Yoe Myay Kya

Yoe Myay Kya YoeMyayKya is a Bridal House which offers professional photo & video services for pre-wedding and wedding events.

ရိုးမြေကျ Bridal & Wedding Planning Services Company ကို 2017 ခုနှစ်တွင် Eric Artwork media production Co.Ltd ၏ လုပ်ငန်းခွဲအနေနဲ့ စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာမောင်နှံများအတွက် အမြဲအမှတ်တရဖြစ်စေမယ့် ခမ်းနားလှပတဲ့ မင်္ဂလာပွဲများကို One Stop Service အပြည့်ဖြင့် တာဝန်ယူဖန်တီးပေးနေပါပြီ။

သတို့သမီးလောင်းလေးများအတွက်လဲ သူမတူအောင် လှပတဲ့ မင်္ဂလာဝတ်စုံလေးများကို ရွေးချယ်နိုင်တဲ့အပြင် မိမိစိတ်ကူးထဲက Wedding Dres

s လေးများကို စိတ်တိုင်းကျ Customize လုပ်ခွင့်ရဦးမှာပါ။

မင်္ဂလာပွဲများအပြင် အခြားသော Events များကိုပါ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ အလှပဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

20/02/2019
အမှတ်တရများစွာနဲ့ Kandawgyi Palace Hotel မှာ ဘုရားသခင်ရှေ့မှောက် သစ္စာပြုခဲ့ကြတဲ့Bawk La နှင့် Ja Man တို့ ဇနီးမောင်နှံ...
30/11/2017

အမှတ်တရများစွာနဲ့ Kandawgyi Palace Hotel မှာ ဘုရားသခင်ရှေ့မှောက် သစ္စာပြုခဲ့ကြတဲ့
Bawk La နှင့် Ja Man တို့ ဇနီးမောင်နှံ "ရိုးမြေကျ" ပေါင်းဖက်ရပါစေသော်ဝ်

အိမ်ထောင်တစ်ခု သာယာခိုင်မြဲအောင် တည်ဆောက်ခြင်း။ Happily Ever After တို့ ရိုးမြေကျ ပေါင်းဖက်ခြင်းတို့ဆိုတာ Relationship G...
26/11/2017

အိမ်ထောင်တစ်ခု သာယာခိုင်မြဲအောင် တည်ဆောက်ခြင်း။

Happily Ever After တို့ ရိုးမြေကျ ပေါင်းဖက်ခြင်းတို့ဆိုတာ Relationship Goal လို့ပြောလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စုံမက်နှစ်သက်လို့ လက်ထပ်ပြီဆိုမှတော့ သက်ဆုံးတိုင်ပေါင်းဖက်ဖို့ ရည်မှန်းပြီးသားဖြစ်နေကြမှာပါ။ တစ်ကယ်တော့ အိမ်ထောင်တစ်ခု တည်တံ့အောင်ထိန်းသိမ်းဖို့ဆိုတာလဲ အနုပညာလို့ မှတ်ယူလို့ရပါတယ်။ ရိုးမြေကျ ရဲ့ customers/ clients တွေအတွက် ဒီအနုပညာကို ဘယ်လိုဖော်ကျုးမလဲဆိုတာလေးကို ဝေမျှပေးချင်ပါတယ်။

1. တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးပါ။

ချစ်ကြပြီ လက်ထက်ကြပြီ ဆိုမှတော့ ချစ်လို့ပေါ့လို့ ပြောကြမှာပါပဲ။ လက်မထပ်ခင်တုန်းက ချစ်သလို လက်ထပ်ပြီးရင်လဲ ချစ်ဖို့လိုပါတယ်။ ရိုးမြေကျ ပေါင်းဖက်ဖို့ဆိုတာ အချစ်တွေအမြဲရှင်သန်နေမှလဲ ဖြစ်မှာပါ။ သမီးရည်းစားတုန်းကလိုပဲ ချစ်နေဖို့ဆိုရင်တော့ အရင်လို date night တွေသွားပါ။ ချစ်သူ ကြိုက်နှစ်သက်တာလေးတွေနဲ့ surprise လုပ်ပါ။ အသေးအဖွဲလေးက အစပေါ့။ တစ်ယောက်နဲ့တစ်ယောက်လဲ အချိန်ပေးပါ။ အလုပ်တွေများလို့ ထိတွေ့မှုနည်းသွားရင် အရင်ကလောက် ရင်မခုန်တော့ရင် အချစ်တွေလျော့လာနိုင်ပါတယ်။ ဒါဟာ နှစ်ယောက်စလုံးမှာ တာဝန်ရှိပါတယ်နော်။

2. တစ်ယောက်နဲ့တစ်ယောက် လေးစားပါ။

Respect ဆိုတာ လင်နဲ့မယားအတွက်လဲ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေရုံအပြင် လေးစားမှုလဲရှိမှ ခိုင်မြဲမှာပါ။ မောင်နှစ်မ အရင်းတွေတောင် ရန်ဖြစ်ကြသေးရင် သူစိမ်းနှစ်ယောက်ဆို ပိုဆိုးပါတယ်။ Personality တွေ မတူတဲ့သူတွေဆို ပြောစရာမလိုအောင်ပါပဲ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ညှိနှိုင်းမှသာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုရရှိမှာပါ။ သူ့အကြိုက် ကိုယ့်အကြိုက် ညှိယူပါ။ ကိုယ်မကြိုက်တဲ့အချက်တွေရှိခဲ့ရင်လဲ ဘာ့ကြောင့်မကြိုက်သလဲ ဆိုတာ တိုင်ပင်ပါ။ ဆွေးနွေးပါ။ ဒါပေမယ့် လူတစ်ယောက်ကို ဘယ်တော့မှ ပြင်ဖို့မကြိုးစားပါနဲ့။ နောင်တစ်ချိန် သူမကျေနပ်တာတွေစုလာနိုင်ပါတယ်။

3. ကိုယ့်အတွက်ကို Me Time ထားပါ။

ကိုယ့်ရဲ့ အလုပ်ချိန်ုပြင်ပ hobby တွေ interests တွေကို ယောကျာ်း မိန်းမ ယူလိုက်ရလို့ စွန့်လွှတ်လိုက်ရတာမျိုး မဖြစ်သင့်ပါဘူး။ အစတော့ ပျော်နေပေမယ့် နောက်ပိုင်း ဒါဟာ တစ်ယောက်နဲ့တစ်ယောက် မုန်းသွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေဟာ အိမ်ထောင်ပြုလိုက်တာနဲ့ အိမ်မှုတာဝန်တွေလုံးချာလည်ပြီး ကိုယ့်အတွက် တိုးတက်မယ့်အရာတွေ ကိုယ်နှစ်သက်တာတွေအတွက် အချိန်ပေးဖို့ မအားကြတော့ပါဘူး။ ခုခေတ်လို အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတွေဟာ stress ပေါင်းစုံဝိုင်းနေတတ်ပါတယ်။ အဲဒီ့ကြားထဲကမှ ကိုယ့်အတွက် Me Time ဆိုတာ မရှိရင် ပိုပြီး stress တွေများလာပါလိမ့်မယ်။

အဓိက က ကိုယ်ပိုင် free time လေးတွေ personal space လေးတွေထားပါ။ အဲဒီအချိန် ကိုယ်ဝါသနာပါရာလေးတွေလုပ်ပါ။ စာဖတ်တာ ရုပ်ရှင်ကြည့်တာ ဂစ်တာတီးတာ ဘာသာစကားတစ်ခု လေ့လာလိုက်စားတာ တရားထိုင်တာ အဲလို အကျိုးရှိမယ့် အရာတစ်ခုခုပေါ့။ Personal space ဆိုပြီး Karaoke တို့ Massage တို့ရောက်တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါကတော့ ကိ်ုယ့်ခင်ပွန်းကို ထိန်းသိမ်းဖို့လိုပါတယ်။

ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့လဲ အတက်နိုင်ဆုံး ဝင်ဆန့်အောင်ကြိုးစားပါ။ ကိုယ်တိုင်လဲ သူငယ်ချင်းတွေကို အဆက်မဖြတ်ပါနဲ့။ အရင်လို ပျော်ပျော်ပါးပါး လန်းလန်းဆန်းဆန်းနေပါ။

4. ယုံကြည်မှုရှိပါ။

ကိုယ့်ခင်ပွန်း ကိုယ့်မိန်းမ ဘယ်ရောက်နေလဲ ဖောက်ပြန်နေလား ဆိုတာမျိုးတွေက couple တိုင်းလိုလို ကြုံတွေ့ရမယ့် ခံစားချက်ပါ။ အထူးသဖြင့် တစ်ခါလောက် မယုံတော့ဘူးဆိုရင် နောက်တစ်ခါယုံဖို့က ခဲယဉ်းသွားပါပြီ။ သံသယစိတ်တွေရှင်းအောင် ဘယ်အရာမဆို transparent ဖြစ်နေအောင် အားလုံးသိနေအောင် အသိပေးပါ။ တိုင်ပင်ပါ။ Social Media accounts တွေ Password ပေးရမလားဆိုရင်တော့ ... ပေးပါ။ ဒါမှ ကိုယ်မဟုတ်တာ မလုပ်ကြောင်းသိမှာပါ။ Password တော့ပေးတယ် ကိုယ်က နောက်ထပ် account တုတွေရှိတယ်ဆိုရင်တော့ ကိုယ်ကမရိုးသားလို့ပေါ့။ ကိုယ့်ဟာကိုသာ Password ပေးထားလဲ နောက်ပိုင်းကိုယ့်ကို track ဖို့နေနေသာသာ သူက ကြည့်ဖို့တောင်အားမှာမဟုတ်ပါဘူး။ ယုံကြည်မှုဟာ relationship တစ်ခုမှာ အရမ်းအရေးကြီးပြီး အချိန်ပေးပြီး တည်ဆောက်ရပါတယ်။ ဝေးနေတဲ့ couple တွေဆိုရင် ဒါဟာပိုအရေးကြီးပါတယ်။

5. ကိုယ်မှားခဲ့ရင် တောင်းပန်ပါ။

ရန်ဖြစ်တာကတော့ လူတိုင်း couple တိုင်းပါပဲ။ မာနကြီးတစ်ခွဲသားနဲ့ ကိုယ်မှားလဲကိုယ်မှန်ဆိုရင်တော့ ခဏတာပဲ အဆင်ပြေနိုင်ပါတယ်။ ကြာရင် အစိုင်အခဲဖြစ်ပြီး ပိုဆိုးသွားပါလိမ့်မယ်။ တစ်ချို့ အမျိုးသားတွေဆို မင်းကဒီလိုလုပ်လို့ ငါကမကျေနပ်ဘူးဆိုပြီး နောက်တစ်ယောက်ရှာကြပါတယ်။ (လူတိုင်းကို မဆိုလိုပါ) အဲ့ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် ရန်ဖြစ်တာနဲ့ ပြန်သုံးသပ်ပါ။ ငါဘာမှားလဲ ဘာလို့ဒီလိုဖြစ်လဲ ဆိုတာကို ခေါင်းအေးအေးနဲ့စဉ်းစားပါ။ ကိုယ်က မှားခဲ့ရင်တောင်းပန်ဖို့ဝန်မလေးပါနဲ့။ ရန်ဖြစ်တာနဲ့ တစ်ခါထဲ ဖြေရှင်းနိုင်အောင်ကြိုးစားပါ။ ချစ်ခြင်းတွေနဲ့ပဲ အခက်အခဲတွေကို ကျော်လွှားပါ။

နားလည်မှုတွေ ကြင်နာမှုတွေနဲ့အတူ
~ ချစ်သူတိုင်း ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေ ~

09/11/2017

မင်္ဂလာဝတ်စုံရှာရတာ ရန်ကုန်တစ်မြို့လုံးကုန်ပြီလား ?

အားလုံးပဲ မင်္ဂလာပါ ...ရိုးမြေကျ မှကြိုဆိုလိုက်ပါတယ် နော်.. ဒီတစ်ခေါက်တော့ pre wedding ဓာတ်ပုံလေးတွေက ဘာကြောင့်အရေးကြီးလ...
07/11/2017

အားလုံးပဲ မင်္ဂလာပါ ...
ရိုးမြေကျ မှကြိုဆိုလိုက်ပါတယ် နော်.. ဒီတစ်ခေါက်တော့ pre wedding ဓာတ်ပုံလေးတွေက ဘာကြောင့်အရေးကြီးလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။

Pre wedding photoshoot ကို engagement shoot လို့လဲ ခေါ်ကြပါတယ်။ မင်္ဂလာပွဲ မကျင်းပမီ ၆ လလောက်အလိုမှာ pre wedding ရိုက်သင့်ပါတယ်တဲ့နော်။ ဒါမှ သတို့သား သတို့သမီးလဲ စိတ်ကြည်လင် တက်ကြွပြီး မပင်ပန်းပဲ ရိုက်နိုင်မှာပါ။ ပွဲနီးလာလေ stress များလေဆိုတော့ ၆ လလောက်ခွာပြီး ရိုက်တာက ပိုပြီးသင့်တော်ပါတယ်တဲ့နော်။

Pre wedding shoot ဟာ ခုနောက်ပိုင်းအရမ်းကို trend ဖြစ်နေပြီးတော့ တစ်ကယ့်ကို အမှတ်ရစရာတွပါ။ Wedding Planning လုပ်ရတဲ့ stress တွေ ကို pre wedding photoshoot လေးနဲ့ ဖြေသိမ့်ပြီး Romance တွေကိုလဲ ပြန်ပြီး ဖော်ကျုးလို့ရတဲ့ အချိန်လေးပေါ့နော်။ ဘယ်လို pose ပေးရမှန်းမသိတဲ့ Camera ရှက်တက်တဲ့ couple တွေအတွက် ကိုယ့်ရဲ့ ပွဲကြီးမတိုင်ခင် အရမ်းမရှက်တော့အောင် awkward သိပ်မဖြစ်အောင် pre wedding shoot က ကူညီပေးနိုင်ပါတယ်နော်။

ကိုယ့်ရဲ့ pre wedding photo album လေးတွေကိုလဲ နောက်နှစ်ပေါင်းများစွာကြာတဲ့ထိ သိမ်းထားနိုင်တဲ့အပြင် သားသား မီးမီးတွေရတဲ့ထိ ပြန်ကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ အဲဒီအချိန်က အလှတွေ romance တွေက ဘာနဲ့မှ အစားမထိုးနိုင်ပါဘူးနော်။ ပွဲကြီးနေ့ထက်တောင် pre wedding shoot က အရေးကြီးတယ်လို့ဆိုပါတယ်။ ပွဲကြီးမှာ ပင်ပန်းပြီး stress ပိနေပေမယ့် pre wedding မှာတော့ ကိုယ်တွေအတွက် အဓိပ္ပာယ်ရှိ်မယ့် နေရာလေးတွေမှာ ရိုက်ထားတဲ့အတွက် ဓာတ်ပုံလေးတွေက ပိုအသက်ဝင်နိုင်ပါတယ်။

pre wedding ရိုက်တဲ့အချိန်မှာ photographer က တစ်ကယ့်ပွဲကြီးမှာရိုက်မယ့် photographer နဲ့ တူတူပဲဆို ပိုကောင်းပါတယ်။ ဒါမှ pre wedding ရိုက်တုန်းကလို ကိုယ်ကြိုက်တဲ့ pose လေးတွေ ပြီးတော့ ဘယ်နေရာ angle ကရိုက်ရင် ပိုကြည့်ကောင်းတာမျိုးတွေ သတို့သား သတို့သမီးရဲ့ character လေးတွေကို ပေါ်လွင်စေမယ့် snap shot လျှပ်တစ်ပျက်ရိုက်ချက်လေးတွေကို ပြောစရာမလိုအောင် သိပြီးဖြစ်နေမှာပါ။ ဘာလို့ဆို ပွဲကြီးနေ့မှာ အားလုံးက rush ဖြစ်နေမှာဆိုတော့ photographer နဲ့ ရင်းနှီးပြီးသားဆို အထူးတလည်ပြောစရာ မလိုတော့လို့ပါ။ ဒီလောက်ဆို pre wedding photo shoot ဟာ ဘာကြောင့်အရေးကြီးလဲ သိလောက်ပြီထင်ပါတယ်နော်။

Pre wedding photo shoot တွေကို ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးဘဲ ကြည်နူးစရာအချစ်တွေပြည့်နှက်နေဖို့အတွက် ရိုးမြေကျမှ စိတ်တိုင်းကျဖြစ်အောင် တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီလို့ သတင်းကောင်းပါး ပါရစေနော်။
သူမတူအောင် TRENDY ဖြစ်တဲ့ WEDDING DRESS တွေအပြင်၊ ကိုယ့်စိတ်ကြိုက် အလှပဆုံး WEDDING DRESS တွေကို CUSTOMIZE လုပ်ဝတ်ရင်း၊ အမှတ်တရ နေရာလေးတွေမှာ PRE-WEDDING ရိုက်ကူးနိုင်ပြီဖြစ်လို့ လာရောက်လေ့လာ ဆွေးနွေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေနော်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

~ ချစ်သူတိုင်း ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေ ~

ဒေါက်တာထွဋ်ကိုကို နှင့် မလွင်ရည်နှင်း တို့ ဇနီးမောင်နှံ"ရိုးမြေကျ"  ပေါင်းဖက်ရပါစေသော်ဝ် ~
25/10/2017

ဒေါက်တာထွဋ်ကိုကို နှင့် မလွင်ရည်နှင်း
တို့ ဇနီးမောင်နှံ
"ရိုးမြေကျ" ပေါင်းဖက်ရပါစေသော်ဝ် ~

16/10/2017

အလှပဆုံး မင်္ဂလာဝတ်စုံလေးကို ဘယ်လိုဖန်တီးမလဲ ?

~ အလှဆုံး အလိုက်ဖက်ဆုံး မင်္ဂလာဝတ်စုံလေးများ ရွေးချယ်ခြင်း အရမ်းလှပတဲ့ မြင်သူတကာရင်သပ်ရှုမောရမယ့် မင်္ဂလာဝတ်စုံကိုဝတ်ဆင်...
10/10/2017

~ အလှဆုံး အလိုက်ဖက်ဆုံး မင်္ဂလာဝတ်စုံလေးများ ရွေးချယ်ခြင်း

အရမ်းလှပတဲ့ မြင်သူတကာရင်သပ်ရှုမောရမယ့် မင်္ဂလာဝတ်စုံကိုဝတ်ဆင်ချင်တာ သတို့သမီးလေးတွေရဲ့အိပ်မက်တစ်ခုပါ။ တစ်သက်မှာတစ်ခါ မင်္ဂလာယူရတဲ့ပွဲမှာ အလှဆုံးဖြစ်နေရလေအောင် အားလုံးရဲ့မျက်လုံးတွေက ကိုယ့်ဆီမှာဝဲနေရအောင် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီမယ့် perfect ဝတ်စုံ ရွေးချယ်တတ်ဖို့ကလဲ အဓိကကျပါတယ်။
“ရိုးမြေကျ” မှ ဘယ်လို body type ဆိုရင် ဘယ်လို dress အမျိုးအစားနဲ့လိုက်လဲဆိုတာ ပြောပြပေးချင်ပါတယ်နော်။

1. သစ်တော်သီး ပုံစံရှိသူ (pear shaped)

သစ်တော်သီးပုံစံ ခန္ဓာကိုယ် အချိုးအစားရှိသူဟာ ပုံမှန်အားဖြင့် တင်က ရင် ထက် ပိုကြီးသယောင်ရှိပါတယ်။ ဒါပေမယ့် သေးသွယ်တဲ့ ခါးလေးတွေ ပိုင်ဆိုင်ထားတာမို့ ခါးနေရာအလှကို ပေါ်လွင်စေမယ့် ဝတ်စုံမျိုးနဲ့ပိုလိုက်ပါမယ်။ ခါးနေရာမှာ သိမ်ပြီးအောက်မှာ တစ်ဖြည်းဖြည်းဖြာထွက်သွားမယ့် ဝတ်စုံမျိုး, အပေါ်ပိုင်းမှာ ကြိုးတစ်ချောင်း နဲ့ V shaped ရင်ဘက်ပုံစံမျိုးလေးတွေက အရမ်းလိုက်ဖက်ပါတယ်နော်။ A line dress လေးတွေက ဒီ body type တွေအတွက် perfect ပါ။ တစ်ဖြောင့်တည်း သွားတဲ့ dress တွေကိုတော့ ရှောင်ပါနော်။

2. ရင်သားကြီးသူ (b***y)

Collarbone ပေါ်ရုံ neckline ဝိုင်းဝိုင်းလေးတွေ ရင်ညွန့်အပေါ်လေးပေါ်တဲ့ neckline လေးတွေဟာ ရင်သားကြီးသူ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။ ရင်စည်းပုံစံ gown ဝတ်မယ်ဆိုရင်လဲ ရင်ဘက်နေရာလေးမှာ အသည်းပုံလေးလို neckline လေးတွေနဲ့လဲ လိုက်ဖက်ပါတယ်။

3. Plus sized

ကိုယ့်ကိုယ်ကိုယ် ဝတယ် ဆိုပြီး စိတ်အားမငယ်နဲ့နော်။ ပြည့်ပြည့်လေးဖြစ်နေပေမယ့် ကိုယ်နဲ့လိုက်တာ ဝတ်လိုက်တာနဲ့ အရမ်းလှသွားမယ်ဆိုတာ ယုံလိုက်ပါ။ Empire dress လို့ခေါ်တဲ့ ရင်ဘက်နေရာက fitting ကျကျလေးနဲ့ ပြီးရင် ရင်အောက်ကနေ စပြီး ကြမ်းပြင်ထိကို ပုံပုံလေးကျနေတဲ့ dress လေးတွေက အရမ်းမိုက်သွားစေမှာပါ။ သတိထားရမှာက dress က high waist ဖြစ်ပြီး ရင်ဘက်အောက်က စပြီးကျသွားရမှာဖြစ်ပါတယ်။ Satin လို fabric ကပိုပြီးလှပစေပါတယ်။ အောက်က အရမ်းကားနေရင် ပိုုပြီး ပြည့်တယ်လို့ ခံစားနေရတတ်ပါတယ်။ Romantic ဆန်ဆန် ဂါဝန်ကားကားလေး လိုချင်ရင်တော့ အောက်ပိုင်းမှာ မာမာလေး ဖြစ်နေတဲ့ အသားမျိုးကို ရွေးချယ်နိုုင်ပါတယ်နော်။

4. ပန်းသီးပုံ ရှိသူ (Apple shaped)

ပုခုံးကျယ်ပြီး ခါးနဲ့ဗိုက်နေရာလောက်မှာ နည်းနည်းပြည့်ပြည့်လေးဆိုရင် deep V shaped neckline ကို ရင်ဘက်နေရာမှာ lace လေးတွေပါပြီး corset ပုံစံလေးလို ချပ်ချပ်ရပ်ရပ်ဖြစ်နေတဲ့ design တွေ, ခါးသေးတဲ့နေရာလေးကစပြီး အောက်ကို ကားပြီးကျသွားတဲ့ design လေးတွေက အရမ်းလိုက်ဖက်ပါတယ်။ ဒီလို ခန္ဓာကိုယ်ရှိတဲ့သူတွေက ပေါင်လည်ကနေကားသွားတဲ့ trumpet style ဝတ်စုံတွေနဲ့တော့ သိပ်မလိုက်ဖက်ပါဘူးနော်။

5. ခန္ဓာကိုယ် တစ်ဖြောင့်တည်းရှိသူ ( straight lined)

ဒီ ခန္ဓာကိုယ် ပိုင်ရှင်ကတော့ Ball gown လို့ခေါ်တဲ့ ကိုယ့်ရဲ့ခါးနေရာကစပြီး အောက်ကိုကားသွားတဲ့ ဂါဝန်ကြီး တွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ရင်ဘက်ပိုင်းမှာ fitting ကျတဲ့ bodice လေးနဲ့ ဂါဝန်ကားကားကြီးက ကိုယ့်ရဲ့ ခန္ဓာကို curvy ဖြစ်သွားသယောင်ဖြစ်စေပါတယ်။

6. ခန္ဓာကိုယ်ပုပုသေးသေး ဖြစ်သူ (petite)

ကိုယ်က သေးသေးလေးဖြစ်နေလို့ wedding gown တွေက အကြီးကြီးပဲဆိုပြီး စိတ်ဓာတ်မကျနဲ့နော်။ တစ်ဖြောင့်တည်းသွားတဲ့ straight lined dress တွေ , A lined dress တွေ, ပေါင်လည်လောက်က စ ကားသွားတဲ့ dress တွေက အရမ်းလှနေစေမှာပါ။ ရှောင်ရမှာက ball gown dress ပါ။ ကြီးမားလွန်းတဲ့ ဂါဝန်ကြီးအောက်မှာဆို ကိုယ်က အရမ်းသေးသွားပါလိမ့်မယ်။

7. ရင်သေးသူ (small chested)

ရင်ဘက်နေရာမှာ အတွန့်လေးတွေရှိတဲ့ design လေးတွေဆို chest area ကြီးသွားသယောင်ထင်ရလို့ ဒါမျိုးတွေ ရွေးချယ်နိုင်ပါတယ်။ လည်ပင်းနောက်မှာ သိုင်းပြီးစီးရတဲ့ပုံစံမျိုးကလဲ ရင်ဘက်သေးသူတွေအတွက် လှစေပါတယ်။ silicone bra လေးတွေထည့်ဝတ်ထားရင်လဲ style ကျကျနဲ့ကြည့်လို့ကောင်းစေပါတယ်။

ဒီလောက်ဆို သတို့သမီးလေးတွေလဲ ဘယ်လို wedding dress က ကိုယ်နဲ့လိုက်ဖက်မလဲ ဆိုတာ သိလောက်ပါပြီနော်။

ဝတ်စုံရွေးရာမှာ ကိုယ်နဲ့လိုက်ဖက်တာ ရှာမတွေ့ဘူး၊ သူများဝတ်ပြီးသား မဝတ်ချင်ဘူး၊ အားလုံးထက်လဲ သူမတူအောင် လှရမယ၊ unique ဖြစ်တဲ့ design လဲ ဖြစ်ချင်တယ် ဆိုရင်တော့
"ရိုးမြေကျ" မှ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်နော်။ "ရိုးမြေကျ" မှာ design အလန်းလေးတွေ အပြင် ခုခေတ် trendy ဖြစ်တဲ့ အရောင်, design တွေပါ စုံစုံလင်လင် ရွေးချယ်နိုငိပါတယ်။ Dress တွေအားလုံးက quality အရမ်းကောင်းတဲ့အပြင် မြင်လိုက်တာနဲ့ WOW! ဖြစ်သွားစေမှာပါ။

*** ”ရိုးမြေကျ" မှ နောက်ထပ် သူမတူတဲ့ unique and trendy wedding dress ကိုမှဝတ်ချင်တဲ့ သတို့သမီးလေးတွေအတွက် စိတ်ကြိုက် design တွေကို customised လုပ်ပေးနိုင်တဲ့ service တစ်ခုပါလုပ်ဆောင်ပေးနေပါပြီနော်။ ကိုယ်ကြိုက်တဲ့ design ကို တစ်ထေရာတည်းတူအောင် quality ကောင်းကောင်းနဲ့ နိုင်ငံခြားမှ မှာယူပေးမှာဖြစ်ပါတယ်။ ***

ကဲ အဲဒီတော့ ... မင်္ဂလာဆောင်နှင်းတော့မယ့် ချစ်သူများကို အလှပဆုံး dress collection တွေ လေ့လာရင်းနဲ့ ကိုယ့်စိတ်ကြိုက် design တွေ အတွက်ပါ တိုင်ပင်ဆွေးနွေးဖို့ "ရိုးမြေကျ" မှဖိတ်ခေါ်လိုက်ရပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

~ ချစ်သူတိုင်း ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေ ~

အားလံုးပဲ မဂၤလာပါ။ ရိုးမြေကျ Bridal & Wedding planning services မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ် အခါသ...
05/10/2017

အားလုံးပဲ မင်္ဂလာပါ။

ရိုးမြေကျ Bridal & Wedding planning services မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယကို ရောက်ပြီဆိုတော့ မင်္ဂလာဆောင်နှင်းတော့မယ့် မင်္ဂလာမောင်နှံများလဲ စိတ်လှုပ်ရှားလို့နေကြတော့မှာပေါ့။

မင်္ဂလာမောင်နှံများ မင်္ဂလာပွဲကြီးကျင်းပဖို့ ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲများအတွက် ပိုပြီးစိတ်လှုပ်ရှားရမယ့် အစီအစဉ်လေးတစ်ခု ရိုးမြေကျမှ မိတ်ဆက်ပေးချင်ပါတယ်။

အဲ့ဒါကတော့ ... ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ "ရိုးမြေကျ" မှ Opening Discount ကို 10% တိတိလျှော့ချပေးသွားမှာဖြစ်ပါတယ်။
Opening discount မှာ ပါဝင်တဲ့ services တွေကတော့ ...

1. မင်္ဂလာဝတ်စုံ (အသစ်စက်စက်) များ ငှားရမ်းခြင်း
2. Pre-Wedding Photo packages
3. Actual Day Photo & Video packages တို့ဖြစ်ပါတယ်။

Opening discount 10% ဟာ ဒီ October တစ်လပဲ အကျုံးဝင်တာဖြစ်လို့ မြန်မြန်လေး လာရောက်လေ့လာပြီး Book လုပ်ထားစေချင်ပါတယ်နော်။

ဖုန်း : 09 43083192
လိပ်စာ : ၁၉၃ (ပထပ်)၊ လမ်း၅၀ (အပေါ်ဘလောက်)၊ ပုဇွန်တောင်မြို့ နယ်



02/10/2017

ရိုးမြေကျ Bridal House ကို 2017 ခုနှစ်တွင် Eric Artwork media production Co.Ltd ၏ လုပ်ငန်းခွဲအနေနဲ့ စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာမောင်နှံများအတွက် လှပတင့်တယ် အမြဲအမှတ်တရဖြစ်နေစေမယ့် Pre-Wedding & Wedding Photo & Video Services များကို အကောင်းဆုံး ၀န်ဆောင်မှုပေးနေပါပြီ။

ရိုးမြေကျ Bridal & Wedding Planning Services ကို စက်တင်ဘာလ ၃၀ ရက်နေ့ ၂၀၁၇ နှစ် တွင် စတင်ဖွင့်လှစ်သွားပါမည်။
28/09/2017

ရိုးမြေကျ Bridal & Wedding Planning Services ကို စက်တင်ဘာလ ၃၀ ရက်နေ့ ၂၀၁၇ နှစ် တွင်
စတင်ဖွင့်လှစ်သွားပါမည်။

11/09/2017
11/09/2017

Address

No. 193, 50th Street (upper Block), Pazundaung Tsp
Yangon
095

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+9595402107

Website

Alerts

Be the first to know and let us send you an email when Yoe Myay Kya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoe Myay Kya:

Videos

Share

Category