01/09/2020
Hello... September!!!
ကိုယ့်ရဲ့ချစ်ခင်ရသူ မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ September လ မွေးဖွားသူတွေရှိခဲ့ရင် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က September လမှာ မွေးခဲ့ရင် post လေးကို အဆုံးထိဖတ်ပေးပါရှင်။😁😁😁
September လရဲ့ ရာသီပန်းလေးကတော့... ဂန္ဓမာ ပန်းလေးပါ။
အဂ်လိပ်လိုကတော့ " Aster " လို့ခေါ်ပါတယ်။ မူရင်းကတော့ ဂရိ(Greek) လူမျိုးတွေဆီက ဆင်းသက်လာတာပါ။ ပန်းပွင့်ရဲ့ထိပ်ဆုံးနေရာလေးက ကြယ်ပုံစံလေး(star-shaped flowerheads) မို့လို့ပါ။
Botanical name ကတော့ "Asrereae" ဖြစ်ပြီး "Sunflower family" ပါ။
မျိုးစိတ်ပေါင်း 600 လောက်ထိရှိခဲ့ပြီး ယနေ့ခောတ်မှာတော့ မျိုးစိတ်ပေါင်း 180 လောက်ကိုပဲ အသိအမှတ်ပြုထားပါတယ်။ ဂန္ဓမာပန်းလေးတွေရဲ့ အဓိပ္ပာယ်လေးတွေက -
1. Wisdom (ဉာဏ်ပညာ)
2. Valor (ရဲစွမ်းသတ္တိ)
3. Faith (သစ္စာတရား)
4. Royalty (တော်၀င်)
5. Innocence (အပြစ်ကင်းစင်)
6. Elegance (အများနဲ့အံ၀င်ခွင်ကျ)
Flower Colour - Blue, Pink, Purple,
Red, White.
Aster are also known as frost flowers because they're often used in floral arrangements during the autumn and winter seasons.
(ကမ္ဘာ့မြောက်ပိုင်း အေးတဲ့နေရာတွေရဲ့ ဆောင်းဦးရာသီဖြစ်တဲ့ September လကနေ October လထိမှာ ဂန္ဓမာပန်းလေးတွေကို အသုံးများကြတဲ့အတွက် နှင်းပန်း လို့ ခေါ်ကြတာလည်းဖြစ်ပါတယ်။)
ဈေးမှာတွေ့နေရတဲ့ အဖြူပွင့်သေးသေးလေးတွေ ကြယ်တာရာလို့ခေါ်တဲ့ (Kalimeris incisa blue)၊ နှင်းဆီပွင့်လို ပွင့်ဖတ်အများကြီးပါတဲ့ ဂန္ဓမာအလုံးလေးတွေ(rose quartz)၊ အိမ်တွေမှာ အလှထားကြတဲ့ မုန့်လက်ဆောင်းလို အပင်လေးတွေ (echeveria)၊ တစ်ထပ်ထဲနဲ့ပွင့်ဖတ်ကျဲကျဲလေးတွေ ပါတဲ့ တစ်ထပ်ဂန္ဓမာ (ice plant) လေးတွေလည်း September ရဲ့ရာသီပန်းလေးတွေပါပဲနော်။၊🥰🥰🥰
(အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ MYAT လေ့လာမိသလောက်ကို ပြန်လည်ဝေမျှပေးတာပါ။)