Pakokku Daily News

Pakokku Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pakokku Daily News, DJ, Ridgewood, NJ.

07/13/2023
တက်နိုင်သလောက်ပါဝင်ကူညီပေးကြအုံးဗျာ
06/17/2023

တက်နိုင်သလောက်ပါဝင်ကူညီပေးကြအုံးဗျာ

ကျွန်ုပ်တို့ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့၏ ကံစမ်းမဲကမ်ပိန်အားပါဝင်ဆင်နွှဲပေးကြပါရန်မိဘပြည်သူများအထူးပင်မေတတ္တာရပ်ခံအပ်ပါသည်။

အောက်ပါlinkတွင်လာရောက်အားပေးနိုင်ပါသည်။

https://www.facebook.com/profile.php?id=100087109938146&mibextid=ZbWKwL

https://www.facebook.com/aunghtay.aunghtay.1829405?mibextid=ZbWKwL

04/05/2023

ပြည်သူများ အားလုံးပေါ့ခဗျ
အခုချိန်မှာ စစ်ကောင်က လေကြောင်းကို အဓိကသုံးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်
ဒေသခံပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တေကလဲ စစ်ကောင်စီရဲ့လေကြောင်းလိုင်းကို လေယာဉ်ပစ် စက်လက် လေးတေနဲ့ ကာကွယ် တိုက်ခိုက်နေတာ ဖစ်ပါတယ်
ထိုကြောင့် ပြည်သူများကလဲ တက်နိုင်တဲ့ ဘက်ကနေပီးတော့ ပါဝင်ကူညီ ပေးကြပါရန် တောင်းဆိုအပ်ပါတယ်ဗျ။

ဝမ်းသာစရာ သတင်းတေနဲ့ အတူ ကျနော်ရောက်ရှိလာပါပီဒေါတမကြီးတိုက်ပွဲစစ်တပ်မှ အရာရှိအပါအဝင် ၉၀​ကျော်​သေ ၊၅၀ ​ကျော်ဒဏ်ရာရ၊လက်နက်...
03/27/2023

ဝမ်းသာစရာ သတင်းတေနဲ့ အတူ ကျနော်ရောက်ရှိလာပါပီ
ဒေါတမကြီးတိုက်ပွဲစစ်တပ်မှ အရာရှိအပါအဝင် ၉၀​ကျော်​သေ ၊၅၀ ​ကျော်ဒဏ်ရာရ၊လက်နက်မျိုးစုံ ၄၀ ​ကျော်ရရှိ

▪︎ကရင်နီပူး​ပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

▪︎ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲဖော်ဆောင်နိုင်ရန် ပြည်တွင်းပြည်ပမှပြည်သူများ အကူအညီပေးရန် KNDFတောင်းဆို

-ရဲ​ခေါင် ၊​တောရယ်/People's Spring

ကရင်နီ(ကယား)ပြည်နယ် ဒီးမာ့ဆိုအ​ရှေ့ခြမ်းရှိ​ဒေါတမကြီး ​ကျေးရွာတိုက်ပွဲတွင် ​လေးရက်အတွင်းစစ်​ကောင်စီတပ်မှ အရာရှိများအပါအဝင် ၉၀ ​ကျော်​သေဆုံးပြီး ၅၀ ​ကျော်ဒဏ်ရာရရှိ​ကြောင်း ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF)ကယ​နေ့ထုတ်ပြန်လိုက်သည်။

ထိုအပြင် လက်နက်မျိုးစုံ( ၄၀)​ကျော်နှင့် ခဲယမ်းများစွာသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။

စစ်ကောင်စီတပ်ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

"စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် မိမိတို့ KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဥ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်​သည်"ဟုလည်း​ဖော်ပြထားသည်။

မတ်လ (၉) ရက်နေ့မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။ထို​
ကြောင့်စစ်တပ်စစ်​ကြောင်း ၃​ကြောင်းသည် ၄ ရက်တာတိုက်ပွဲအတွင်း အင်အားထက်ဝက်ခန့် ​သေဆုံး၊ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်များလည်းရှိပြီး ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်း တပ်စွဲကာ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေဆဲဖြစ်သည်။

လက်ရှိ ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်
ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်း မီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ ပြည်သူများအနေဖြင့် အလေးနက်
ထား အကူအညီပေးရန် KNDF မှတောင်းဆိုသည်။

(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်း
ရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရရေတာရှည်၊ မတ် ၅၊ ၂၀၂၃။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေ...
03/06/2023

PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရ

ရေတာရှည်၊ မတ် ၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီးမှာ အိမ်စီးကားနဲ့ သယ်လာတဲ့လက်နက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ခဲယမ်းတွေဟာ မကွေးတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကိုပို့ဆောင်ဖို့ သယ်ဆောင်လာတာဖြစ်ပြီး၊ မတ်လ ၃ ရက်ညနေပိုင်းမှာ ရေတာရှည်၊ စမ်းကြီးရွာအနီးမှာ စစ်ကောင်စီတပ်က စောင့်ဆိုင်းဖမ်းဆီးသွားတာလို့ ပဲခူး(အနောက်ခြမ်း)အခြေစိုက် သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

"လက်နက်တွေမိတာက ရေတာရှည်အပိုင်ထဲမှာ မိတာတော့ဟုတ်တယ်။။ ကျနော်တို့လည်း အဲ့ဒီသတင်းကြားလို့ လိုက်စုံစမ်းတော့ ဖမ်းခံရတဲ့ပစ္စည်းတွေက မကွေးဘက်ပို့ဖို့သယ်လာတာလို့သိရတယ်။ ဖမ်းခံရတဲ့ထဲမှာ ကျနော်တို့ပဲခူးအနောက်ခြမ်းကတယောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ ပစ္စည်းမဟုတ်တော့ မကွေးဘယ်အဖွဲ့ကို ပို့မယ်ဆိုတာတော့သေချာမသိဘူး။ လက်နက်တွေကတော့ အဆင်ပြေသလို သယ်နေရတာပါဘဲ"လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ မတ်လ ၃ ရက် ညနေ ၅ နာရီခန့်က စမ်းကြီး ကျေးရွာအနီးမှာ RLG နံပါတ်တပ်ဆင်ထားတဲ့ဘုန်းကြီးကားကို တားဆီးစစ်ဆေးရာကနေ ကားပေါ်ပါ လူ ၃ ဦးနဲ့အတူ သေနတ် ၁၄ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်မျိုးစုံ ၁၆၀၀ ကျော်၊ မိုင်း၊ ကျည်ဘောက်နဲ့ ယမ်းတွေအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံကိုဖမ်းဆီးရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့လက်နက်ခဲယမ်းအရေအတွက်နဲ့ မကွေးတိုင်းအတွင်းက ဘယ် PDF တပ်ဖွဲ့တွေဆီကို ပို့ ဆောင်မယ်ဆိုတာတော့ မြေလတ်အသံအနေနဲ့သီးခြားအတည်မပြုနိုင်သလို လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းကလည်း ရေတာရှည်မြို့နယ် စည်ပင်သာယာလမ်းဆုံအနီးမှာ ရေတာရှည် ရှားလော့အဖွဲ့က PDF အဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် စခန်းငယ်တခုဝင်ရောက်စီးနင်းခံခဲ့ရလို့ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း- ကျော်ကြီး၊ စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

CRD

ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီးရေနံချောင်း၊ မတ် ၆၊ ၂၀၂၃။မကွေးတိုင်း၊ ရေနံချောင်းမြိ...
03/06/2023

ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီး

ရေနံချောင်း၊ မတ် ၆၊ ၂၀၂၃။

မကွေးတိုင်း၊ ရေနံချောင်းမြို့မ ရဲစခန်းကို မတ်လ ၅ ရက် မနေ့ ညပိုင်းက အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့ဆီက သိရပါတယ်။

မတ်လ ၅ ရက်က အဝေးထိန်းစနစ်နဲ့ မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခဲ့လို့ ဘန်ကာအဆောက်အဦးတွေ ပျက်ဆီးသွားတယ်လို့ မကွေးခရိုင် ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

"ည ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၂ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ အဲဒီရေနံချောင်းမြို့မရဲစခန်းမှာ အင်အား ၃၀ လောက်ရှိမယ်။ ကျနော်တို့ ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ ရှိတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲပါ။ ပျက်စီးဆုံးရှုံးတာကတော့ ရဲစခန်းဘန်ကာအပိုင်းကို မိုင်းခွဲခဲ့တာဆိုတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိမယ်" လို့ ဗိုလ်စံသျှားက ပြောပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yenangyaung Local People's Defence Force ဖေကံကောင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ပေါက်မြို့နယ်၊ သဖန်းချောင်းကျေးရွာမှ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - 007
# မြေလတ်အသံ
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

ထမီနဲ့ ညှပ်ဖိနပ်နဲ့ သေနတ်နဲ့— 🍂သူတို့နေတဲ့ရွာက အသက်အန္တရာယ် မလုံခြုံတော့လို့ စွန့်ခွါလာရပြီ..။အညာဒေသက တွေ့တဲ့အတိုင်းပဲ— ...
03/05/2023

ထမီနဲ့ ညှပ်ဖိနပ်နဲ့ သေနတ်နဲ့— 🍂

သူတို့နေတဲ့ရွာက အသက်အန္တရာယ် မလုံခြုံတော့လို့ စွန့်ခွါလာရပြီ..။

အညာဒေသက တွေ့တဲ့အတိုင်းပဲ— အပင်တွေက ကျဲတဲတဲ..နောက်တစ်လလောက်ဆို အခုမြင်ရတဲ့အရွက်တွေတောင် ရှိပါတော့မလား။

စစ်မိစ္ဆာတွေလာရင် ပုန်းစရာ ခိုစရာ သစ်ပင်ကြီးတွေ ခြုံတွေ များတဲ့နေရာလည်းမဟုတ်။

🍂

အညာဒေသဆိုတာ အစားအသောက်တွေက အောက်ပြည်အောက်ရွာလို အမျိုးစုံရှိလှတယ်မဟုတ်..။ ရေကအစ ရှားတဲ့အရပ်။

ရွှေဘိုပေါ်ဆန်း စပါးထွက်တဲ့ စစ်ကိုင်းတိုင်းကိုလည်း စစ်တပ်က နေ့စဉ်နဲ့အမျှလာတိုက်နေတယ်။

စစ်ကိုင်းတိုင်းမှာ အိမ်တွေ၊လယ်တွေမက စက်ရက်ကန်းစင်တွေပါ မီးအရှို့ခံနေရတယ်။

🍂

အညာစစ်ဘေးရှောင်တွေ တစ်နေ့ တစ်နေ့ ဘယ်လိုများကျော်ဖြတ်နေရရှာမလဲ— စစ်မိစ္ဆာ လူသတ်သမားတွေလာရင် ဘယ်နေရာမှာဘယ်လိုပုန်း၊ ဘာတွေ ဘယ်လိုစားသောက်၊ ညဘက်ရောက်ရင်ရောဘယ်လိုတွေများအိပ်..?

🍂

အညာသူလေး..

မတတ်သာလို့ သေနတ်လွယ်ထားရတဲ့ သာမန်အရပ်သူ အညာသူမလေးပါ— ထမီနဲ့ ညှပ်ဖိနပ်နဲ့ သေနတ်နဲ့။

အညာသူလေးက သေနတ်လွယ်ထားတယ်ဆိုတော့ အသက်အန္တရာယ်တွေကို ကာကွယ်ဖို့ပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် အညာသူလေးဟာ စိတ်ဓာတ်ပြင်းထန်တယ်၊ ရဲရင့်လှတယ်ဆိုတာ သိနိုင်တယ်။

အရှုံးမပေးနဲ့ မိငယ်ရေ..။

🍂

အညာသူလေးက PDF မဟုတ်လို့ PDF ဝတ်စုံကို မဝတ်ထားပါ။

အညာသူလေးရှေ့မှာ PDF ဝတ်စုံနဲ့ရဲဘော်နှစ်ယောက်ရှိတယ်— PDF တစ်ယောက်က ပစ္စည်းတွေသယ်ထားတယ်၊ နောက်တစ်ယောက်က ကလေးလေးကို ထမ်းပြီး ခရီးဆက်နေတယ်..။

ကလေးလေးက လမ်းလျှောက်နိုင်တဲ့အရွယ်— လမ်းလျှောက်နိုင်တဲ့အရွယ်ကလေးကို ထမ်းထားကတည်းက ဒီခရီးက အတော်ဝေးပုံရတယ်။

PDF တွေဟာ သူတို့တတ်စွမ်းသမျှ ပြည်သူတွေကို ကာကွယ်စောင့်​ရှောက်ပေးနေတယ်။

သူတို့ရင်ဘတ်တွေဟာ ပင်ပန်းနေကြပေမဲ့ နွေးထွေးတယ်။

🍂

ဒီဓာတ်ပုံဟာ ရင်နင့်စရာ၊ ဝမ်းနည်းစရာ၊ အားတက်စရာ၊ လေးစားစရာ၊ ပြီးတော့ ငါတို့ပြည်သူတွေ ဘာလို့ စစ်ဖိနပ်အောက်ကရုန်းထွက်ရသလဲဆိုတဲ့ အတွေးရစရာ..

ခွန်အား၊ ယုံကြည်မှု၊ မျှော်လင့်ချက်။

🍂

ဘဝတွေရှင်သန်ဖို့ အနိုင်တိုက်ရမယ်ဆိုတာကလွဲပြီး ရွေးချယ်စရာမရှိ။

ငါတို့ရဲ့ အောင်ပွဲက သေချာပေါက်စောင့်နေတယ်၊ ရန်သူတွေက ကြောက်ရွံ့နေကြတယ်။

ဒါ.. နောက်ဆုံး တိုက်ပွဲ။

🍂🍂🍂

မရွှေမိုး-ကိုရီးယား
March 3rd, 2023.
စစ်ခွေးနိဂုံး— နှစ်ထောင့်နှစ်ဆယ့် |||

03/05/2023

မင်မင်တို့ရဲ့MarchလProject လေးကတော့
" 3000 ကူလို့ပုံတူယူ " ပါရှင့်။

မြန်မာငွေ(3000)ကျပ်ဖြင့်မိမိ(သို့)မိမိချစ်ရသူ(Idolပုံလဲရတယ်😛)၏ပုံတူပန်းချီကားတချပ်ရယူနိုင်မဲ့အစီစဥ်လေးဖြစ်ပါတယ်ရှင့်

ဒီ Projectလေးမှာကတော့ မဲတစ်စောင်ကို 3000 ကျပ်ဖြင့် မဲအစောင်ရေ 1000 ရောင်းချသွားမှာဖြစ်ပြီး အချိန်အားဖြင့် March လ 31 ရက်နေ့အထိရောင်းချသွားမှာဖြစ်ပါတယ်ရှင့်။

Project ပုံစံလေးကတော့
မင်မင်တို့ကမဲလေးတွေရောင်းချပေးပြီးကံထူးရှင် 3 ယောက်ရွေးချယ်ကာ ထိုကံထူးရှင်များတောင်းဆိုတဲ့ပန်းချီပုံကို မိမိကံထူးတဲ့ Setရဲ့ဆေးဖြင့်ပန်းချီဆရာများကရေးဆွဲကာ 2 ပတ်အတွင်းပို့ပေးမှာဖြစ်ပါတယ်။အသေးစိတ်ရေးဆွဲရတာဖြစ်တဲ့အတွက်အချိန်တော့ ၂ပတ်လောက်ကြာနိုင်ပါတယ်ရှင့်။ဒါလေးကိုတော့နားလည်ပေးပါလို့တောင်းဆိုပါတယ်🥺

ဆုလေးတွေကတော့ပထမဆု
Set A -ခဲပန်းချီ (colour နဲ့)
Set B -ရေဆေး

ဒုတိယဆု- ခဲပန်းချီ(No colour) တို့ဘဲဖြစ်ပါတယ်။

*ပုံမှာပါတဲ့ပန်းချီတွေကိုမဲဖောက်တာမဟုတ်ပါဘူးနော်ကံထူးရှင်လိုချင်တဲ့ပုံကိုဆွဲပေးမှာပါရှင့်*(ပုံက လက်ရာ ပြတဲ့သဘောနဲ့ထည့်ထားတာ🥺)

Pakokku ယခုအခြေအနေ
03/05/2023

Pakokku ယခုအခြေအနေ

နွေဦးတော်လှန်ရေးကို ဖိနှိပ် ဖျက်ဆီးဖို့ အကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ရက်တွေကို အဓိက အသုံးပြု ဝါဒဖြန့်ချိရေးစစ်ပွဲ ဆင်နွှ...
03/05/2023

နွေဦးတော်လှန်ရေးကို ဖိနှိပ် ဖျက်ဆီးဖို့ အကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ရက်တွေကို အဓိက အသုံးပြု ဝါဒဖြန့်ချိရေးစစ်ပွဲ ဆင်နွှဲ

By ဘမောင်

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေကြတဲ့ ပြည်သူတွေရဲ့ အသံကို ဖုံးကွယ် ဖိနှိပ်ဖို့ စစ်အုပ်စုဟာ ဝါဒဖြန့်ချိရေးအဖြစ် လူမှုကွန်ရက်ပေါင်းစုံကို အားကုန်သုံးပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပျောက်ကွယ်အောင် အမြစ်ဖြတ် သုတ်သင်တယ်။

ပြည်သူတွေရဲ့ အတွေးအမြင်တွေ ထုတ်ဖော်ခွင့်မရအောင် ဖမ်းဆီး နှိပ်စက် ပစ္စည်း ဥစ္စာတွေ သိမ်းယူတယ်။ လူတွေကို နာမည်ဆိုး တံဆိပ်ကပ်ပြီး အကြောက်တရား ဖြစ်အောင်လုပ်တယ်။ သူတို့ အသုံးများတဲ့ စကားလုံးများကို စုဆောင်းဖော်ပြလိုက်ပါတယ်။

အာဏာရှင် စနစ်ကို လိုလားနှစ်သက်သူများ၏ အပြင်းပြဆုံးဆန္ဒကို ပြောပါဆိုရင် မိမိကို လူအများက ရိုကျိုး ဦးညွတ် စေလိုခြင်းဖြစ်ပါတယ်။ မိမိပြောသမျှကို ဟုတ်ကဲ့ဆို တာကလွဲပြီး မကြားချင်ဘူး။ မိမိနှင့် အယူအဆ မတူသူတဲ့အသံတွေကို တိတ်စေလိုတယ်။

မိမိကို ဆန့်ကျင်တဲ့အသံတွေ ပိတ်စေရန် / တိတ်စေရန် / ဆိတ်စေရန် ထိုအသံများဟာ လူ့ကျင့်ဝတ်နှင့် မညီတဲ့ အသံများ ၊ စိတ်ရင်း စေတနာကြောင့် မဟုတ်ပဲ ငွေကြေးအကျိုးအမြတ် တစ်စုံတရာကြောင့် ခပ်ရိုင်းရိုင်းပြောရလျှင် သူများခိုင်းလို့ သူများမြှောက်ပေးလို့ ပြောတဲ့ အသံများအဖြစ် ဒါမှမဟုတ် ၊ မိမိတို့ လူမျိုး၊ ယဥ်ကျေးမှု ၊ ဘာသာ သာသနာတို့ကို ထိခိုက်ပျက်စီးစေမည့်အသံများအဖြစ် ပုံဖော်တတ်ကြပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက် က စကားလုံးများစွာ ဖန်တီးသုံးစွဲလာခဲ့တယ်။ စကားလုံးတွေကို အုပ်စုခွဲကြည့်ရင်တော့ သူများခိုင်းလို့လုပ်တဲ့သူ ၊ ဘာသာဖျက် / သာသနာဖျက် ၊ မိန်းမယုတ် ၊ တိရစ္ဆာန် ရယ်လို့ပဲ တွေ့ပါတယ်။ စကားလုံးတွေဟာ စိတ်ရဲ့ ပြတင်းပေါက်တွေဖြစ်တယ် ဆိုတဲ့ စကားပုံရှိတယ်။ စစ်လော်ဘီများ အသုံးပြုများတဲ့ စကားလုံးများကို ကြည့်ရင်တော့ သူတို့ စိတ်ဓါတ်ဘယ်လောက်အောက်တန်းကျ ၊ အမြင်ကျဥ်းတယ် ၊ အစွန်းရောက်တယ် ၊ မဟာဖိုဝါဒ ကျင့်သုံးကြတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။

ဒါပေမယ့် သူတို့ သုံးလိုက်တဲ့ စကားလုံးများဟာ သူတို့ရည်ရွယ်တဲ့အတိုင်းတော့ အမြဲ မဖြစ်ပါဘူး။ ကိုယ့်ရှူးကိုယ်ပတ် ၊ ကိုယ်ဘက် ပြန်လှည့်ကြသလို ၊ ဆန့်ကျင်ဖက် သက်ရောက်မှုတွေ ဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။
သတင်းမီဒီယာတွေဆိုရင် - ဒေါ်လာစား မီဒီယာ ၊ မီဒီညာ တဲ့။ သတင်းမီဒီယာများ၊ သတင်းဌာနများကို အနောက်နိုင်ငံတွေရဲ့ ထိန်းချုပ်ခံတွေ၊ အနောက်နိုင်ငံတွေက ပေးကမ်းတဲ့ ဒေါ်လာငွေတွေ နဲ့ လည်ပတ်နေရပြီး သူတို့ သဘောကျ သတင်းတွေရေးနေရသူ၊ ဝါဒဖြန့်နေသူ တွေလို့ ဆိုချင်တာပေါ့။

ဒေါ်လာစားမီဒီယာဆိုတဲ့ အသုံးအနှုန်းကို မဲဆွယ်ကာလမှာရော ၊ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ ကာလတွေမှာပါ စစ်တပ်လိုလားသူများက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတာပေ့ါ။ ခက်တာက မီဒီညာလို့ ပြောတိုင်း မြဝတီ ၊ မြန်မာ့အသံနဲ့ သူတို့ လက်ဝေခံ အမည်ခံ ပုဂ္ဂလိက မီဒီယာတွေပဲ လူတွေက မြင်ယောင်နေကြတာတော့ ခက်တယ်။

နာမည်ကို အာလုပ်သံပြုပြီးလည်း ခေါ်တတ်ကြသေးတယ်။ ခေတ်သစ် ကို ခွေးသစ် ၊ မဇ္စျိမ ကို မျောက်ဇိမ စသဖြင့်ပေါ့။ ဒါပေမယ့် စကစ ဘက်ကလည်း ခေတ်သစ် နာမည်နဲ့ ပုံဖျက်မီဒီယာတွေ ထောင်ကြတော့ သူတို့ ရှုးသူတို့ ပတ်လို့ ပြောရမလား ၊ သူတို့ခမျာ ခွေးသူခိုး လို့ ပြည်သူအကြား အမည်တွင်ပါလေရော။

ဆရာ/ဆရာမနဲ့ ကျောင်းသား/သူတွေ CDM လုပ်ကြတော့ စစ်ကောင်စီက ကျောင်းတွေအတင်းပြန်ဖွင့် ၊ အတင်းပြန်တက်ခိုင်း လုပ်ခဲ့ကြတယ်။ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြသူတွေက ကျောင်းကို ပြန်မသွားပဲ တောင့်ခံခဲ့ကြတယ်။ ဒီလို အာခံမှုကို နှိမ်ချ ချင်တော့ အမျိုးသမီးတွေ ကျောင်းတက်တာကို တားမြစ်တဲ့ အစွန်းရောက် တာလီဘန်တွေနဲ့ တတန်းတည်းလဲထားချင်တယ်၊ သူတို့ ဘယ်လိုပြိုင်ပြိုင် မနိုင်တဲ့ NLD ပါတီကိုလဲ ချိုးနှိမ်ချင်တဲ့အခါ ကျောင်းမတက်ပဲ သပိတ်မှောက်သူတွေကို တာနီဘန်လို့ နာမည်တပ်ပြီး တိုက်ခိုက်ကြပါတော့တယ်။

နောက်ပြီးတော့ သူတို့က ဘွဲ့ပေးတာ ဝါသနာပါတယ်ဗျ၊ ဘွဲ့ယူတာလဲ ဝါသနာပါတယ်။ ကိုယ်တိုင်က အရည်အချင်း ရွေးစေ့မျှ မရှိတဲ့အခါ ရှိရှိသမျှ ဘွဲ့တွေ အကုန်တပ်မှ တန်ဖိုး ရှိသယောင်ယောင် ခံစားကြရတာကိုး။ ဒါပေမယ့် တစ် ယောက်တည်း ၊ လူတစ်စုတည်း ဘွဲ့တွေသိမ်းကျုံးယူနေရင်လဲ ဘယ်သူမှ မထောက်ခံဘူးဆိုတာ သိနေတော့ သူခိုး သေဖော်ညှိ ဆိုသလို ကမ္ဘေ့ကမ္ဘာက သေလွန်ပြီးသော သူတွေပါမကျန် ဘွဲ့တွေတန်းစီပေးပြီး အမှုတွဲတော့ပါပဲ။

ငွေကုန်ကြေးကျ များတာကတော့ သူတို့အတွက် လွယ်ပါတယ်။ ပိုက်ဆံရိုက်စက်ကြီးတွေ ထားတာ ဘာလုပ်ဖို့တုန်း။ ရှိရှိသမျှ အဖေ ၊အဖိုး ၊ ဘေး ပါမကျန် ဘွဲ့တဆိပ်တွေပေးပြီး နင်တို့နဲ့ ငါနဲ့ တတန်းတည်းပဲ လို့ သေဖော်ညှိလိုက်တာ သမိုင်းကြောင်းကောင်းခဲ့သူတွေပါမကျန် အကုန် ခွေးဖြစ်တာပါပဲ။ လည်ပတ်လေးတွေ ကိုယ်စီနဲ့။

ဘွဲ့ပေးတဲ့နေရာမှာ သူတို့ကို ဆန့်ကျင်သူတွေကိုလည်း ချန်မထားပါဘူး။ ဆန့်ကျင်တော်လှန်သူတွေကို အကြမ်းဖက် pdf ၊ အကြမ်းဖက် လက်နက်ကိုင်၊ အကြမ်းဖက် ပါတီ၊ အကြမ်းဖက် .. အကြမ်းဖက် နဲ့ သူတို့ကို ဆန့်ကျင်သူများရဲ့ ရှေ့မှာ အကြမ်းဖက် ဆိုတဲ့ နာမဝိသေသန ကို မထည့်မနေရ ထည့်ထည့်ဆိုလိုက်ကြတာ ခုဆို မြန်မာပြည်နှင့်တကွ အရပ်ရပ်နေပြည်တော်ကပါ သူတို့ က အကြမ်းဖက် လို့ ဆိုလိုက်ရင် ဓမ္မဘက်တော်သား လို့ အလိုအလျောက် သိကုန်ကြတဲ့အပြင် အဂ္ဂမဟာ ဘာညာ ဘာညာ တို့ ၊ ဝဏ္ဏကျော်ထင် ဘလင် ဘလင် တို့ဆို သူခိုး ၊ ဓားမြ သေဖော်ညှိ မှန်း အော်တို အနက်ပေါက်ကုန်ကြရော။

အကြမ်းဖက် အားပေး ဆိုတဲ့ စကားလုံးကတော့ ပြည်သူ့လှုပ်ရှားမှုကို ထောက်ခံကြသူတွေကို ဖမ်းဆီးနှိပ်စက်ဖို့ ၊ အိုးအိမ် ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ သိမ်းဆည်းဓမြတိုက်ဖို့ ဖန်တီးသုံးစွဲတဲ့ စကားလုံးဖြစ်ပါတယ်။ စစ်လော်ဘီ တယ်လီဂရမ််ချန်နယ်တွေကနေ အကြမ်းဖက်အားပေးဆိုပြီး တင်လိုက်သမျှ လူတွေကို ကြည့်ရင် စီးပွားရေးလုပ်ငန်းရှိသူ ၊ ပစ္စည်းဥစ္စာ အတော်အတန် စုဆောင်းမိသူတွေချည်း ဖြစ်နေတတ်ပါတယ်။ မတင်စေချင်ရင် ဘယ်လောက်ပေးဆိုပြီး အရင်စျေးညှိတာတွေလည်း ပေါ်ပေါ်ထင်ထင်ပါပဲ။ အကြမ်းဖက်အားပေးဆိုပြီး နာမည်အတပ်ခံရရင် ငွေညှစ်ချင်လို့ ၊ ပစ္စည်းသိမ်းချင်လို့ ဆိုတာ အော်တို သိပေတော့။

ဘာသာ ၊သာသနာဆိုတာ အရင်တုန်းကဆို မြန်မာပြည်သူတို့ အသည်း စွဲစကားလုံးပေါ့။ စစ်အုပ်စု ဆန့်ကျင်သူဆို မွတ် ၊ ဝက်မစား ၊ ခွေးနီပိန်း သို့ ခနပ ၊ ၇၈၆ မိစ္ဆာ ၊ ဘင်(ဘကုန်း) ၊ ကုလားအုပ် ဆိုတဲ့ စကားကို ရေလဲသုံးပြီး တိုး တက်တဲ့ ၊ နိုင်ငံတကာကို ဝင်ဆန့်တဲ့ ၊ အမြင်ကျယ်တဲ့ လူတွေကို ဘာသာခြား ၊ မိစ္ဆာ လက်ဝေခံ ဆိုပြီး တိရစ္ဆာန်နဲ့ ယှဥ်တွဲ တိုက်ခိုက်တဲ့ အခေါ်အဝေါ်တွေ နဲ့ နှိမ်ချပြီး ခေါ်ဝေါ်ကြတယ်။

ရတဲ့ လခနဲ့မှ မလိုက် နောက်ဆုံးပေါ် ကားကြီးတွေ ၊ နန်းတော်တမျှ ထည်ဝါတဲ့ တိုက်ကြီးတွေ များစွာ ပိုင်ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဘာသာရေးအဆောက်အအုံတွေ ဖျက် ၊ ရွာတွေမီးရှို့ ၊ ဘုန်းတော်ကြီးတွေကို ရိုက်နှက် သတ်ဖြတ်နေကြပေမယ့် သူတို့ကိုယ် သူတို့တော့ သာသနာပြုလို့ မြင်စေချင်ကြတယ်။ သူတို့နောက်လိုက်တွေ က ခိုးသမျှ ၊ ဆိုးသမျှ ၊ သတ်သမျှ ဖြတ်သမျှကို ဖုံးမရတဲ့အခါ သူတို့ လုလိုက် သတ်လိုက်ကြသူများက ဗုဒ္ဓဘာသာ/ သာသနာကို တိုက်ခိုက်နေကြသူများအဖြစ် ပုံဖော်ဖို့ ကြိုးစား ဝါဒဖြန့်ကြတာပါပဲ။ အဲ့ဒီလိုနဲ့ပဲ အထက်ပါ စကားလုံးတွေဟာ သူတို့ ပါးစပ်ကထွက်တာနဲ့ ဆန့်ကျင့်ဖက် အဓိပ္ပါယ် ပေါက်ကုန်ကြတော့တာပါပဲ။ အမျိုးဘာသာ လို့ ပြောလိုက်ရင် ပြည်သူတွေက ခပ်လှမ်းလှမ်းခွာသွားကြတော့တာပဲ။

"၂၁ ရာစုမှာ မွတ်ဆလင်တွေက ကမ္ဘာကို သိမ်းတော့မယ်" ဆိုတဲ့ ခြောက်လုံးလှန့်လုံးကို အခြေခံထားတာပါ။ အဲ့ဒီခြောက်လုံးကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခဲ့ကြသလို တန်ပြန်တဲ့အနေနဲ့ ၉၆၉ စကားလုံးကို ၂၀၀၃ ခုနှစ်မှာ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတပါးဖြစ်တဲ့ ယခု သီရိပျံချီ ဘွဲ့ရ ဝီရသူက ပြန့်နှံ့အောင် စဖြန့်ခဲ့ပါသေးတယ်။

၂၀၁၂ ခုနှစ်မှာ မော်လမြိုင်မြို့က မြနန်းကျောင်း ဘုန်းကြီးတွေက ပြန်လည် အဲ့ဒီ စကားလုံးကို ထပ်မံ အသက်သွင်း ဝါဒဖြန့်ခဲ့ပြီး ယခုထိတိုင် ပြောဆိုနေကြဆဲ ပါပဲ။ ထင်သာမြင်သာတာကတော့ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပြီး နိုင်ငံအရှက်ရခဲ့ရတာ ပါပဲ။

ဘင်(ဘ) ကတော့ လူမျိုးတုဥ်းသတ်ဖြတ်မှုနဲ့ သက်ဆိုင်နေပါတယ်။ ဘင် တို့ ဘကုန်း တို့ဆိုတာ ရိုဟင်ဂျာလူမျိုးစုကို ရည်ညွှန်းတာပါ။ အာဏာသိမ်းစစ်တပ်နှင့် ဝန်းရံထောက်ခံသူတွေက ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုဖြစ်တည်မှုကို ငြင်းပယ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီများသာ ဖြစ်ပါတယ်လို့ သုံးနှုန်း ခေါ်ဝေါ်ပါတယ်။

လူအမြောက်အများ သေကြေ ထွက်ပြေးကြရတဲ့ ၂၀၁၇ အရေးအခင်းကြီးနောက်ပိုင်းမှာ ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းဟာ လူမျိုးစု တစု၏ ဖြစ်တည်မှုကို ငြင်းပယ်ရာမှာ အသုံးပြုနေတယ်ဆိုတာ တွေ့ရှိရပြီးနောက် ဖေ့ဘွတ်ခ်ပလက် ဖောင်းကနေ ဖယ်ချခံရသလို အဆိုပါစကားလုံး ပါဝင်တဲ့ ရေးသားချက်တွေကို လူအများဆီမရောက်အောင် ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်လာတဲ့အတွက် စကားလိမ်နဲ့ ဘင် သို့ ဘကုန်း လို့ ရေးသားလာကြတာပါ။

ကုလားအုပ် ဆိုတဲ့ အသုံးအနှုန်းကလည်း နှစ်ဖက် ခွ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း တိုက်နေရင် ကုလား က ဖြတ်အုပ်သွားလိမ့်မယ်။ သို့မဟုတ် ကုလားအုပ် ပုံပြင်ထဲကလို ကုလားအုပ်က ခေါင်းဝင် ကိုယ်ဆန့်နဲ့ နောက်ဆုံး တဲပိုင်ရှင်က တဲပြင်ရောက်သွားသလို လူမျိုးခြားများက နောက်ကွယ်က ကြိုးကိုင်ပြီး နောက်ဆုံးမှာ ကိုယ့်နိုင်ငံ အချုပ်အခြာအာဏာကို ဆုံးရှုံးရလိမ့်မယ် ဆိုတဲ့အဓိပ္ပါယ် နှစ်ခွရပါတယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များ နှင့် အိန္ဒိယနွယ်ဖွားများကို အဲ့လို ရည်ညွှန်းခေါ်ဝေါ်ကြပါတယ်။ စစ်အာဏာ သိမ်းရန်ကြိုးပမ်းခဲ့တဲ့ ကာလတစ်လျှောက် အစ္စလာမ်ဘာသာဝင်များ နှင့် အိန္ဒိယနွယ်ဖွားများမှ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲများ၊ လက်နက်ကိုင်တိုက်ပွဲများမှာ သူတို့ ပုံတွေ ပါလာရင် ၊ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာလျှင် အခြားသူများထက် ပိုပြီး ဖိနှိပ်ပြောဆိုခံရပါတယ်။

နောက် အသုံးအနှုန်းတစ်ခု ရှိသေးတယ်။ ဖွတ်တက်ရင် ပြည်ပျက်တယ် ဆိုသကိုး ၊ ဖွတ်ပဒက်ဆိုတဲ့ နာမည်ကလဲ တွဲလုံး ဖြစ်သေးတာကိုး။ ဒီတော့ ပီဒီအက်ဖ်လေးတွေကို ပဒက်လို့ နာမ်နှိမ်ပြီးခေါ်ကြတယ်။ တိရစ္ဆာန်အဖြစ် နှိမ့်ချချင်သလို ဒင်းတို့ကြောင့် ပြည်ပျက်တာလို့ အငှားဗိုက်နဲ့ ဓါးထိုး ခံချင်သေးတာ။ သို့သော်လည်း သူတို့ အာစက်လျှာစက်က ဘင်ဘုတ်ငရဲ က ခွေးသေကောင်ပုပ်လို ပုပ်အက်နံစော်နေလေတော့ သူတို့ကြောင့် ပဒက်ဆိုတာ ပြည်သူ့ဘက်တော်သား မှန်း ကလေးအဆုံး ခွေးအဆုံး သိကြပြီး သူတို့ကို ပြည်ဖျက် ဖွတ်များဖြစ်ကြောင်း အော်တို အန်ဒါစတွတ်ကုန်ကြတာပါပဲ။

အမျိုးသမီးတွေအပေါ် စော်ကားအောက်တန်းကျတာကတော့ အမြင်ကျဥ်း မဟာဖိုဝါဒီတွေ အဖြစ် သိသာထင်ရှားတဲ့ ပြယုဂ်ပါပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့ နည်းမျိုးစုံနဲ့ နာမ်နှိမ်အခံရဆုံး အမျိုးသမီးကြီးပါပဲ။၊ ကုလားကုန်း ၊ ကုလားအားပေး ၊ ကုလားမယား ဆိုတဲ့ နာမည်အမျိုးမျိုး ကိုသုံးပြီး ဆယ်စုနှစ်နဲ့ချီ ပြီး စော်ကားခံရသူပါပဲ။ ၂၀၂၁ ကျတော့ ရွှေမိ ဆိုတာတစ်လုံးတိုးလာပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီရွှေ ၇ ပိဿာပေးခဲ့ကြောင်း ထွက်ဆိုချက် ဗွီဒီယိုဖိုင်ကို ၂၀၂၁ ခုနှစ်အတွင်းက စစ်တပ် သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တယ်။ ထွက်ဆိုချက်ဗွီဒိယို ထွက်လာပြီးနောက်ပိုင်းမှာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ အတွင်းကနေ ရွှေချောင်းနှင့် ဒေါ်လာများ ဖမ်းမိတယ် ဆိုတဲ့ သတင်းတုတွေကို စစ်တပ်လိုလားသူများဘက်က ဖေ့ဘွတ်ခ် နှင့် တယ်လီဂရမ် ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ကြတယ်။ အဲ့ဒီအချိန်ကစပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရွှေမိ ဆိုပြီး ရည်ညွှန်းလာကြတာပဲ။

သူတို့ကို ဆန့်ကျင်တဲ့ မိန်းကလေးတွေဆို ကုလားကုန်းလို့ သမုတ်လိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြား ဘာသာဝင်များ (အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်များ) နှင့် ရင်းနှီးခင်မင်သူတွေ ၊ ချစ်ကြိုက်လို့ လက်ထပ်ထိမ်းမြှားကြသူ အမျိုးသမီးတွေကို ကုလားကုန်းလို့ မိုက်မိုက်ရိုင်းရိုင်း ပြောလိုက်တာပဲ။ ခါးအောက်ပိုင်း အသုံးအနှုန်းတွေနဲ့ အမျိုးသမီးတွေကို အမြဲယှဥ်တွဲ ပြီး သုံးတတ်တဲ့ အောက်တန်းကျမှုကို ထမင်းစားရေသောက် သုံးနှုန်းနေမှုက သူတို့ရဲ့အောက်တန်းကျတဲ့ စရိုက်ကိုလည်း ဘွင်းဘွင်းကြီး မြင်စေပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်သူများမှာ အမျိုးသမီးများကလည်း ရှေ့တန်းက ပါဝင်ကြပါတယ်။ လက်နက်ကိုင်တော်လှန်ရာမှာလည်း အမျိုးသမီးတွေက နောက်ဆုတ်မနေခဲ့ကြပါဘူး။ ဒီလို အမျိုးသမီးတွေကို အပျော်မယ်ခံ လို့ နှိမ်ချ နာမည်တပ်ကြပါသေးတယ်။ လွတ်မြောက်နယ်မြေကို ရောက်နေကြတဲ့ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားနှိမ့်ချသည့် အရေးအသားများ၊ အသုံးအနှုန်းများကို စစ်တပ်လိုလားသူများက မြိန်ရေရှက်ရေ ပြောဆိုဖြန့်ဝေ ကြပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးများဟာ အမျိုးသားများ လိင်စိတ်အာသာပြေအောင် ဖျော်ဖြေကြသူများသာ ဖြစ်ကြောင်း စော်ကားပြောဆိုကြတာပါ။ ကျားမတန်းတူညီမျှရေးကို အလေးထား လာတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ စစ်တပ်နှင့် အပေါင်းအပါများဟာ ဘယ်လောက်တောင် အမြင်ကျဥ်းမြောင်း အောက်တန်းကျတယ်ဆိုတာ သူတို့ သုံးနှုန်းတဲ့ စကားလုံးများက ဖော်ပြနေကြပါတယ်။

မြေဆွေး၊ ဓါတ်မြေဩဇာ ဆိုတဲ့ အသုံးအနှုန်းကို နှစ်ဖက် လက်နက်ကိုင်တပ်များနှင့် ၎င်းတို့ကို ထောက်ခံတဲ့ အုပ်စုများအကြား အပြန်အလှန်ခေါ်ဝေါ်သုံးစွဲကြတဲ့ စကားလုံးများဖြစ်ပါတယ်။ ဒီနေ့တော့ မြေဆွေး ဘယ်နှအိတ် ဆိုရင် ဘာဆိုလိုတယ်ဆိုတာ အလွယ်တကူသိကြပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ လူမှုကွန်ယက် စာမျက်နှာဟာ စစ်လော်ဘီတွေ ကျယ်ကျယ်ပြန့်ပြန့် နေရာယူပြီး ဆန့်ကျင်ဖက်အသံတွေကို တိုးတိတ်အောင် အွန်လိုင်းမှာရော မြေပြင်မှာပါ ချိတ်ဆက် လုပ်ဆောင်နေကြပါတယ်။ ၎င်းတို့ကို ဆန့်ကျင်သူတွေရဲ့ ပို့စ်တွေ ၊ ကွန်မန့်တွေ သာမက သတင်းမီဒီယာတွေအောက်မှာ မှတ်ချက်ရေးသူတွေ ၊ react ပေးသူတွေကိုပါ လိုက်လံ ဖော်ထုတ်အရေးယူပြီး အသံတိတ်အောင်လုပ်နေသလို သူတို့ရဲ့ ညစ်ထေးအောက်တန်းကျလှတဲ့ အသုံးအနှုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုကြားထဲရောက်အောင် Facebook (meta) ၊ တယ်လီဂရမ် ၊ Tiktot ၊ Youtube စတဲ့ လူမှုကွန်ယက်မီဒီယာတွေကို ပုံအောအသုံးပြုပြီး မျိုးဆက်တစ်ခုလုံးကို ဝါဒမှိုင်းဖြန့်နေကြပါတယ်။
Facebook (meta) ပေါ်မှာတော့ ဝါဒဖြန့် အကောင့်တွေကို ဖယ်ရှားတာ ၊ reach ချပြီး လူအများမတွေ့နိုင်အောင် လုပ်တာ တွေ လုပ်ပါတယ်၊ ဒါပေမယ့် လော်ဘီတွေ အသုံးများတဲ့ Telegram နဲ့ Tiktot မှာတော့ အဲ့လို အရေးယူမှုတွေ မရှိတဲ့အတွက် ၎င်းတို့ကျက်စားရာ နေရာဖြစ်နေပါတယ်။

လူမှုကွန်ရက်မီဒီယာဆိုတာ ဗဟုအတွေးအခေါ်များ ကျက်စားရာနေရာဖြစ်သင့်တယ်။ သုံးစွဲသူများရဲ့ အခြေခံ လူ့ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရမယ့် နေရာဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံလို စစ်အာဏာရှင် များအုပ်စိုးနေတဲ့ နေရာမှာတော့ စစ်လော်ဘီများဟာ လူမှုကွန်ယက်မီဒီယာ စည်းကမ်းတွေကို အသုံးချနိုင်တဲ့အပြင် လက်နက်အားကိုးနဲ့ မြေပြင်မှာပါ ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ် ၊ စည်းစိမ်များကို အသာစီး ယူဖျက်ဆီး နေကြဆဲပါ။

မြန်မာနိုင်ငံ က သာမာန်ပြည်သူတွေ နဲ့ သတင်းမီဒီယာများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကာအကွယ်ပေးဖို့ လူမှုကွန်ရက်မီဒီယာတွေအနေနဲ့ ပိုမိုအားထုတ်သင့်ပါတယ်။ စကားလုံးတွေကို word bank ထဲထည့်ပြီး AI က ထိုင် Ban နေတာမျိုးကတော့ အလုပ်မဖြစ်နိုင်ဘူး လို့ သတိပေးပါရစေ။

တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက် မြိုင်၊ မတ် ၅၊ ၂၀၂၃။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွ...
03/05/2023

တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက်

မြိုင်၊ မတ် ၅၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ ပခုက္ကူအခြေစိုက် တမခ ၁၀၁ က စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို မတ်လ ၄ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ဆီက သိရပါတယ်။

မနေ့ကမနက် ၈ နာရီ ၄၅ မိနစ်ကနေ ညနေ ၃ နာရီအတွင်း ပေါက်ပြင်းကျေးရွာ၊ သံပုရာခြံကျေးရွာအနီးနဲ့ မြိုင်မြို့ပြင်ဈေးဝန်း စတဲ့ ၃ နေရာမှာ ကင်းပုန်ဝပ်နေတဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့အရှေ့ဘက်ပေါက်ပြင်းရွာမှာ ကင်းပုန်းဝတ်လာတဲ့ *၃ ကောင်ကိုတကြိမ် မိုင်းဆွဲခဲ့ပြီး၊ နေ့ခင်း ၂ နာရီ ၂၅ မိနစ်လောက်မှာ မြိုင်အရှေ့ဘက်၊ သံပုရာခြံကျေးရွာ၊ အခွန်လွတ်ဈေးနေရာမှာ တကြိမ်၊ နောက်ထပ် ဈေးဝန်းအတွင်းထဲမှာပဲ ပေပါမိုင်းအကြီးနဲ့တကြိမ် စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

မိုင်းကြီး ၂ လုံးနဲ့ ပေပါမိုင်း ၁ လုံးတို့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်(မြိုင် ပကဖ)ရဲ့ ဗိုလ်လင်းမြွေက ဦးဆောင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း မြိုင်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး‌ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခဲ့သည့် မိုင်း။

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း

#မြေလတ်အသံ

*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

စစ်ကောင်စီခန့် နတ်မောက်မြို့နယ်ပညာရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးနတ်မောက်၊ မတ် ၅၊ ၂၀၂၃။မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်...
03/05/2023

စစ်ကောင်စီခန့် နတ်မောက်မြို့နယ်ပညာရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

နတ်မောက်၊ မတ် ၅၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ စစ်ကောင်စီလက်အောက်ခံမြို့နယ်ပညာရေးမှူး မတ်လ ၄ ရက် မနေ့နေ့လယ် ၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်သတ်ခံရသူဟာ နတ်မောက်မြို့နယ်ပညာရေးမှူး ဦးသန်းထိုက် အသက် ၆၀ နှစ်ဆိုသူဖြစ်ပြီး ထမင်းဆိုင်ကနေ နေအိမ်ကိုဆိုင်ကယ်နဲ့တဦးတည်းအပြန် နတ်မောက် -ပျော်ဘွယ်ကားလမ်း၊ ပြည်သူ့ဆေးရုံအနီးမှာ အမည်မသိသေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

"သူက အောင်ဟိဏ်းစားသောက်ဆိုင်ကနေ သူ့အသိတွေနဲ့စားသောက်ပြီး ဆိုင်ကယ်နဲ့ တယောက်တည်းပြန်လာတာ။ သူပြန်တဲ့အချိန်ကိုစောင့်ကြည့်နေတာဖြစ်မယ်။ အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်သွားတာ" လို့ ပြောပါတယ်။

မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ဟာ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ရင်အုံတွေမှာ သေနတ်ဒဏ်ရာ ၅ ချက်ရပြီး နေရာမှာဘဲသေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို ဒေါင်းစစ်သည်ပြောက်ကျား(နတ်မောက်)နဲ့ Magway Guerrilla Warfare အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးသန်းထိုက်ဟာ နတ်မောက်မြို့နယ်အတွင်းက CDM ဆရာ၊ ဆရာမတွေကို စစ်ကောင်စီတပ်ကို သတင်းပေးဖမ်းဆီးခိုင်းနေပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းကလည်း နတ်မောက်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းကျေးရွာအနီး နတ် မောက်-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ Non-CDM ဖျောက်ဆိတ်ကုန်းရွာ မူလတန်းကျောင်းအုပ် ဦးဝင်းခိုင်ဟာ ကျောင်းကအပြန်ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း- ကျော်ကြီး၊ စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

ပခုက္ကူ၊ ဖေဖော်ဝါရီ  ၂၈၊ ၂၀၂၃။မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်စပ်က တိုက်ပွဲအပြန်လမ်းမှာ စစ်သားတဦး ဖမ်းမိခ...
03/04/2023

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်စပ်က တိုက်ပွဲအပြန်လမ်းမှာ စစ်သားတဦး ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းစည်းမျဉ်းနဲ့အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်ကတိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခွာချိန် အဖွဲ့နဲ့ကွဲပြီးကျန်ခဲ့တဲ့ ထောက်ပို့တပ်သားတဦးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး NUG ရဲ့ စည်းမျဥ်းဥပဒေတွေနဲ့ အရေးယူဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ပစ်ဖမ်းပေမယ့် သူ့ကိုတော့ ဒဲ့မပစ်ဘူး၊ အညံ့ခံဖို့ပြောပြီးပဲဖမ်းတာ၊ ကျနော်တို့ကမုန်းပေမယ့် စစ်သုံ့ပန်းဆိုတော့ လက်ဖျားနဲ့တောင်မထိဘူး၊ အထက်က စည်းမျဉ်းတွေအတိုင်းပဲ သာမာန်ဧည့်သည်တယောက်လို ဆက်ဆံထားတယ်၊ နေမကောင်းလို့ ကွဲကျန်ခဲ့တယ်လို့ပြောပေမယ့် လွယ်လွယ်ကူကူဖမ်းခဲ့ရတာတော့ မဟုတ်ဘူး” လို့ ဆိပ်ဖြူ ဗိုလ်မထားအဖွဲ့မှ ရဲဘော်ရိုမာန်က ပြောပါတယ်။

အသက် ၅၀ ဝန်းကျင် ထောက်ပို့တပ်သားလို့သာ ကနဦးသိထားရပြီး စစ်ဆေးမေးမြန်းစရာတွေကျန်သေးတဲ့အတွက် အသေးစိတ်အချက်လက်ကတော့ ဖော်ပြနိုင်ခြင်းမရှ်ိသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက် ၂ ရက်တာလုံးအင်အား ၈၅ ယောက်ရှိတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး ဒဏ်ရာရတွေလည်းများပြားလို့ တန့်ကြည့်တောင်ဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲ‌ကို ပခုက္ကူခရိုင်တပ်ရင်း -၁၉ တပ်ခွဲ (၃) SP PDF ဗိုလ်မထားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF (တပ်ရင်း ၁၃)၊ King Fighter ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ DYT၊ Dog Hunter UAV Force (မကွေးတိုင်းဒေသကြီး ဒရုန်းဇုန်(၂)ဒရုန်းတပ်ရင်း(၁) ဒရုန်းတပ်ခွဲ (၄)၊ MC KC DFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း-ချယ်ရီ၊ စာတည်း-007

#မြေလတ်အသံ

https://m.facebook.com/story.php?story_fbid=3395806297402589&id=2206963259620238&mibextid=Nif5oz

မြစ်ခြေ စခန်းသိမ်း တိုက်ပွဲမှာ အရာရှိ အပါ စကစ ခုနှစ်ယောက်သေ၊ သုံးယောက် အရှင်မိပြီး လက်နက်တွေ သိမ်းပိုက်ရရှိ၊MFP ၊ ဖေဖေါ်...
03/04/2023

မြစ်ခြေ စခန်းသိမ်း တိုက်ပွဲမှာ အရာရှိ အပါ စကစ ခုနှစ်ယောက်သေ၊ သုံးယောက် အရှင်မိပြီး လက်နက်တွေ သိမ်းပိုက်ရရှိ၊

MFP ၊ ဖေဖေါ်ဝါရီ - ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်က စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်း သိမ်းပိုက်နိုင်ခဲ့ကာ အရာရှိ အဆင့်တွေ အပါအဝင် စစ်အုပ်စု ခုနှစ်ယောက်သေပြီး သုံးယောက် အရှင်ဖမ်းမိတယ်လို့ မြစ်ခြေ ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - (MC KC DF) က သတင်း ထုတ်ပြန်ထားကြောင်း ပခုက္ကူ Pakokku Media က ဖော်ပြပါတယ်။

ဖေဖေဓဝါရီ(၁၁)ရက် ဒီမနက်ပိုင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က BBI ခေါ် မြင်းမွေးမြူရေးတပ်ကို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ၊ တပ်ရင်း (၂)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ မြစ်ခြေ ကျွန်းချောင်း MC KC PDF ၊ Earthquake People’s Defence Force၊ Aerial Team ၊ ဘာဂျာ ဒရုန်းအဖွဲ့ စတဲ့ မဟာမိတ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နံနက်(၆)နာရီခန့်အချိန် မြစ်ခြေအခြေစိုက် BBI မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ နှစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့် အပြင် ပခုက္ကူမြို့မှ စစ်အင်အား အများအပြား ရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ နှစ်ဦး နှင့် စစ်သား ငါးဦး၊ စုစုပေါင်း ခုနှစ်ဦး သေဆုံးပြီး စစ်သား သုံးဦးကို အရှင် ဖမ်းဆီးရမိ”လို့ Pakokku Media က ဖော်ပြပါတယ်။

သေဆုံးသူတွေဟာ ဗိုလ်ကြီးအဆင့် တစ်ယောက်၊ ဗိုလ်လေးအဆင့် တစ်ယောက်နှင့် တပ်သား ငါးယောက် ဖြစ်ပြီး တပ်ကြပ်ကြီးတစ်ယောက်နဲ့ တစ်သားနှစ်ယောက် အရှင်ဖမ်းမိတာလို့ ဆိုပါတယ်။

မြစ်ခြေ စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စကစတွေ/Photo - မြိုင် ပကဖ

#မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #ချောင်းဦး

Address

Ridgewood, NJ

Website

Alerts

Be the first to know and let us send you an email when Pakokku Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category