14/06/2018
................
Unicode
ဒီနေ့ဆိုလေးနှစ်မှတစ်ကြိမ်ကျင်းတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲစတင်တော့မှာဖြစ်တယ်။ ဒီလိုတစ်ကမ္ဘာလုံးက စောင့်ကြည့်ကြမယ့်ပြိုင်ပွဲမှာ မင်္ဂလာဆောင်မယ့်ဇနှီးမောင်နှံတွေနဲ့လည်း တိုက်ဆိုင်တဲ့အကြောင်းဖြစ်လာပြန်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာ့ဖလားကို လူဦးရေသုံးသိန်းလောက်သာရှိတဲ့ အသေးငယ်ဆုံးကျွန်းနိုင်ငံအနေနဲ့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အိုက်စလန်နိုင်ငံအသင်းဟာ လာမယ့်စနေနေ့လည် ၎င်းတို့ဒေသစံတော်ချိန် ၁၂:၃၀ အချိန်တွင်ကျင်းပမည့် အာဂျင်တီးနားအသင်းဖြင့်ပထမဆုံး ကမ္ဘာ့ဖလားပွဲအတွက် အိုက်စလန်နိုင်ငံအတွင်းရှိ ဘုရားကျောင်းတွေမှာစီစဉ်ထားတဲ့ မင်္ဂလာပွဲတော်တော်များများပျက်ပြီးရွှေ့ဆိုင်းသွားခဲ့တယ်လိုဆိုပါတယ်။ ယင်းအိုက်စလန်နိုင်ငံတွင်သာမဟုတ် ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းများရဲ့ နိုင်ငံတွင်းမှာရှိတဲ့ မင်္ဂလာပွဲများ ရွှေ့ဆိုင်းကျသလို ကျင်းပမယ့်မင်္ဂလာပွဲကိုလာမယ့် ဧည့်သည်များကလည်း လာရောက်ဖို့ ပျက်ကွက်မယ်လိုလည်းဆိုကြသည်။တချို့ဆိုလျှင်ဟာသအနေဖြင့် မင်္ဂလာပွဲကျင်းပမည့် ဘုရားကျောင်းအတွင်း ဖုန်းဖြင့်ဘောလုံးကြည့်ကျမယ်လို့ လူမှုကွန်ယက်တွေမှာရေးသားထားတာတွေ့ရသည်။