင်ပါဘူး..

No show fees......လက်မှတ်ဝယ်ပြီး မသွားဖြစ်လို့ cancel မလုပ်ဖြစ်ရင် no show fee ကို refund ထဲက နုတ်မှာပါ.....

အရေးကြီးဆုံးက passport သက်တမ်း ၆လ မကျန်ရင် သက်တမ်းတိုးဖို့ အရင်ဆုံး စီစဉ်သင့်ပါတယ်...

🌳အားလုံးပျော်ရွှင်ဖွယ်ခရီးစဉ်များကို စိတ်ချမ်းမြေ့စွာ သွားလာနိုင်ကြပါစေ..

ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ၊ ပြည်တွင်း အ‌ဝေးပြေးကားလက်မှတ်များ လိုအပ်ခဲ့ရင် 09 517 4003 Viber သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု
Admin Aung Kyaw Myo

ပြည်တွင်းလေယာဉ်လက်မှတ်တွေ ဝယ်ယူစီးနင်းတဲ့အခါသိထားသင့်သည့်  အချက်အလက်အချို့ကို ရေးသားဖော်ပြလိုက်ပါတယ်..၁) လက်မှတ်ဝယ်ဖို့ ...
25/11/2023

ပြည်တွင်းလေယာဉ်လက်မှတ်တွေ ဝယ်ယူစီးနင်းတဲ့အခါ
သိထားသင့်သည့် အချက်အလက်အချို့ကို ရေးသားဖော်ပြလိုက်ပါတယ်..

၁) လက်မှတ်ဝယ်ဖို့ မိမိနာမည်ကို ပေးတဲ့အခါမျိုးမှာ နာမည်ကို English လိုတခါတည်းပေးလိုက်တာ အဆင်ပြေပါတယ်..
ပြည်တွင်းလေယာဉ်လက်မှတ်မှာ နာမည်အပါအဝင်အားလုံးက English လိုပဲ ရေးသားဖော်ပြတာပါ..

၂) တချို့လေယာဉ်တွေက ခုံကို ကြိုရွေးဝယ်ထားလို့ရပြီးတော့ တချို့လေယာဉ်တွေကတော့ ခုံကြိုတင်ဝယ်ထားလို့မရပါ..
MNA ကတော့ ခုံကြိုဝယ်လို့ရပါတယ်..

၃) လေယာဉ်ထွက်ခွါချိန် မတိုင်မီ ၁နာရီခွဲ အလို လေဆိပ်ကို ကြိုတင်ရောက်နေဖို့ လိုအပ်ပါတယ်...

၄) ပြည်တွင်း လေယာဉ်တွေက ကီလို ၂၀ အထိရပါတယ်..

၅) လက်မှတ်ဝယ်ထားပြီး မသွားဖြစ်လို့ Cancel လုပ်ချင်ရင် လေယာဉ်မထွက်ခွာမီ ကိုယ်ဝယ်ထားတဲ့ အေးဂျင့်ကို ပြောပြီး Cancel လုပ်ထားရင် No show fee မထိဘဲ လက်မှတ် ပြန်အမ်းငွေ % တခုထိ ပြန်ရပါတယ်..

၆)ဝယ်ထားတဲ့ လက်မှတ်က ပရိုမိုးရှင်း လက်မှတ်ဖြစ်နေပါက ပြန်အမ်းငွေ မရရှိနိုင်ပါ...

၇) အကြောင်းကြောင်းကြောင့် သွားမယ့်ရက်ပြောင်းချင်ရင်လည်း ကိုယ်ဝယ်ထားတဲ့ အေးဂျင့်ဆီကိုပဲ ဆက်သွယ်ပြီး ရက်ပြောင်းကြေး Date change fee ပေးပြီးပြောင်းနိုင်ပါတယ်..
ဒီနေရာမှာကိုယ်ဝယ်ထားတဲ့ လက်မှတ်က Class အမြင့်ဖြစ်နေရင် Date change fee မပေးရတာမျိုးရှိတတ်ပါတယ်..

၈) လေယာဉ်လက်မှတ်ကို စာရွက်နဲ့ ပရင့်ထုတ်စရာမလိုဘဲ အဓိက အရေးကြီးတာက မိမိရဲ့ မှတ်ပုံတင် မူရင်းပါဖို့ပဲ လိုတာပါ...

၉) သွားမယ့်ရက်နဲ့ လက်မှတ်ဝယ်တဲ့ရက်က အရမ်းကပ်နေတဲ့အချိန်မှာ လေယာဉ်ခုံမကျန်တာမျိုး ခုလိုအချိန်မျိုးမှာ ပိုဖြစ်တတ်ပါတယ်..

၁၀) တစ်နေရာမှာ မရလို့ နောက်တစ်နေရာစုံစမ်းလိုက်တာ ရသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်..
လက်မှတ်ကို ဘိုကင်ပဲ ယူထားပြီး လက်မှတ် မထုတ်ဖြစ်လို့ ရသွားတာမျိုးပါ..

၁၁) ကလေး ၁ ရက်သားကနေ ၂ နှစ်ထိက ထိုင်ခုံမရဘဲ လက်မှတ်ခ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ ပေးရပြီး...၂နှစ်ကနေ ၁၂ နှစ်ထိက ထိုင်ခုံရပြီး ကလေးခ ပေးချေရပါတယ်..

၁၂) လက်မှတ်ကို အွန်လိုင်းကနေ ဝယ်ရင် ယုံကြည်စိတ်ချရတဲ့ အေးဂျင့်ဆီကနေသာ ဝယ်ပါ...Like follower များနေပေမယ့် ခုချိန်မှာ လူလိမ် Page တွေ အတော်များပါတယ်..

၁၃) လက်မှတ်ကို ကိုယ်တိုင် အွန်လိုင်းကနေ၊ app တွေကနေ ဝယ်လို့လွယ်နေပါတယ်.. တစ်ခုရှိတာက Date Change, Refund, Cancel လုပ်ချင်ရင် ကိုယ်တိုင်ပဲ လုပ်ရမှာပါ...

လက်မှတ်များလိုအပ်ခဲ့ပါက

KKL Travel
095174003

22/11/2023

Ex rate တွေတက်ကုန်ပြီ...

လက်မှတ်စောဝယ်ထားတဲ့လူတွေကတော့ ဟန်ကျတယ်...

17/11/2023

မနေ့ကနေ့လယ်က. လေယာဥ်လက်မှတ်ဝယ်ရင် တယောက်ကို မြန်မာငွေ ၃သောင်းကျော်လောက်သက်သာမှာ

ဒီနေ့မှ လာဝယ်တဲ့မိတ်ဆွေတွေတော့ နစ််နာကုန်ပြီ...

Ex rate က 1 USD ကို မြန်မာငွေ ၄၀၀ လောက်တက်သွားတယ်။

လက်မှတ်တွေကြိုဝယ်ကြဖို့ပြောပါတယ်နော်...

13/11/2023

ဒီအခြေနေမှာ ခရီးမသွားသင့်တဲ့ နေရာ အချို့ကို ဖော်ပြပေးလိုက်ပါတယ် (၁၃.၁၁.၂၀၂၃)

၁ ရှမ်းပြည် မြောက်ပိုင်း
၂ နောင်ချို (တိမ်ပင်လယ်)
၃ ငပလီ ရခိုင်ပြည်နယ်
၄ စစ်ကိုင်းတိုင်း
၅ မန္တလေးတိုင်း (အစွန်အဖျား)
၆ ချင်းပြည်နယ်
၇ ကယားပြည်နယ်
၈ ကော့ကရိတ်-မြဝတီ
၉ မုံရွာမြို့ အနီးတဝိုက်
၁၀ မကွေးတိုင်း (မြောက်ပိုင်း)
၁၁ ရေး-ထားဝယ်

ဘယ်နေရာ မဆို လမ်းခရီးအခြေအနေ ရုတ်ခြည်းပြောင်းလဲသွားနိုင်တာကို အထူးသတိပြုဖို့ သတိပေးလိုပါတယ်။

အရေးကြီး ကိစ္စမရှိပဲ ခရီးသွားခြင်းမပြုလုပ်ဖို့ အကြံပြုပါတယ်။

Credit

ရှမ်းပြည်နယ်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ခရီးသွားများ  လာရောက် လည်ပတ်လေ့ရှိကြတဲ့ နေရာတစ်ခုကတော့ ဓနုကိုယ်ပ...
12/11/2023

ရှမ်းပြည်နယ်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိကြတဲ့ နေရာတစ်ခုကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့လေးပါ....

ပင်းတယလို့ ပြောလိုက်တာနဲ့ လူတွေမျက်စိထဲ ပြေးမြင်လာတာကတော့ ထုံးကျောက်လိုဏ်ဂူနဲ့ ထောင်ပေါင်းများစွာသော ဘုရားပုထိုးစေတီတော်တွေပါပဲ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်ဆိုပြီး နှစ်မြို့နယ် ရှိပါတယ်။

ပင်းတယမြို့ကို ရောက်တာနဲ့ ထင်ရှားတဲ့ လက္ခဏာရပ်ကတော့ ကြီးမားလှတဲ့ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရင့် ညောင်ပင်ကြီးတွေ ဖြစ်ပါတယ်။

ညောင်ပင်အကြီးစားများစွာ ဒီလိုအများကြီး တွေ့မြင်ရတာ အတော်ရှားပါတယ်။

နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ရှေးဟောင်း မွေတော်စေတီတော်များဟာ လက်ရာ ပုံစံချင်းဆင်ပြီး ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်ဟာ လက်ရာချင်း နီးစပ်ကြပါတယ်။

ပင်းတယမြို့မှာ ပုန်းတလုတ်ကန်၊ ရွှေဥမင်လိုဏ်ဂူဘုရား၊ အလယ်ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကျောင်းနဲ့ အနီးအနားမှာရှိတဲ့ ကုံလုံကျောင်းတို့ကို လည်ပတ်လို့ ရပါတယ်။ ပင်းတယနဲ့ အနီးအနားမှာရှိတဲ့ ရွာငံကိုလည်း သွားပြီး လည်ပတ်လို့ကောင်းတဲ့ နေရာတွေ အများကြီးရှိပါသေးတယ်။

ပင်းတယမှာ နောက်ထပ် ထင်ရှားတဲ့နေရာတနေရာကတော့ ရှစ်သောင်းလေးထောင်ဘုရားပါပဲ။ ဒီနေရာကလည်း ရွှေဥမင်လိုဏ်ဂူလိုပဲ ခရီးသွားတွေ အလာများတဲ့နေရာတခု ဖြစ်ပါတယ်။ ရှစ်သောင်းလေးထောင်ဘုရားလို့ နာမည်တွင်ရတဲ့အကြောင်းကတော့ ဘုရားပုထိုးပေါင်း ၈၄၀၀၀ ကိုပူဇော်ထားရှိတဲ့အတွက်ပါပဲ။ ဒီနေရာကလည်း ပင်းတယမြို့မှာ အရေးပါတဲ့ စေတီပုထိုးမြို့တော်လေး တခုပါပဲ။

ပင်းတယနဲ့ ရွာငံတို့ဟာ အင်မတန် ရှုခင်းကောင်းတဲ့ မြို့နှစ်မြို့ ဖြစ်တဲ့အတွက်ကြောင့် ဓာတ်ပုံဆရာတွေက အဲဒီဒေသတွေမှာ ရာသီမရွေး လာရောက် ရိုက်ကူးကြပါတယ်။

နွေရာသီနဲ့ ဆောင်းရာသီ ပွင့်လင်းရာသီတွေမှာ ပင်းတယနဲ့ ရွာငံတစ်ကြော ရှုခင်းတွေကို ဓာတ်ပုံရိုက်လို့ အကောင်းဆုံးအချိန်တွေပါပဲ။

09/11/2023

RGN BKK RGN လေယာဥ်လက်မှတ်တွေကတော့ နေ့တိုင်းရောင်းရတယ်။

Admin တောင်ဘန်ကောက်ဘက် ခရီးထွက်ချင်သွားပြီ...

မရောက်တာကြာပြီ...

ဘန်ကောက်အသွားအပြန် လက်မှတ်အားပေးသွားတဲ့ Grand Fashion မိသားစုကို KKL TRAVEL မှ ကျေးဇူးတင်ပါတယ်

အွန်လိုင်းမှာ ကိုယ်တိုင်အလွယ်တကူဝယ်လို့ရနေချိန်မှာ KKL Travel မှာမှ တကူးတက အားပေးသွားတဲ့ အစ်ကိုနဲ့ အစ်မကို ကျေးဇူးတင်ပါတ...
08/11/2023

အွန်လိုင်းမှာ ကိုယ်တိုင်အလွယ်တကူဝယ်လို့ရနေချိန်မှာ KKL Travel မှာမှ တကူးတက အားပေးသွားတဲ့ အစ်ကိုနဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။

ခရီးသည်ကိုယ်တိုင် သွားချင်တဲ့နေ့ရက်အချိန်ကြည့်လာပြီး...ဒီတိုင်းဖြတ်ပေးပါဆိုလို့ အသက်သာဆုံးစျေးနှုန်းနဲ့ ဖြတ်ပေးလိုက်ပါတယ်။

095174003
KKL TRAVEL

တချိန်က ရန်ကုန်မှာ ဘတ်စ်ကား စပါယ်ယာ အမျိုးသမီးတွေ ရှိခဲ့တယ်ဆိုတာ...Photo Credit Shwekhitonlinetv.com
03/11/2023

တချိန်က ရန်ကုန်မှာ ဘတ်စ်ကား စပါယ်ယာ
အမျိုးသမီးတွေ ရှိခဲ့တယ်ဆိုတာ...

Photo Credit Shwekhitonlinetv.com

02/11/2023

အွန်လိုင်းကနေ လေယာဥ်လက်မှတ်ရောင်းတဲ့ Ticketing Service တွေအများကြီးရှိတဲ့အထဲမှ KKL Travel မှာ RGN BKK RGN round trip ticket အားပေးသွားတဲ့ TSS co.,ltd ကို ကျေးဇူးတင်ရှိပါတယ်။

သတိတရနဲ့ အားပေးမှုအတွက် ကျေးဇူးထပ်တင်ပါတယ် ခင်ဗျာ..

အသက်သာဆုံးစျေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးလိုက်ပါတယ်။

မိတ်ဆွေ ဘဝမှာ ပထမဦးဆုံးအကြိမ် လေယာဉ်ခရီးစဉ် စစီးမယ်ဆို စိတ်လှုပ်ရှားခြင်းမှသည် ထိတ်လန့်ခြင်းအထိ စိတ်ခံစားမှုများ ရောနှော...
01/11/2023

မိတ်ဆွေ ဘဝမှာ ပထမဦးဆုံးအကြိမ် လေယာဉ်ခရီးစဉ် စစီးမယ်ဆို စိတ်လှုပ်ရှားခြင်းမှသည် ထိတ်လန့်ခြင်းအထိ စိတ်ခံစားမှုများ ရောနှော ဖြစ်ပေါ်စေနိုင်သည်။ အောက်ဖော်ပြချက်တွေထဲမှာ သင်တွေ့ကြုံရနိုင်သော သာမန်ခံစားချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်…
မိတ်ဆွေကော ဘဝမှာ ပထမဦးဆုံး လေယာဉ်စစီးစဉ်က ဘယ်လိုတွေ ခံစားခဲ့ရပါသလဲ….

၁. **စိတ်လှုပ်ရှားမှု-** ပထမဆုံးအကြိမ် လေယာဉ်စ စီးခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတစ်ခု ဖြစ်သည်။ ဦးတည်ရာသို့ရောက်ရှိရန် မျှော်လင့်ချက်၊ နေရာအသစ်များသို့ လေကြောင်းခရီးသွားခြင်း၏ စွန့်စားခန်းများသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။
သင်ဘာကိုမျှော်လင့်ထားရမည်ကို မသေချာပါက ကြောက်ရွံ့ခြင်းသည် ပုံမှန်ပဲ ဖြစ်ပါသည်။ လေယာဉ်စီးစဉ် လေလှိုင်းထန်ခြင်း၊ ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း၊ လေဆိပ်နှင့် လုံခြုံရေး လုပ်ငန်းစဉ်များအတွက် စိုးရိမ်မှုများ မိတ်ဆွေဖြစ်နိုင်ပါသည်…

၂. **အံ့ဩမှုနှင့် စိတ်ကျေနပ်မှု:** လေယာဉ်ပျံထွက်ပြီး ပြတင်းပေါက်ကနေ ကြည့်လိုက်တာနဲ့ လုံးဝခြားနားတဲ့ ရှုထောင့်ကနေ ကမ္ဘာကြီးကို မြင်ရတာက သင့်ကို အံ့သြတကြီးနဲ့ တအံ့တသြ မမြင်ဖူးတဲ့ မြင်ကွင်းကို မြင်ရစေမှုက စိတ်ကျေနပ် ခံစားရစေမှာပါ။ ပထမဆုံးလေယာဉ်စစီးတဲ့ လူအများစုက ပြတင်းပေါက်ဘေး ထိုင်ခုံမှာ ထိုင်ပြီး ပြတင်းပေါက်ကနေ ကမ္ဘာကြီးကို ကြည့်ချင်ကြတာ များပါတယ်..

၃. **စိုးရိမ်ပူပန်မှု-** လူအချို့သည် အထူးသဖြင့် လေယာဉ်စီးရန် ကြောက်ရွံ့မှုရှိပါက စိုးရိမ်ပူပန်မှု ခံစားရတတ်သည်။ ထိုစိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲနိုင်ရန် အရေးကြီးပါသည်။ အသက်ရှုလေ့ကျင့်ခန်းနှင့် အပန်းဖြေနည်းများ လုပ်ခြင်းဖြင့် လျော့ပါးအောင် လုပ်ဆောင်နိုင်ပါသည်။

၄. **ကြိုတင်ခန့်မှန်းချက်-** သင့်ထိုင်ခုံတွင် ထိုင်သည့်အခါ လေယာဉ်ပျံသန်းမှု မည်သို့မည်ပုံဖြစ်မည်နှင့် သင့်ခရီးမည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို ကြိုတင်တွေးတော ခံစားမိတတ်သည်။

၅. **မသက်မသာဖြစ်မှု-** ရှည်လျားသော လေယာဉ်ပျံသန်းမှုကြောင့် တစ်ခါတစ်ရံတွင် ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်နိုင်သည်။ သင့်ထိုင်ခုံတွင် ကျဉ်းကျပ်နေသည်ဟု ခံစားရနိုင်သည် သို့မဟုတ် အိပ်ရန် ခက်ခဲနေနိုင်သည်။ လည်ပင်းခေါင်းအုံး၊ စောင်၊ သို့မဟုတ် မျက်လုံးမျက်နှာဖုံးများအသုံးပြုခြင်းဖြင့် သင်လေယာဉ်စီးနေစဉ် ပိုမိုသက်တောင့်သက်သာဖြစ်စေရန် လုပ်ဆောင်နိုင်ပါသည်။

၆. **စူးစမ်းလိုစိတ်ဖြစ်မှု-** လေယာဉ်စီးနေစဉ် ကျွေးမွေးဧည့်ခံသော အစားအသောက်များ၊ ဖျော်ဖြေရေး အစီအစဉ်များ နှင့် လေယာဉ်ပျံသန်းမှု ဝန်ဆောင်မှုများအကြောင်း သင်သိချင်နေပေလိမ့်မည်။ လေယာဉ်စီးနေစဉ် သန့်စင်ခန်း ဘယ်လို အသုံးပြုရမလဲ တွေးနေမိလိမ့်မည်။

၇. **စိတ်သက်သာရာရမှု-** လေယာဉ်အောင်မြင်စွာ ပျံတက်ပြီးနောက် အရာအားလုံး ချောမွေ့စွာ ဖြစ်သွားပြီ လေယာဉ်မယ်များမှ စားသောက်စရာများ လာချပေးဖို့ ပြင်နေတာမြင်ရပြီဆိုရင် မိတ်ဆွေ စိတ်သက်သာရာရကြောင်း စခံစားရပေမည်။

၈. **ချိတ်ဆက်မှု-** သင်သည် အထူးအချိန်အခါသမယ တစ်ခုအတွက် သို့မဟုတ် ချစ်ရသောသူများနှင့် တွေ့ဆုံရန် ပျံသန်းနေပါက၊ သူငယ်ချင်းများ သို့မဟုတ် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းခြင်းအတွက် နက်ရှိုင်းသော ဆက်သွယ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို တွေ့ကြုံခံစားနိုင်ပါသည်။

၉. **အောင်မြင်မှု ခံစားချက်-** မင်းရဲ့ ပထမဆုံး လေယာဉ်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် မင်းရဲ့ ပြင်းထန်တဲ့ အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ သင်သည် လေဆိပ်၊ လုံခြုံရေးနှင့် လေယာဉ်ကို အောင်မြင်စွာ သွားလာနိုင်ပြီဖြစ်သည်။

ဤစိတ်ခံစားမှုများသည် လုံး၀ပုံမှန်ဖြစ်ပြီး ပျံသန်းမှုအတွေ့အကြုံပိုရလာသည်နှင့်အမျှ ၎င်းတို့သည် မကြာခဏ လျော့နည်းသွားကြောင်း သတိရပါ။ သင့်တွင် သီးခြားစိုးရိမ်မှုများ သို့မဟုတ် စိုးရိမ်မှုများရှိပါက ၎င်းတို့ကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးရန် သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်ထံမှ လမ်းညွှန်မှုရယူရန် စဉ်းစားပါ။ ထို့အပြင်၊ အကူအညီနှင့် အချက်အလက်များအတွက် လေကြောင်းလိုင်းဝန်ထမ်းများထံ ဆက်သွယ်ခြင်းသည် စိုးရိမ်ပူပန်မှုမှန်သမျှကို သက်သာစေပြီး သင်၏ပထမဆုံးလေယာဉ်ကို ပိုမိုပျော်ရွှင်စေပါသည်။

မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာ...
30/10/2023

မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာပွဲတော်တစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်ကို ကြိုဆိုသည့်အနေဖြင့် ဆီမီးထွန်းပူဇော်သည်ကို အကြောင်းပြု၍ အစဉ်အလာမပျက် သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်လာပေသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်(အဖိတ်နေ့)၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပကြလေသည်။ သီတင်းကျွတ်ပွဲတော်ကာလတွင် ဘုရား၊ ကျောင်း၊ ဓမ္မာရုံ၊ တိုက်တာ၊ အိမ်ရာ၊ အဆောက်အအုံများ၌ ဆီမီးထွန်းကြသည်။ တောရွာများတွင် မိသားစုနှင့်အတူ စီးပွားရှာဖက် လယ်ယာလုပ်သား နွားများအတွက်ပါ ရည်ရွယ်၍ နွားတင်းကုပ်ပါမကျန် မီးထွန်းပေးကြသည်။ စီးပွားဖက်နွားများအတွက် ရည်စူးပေးသည်ဆိုရာ၌ နွားများအနေဖြင့်လည်း ရတနာသုံးပါးကို ပူဇော်ပါကြောင်း၊ ဆင်းရဲပင်ပန်းလှသည့် တိရစ္ဆာန်ဘဝမှ လွတ်ကြောင်း၊ ကျွတ်ကြောင်း အဘိဓမ္မာနေ့တွင် ဆုတောင်းကြလော့ဟုဆိုကာ မီးထွန်းပေးခြင်းဖြစ်ပါသည်။

မည်သည့်တိရစ္ဆာန်ဟူသည်မဆို အသိစိတ်၊ ခံစားစိတ်များ ရှိကြသည်ဖြစ်၍ ဤသို့ ကောင်းသောအမှုကို ပြုလုပ်ပေးခြင်းဖြင့် ကောင်းသောအကျိုးများ ရရှိကြမည်ဟု ယုံကြည်သင့်ပါသည်။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နှင့် စပ်လျဉ်း၍ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားကို အမှူးပြု၍ နတ်ဗြဟ္မာများကို ဝါတွင်းသုံးလကာလပတ်လုံး ဟောကြားတော်မူခဲ့သော အဘိဓမ္မာဒေသနာတော်သည် သိမ်မွေ့နက်နဲပြီး အလွန်ထူးကဲသည့် ထူးခြားမှုကို ဆောင်ပေသည်။ မြတ်စွာဘုရားရှင်က နတ်ဗြဟ္မာတို့ကိုသာမက ရဟန်းရှင်လူ၊ အပါယ်လေးဘုံသား ငရဲ၊ တိရစ္ဆာန်တို့ပါမကျန် မေတ္တာဖြန့်ကြက်ပေးတော်မူခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ ဝါဆိုသည်ဆိုသော်လည်း မြတ်စွာဘုရားသည် လူ့ပြည်သားဖြစ်သည့်အတွက် နံနက် ဆွမ်းခံချိန်တွင် လူ့ပြည်သို့ ကြွတော်မူပါသည်။ လူ့ပြည်သို့ကြွသည့်အခါ နတ်ဗြဟ္မာများ တရားနာမြဲမပြတ် နာနေနိုင်စေရန် အသံ၊ အဆင်းအလုံးစုံတူစေဟု အဓိဋ္ဌာန်ပြုဖန်ဆင်းပြီး နိမ္မိတဘုရား ကိုယ်စားထားကာ လူ့ပြည်လောကသို့ ကြွတော်မူပါသည်။ လူ့ပြည်တွင် ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောတွင် သီတင်းသုံးတော်မူပါသည်။ ထိုအခါ အရှင်သာရိပုတ္တရာအား မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့သည့် တရားများကို အကျဉ်းချုပ်နည်းဖြင့် ဟောကြားတော်မူပါသည်။ အကျဉ်းဟောသော်လည်း အရှင်သာရိပုတ္တရာမှာ အဘိဓမ္မာဒေသနာတော်ကို အကျယ်အကုန်နားလည်သွားပါသည်။

မြတ်စွာဘုရားရှင်လည်း ညနေချမ်းတွင် တာဝတိံသာနတ်ပြည်သို့ ပြန်လည်တက်ပြီး ဟောမြဲဟောပါသည်။ ရှင်သာရိပုတ္တရာလည်း တရားတော်ကို မှတ်သားနာယူပြီး တပည့်ငါးရာတို့အား အဘိဓမ္မာတရားကို တစ်ဆင့်ဟောကြားတော်မူပါသည်။ တပည့်ငါးရာတို့သည် ထူးခြားသောရဟန်းတော်များဖြစ်ပါသည်။ ကဿပဘုရားရှင်လက်ထက်က ရဟန်းငါးရာသည် လင်းနို့သားငါးရာဖြစ်ခဲ့ဖူးပါသည်။ လင်းနို့သားငါးရာသည် တစ်ခုသော တောင်ခေါင်းဂူတွင်နေကြပါသည်။ ထိုဂူတွင် အဘိဓမ္မာဆောင်သည့် ရဟန်းတော်များက အဘိဓမ္မာတရား ရွတ်ဖတ်သည့်အသံကို ကြားရသောအခါ တရားတော်ကို နားမလည်သော်လည်း ဤသည်မှာတရားဟု နှလုံးသွင်းကြည်ညိုသည့်ကုသိုလ်ကြောင့် ဘဝကူးပြောင်း၍ နတ်ပြည်သို့ ရောက်ပြီးနောက် ဂေါတမဘုရားရှင်လက်ထက်တွင် ရဟန်းငါးရာဖြစ်လာခဲ့သည်။

အဘိဓမ္မာဒေသနာတရားတော်၏ နက်နဲဆန်းကျယ်ပုံကို ဆင်ခြင်ကြည့်ရှုနိုင်မည်ဖြစ်သည်။ အခြားတရားတော်များနှင့်မတူ နတ်ပြည်တစ်လှည့်၊ လူ့ပြည်တစ်လှည့် ဟောကြားတော်မူသော တရားတော်ဖြစ်ပြီး ဤအဘိဓမ္မာတရားကို နာကြားရသူ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ မဂ်ဖိုလ်နိဗ္ဗာန်တစ်ဖက်ကမ်းသို့ပင် ပြောင်းရွှေ့နိုင်စွမ်းသော အစွမ်းများရရှိကြပေသည်။ ထိုမျှသာမက တရားတော်၏ အဓိပ္ပာယ်၊ တရားတော်၏ အနှစ်သာရကို နားမလည်နိုင်သည့် အဟိတ်တိရစ္ဆာန်များသည်ပင် အဘိဓမ္မာဒေသနာ ဟောကြားသံကို ဤသည်ကားတရားဟု မှတ်ယူဆင်ခြင်ကြည်ညိုရုံမျှဖြင့် တိရစ္ဆာန်ဘဝမှ ကျွတ်လွတ်ကာ မြတ်သောဘဝသို့ ရောက်ကြရသည်မှာ အလွန်ထူးခြားမှုပင်ဖြစ်သည်။

သို့ဖြစ်ရာ သီတင်းကျွတ်အခါကာလတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကောင်းသောအမှုများ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယဉ်ကျေးမှုအစဉ်အလာအားဖြင့် ပြုလုပ်ခြင်းမှ ရတနာသုံးပါးကို ပူဇော်ခြင်းတည်းဟူသော ကောင်းမြတ်သော မနသီကာရစိတ်ထားများဖြင့် မျှဝေပြုလုပ်ကြခြင်းဖြင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းပြီး ကောင်းကျိုးချမ်းသာများပြည့်စုံသည့် အမြတ်နိဗ္ဗာန်သို့ပင် တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။ ။

ကြက်ဆူဆီတော့ မဟုတ်ဘူး..ဇီဝလောင်စာဆီနဲ့ စားအုန်းဆီ ရောစပ်ပြီး သုံးတာတဲ့
29/10/2023

ကြက်ဆူဆီတော့ မဟုတ်ဘူး..ဇီဝလောင်စာဆီနဲ့ စားအုန်းဆီ ရောစပ်ပြီး သုံးတာတဲ့

25/10/2023

မိတ်ဆွေ အသက်ငယ်တုန်း ကျန်းမာနေတုန်းမှာ ခရီးသွားပါ...

24/10/2023

လေယာဥ်လက်မှတ် ကားလက်မှတ် ကိုဘယ်မှာဝယ်ဝယ် ရနေပေမယ်...

ကိုယ့်စီကမှ တကူးတက YANGON MANDALAY YANGON အသွားအပြန် လက်မှတ် ဝယ်ယူအားပေးသွားတဲ့ အစ်ကိုကို ကျေးဇူးတင်ပါတယ်

22/10/2023

2024 နှစ်သစ်ကို ဘန်ကောက်မှာ ကူးမယ့်လူတွေကတော့ လေယာဥ်လက်မှတ်တွေကြိုဝယ်နေကြပြီ....

ညဘက်ကြီး ရန်ကုန်ဘန်ကောက်ရန်ကုန် လက်မှတ်အားပေးသွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ နယ်က ညီမလေးတယောက်က KKL Travel မှာ ကားလက်မှတ် လေယာဥ်လက်မှတ်အားပေးတဲ့အပြင် စင်ကာပူ အသွားအပြန် လက...
20/10/2023

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ နယ်က ညီမလေးတယောက်က KKL Travel မှာ ကားလက်မှတ် လေယာဥ်လက်မှတ်အားပေးတဲ့အပြင် စင်ကာပူ အသွားအပြန် လက်မှတ်တွေလိုတိုင်း တကူးတက အားပေးနေကြဖြစ်နေပြီမို့ KKL မှ ကျေးဇူးအထူးတင်ပါတယ်

Yangon Singapore တကြောင်းစာကတော့ 190 USD ဝန်းကျင်...

ကိုယ်ဝန်ဆောင် မိခင်များအတွက် MAI က အသစ်ထုတ်ပြန်လိုက်တဲ့ လေယာဉ်စီး ပေါ်လစီပါ..ကိုယ်ဝန် ၃၅ ပတ်ထိက ဆရာဝန် ထောက်ခံစာ fit to ...
20/10/2023

ကိုယ်ဝန်ဆောင် မိခင်များအတွက် MAI က အသစ်ထုတ်ပြန်လိုက်တဲ့ လေယာဉ်စီး ပေါ်လစီပါ..

ကိုယ်ဝန် ၃၅ ပတ်ထိက ဆရာဝန် ထောက်ခံစာ fit to fly လိုပါတယ်...
ကိုယ်ဝန် ၃၅ နှင့် ၃၆ ပတ်ကြား ဆရာဝန်သို့မဟုတ် Nurse တစ်ယောက်ပါရမည်..

ကိုယ်ဝန် ၃၆ ပတ် နောက်ပိုင်း လေယာဉ်စီးခွင့် မပြုပါဘူး..

19/10/2023

ဒီနေ့တော့ ကိုယ့်ဆီကနေ တခေါက်ပဲ ဝယ်ဖူးပြီး Admin နဲ့ တိုက်ရိုက် အပြင်မှာ လူချင်းမသိတဲ့ အစ်မတယောက် Bangkok Yangon Flight အတွက် လက်မှတ်ဖြတ်ပေးပါလို့ ဆိုလာပါတယ်။

လက်မှတ်ခက ရန်ကုန်ရောက်မှ ပေးမယ်ဆိုလာလို့ Admin တော့ တခါမှန်ဖူးတဲ့စာသူငယ်မို့ မရပါဘူးလို့ အားနာနာနဲ့ပဲ ငြင်းလိုက်ရပါတယ်။

Admin နဲ့သိတဲ့လူဆို လက်မှတ်ဖိုးမလွှဲလာသေးလည်း အရင်ဖြတ်ပေးရတာ ကိစ္စမရှိဘူးလေ...

ယနေ့အားပေးကြသူ မိတ်ဆွေများ ကျေးဇူးတင်ပါတယ်

MAI Website မှာကိုယ်တိုင်ဝယ်ပြီးပဲ သွားမယ်...Agent တွေအားမကိုးဘူးဆိုတဲ့ ကိုကိုမမတွေအတွက်...Date Change လမ်းညွှန်...အေးဂျ...
19/10/2023

MAI Website မှာကိုယ်တိုင်ဝယ်ပြီးပဲ သွားမယ်...Agent တွေအားမကိုးဘူးဆိုတဲ့ ကိုကိုမမတွေအတွက်...

Date Change လမ်းညွှန်...

အေးဂျင်တွေဆီဝယ်မယ်ဆို ချိန်းချင်တဲ့ရက်လေး ပြောယုံပဲ....

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ် ရိုးရာ သပိတ်မျှောပွဲတေ...
17/10/2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ် ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်မြစ်ကမ်းရှိ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့ အပန်းဖြေရင်ပြင်၊ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။



သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး သပိတ်မျှောပွဲသို့ လာရောက်သူများအား တေးဂီတများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများ ရေအိုးရွက်ယိမ်းအက၊ အိုးစည်အက၊ သမိုင်းအလှတနင်္သာရီအက၊ ရွှေဝယ်သူ များ ရေခပ်သွား အက၊ များဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။



သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့်မကောင်းသော ဘေးကံကြမ္မာ အပေါင်း ကင်းဝေး လွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ် အဆက်ကတည်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။



ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကိုရှေးရိုးရာအစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၁၉၆၀ ဝန်းကျင်က ရန်ကုန်သင်္ကြန်
05/10/2023

၁၉၆၀ ဝန်းကျင်က
ရန်ကုန်သင်္ကြန်

၁၉၅၀ ခုနှစ် Burma Airways
05/10/2023

၁၉၅၀ ခုနှစ်
Burma Airways

ရန်ကုန် ကျိုင်းတုံ ရန်ကုန် လက်မှတ် အားပေးသွားတဲ့ ညီမငယ် KSH ကျေးဇူးအများကြီးတင်ပါတယ်လမ်းခရီး သာယာ​ဖြောင့်ဖြူးပါစေလို့ဆုတ...
05/10/2023

ရန်ကုန် ကျိုင်းတုံ ရန်ကုန် လက်မှတ် အားပေးသွားတဲ့ ညီမငယ် KSH ကျေးဇူးအများကြီးတင်ပါတယ်

လမ်းခရီး သာယာ​ဖြောင့်ဖြူးပါစေ
လို့ဆုတောင်းပေးပါတယ်။

အဖြူအမည်းခေတ်က ဆူးလေ
04/10/2023

အဖြူအမည်းခေတ်က ဆူးလေ

ပုဂံက ပုန်းရည်ကြီး အရသာကို မြည်းစမ်းဖို့ ပုဂံကို ခရီးသွားမယ်ဆို AIR KBZ လေယာဥ်နဲ့ တပတ်ကို ၂ရက် ပျံသန်းပေးနေပါပြီ...186,5...
04/10/2023

ပုဂံက ပုန်းရည်ကြီး အရသာကို မြည်းစမ်းဖို့ ပုဂံကို ခရီးသွားမယ်ဆို
AIR KBZ လေယာဥ်နဲ့ တပတ်ကို ၂ရက် ပျံသန်းပေးနေပါပြီ...

186,500 ကျပ်မှ စတင်၍
တပတ်၂ရက် သောကြာ တနင်္ဂနွေနေ့ တိုင်း

လက်မှတ်မှာယူလိုပါက
KKL travel
095174003
Viber

1940 ခုနှစ်က သိမ်ကြီးစျေး
28/09/2023

1940 ခုနှစ်က သိမ်ကြီးစျေး

28/09/2023

06:20 အချိန်ကို 16:20 လို့စိတ်ထဲထင်ပြီး မှားဖြတ်ပေးမိတာ...လေယာဥ်လက်မှတ်ရောင်းလာတဲ့ သက်တမ်းတလျှောက် လျော်ရပြီလေ...

အမြဲ ခရီးသည်ကို လက်မှတ်မထုတ်ခင် စစ်ခိုင်းနေကြ...ခုခရီးသည်က မြန်မာလိုလည်း လိပ်ပတ်မလည်...

မစစ်ခိုင်းမိတာ...လျော်ပေတော့ပဲ...

တရုတ်ရိုးရာ လမုန့်ပွဲတော် 中秋節ယခုလ စက်တင်ဘာလ ၂၉ ရက်နေ့ဟာ ကမ္ဘာတဝန်းရှိ တရုတ်လူမျိုးများအားလုံး အလေးထားကြတဲ့ ပွဲတော်ကြီးလေ...
26/09/2023

တရုတ်ရိုးရာ လမုန့်ပွဲတော် 中秋節

ယခုလ စက်တင်ဘာလ ၂၉ ရက်နေ့ဟာ ကမ္ဘာတဝန်းရှိ တရုတ်လူမျိုးများအားလုံး အလေးထားကြတဲ့ ပွဲတော်ကြီးလေးခုထဲက ပွဲတော်တစ်ခုဖြစ်တဲ့ “တရုတ်ရိုးရာ လမုန့်ပွဲ‌တော်” ပဲ ဖြစ်ပါတယ်။ တရုတ်ရိုးရာ လမုန့်ပွဲ‌တော်ကို တရုတ်ပြက္ခဒိန်ရဲ့ ၈လပိုင်း ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်။ တရုတ်ပြက္ခဒိန်အရ ၇ လပိုင်း ၊ ၈ လပိုင်း နဲ့ ၉ လပိုင်း တွေဟာ ဆောင်းဦးရာသီထဲမှာ ပါဝင်တာဖြစ်လို့ တရုတ်ရိုးရာ လမုန့်ပွဲ‌တော်ကို တရုတ်အခေါ်အဝေါ်အရ “ကျုံးချိုးကျယ်” လို့ ခေါ်ဝေါ်တတ်ကြပြီး “ဆောင်းဦးရာသီ လလယ်ပွဲ‌တော်” လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

အဲ့နေ့မှာ တရုတ်လူမျိုးများရဲ့ ထုံးတမ်းစဥ်လာအရ မိသားစုတွေဟာ တစုတစည်းတည်း မိမိရဲ့ နေအိမ်မှာ လမုန့်စားရင်း လမင်းကြီးကို ငေးမောကြည့်ရှုတတ်ကြတဲ့ အလေ့အထရှိကြပါတယ်။ ထိုင်ဝမ်မှာကတော့ အခြားနိုင်ငံက တရုတ်လူမျိုးများနဲ့ မတူညီတဲ့ ဓလေ့ထုံတမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ မိသားစုတွေနဲ့ လမုန့်စားရင်း လမင်းကြီးကို ငေးမောရမည့်အစား မိသားစုတွေနဲ့ မိမိရဲ့ နေအိမ်ခြံဝန်းမှာဖြစ်ဖြစ်၊ လမ်းမပေါ်မှာဖြစ်ဖြစ် မိမိကြိုက်နှစ်သက်တဲ့ အကင်တွေကို ပျော်ပျော်ရွှင်ရွှင် ကင်စားတတ်ကြပြီး လမင်းကြီးကို ခံစားကြည့်ရှုတတ်ကြပါတယ်။

QR ကုဒ် သို့မဟုတ် အမြန်တုံ့ပြန်မှုကုဒ် (Quick Response Code) သည် စာသား၊ ဝဘ်ဆိုက် URL၊ အဆက်အသွယ်အချက်အလက်နှင့် အခြားအရာမျ...
25/09/2023

QR ကုဒ် သို့မဟုတ် အမြန်တုံ့ပြန်မှုကုဒ် (Quick Response Code) သည် စာသား၊ ဝဘ်ဆိုက် URL၊ အဆက်အသွယ်အချက်အလက်နှင့် အခြားအရာများကဲ့သို့သော အချက်အလက်အမျိုးအစားအမျိုးမျိုးကို သိမ်းဆည်းနိုင်သည့် နှစ်ဖက်မြင်ဘားကုဒ်တစ်ခုဖြစ်သည်။ ၎င်းကိုပထမဆုံး မော်တော်ယာဥ်အစိတ်အပိုင်းများကို ခြေရာခံရန်အတွက် Denso Wave ဟုခေါ်သော ဂျပန်ကုမ္ပဏီတစ်ခုမှ ၁၉၉၄ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။

QR ကုဒ်များသည် စတုရန်းပုံသဏ္ဍာန်ရှိပြီး အဖြူရောင်စတုရန်းဇယားကွက်ပေါ်တွင် အနက်ရောင်စတုရန်းများ ပါဝင်သည်။ ဤစတုရန်းပုံများသည် အချက်အလက်များကို ဖော်ထုတ်နိုင်သည်။ QR ကုဒ်များကို စမတ်ဖုန်းကင်မရာ သို့မဟုတ် QR ကုဒ်ဖတ်စက်ကို အသုံးပြု၍ လျင်မြန်စွာစကင်န်ဖတ်ပြီး ကုဒ်လုပ်ရန် ဒီဇိုင်းထုတ်ထားသည်။

စကင်န်ဖတ်သည့်အခါ QR ကုဒ်တွင် ကုဒ်လုပ်ထားသော အချက်အလက်ကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ထိုအချက်အလက်များအပေါ် အခြေခံ၍ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့်၊ QR ကုဒ်ကိုစကင်ဖတ်ခြင်းဖြင့် ဝဘ်ဆိုက်တစ်ခုကိုဖွင့်နိုင်သည်၊ စာသားကိုပြသနိုင်သည်၊ သင့်ဖုန်းထဲသို့ အဆက်အသွယ်တစ်ခုထည့်နိုင်သည်၊ သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို စတင်နိုင်သည်။

စာဖတ်သူကော မိတ်ဆွေရဲ့ နေ့စဉ် နေထိုင်မှု ဘဝမှာ QR Code နဲ့ ဘယ်လောက် ထိတွေ့ ဆက်ဆံနေတာတွေ ရှိပါသလဲ...

1) Name Card မှာပါတဲ့ QR Code ကို ဖတ်ပြီး website ကိုသွားတာ..
2) QR Code နဲ့ ငွေချေတာ...QR Code ကိုဖတ်ပြီး ငွေလွှဲတာ ငွေလက်ခံတာ
3) QR Code ဖတ်ပြီး ကံစမ်းမဲမှာ စာရင်းသွင်းတာ...

Admin ကတော့ QR code နဲ့ဆို အဆင်ပြေပြီး မြန်လို့ သုံးဖြစ်တာများပါတယ်...

အင်းလေးဖောင်တော်ဦးဘုရားများ ဒေသစာရီကြွချီအပူဇော်ခံမည်....
23/09/2023

အင်းလေးဖောင်တော်ဦးဘုရားများ ဒေသစာရီကြွချီအပူဇော်ခံမည်....

အရင် ငွေဆောင်ရောက်ခဲ့တုန်းကဆို Central Hotel ကတောင်ဘက်မှာ နောက်ဆုံးဟိုတယ်ပဲ...ခုများ တောင်ဘက်မှာ ထပ်တိုးလာတာတွေအတော်များ...
14/09/2023

အရင် ငွေဆောင်ရောက်ခဲ့တုန်းကဆို Central Hotel ကတောင်ဘက်မှာ နောက်ဆုံးဟိုတယ်ပဲ...ခုများ တောင်ဘက်မှာ ထပ်တိုးလာတာတွေအတော်များတာပဲ....

06/09/2023

admin တော့ သွားချင်နေပြီ....

Address

Mayangone
Yangon
11062

Opening Hours

Monday 08:30 - 19:30
Tuesday 08:30 - 19:30
Wednesday 08:30 - 19:30
Thursday 08:30 - 19:30
Friday 08:30 - 19:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

+9595174003

Website

Alerts

Be the first to know and let us send you an email when KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KKL Travel ကားလက်မှတ်၊ လေယာဥ်လက်မှတ် ဝန်ဆောင်မှု:

Videos

Share

Category