17/12/2023
အားလုံးပဲ မင်္ဂလာပါခင်ဗျ
Wedding Seasonမှာမင်္ဂလာဆောင်ဖို့အစီအစဉ်ရှိကြတဲ့ ချစ်မိတ်ဆွေတွေအတွက် Wedding planning tipsလေးမျှဝေပေးလိုက်ရပါတယ်ဗျ
Wedding အတွက် အလွယ်ကူဆုံးစီစဉ် နိုင်ဖို့ ....✨✨
ဦးစားပေး အဓိကအလုပ် 1 year before✨✨
💖 1) Dateသတ်မှတ်ပါ
(ချစ်သူ၂ဦး ယူမဲ့နှစ် လ ဆုံးဖြတ်ပါ ၊ ဗေဒင် လေးလည်း မေးပါ အုံး ရက် ၄ ၊ ၅ ရက် ရာထားပါ )
💖 2) Hotel သို့ ဘုန်းကြီးကျောင်း booking လုပ်ပါ
(နှစ် ၊ လ သတ်မှတ်ပြီးတာနဲ့ အရင်ဆုံး လုပ်ကိုလုပ်သင့်တာပါ ၊ hotel or ဘုန်းကြီးကျောင်းကရတဲ့ရက် နဲ့ ကိုယ်လိုချင်တဲ့ရက် ကိုက်ပြီး တခါတည်း book ထားပါ)
(ပိုက်ဆံ deposit မပေးလည်း ရသေးတယ် ၊ hotel ဆို နောက်လူ မမေးမချင်းစောင့်တယ် ၊ နောက်လူမေးလို့ ကိုယ့်ကို ယူမှာသေချာလားပြန်လာမေးရင်တော့ သေချာယူမယ်ဆို deposit ပါ)
✨✨၃ လအလို✨✨
💖 1) Pre-wedding လေးရိုက်ထားပါ
ဒါမှအေးဆေးပြီး ပျော်စရာလည်းကောင်းမယ် ၊ နီးမှဆို stress များပြီး ပျော်စရာမကောင်းပါဘူး ၊ ၃လထက်ပိုစောလည်း ပိုကောင်းပါတယ်
၁လခွဲလောက်အကြာမှalbum ၊ photo frame ၊ photo softcopy ရတောင် wedding နဲ့ ၁လခွဲလောက်ကွာသေးတာမို့ အေးဆေး facebook တင် ၊ ပုံကြီးမကြိုက်ရင်ပြင်ထုတ်နိူင်သေးတယ်
💖 2) Wedding dress ပြင်ပါ
သတို့သမီး သတို့သား အပြင် အရံ မိဘ ဖို့ပါဆို ၃လလောက်စောတာ မပိုပါ ဘူး ၊
ချုပ်ပေးမယ်ဆို အရံတွေရွေးပါအုံး ၊ လူသေချာရမှ ချုပ်ပါ
💖 3) Make up ဆရာ ရွေးပါ ၊ book ပါ date, place, time
💖 4) အခမ်းအနားမှူး book လုပ်ပါ
မရတက်လို့ ကြို book စေ ချင်ပါတယ်
✨✨၂လ အလို✨✨
💖 1) ဖိတ်စာအတွက်လူချရေးပါ
(hotel အတွက်လူတွက်လိုလျှင် ၁အိမ် လူ ၂ယောက်နှုန်းမဟုတ်ပါတဲ့ ဖိတ်စာ၁စောင် 1.5 နဲ့မြှောက်ကြည့်ပါတဲ့ )
💖 2) ဖိတ်စာရိုက်ပါ ၊
1 လ အလိုမှလုပ်လည်းရပေမဲ့ ရိုက်ရမဲ့ရက် နဲ့ စိတ်အေးရအောင်ပါ
✨✨၁ လ အလို✨✨
💖 1) တေးဂီတ ဝိုင်း ငှားပါ
💖 2) ပန်း အလှပြင်ဖို့ ပြောပါ
💖 3) လက်ဆောင်ကမ်းဖို့ ပစ်စည်းမှာပါ
✨✨၂ပတ် အလို✨✨
💖 1) ဖိတ်စာဝေပါ
💖 2) Dress ယူထားပါ
💖 3) အရံဖို့ ဖိနပ် ဝယ်ပါ ၊
ဝတ်စုံက ငှားမှာဆို ၂ ပတ်အလိုလောက် အားလုံးခေါ်သွားရွေး ဘိုကင်လုပ်ထား ရပါတယ်
💖 4) ကားစီစဉ်ပါ
✨✨၂ ရက် အလို✨✨
💖 1) လက်ဝတ်လက်စား ငှားပါ
💖 2) စိတ်မချရင် အားလုံးကို ph ဆက်ပြီး confirm လုပ်ပါ
(hotel ၊ makeup ၊ အခမ်းအနားမှူး ၊ ဂီတ ၊ ပန်း )
💖 3) လက်သည်း ခြေသည်း ခေါင်းလျှော် စသည် လုပ်ပါ
✨✨ ၁ရက် အလို ✨✨
💖 1) ယူသွားးမည့် ပစ္စည်း ထည့်ပါ
Dress ထည့်ထားပါ ၊
လက်ဝတ်ရတနာ ..
ဖိနပ်
Photo album ၊ frame ၊ slide show CD
ပိုက်ဆံရှင်းမည့်သူ ၁ယောက်ကိုင်ပါ
💖 2) ကူမဲ့သူတွေဖုန်းဆက် ချိန်းပါ
ရှေ့ထွက် အရံတွေ မိတ်ကပ်ပြင်ရန် ဘယ် အချိန်အရောက်
မိဘတွေ ဘယ်အချိန် ရောက်
လက်ဖွဲ့သိမ်း ၊ဧည့်ခံ နေရာချ ဘယ်အချိန်
လက်ဖွဲ့ ပစ္စည်းသိမ်း/သယ် ဘယ်သူ/ဘယ်ကားသတ်မှတ်ပါ
ကျွန်တော်တို့ BIG T အနေနဲ့ Corporate Event တွေအတွက်သာ One Stop Service အနေနဲ့စီစဉ်ဆောင်ရွက်ပေးပေမယ့်လည်း Setting & Decoration, Audio, Lighting, LED Rental Serviceများကို မိတ်ဆွေတို့ wedding အတွက်လိုအပ်ခဲ့သော် သတိရပေးကြပါဦးခင်ဗျ
ပျော်ရွှင်စရာ မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ