Daw Lay Eain - ဒေါ်လေးအိမ်

Daw Lay Eain - ဒေါ်လေးအိမ် Traditional Food & Catering Service
(4)

ဒေါ်လေးအိမ်က ဂျီးတော်ကြီးအတိုင်းပဲ😁
11/05/2024

ဒေါ်လေးအိမ်က ဂျီးတော်ကြီးအတိုင်းပဲ😁

 #ငါးသေတ္တာမုန့်ဟင်းခါး(ဒီချက်နည်းလေးက ဂျီးတော်ကြီးတစ်ယောက် တခြားတနေရာသို့ခရီးထွက်စဉ် မုန့်ဟင်းခါးအရမ်းစားချင်လာသောကြောင...
15/03/2024

#ငါးသေတ္တာမုန့်ဟင်းခါး
(ဒီချက်နည်းလေးက ဂျီးတော်ကြီးတစ်ယောက် တခြားတနေရာသို့ခရီးထွက်စဉ် မုန့်ဟင်းခါးအရမ်းစားချင်လာသောကြောင့် မရှိ ရှိသည့်အရာများနှင့်ချက်ထားသည့် နည်းဖြစ်ပါတယ်ရှင်)...
ဒီနေ့ မုန့်ဟင်းခါးစားချင်တဲ့စိတ်ဖြစ်တာနဲ့ ငါးမရှိတော့ ရှိတဲ့ငါးသေတ္တာဘူးနဲ့ မုန့်ဟင်းခါးချက်ဖြစ်တယ်။
အိမ်မှာရှိတဲ့ငါးသေတ္တာတစ်ဘူးကိုဖောက်(အသေးဆုံးဆိုဒ်) ချင်း၊ကြက်သွန်ဖြူနဲ့စပါးလင်တို့ကိုထောင်းပြီးဆီသတ်.. ဆီသတ်ကျက်တဲ့အခါမှာ ငါးသေတ္တာထဲက ငါးချည်းပဲယူပြီးထည့်ဆီသတ်ပါမယ်။သူ့အနှစ်တွေကိုမယူပါ.. (မုန့်ဟင်းခါးအနံ့အရသာမထွက်မှာစိုးတာကြောင့်) ဆီသတ်တဲ့အခါမှာ ရေအနည်းငယ်ထည့် ပြီး လုံးသတ် သတ်ပါမယ်။ ဆီနာနာသတ်ပြီး အနံ့မွှေးလာပါက ငါးငံပြာရည်လေးလောင်းထည့်ပါမယ်။ ငံပြာရည်ထည့်ပြီးတအောင့်အကြာ ဆီသတ်အိုးကိုဘေးသို့ ခနချပါမယ်။ ပြီးလျှင် ဆန်အလှော်မှုန့်အနည်းငယ်ကို (ကိုယ်ကြိုက်သည့်ပမာဏထည့်လို့ရပါတယ်) ရေဖြင့်ဖျော်ပြီး မီးအေးအေးနဲ့တည်ပါမယ်။ဆန်မှုန့်မွှေးတဲ့အထိ ရေနှစ်ကြိမ်ခန့်လောက်ထည့်ကာတည်ပြီးပါက စောနက ဆီသတ်ထားတဲ့ငါးဆီသတ်ကိုလောင်းထည့်ပါမယ်။ လိုအပ်တဲ့ ဆား..အချိုမှုန့် ထည့်ပါမယ်။ပြီး လျှင်ကြက်သွန်နီ လေးငါးဥခန့်ထည့်ပါမယ်။ စားကောင်းစေရန်ဘဲဥပြုတ်နှစ်လုံးကိုစိတ်ပြီး ထပ်ထည့်လိုက်ပါမယ်။ဘဲဥပြုတ်ထည့်ပြီးခပ်နာနာဆူလာလျှင်အပေါ့ အငံမြည်း၍သင့်တော်ပြီဆိုပါက ငါးသေတ္တာမုန့်ဟင်းခါးချက်ရပါပြီရှင် 😋💛

PS.. ငါးအလွယ်တကူဝယ်လို့မရတဲ့နေရာတွေအတွက် ဒီချက်နည်းကို fully recommend ပေးပါတယ်။
သတိပြုရန်မှာ ငါးသေတ္တာဘူးကို တူနာငါးသေတ္တာဘူးကိုသာသုံးစေချင်ပါတယ်ရှင်..သူကနူးညံ့မှုရှိသည့်အတွက် မုန့်ဟင်းရည်အတွက်ပိုမိုသင့်တော်ပါတယ်။

Edit.. #အခက်အခဲတစ်ခုကြောင့်ဗုဒ္ဓဟူးနေ့မှပို့ဖြစ်ပါမယ်ခင်ဗျာ 🙏ခဏပေါ်လာလိုက် ပျောက်သွားလိုက်လုပ်နေတဲ့ဂျီးတော်ကြီးကအခုလာမဲ့...
26/11/2023

Edit..
#အခက်အခဲတစ်ခုကြောင့်ဗုဒ္ဓဟူးနေ့မှပို့ဖြစ်ပါမယ်ခင်ဗျာ 🙏

ခဏပေါ်လာလိုက် ပျောက်သွားလိုက်လုပ်နေတဲ့ဂျီးတော်ကြီးက
အခုလာမဲ့ အင်္ဂါနေ့မှာ ဖောက်သည်တွေဂျီကြလွန်းလို့ ငါးသလောက် ပေါင်းပါမယ်တဲ့ဗျ ။
ပွဲရေ အကန့်အသတ်ရှိလို့ ကြိုတင်မှာ မှ စိတ်ချရပါမယ်။
ငါးသလောက်ပေါင်းနဲ့အတူအရံဟင်းနှစ်မျိုးပါ ပါမယ်ခင်ဗျ။
ပန်းဂေါ်ဖီကြက်ဥကြော်နှင့်သရက်ချဉ်သုပ်ဖြစ်ပါတယ်။
ခေတ်ကာလ ပြောင်းလို့ အစစ ဈေးနှုန်းတွေ တက်နေပေမဲ့ ဂျီးတော်ကြီးက မိတ်ဆွေတွေအတွက် မပြောင်းလဲသေးတဲ့နှုန်းနဲ့ တစ်ပွဲကိုတစ်သောင်းကျပ်ပဲကျသင့်ပါမယ်။မြို့နယ်အလိုက်ပို့ဆောင်ခတော့ထပ်မံကျသင့်ပါမယ်။
ဂျီးတော်ကြီးရဲ့လက်ရာအလွမ်းပြေရအောင် မြန်မြန်လေးမှာထားမှ စိတ်ချရမယ်ခင်ဗျ🏃🏃‍♀️

(28.11.2023)အင်္ဂါနေ့မှာပို့ဆောင်ပါမယ်။

09258156366 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။

ဒေါ်လေးအိမ်က မီ့ရဲ့ချွေတာဟင်းတစ်ခွက်...ဒီနေ့တော့ ကြက်ရိုးမျှစ်ဆို့ပေါက်သောက်ဆမ်းရှူးရှဲဟင်းချက်ဖြစ်တယ်။ ကုန်ကျငွေကကြက်ရိ...
24/10/2023

ဒေါ်လေးအိမ်က မီ့ရဲ့ချွေတာဟင်းတစ်ခွက်...
ဒီနေ့တော့ ကြက်ရိုးမျှစ်ဆို့ပေါက်သောက်ဆမ်းရှူးရှဲဟင်းချက်ဖြစ်တယ်။
ကုန်ကျငွေက
ကြက်ရိုး တစ်ထောင်ဖိုး..မျှစ်ဆို့ပေါက် ငါးရာဖိုး..နှစ်မျိုးပေါင်းတစ်ထောင့်ငါးရာဖိုးနဲ့ထမင်းမြိန်တဲ့ဟင်းရံတစ်ခွက်ရတယ်။ ငရုတ်သီးစိမ်း၊ဆီ၊ဆား၊ရှမ်းနံနံနဲ့စပါးလင်ကအိမ်ကစိုက်။အခုချက်တဲ့
ဟင်းနံမည်ကို မီ့ရဲ့ချွေတာဟင်းလို့ပဲပေးထားတယ်။
အရင်ဦးဆုံးကြက်ရိုးလေးတွေကို လက်တဆစ်ခန့်အတုံးသေးသေးတုံးပါမယ်။တုံးပြီးလျှင်ရေစင်အောင်ဆေးပြီး ဆား၊ဆနွင်းနယ်ပါမယ်။ပြီးလျှင် ငရုတ်သီးစိမ်း ဆယ်တောင့်ခန့်နှင့် ဂျင်း၊ကြက်သွန်ဖြူတို့ကိုရောထောင်းပြီးပါက အရသာနှပ်ထားသောကြက်သားတို့ကိုချက်မည့်အိုးထဲသို့ထည့်ကာဆီထမင်းစားဇွန်းတစ်ဇွန်းခန့်ဖြင့်လုံးချက် ချက်ပါမယ်။ပထမရေခမ်းပြီဆိုပါက ရေအနည်းငယ်ထည့်ကာထပ်ချက်ပါမယ်။ ဒုတိယရေခမ်းပါက မျှစ်ဆို့တုံးလေးတွေကို လေးစိပ် စိပ်ပါမယ်။ပြီးလျှင်ကြက်ရိုးနှင့်အတူဆက်ချက်ပါမယ်။မျှစ်ထည့်ပြီးတစ်ရေခမ်းပါက နောက်ဆုံးရေကို ကိုယ်ကြိုက်နှစ်သက်သည့်အနေအထားထည့်ပြီးဆူပွက်အောင်ချက်ပါမယ်။
ဟင်းအိုးဆူလာပြီဆိုပါက စပါးလင်တစ်ပင်ခန့်၊ငရုတ်သီးစိမ်းလေးငါးဆယ်တောင့်ခန့်၊ဂျင်းလက်တစ်ဆစ်ခန့်၊ကြက်သွန်ဖြူအမွှာကြီးလေးငါးမွှာခန့်တို့ကိုဓားပြားရိုက်ပြီးထည့်ပါမယ်။ပြီးလျှင် ရေဆေးထားသည့်မန်ကျည်သီးမှည့်လက်တစ်ဆစ်ခန့်ကိုရေဆေးထားသည့်အတိုင်း ထည့်ပြီး (မန်ကျည်သီးမှည့်ကိုရေစိမ်ထားသည့် မန်ကျည်းမှည့်ရေဖျော်မဟုတ်ပါ)ချခါနီး ရှမ်းနံနံသုံးလေးပင်ခန့်ကိုပါးပါးညှပ်ပြီးအုပ်လိုက်မယ်ဆိုပါက ဒေါ်လေးအိမ်က မီ့ရဲ့ချွေတာဟင်းတစ်ခွက်ရပါပြီရှင့်..
ခုလိုမိုးအေးအေးနဲ့ဆို အင်မတန်လိုက်ဖက်လှတဲ့ဟင်းတစ်ခွက်ပါ ❤️

18/10/2023

ဒီမနက်တော့ ဂျီးတော်ကြီးက ချွေတာဟင်းတစ်မယ်ဖြစ်တဲ့ ပဲပြားအချဉ်ဆီလည်ရေလည်ဟင်းချက်စားဖြစ်ပါတယ်။ငွေတစ်ထောင်ကျော်နဲ့စားလို့ကောင်းပြီးအရသာရှိတဲ့ဟင်းပါ။ ပဲပြားတစ်ထောင်ဖိုးကို လေးတုံးရပါတယ်။
ပထမဦးစွာ ပဲပြားကို ခပ်ထူထူလှီးပါမယ်။ ပြီးလျှင် ဆားဆနွင်းနယ်ပြီး ဆီနဲ့မကျက်တကျက်လေးကြော်ပါမယ်။(အကျက်ကြော်လျှင်ကျွပ်ပြီးပဲပြားထဲအရသာမဝင်မှာစိုးသည့်အတွက်ကြောင့်ပါ။)မကျက်တကျက်အနေအထားရောက်လျှင်ဆယ်ပြီး ကြက်သွန်ဖြူ၊နီနဲ့ငရုတ်သီးထောင်းထားသည်များကို ဆီနှစ်ကျပ်ခွဲသားကျော်ကျော်ဖြင့်ဆီသတ်ပါမယ်။ဆီသတ်ကျက်ပြီးမွှေးလာလျှင် ငံပြာရည်လောင်းထည့်ပါမယ်။ ရေနည်းနည်းထည့်ပါမယ်.. ထည့်ထားသည့်ရေ ဆူလာလျှင် ဆား၊ပုဇွန်ငါးပိအနည်းငယ်နှင့်အရသာမှုန့်ကိုထည့်ခါအဖုံးခေတ္တအုပ်ပြီးချက်ပါမယ်။ဆီပြန်ခါနီးမှ မန်ကျည်းအမှည့်ရေဖျော်ထားတာကိုထည့်ပါမယ်။ကိုယ်ကြိုက်သည့်ရေအနေအထားရောက်လျှင်အပေါ့အငံမြည်းပြီး ပဲပြားကြော်များကိုနောက်ဆုံးမှာထည့်ပါမယ်။ပဲပြားထည့်ပြီး အဖုံးခဏအုပ်ကာ ဆူပွက်လာပါက အပေါ့အငံမြည်းပြီး ချခါနီး ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းဓားပြားရိုက်လေးအုပ်လိုက်ပါက ပဲပြားအချဉ်ဆီလည်ရေလည်ဟင်းတစ်ခွက်ရပါပြီရှင့် 😋
ငွေတစ်ထောင်ကျော်နဲ့အရံဟင်းကောင်းကောင်းတစ်ခွက်ရတာမို့ပဲပြားကြိုက်သူများချက်စားစေချင်ပါတယ်။
PS.. ဒီပဲပြားချက်ဟင်းဟာ မိသားစုခြောက်ယောက်ခန့် လုံလုံလောက်လောက်စားလို့ရပါတယ်။
#ဒေါ်လေးအိမ်ရဲ့ချွေတာဟင်း_ပဲပြားချက်

ဂျီးတော်ကြီးချက်တဲ့ ငါးသလောက်ဟင်း..မနေ့ကမိုးအေးအေးနဲ့ ငါးမှာငါးသလောက်ဆိုတဲ့စာဆိုအတိုင်း အနံ့ရော အရသာပါပြီးပြည့်စုံတဲ့ ငါ...
04/10/2023

ဂျီးတော်ကြီးချက်တဲ့ ငါးသလောက်ဟင်း..
မနေ့က
မိုးအေးအေးနဲ့ ငါးမှာငါးသလောက်ဆိုတဲ့စာဆိုအတိုင်း အနံ့ရော အရသာပါပြီးပြည့်စုံတဲ့ ငါးသလောက်အချဉ်ဆီပြန်လေးချက်စားဖြစ်တယ်။
ငါးသလောက်ကို ပေါင်းစားတာ ကြော်စားတာထက် ခုလို မန်ကျည်းမှည့်လေးနဲ့ဆီလည်ရေလည်လေးချက်စားရတာက ကိုယ့်ရဲ့အကြိုက်ဆုံးပါ။ ဒါကြောင့်မို့ ကိုယ်ချက်တဲ့ငါးသလောက် ဆီလည်ရေလည်ဟင်းလေးချက်ပြပါမယ်ရှင်..
အခုချက်သည့်ငါးမှာ ငါးဆယ်သားခန့်ရှိပါတယ်။
အရင်ဦးဆုံး ကြက်သွန်ဖြူ၊ကြက်သွန်နီနဲ့ငရုတ်ပွသုံးတောင့်ကိုမညက်တညက်ထောင်းပါမယ်။(ဂျင်းလုံးဝမထည့်ပါ-ငါးသလောက်ရဲ့အနံ့ကိုအုပ်လိုက်သလိုဖြစ်တာကြောင့်)
ထောင်းထားသည့်ငရုတ်သီးကို ဆီငါးကျပ်သားခန့်နဲ့ဆီသတ်ပါမယ်။ဆီသတ်မကျက်ခင်မှာ ပုဇွန်ငါးပိလက်ဖက်ရည်ဇွန်းသုံးပုံတစ်ပုံခန့်လောက်ထည့်ပါမယ်။ဆီသတ်ကျက်လျှင်ဆား၊ဆနွင်းဖြင့်နယ်ထားတဲ့ငါးထည့်ကာငရုတ်ဆုံဆေးရေထည့်ပြီးဆီပြန်အောင်ထားပါမယ်။ ဆီပြန်လျှင်ရေအနည်းငယ်ထပ်ထည့်ပြီးဆူပွက်လာပါက မန်ကျည်းသီးမှည့်ရေကို ကိုယ်ကြိုက်တဲ့အရသာ အနေအထားထည့်ပါမယ်။ခနအကြာဆူပွက်လာပါက အရသာအပေါ့အငံမြည်းကြည့်ပြီးချခါနီး နံနံပင်လေးအုပ်လိုက်ပါက ငါးသလောက်အချဉ်ဆီပြန်ဟင်းရပါပြီရှင့်။
သတိပြုရန်မှာ မန်ကျည်းမှည့်ရေကိုချိန်ဆထည့်စေချင်ပါတယ်..မန်ကျည်းရေအများကြီးထည့်မိပါက တခြားဟင်းတွေလိုအချဉ်ထိန်းဖို့အတွက် ငံပြာရည်ထည့်လို့အဆင်မပြေပါရှင်.. ငံပြာရည်ထည့်ပါက ငါးသလောက်ရဲ့အနံ့ကိုဖုံးအုပ်စေတာကြောင့်ပါ။ကိုယ့်အတွက်ငါးသလောက်ကိုစားတယ်ဆိုတာမှာ ငါးသလောက်ရဲ့အနံ့ကိုပါစားသုံးမှပြီးပြည့်စုံတာကြောင့်ပါ။

ဒီနေ့ ဒေါ်လေးအိမ် ကိုအားပေးကြတဲ့မိတ်ဆွေ တစ်ဦး တစ်ယောက်ချင်းစီကို ဒေါ်လေးအိမ်မိသားစုမှ လှိုက်လှဲစွာကျေးဇူးတင်ပါတယ်ရှင့် ❤...
30/09/2023

ဒီနေ့ ဒေါ်လေးအိမ် ကိုအားပေးကြတဲ့မိတ်ဆွေ တစ်ဦး တစ်ယောက်ချင်းစီကို ဒေါ်လေးအိမ်မိသားစုမှ လှိုက်လှဲစွာကျေးဇူးတင်ပါတယ်ရှင့် ❤️
ဒေါ်လေးအိမ် ပြန်စလို့ Congratulations မုန့်ဖိုးပေးသော ဆရာနှင့်ဆရာမသို့လည်း အထူးလှိုက်လှဲစွာကျေးဇူးတင်ပါတယ်ရှင် 💛
ပြန်အစမှာ ကသောင်းကနင်းနဲ့အမယ်များ မှားယွင်းပြီးပို့ဆောင်ပေးမိသော မမသို့လည်း တောင်းပန်ပါတယ်ရှင့် 😊
နောက်တစ်ပတ်မှာ ပြန်ဆုံပါမယ် 🌻

ဂျီးတော်ကြီးချက်တဲ့ ငါးခြောက်ဟင်း..ခရီးမှာ ဒုတ်ိယ ချက်ဖြစ်တဲ့ဟင်းကငါးခြောက်ခရမ်းချဉ်သီးဆီပြန်ဟင်း...ဒီဟင်းက ကိုယ့်အကြိုက...
29/09/2023

ဂျီးတော်ကြီးချက်တဲ့ ငါးခြောက်ဟင်း..
ခရီးမှာ ဒုတ်ိယ ချက်ဖြစ်တဲ့ဟင်းက
ငါးခြောက်ခရမ်းချဉ်သီးဆီပြန်ဟင်း...
ဒီဟင်းက ကိုယ့်အကြိုက်ဟင်းတစ်ခွက်ဖြစ်သလို အတော်များများလည်းကြိုက်လေ့ရှိတဲ့ဟင်းပါ။ အထူးသဖြင့် အိမ်နဲ့ဝေးနေသူတွေ..ကိုယ့်ရေမြေနဲ့ဝေးနေသူတွေရဲ့အကြိုက်ဟင်းပေါ့။ဒီဟင်းကို မိတ်ဆွေတွေဆီရောက်သခိုက် ငါးခြောက်ကဒီကပါသွားတော့ ခရမ်းချဉ်သီးလေးရှာပြီးရအောင်ချက်ပေးခဲ့တယ်။
(ရှာနည်းက နည်းနည်းတော့ ခေါင်းခြောက်ရတယ် 😅 အခန်းချင်းကပ်ရပ် ညီမလေးတစ်ယောက်ရဲ့မေမေဆီကသွားတောင်းလိုက်တာ) 😁
ဒီတခါတော့ ချက်နည်းလေးပါ တင်ပေးပါမယ်။ ငါးကွမ်းရှပ်ခြောက်(၂၅)သားခန့်ကို လက်မခန့်လောက်အတုံးလေးတွေတုံးပြီး ဆားရေခနစိမ်ပါမယ်။ အငံရေထွက်အောင်လို့ပါ။ ပြီးလျှင် ရေနဲ့သုံး/လေးခါဆေးပြီးလျှင် ဇကာတစ်ခုနဲ့ဆယ်ထားပြီးရေစစ်ထားပါ။ ငါးခြောက်ရေစစ်ထားချိန်တွင် ကြက်သွန်ဖြူ/နီနှင့် ငရုပ်သီးခွဲခြမ်းဖတ်ကိုထောင်းပါ..(ငရုတ်သီးအပုတောင့်ရှိလျှင်အပုတောင့်ကိုထောင်းပြီးချက်တာကပိုကောင်းပါတယ်) ပြီးလျှင် ခရမ်းချဉ်သီး တစ်ပိသာကျော်လောက်ကိုပါးပါးညှပ်ပါမယ်။(ကိုယ်က အနှစ်များများကြိုက်တတ်သူမို့ ခရမ်းချဉ်သီးကို များများသုံးလေ့ရှိတယ်)
ခရမ်းချဉ်သီးညှပ်ပြီးပါက ရေစစ်ထားသည့် ငါးခြောက်ကိုဆီအနည်းငယ်နှင့်အပေါ်ယံတင်းယုံလေးကြော်ပါမယ်။ငါးခြောက်ကြော်ပြီးပါက ခနခပ်ထားပြီး ထောင်းထားတဲ့ငရုတ်သီးကိုဆီသတ်.. ဆီသတ်ကျက်လျှင် ခရမ်းချဉ်သီးထည့်၍ ရေအနည်းငယ်ထည့်ကာအဖုံးအုပ်ပြီးခရမ်းချဉ်သီးကြေသည်အထိချက်ပါမယ်။ခရမ်းချဉ်သီးကြေပါက ငါးခြောက်ထည့်..ပြီးလျှင်ရေအနည်းငယ်ထည့်ပြီးဆက်ချက်ပါမယ်။ဆီပြန် သို့မဟုတ် ဆီလည်ရေလည်.. ကြိုက်သလိုချက်နိုင်ပါတယ်။ကိုယ် ကတော့ဆီလည်ရေလည်ပိုကြိုက်လို့ ရေအနည်းငယ်ချန်ပြီး
မီးဖိုက ချခါနီးမှငရုတ်သီးစိမ်းဓားပြားရိုက်ထည့်.. နံနံပင်လေးအုပ်လိုက်တော့ ငါးခြောက်ခရမ်းချဉ်သီးဟင်းမွှေးမွှေးလေးတစ်ခွက်ရပါပြီရှင် 😋
*ငါးခြောက်ဟင်းကလွယ်ကူတာမို့ ချက်တတ်သူများကျော်သွားလို့ရပါတယ်။

 #ဒေါ်လေးအိမ် ပြန်လာပြီ ❤️မင်္ဂလာပါရှင် 🙏🙏🙏ကျွန်မတို့ရဲ့ ဒေါ်လေးအိမ်မိသားစု(Catering service & Traditional Food) ကိုရပ်န...
26/09/2023

#ဒေါ်လေးအိမ် ပြန်လာပြီ ❤️

မင်္ဂလာပါရှင် 🙏🙏🙏
ကျွန်မတို့ရဲ့ ဒေါ်လေးအိမ်မိသားစု
(Catering service & Traditional Food) ကို
ရပ်နားထားတာ အခုဆိုရင် ၂နှစ်တိတိရှိပါပြီရှင့်..
ဒေါ်လေးအိမ် ထမင်းဘူး၊ဟင်းဘူးများနှင့်
မြန်မာမုန့်အော်ဒါများအတွက်ဆက်သွယ်ကြသူများသို့ ပထမဦးစွာတောင်းပန်စကား ပြောပါရစေရှင် ...
ဟင်းဘူးမှာချင်လို့ဆက်သွယ်ကြသူများ.. ထမင်းဘူးအော်ဒါအတွက် ဆက်သွယ်ကြသူများ..
သင်တန်းတွင်ကျွေးမွေးဧည့်ခံဖို့အတွက် ဆက်သွယ်ကြသူများ..
အလှူအတန်းပြုလုပ်ရန်အတွက် အော်ဒါမှာရန်ဆက်သွယ်ကြသူများ..
ဘုန်းကြီးဆွမ်းကပ်အလှူအတွက် ဆက်သွယ်ကြသူများ..
နိုင်ငံရပ်ခြားမှ မိမိတို့မိတ်ဆွေများကို မေတ္တာပြရန်အတွက် ဆက်သွယ်မှာယူကြသူများ..
အစည်းအဝေးများတွင်ဧည့်ခံရန်အတွက် ဆက်သွယ်ကြသူများ..
အနုပညာပြပွဲများတွင်ဧည့်ခံဖို့အတွက် ဆက်သွယ်ကြသူများ အစရှိသဖြင့် အကြောင်းအမျိုးမျိုးအတွက် မှာယူရန်ဆက်သွယ်ပေးကြသော တစ်ဦးတစ်ယောက်ချင်းစီနှင့်အဖွဲ့အစည်းများအားလုံးကို ရပ်နားထားသည့် ကာလအတွင်း လက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ရသည့်အတွက်ဒေါ်လေးအိမ် မိသားစုမှ အနူးအညွတ် တောင်းပန်အပ်ပါသည်ရှင်။ရပ်နားထားသည့်ကာလအတွင်း ဒေါ်လေးအိမ်မိသားစုမှလည်း အားလုံးကို သတိရအောက်မေ့ရပါတယ်။
ဒီကြားကာလ ဒေါ်လေးအိမ် မိတ်ဆွေများ ဘေးကင်းလုံခြုံပြီးကျန်းမာနေကြမယ်လို့လည်း မျှော်လင့်ပါတယ်ရှင်။အကြောင်းအမျိုးမျိုးကြောင့် ဒေါ်လေးအိမ်ရပ်နားထားသည့်အထဲတွင် မိသားစုမှ ဖခင်ကြီးဖြစ်သူသည် ကိုဗစ်နောက်ဆက်တွဲရောဂါဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကဆုံးပါးသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာလည်း ဒေါ်လေးအိမ်ရပ်နားရခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။အခုဒီကာလ ဒေါ်လေးအိမ် ပြန်လည် လည်ပတ်ဖို့ရန်အတွက် တိုက်တွန်းကြသူ များ၊ ဖိအားပေးပြီးပြောဆိုကြသူများ၊ ဒေါ်လေးအိမ်ရဲ့ ရှာရှာဖွေဖွေဟင်းလျာများနှင့် မြန်မာမုန့်များကို လွမ်းနေကြသူများနှင့် အမြဲတမ်းအမာခံအားပေးကြသူမိတ်ဆွေများ အားလုံးကိုလေးစားချစ်ခင်တာကြောင့် ဒေါ်လေးအိမ် ပြန်လာရခြင်းဖြစ်ပါတယ်ရှင် 💛
ပြန်လာလာခြင်းပို့ဆောင်ပေးမဲ့မုန့်က ပုဇွန်ခြောက်ဆီထမင်းနှင့် ဖြူဖွေးလတ်ဆတ်တဲ့မုန့်လိပ်ပြာဖြစ်ပါတယ်။
ပို့ဆောင်ပေးမည့်ရက် - ၃၀၊စက်တင်ဘာ(စနေ)နေ့
ကျသင့်ငွေ - တစ်ဘူး ၃၀၀၀ ကျပ်။
အော်ဒါပိတ်မည့်ရက် - ၂၉၊စက်တင်ဘာ(သောကြာ) နေ့ည အော်ဒါပိတ်ပါမယ်။
မြို့နယ်အလိုက် ပို့ဆောင်ခသီးသန့်ကျသင့်ပါမယ်။
မှာယူရန် - မတ်ဆင်ဂျာနှင့်
ဖုန်း - 09258156366

ဒေါ်လေးအိမ် က မြန်မာမုန့်များကို လေးရက်တိတိရောင်းချခဲ့တာမှာ..ဝယ်ယူသုံးဆောင်အားပေးကြသော တစ်ဦးချင်း.. တစ်ယောက်ချင်းစီကို ဒ...
26/12/2022

ဒေါ်လေးအိမ် က မြန်မာမုန့်များကို လေးရက်တိတိရောင်းချခဲ့တာမှာ..
ဝယ်ယူသုံးဆောင်အားပေးကြသော တစ်ဦးချင်း.. တစ်ယောက်ချင်းစီကို ဒေါ်လေးအိမ် မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏
လေးရက်တိတိ ဆိုင်ဖွင့်ရောင်းချနိုင်အောင်..
မှာယူသူများထံ ပို့ဆောင်ပေးနိုင်အောင် အစစကူညီပံ့ပိုးပေးသူများကိုလည်း အမှတ်တရနဲ့ကျေးဇူးတင်ရပါတယ် ❤️
လာမဲ့ ၂၀၂၃ မှာ ဘက်ဂျက်ဟင်းဘူးများပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းကိုလည်း သတင်းပါးရင်း...
ဒေါ်လေးအိမ် ချစ်သူများ နှစ်သစ်တွင် လွတ်လပ် ငြိမ်းချမ်း
လုံခြုံပြီး ကျန်းမာ ဘေးကင်းသောနှစ်သစ် ဖြစ်ကြပါစေ 🌻

Merry Christmas to you all 🎄ပျော်ရတဲ့ ခရစ်စမတ်ကာလမဟုတ်ပေမဲ့ ဒီကာလမယ် တစ်ဦးနဲ့တစ်ဦး နွေးထွေးခြင်း ..စောင့်ရှောက်ခြင်း..ဖေ...
25/12/2022

Merry Christmas to you all 🎄
ပျော်ရတဲ့ ခရစ်စမတ်ကာလမဟုတ်ပေမဲ့ ဒီကာလမယ် တစ်ဦးနဲ့တစ်ဦး နွေးထွေးခြင်း ..
စောင့်ရှောက်ခြင်း..
ဖေးမကူညီခြင်း...
ချစ်ခြင်းများနှင့်ပြည့်စုံရသည့် အခါသမယ ဖြစ်ပါစေကြောင်း ဒေါ်လေးအိမ်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ အားလုံးသော ချစ်ခြင်းများနှင့် နွေးထွေးလုံခြုံကြပါစေ ❤️

တခဲနက် အားပေးကြတဲ့ ချစ်ရသူများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...ဒီနေ့ ထမနဲမှာပြီးမရလိုက်တဲ့သူများကိုလည်း အနူးအညွတ်တောင...
24/12/2022

တခဲနက် အားပေးကြတဲ့ ချစ်ရသူများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...ဒီနေ့ ထမနဲမှာပြီးမရလိုက်တဲ့သူများကိုလည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင်.. မနက်ဖြန် ဒေါ်လေးအိမ်ရဲ့ထမနဲကောင်းကောင်းလေးပို့ဆောင်ပေးပါမယ်။ ခရစ်စမတ်နေ့မှာဈေးရောင်း အပိတ်ရက်အဖြစ်
*မုန့်လိပ်ပြာ
*မုန့်ကျွဲသဲ
*ထမနဲ
*မုန့်ဖတ်ထုပ်
*မုန့်ကြာစေ့သာကူ
(နို့စိမ်းဆမ်း)ကို
မနက်ဖြန်(၂၅-၁၂-၂၂) နံနက်၈း၀၀နာရီအထိအမှာလက်ခံပေးပါမယ်။
မြန်မာမုန့်လေးချစ်မိတ်ဆွေများနဲ့အတူ
ကျန်းမာစွာနှစ်သစ်ကို ဆက်လက်ဖြတ်သန်းကြမယ်နော်...

မနက်ဖြန်မှာ နေ့စဉ်ပို့ပေးနေတဲ့ မြန်မာမုန့်များအပြင် အထူးစပါယ်ရှယ်အဖြစ် ရာသီစာကောက်ညှင်းငချိတ်ထမနဲ ရပါမယ်ရှင့်..ထမနဲစားချ...
23/12/2022

မနက်ဖြန်မှာ နေ့စဉ်ပို့ပေးနေတဲ့ မြန်မာမုန့်များအပြင် အထူးစပါယ်ရှယ်အဖြစ် ရာသီစာကောက်ညှင်းငချိတ်ထမနဲ ရပါမယ်ရှင့်..
ထမနဲစားချင်လို့ ပူဆာနေတဲ့ မိတ်ဆွေများ အခုကစ မှာလို့ရပါပြီရှင်..

#တစ်ဘူးကို၂၀၀၀ကျပ်ပါ။

ဒီနေ့အတွက် ပို့ဆောင်ပေးလိုက်ပါပြီ...အားလုံး စားကောင်းကြပါစေရှင် 🌻
23/12/2022

ဒီနေ့အတွက် ပို့ဆောင်ပေးလိုက်ပါပြီ...
အားလုံး စားကောင်းကြပါစေရှင် 🌻

(၂၃) ရက်နေ့ မနက်ဖြန်အတွက် မုန့်များမှာယူနိုင်ပါပြီရှင်။မနက်ဖြန်ရနိုင်မည့်မုန့်များ...၁) ထန်းသီးမုန့် (ပွဲရေအကန့်အသတ်)၂) ...
22/12/2022

(၂၃) ရက်နေ့ မနက်ဖြန်အတွက် မုန့်များမှာယူနိုင်ပါပြီရှင်။
မနက်ဖြန်ရနိုင်မည့်မုန့်များ...
၁) ထန်းသီးမုန့် (ပွဲရေအကန့်အသတ်)
၂) မုန့်လိပ်ပြာ
၃) ကောက်ညှင်းရွှေကြည်
၄) ခေါပြင်
၅) မုန့်ကျွဲသဲ
၆) မုန့်ကြာစိသာကူ နို့စိမ်းဆမ်း
၇) မုန့်ဘိုင်းတောင့်ပဲဆုပ်
အခုကစ အမှာတင်နိုင်ပါပြီရှင့် 💛

ဒီနေ့အတွက် မြန်မာမုန့်များ ပို့ဆောင်ပေးလိုက်ပါပြီ...စားလို့အဆင်ပြေကြပါစေ 💛
22/12/2022

ဒီနေ့အတွက် မြန်မာမုန့်များ ပို့ဆောင်ပေးလိုက်ပါပြီ...
စားလို့အဆင်ပြေကြပါစေ 💛

မြန်မာမုန့်ဘူးများကို ဒီဇင်ဘာ ၂၂-၂၃-၂၄-၂၅(၄) ရက်တိတိပို့ဆောင်ပေးပါမယ်ရှင်..မှာယူပေးသူအားလုံးကို ကျေးဇူးတင်စွာဖြင့် မျှော...
21/12/2022

မြန်မာမုန့်ဘူးများကို ဒီဇင်ဘာ ၂၂-၂၃-၂၄-၂၅
(၄) ရက်တိတိပို့ဆောင်ပေးပါမယ်ရှင်..
မှာယူပေးသူအားလုံးကို ကျေးဇူးတင်စွာဖြင့် မျှော်ရည်တဲ့အနာဂတ်ကို
ကျန်းမာစွာ..
ဘေးကင်းလုံခြုံစွာ..
ကျော်ဖြတ်နိုင်ပါစေရှင် 💛
#တစ်ဘူး၂၀၀၀ကျပ်

မင်္ဂလာပါရှင့် 🌻မြန်မာမုန့်စားချင်လို့ ခန ခနပူဆာနေကြတဲ့ ဒေါ်လေးအိမ်ချစ်သူများကို ဂျီးတော်ကြီးအလွမ်းပြေ မြန်မာမုန့်ဘူးမျာ...
20/12/2022

မင်္ဂလာပါရှင့် 🌻
မြန်မာမုန့်စားချင်လို့ ခန ခနပူဆာနေကြတဲ့ ဒေါ်လေးအိမ်ချစ်သူများကို ဂျီးတော်ကြီးအလွမ်းပြေ မြန်မာမုန့်ဘူးများပြန်လည်ပို့ဆောင်ပါမယ်ရှင့်...
၂၂ ဒီဇင်ဘာကနေ ၂၅ ဒီဇင်ဘာ အထိ အမှတ် (၃) လမ်းဆုံ Terminal M ဆိုင်အမှတ် (၂၄) တွင်လည်း လေးရက်တိတိရောင်းချပေးမည်ဖြစ်ကြောင်းကိုလည်း သတင်းပါးပါတယ်ရှင်...
မြန်မာမုန့် သုံးမျိုးပါဝင်သောဘူး တစ်ဘူးလျှင် ၂၀၀၀ ကျပ်နှင့် မုန့်ကြာစေ့သာကူ နို့စိမ်းဆမ်း တစ်ဘူးကို ၁၅၀၀ ကျပ်ဖြင့် အကန့်အသတ်မရှိမှာယူနိုင်ပါတယ်။
မြို့နယ်အလိုက် ပို့ဆောင်ခ သီးသန့်ကျသင့်ပါမယ်။

Pls order...
Page Messenger
& 09258156366

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959258156366

Website

Alerts

Be the first to know and let us send you an email when Daw Lay Eain - ဒေါ်လေးအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daw Lay Eain - ဒေါ်လေးအိမ်:

Videos

Share

Category