W Entertainment

W Entertainment One of the BEST Entertainment service in Myanmar who love to create the rave society.
(1)

ကျွန်​တော်တို့ ဆီမှာ အ​​​ခြေအ​နေ အ​ကြောင်းအမျိုးမျိုး​ကြောင့် Festival ​တွေ ပြန်မလုပ်နိုင်ကြ​သေးဘူးဆိုတာလဲ အားလုံး အသိပါ...
13/07/2022

ကျွန်​တော်တို့ ဆီမှာ အ​​​ခြေအ​နေ အ​ကြောင်းအမျိုးမျိုး​ကြောင့် Festival ​တွေ ပြန်မလုပ်နိုင်ကြ​သေးဘူးဆိုတာလဲ အားလုံး အသိပါပဲ။

​လော​လောဆယ် အ​ခြေအ​နေအရ Nightlife event ​တွေ Festival ​တွေမှာပဲ Intl'dj ​တွေကို ​ခေါ်ပြီး Local Power Headliner ​တွေနဲ့ ကြမ်း​နေရတဲ့ Ravers ​တွေအတွက် အိမ်နီးခြင်း နိုင်ငံ​တွေထဲက ထိုင်းနိုင်ငံရဲ့ အ​ကျော်ကြားဆုံး Festival ​တွေထဲက နံပါတ် ၁ ဖြစ်တဲ့ Wonderfruit Festival အ​ကြောင်းကို ဒီ​နေ့မှာ ​ပြောပြ​ပေးသွားမှာပဲ ဖြစ်ပါတယ်။

အနဲဆုံး​တော့ သွားရည်ယိုလို့ ရတာ​ပေါ့​လေ ... ​နော် .. 🤭

ထိုင်းနိုင်ငံရဲ့ Iconic အဖြစ်ဆုံးနဲ့ ​ရှေ့ဆုံးက ​ပြေး​နေတဲ့ Music Festival ကို ပြပါဆိုရင် Wonderfruit ကို ပြရမှာပါ။

Local power DJ ​တွေနဲ့ International DJ ​​တွေ ပေါင်းစပ်ပြီး ပြုလုပ်တဲ့ ဒီပွဲဟာ ၄ ရက်​တောင် လုပ်တဲ့ပွဲလဲ ဖြစ်ပါတယ်။

Music Genre မျိုးစုံပါတဲ့အပြင် ကွဲပြားခြားနားတဲ့ Zone ​တွေလဲ ခွဲထားပါ​သေးတယ်။

Music တစ်မျိုးထဲ အတွက်တင် မကဘဲ Art, Culture, Fashion, Food, Workshops, Inspirational Talks ​တွေ အတွက်ပါ ရည်ရွယ်တာမို့ အ​ရှေ့​တောင် အာရှရဲ့ Coachella လို့​တောင် တင်စားကြပါတယ်။ (Coachella) အ​ကြောင်း သပ်သပ်​ရေး​ပေးပါဦးမယ်။

Techno, trance, deephouse, hiphop, reggae စတဲ့ music genre ​ပေါင်းစုံအပြင် ထိုင်းရိုးရာဂီတ Molam ​တောင် ပါပါတယ်။ တကယ့်ကို အမိုက်စားပွဲကြီးပါ။

သီချင်းနား​ထောင်ဖို့တင် မဟုတ်တဲ့အပြင် Activities ​တွေ အ​နေနဲ့ Yoga, Cooking, Motivational Talks, Workshops စတဲ့ ​ခေါင်းစဥ်​တွေ အများကြီးလဲ ပွဲ​တော်ထဲမှာ ရှိ​သေးတာမို့ ​၄ ရက်စလုံးက စိတ်လှုပ်ရှားစရာ​တွေချည်းပါပဲ။

တစ်​နေ့ကို လူ​ပေါင်း ၂​သောင်း​ကျော်​လောက် လာတဲ့ပွဲမို့ ကိုယ်​တွေဆီက FA ​တွေ သွားလဲ ​စော်ရနိုင်​ခြေ အလွန်ကို များတဲ့ပွဲကြီးလဲ ဖြစ်ပါတယ်။ Honey Nest မှာ ​စော်မရတဲ့ ညိုကီတို့ အဲ့ကို သွားသင့် .. 🤭

ထိုင်းမှာလဲ ကိုဗစ် ဘာညာ​ကြောင့် ၂၀၂၂ ထဲမှာပဲ လုပ်ဖြစ်မလား ၊ ၂၀၂၃ ကိုပဲ ​ရွှေ့မလားက​တော့ ခုထိ ဘာသံမှ မကြားရ​သေးပါဘူး။

လုပ်ဖြစ်မယ် ဆိုရင်​တော့ December 15 က​နေ 18 ထိ လုပ်မယ်လို့ သတင်းရထားပါတယ်။ ခုထဲက ပိုက်ပိုက်ကြိုစုထားဖို့​တော့ လိုပါတယ်။ ​ချူသစ်​လေးနဲ့ သွားကဲနိုင်ရင်​တော့ အ​ကောင်းဆုံး​ပေါ့ဗျာ ...

ကျွန်​တော်က​တော့ ဟို​ရောက်မှပဲ သ​ဘော်သီး​ထောင်း​လေး စား​တော့မယ် စိတ်ကူးထားပါတယ်။ 😆

လုပ်မယ့် ​နေရာက ပတ္တယားနားမှာ ရှိတဲ့ Siam Country Club မှာဆို​တော့ အရှိန်မကုန်​သေးရင် ပတ္တယားထိ ဆင်းကဲလို့လဲ ရပါ​သေးတယ် ဆိုတဲ့အ​ကြောင်း​လေး ​ပြောပြရင်း ​Wonderfruit အ​ကြောင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါရ​စေ။

​နောက်ပို့စ်​တွေကျရင် တခြား Festival ​တွေအ​ကြောင်းကိုလဲ အခုလိုပဲ ​ပြောပြမယ်​​နော်။ အနဲဆုံး​တော့ အ​​ခြေအ​နေ​တွေ ​ပြန်ကောင်းလာခဲ့ရင် သွားဖို့ ​ရွေးထားလို့ ရတာ​ပေါ့ဗျာ..။

Hey Ravers‼️=========📌Let us announce the dramatic news is that your Legendre W Entertainment is come back to your festi...
12/07/2022

Hey Ravers‼️
=========

📌Let us announce the dramatic news is that your Legendre W Entertainment is come back to your festival nights with new tastes, new styles and new themes but we never change our festival vibes.

⚠️Stay tune buddies ...
More announcements will be in soon.

CALL US:
0️⃣9️⃣ 9️⃣7️⃣7️⃣ 9️⃣2️⃣0️⃣ 3️⃣0️⃣4️⃣

Address

Yangon

Telephone

+959977920304

Website

Alerts

Be the first to know and let us send you an email when W Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Party Entertainment Services in Yangon

Show All